Photobucket

Monday, August 4, 2008

ဆရာကြီးမင်းသိင်္ခအား အမှတ်တရ


ဆရာကြီး မင်းသိင်္ခကွယ်လွန်ပြီ ဆိုတဲ့ သတင်းကိုကြားတော့ စိတ်မကောင်းဖြစ်ရပါတယ်၊ သတင်းတွေ ဘလောခ်တွေမှာလဲ ပလူပျံနေပါတယ်။ တစ်နေ့မှာ လူတိုင်းတွေ့ကြုံရမယ် ဆိုတာ သိထားပေမယ့် တစ်ကယ်ရင်ဆိုင်လာရပြီ ဆိုရင်တော့ ၀မ်းနည်း ပူးဆွေး ကြတာလူ့သဘာဝပါ။

ကျမ ဆရာကြီး မင်းသိင်္ခကို ကျမ မေမေက တစ်ဆင့် သိခဲ့တာပါ။ မေမေက ဆရာကြီးရဲ့ ပရိတ်သတ် တစ်ယောက်ပါ၊
အထူး သဖြင့် ဆရာကြီးရဲ့ မနောမယ စာစောင်ကို မပြတ် မလတ် အားပေးပြီး အဲဒီ စာစောင်ကိုမှ မဖတ် ရရင် ဖုန်းတစ်လုံးနဲ့ လူတိုင်းကို ပြဿနာ လှည့်ရှာ နေတတ်သူပါ။ ဆရာကြီး ၀တ္တုတွေကိုလဲ နှစ်ခြိုက်သူ တစ်ဥိးပါ။ ဆ၇ာကြီး မင်းသိင်္ခ ကွယ်လွန်ခြင်း အမှတ်တရ အဖြစ် ဆ၇ာကြီးနဲ့ ပတ်သတ်ပြီး အမှတ်ရစေတဲ့ အကြောင်း ကတော့ ကျမ မေမေ က တစ်ဆင့် သိခဲ့ရတာလေး တွေကို ဝေမျှ ပေးလိုက်ပါတယ်။

မေမေ ပြောပြချက်အရ မြန်မာတွေ ပါးစပ်ဖျားမှာ “စိန်လွင်ခြောက်တန်း တဇောက်ကန်း” ဆိုပြီး ပြောလေ့ရှိပါတယ်။ အဲဒီ စကားသံတွေက ဆရာကြီးနားကိုေ၇ာက်တော့ ဆ၇ာကြီးက "ဘယ်ကောင်တွေလဲကွ စိန်လွင် ခြောက်တန်း တဇောက်ကန်း "လို့ပြောတာ။
"အဲဒီကောင် လေးတန်းပဲ အောင်တာ" ဆိုပြီး ဆ၇ာကြီးက ပြောလို့ ထောင်ကျဘူး တယ်လို့ မေမေ ပြောပြဘူးပါတယ် (အတိအကျတော့ မသိပါဘူး)

နောက်တစ်ခု ကျမ သတိထား မိတာက ဆ၇ာကြီးက ဗေဒင်အရလည်း တစ်ခေတ်ဆန်းခဲ့သူပါ။ သူ့ ဗေဒင်ကလဲ မှန်တယ်လို့ နာမည်ကြီး ပါတယ်။ ဆရာကြီးရဲ့ ဟောစတမ်း တွေကို ဖတ်ပြီးရင် အားရကျေနပ် နေပေမယ့် နောက်ဆုံးမှာ ပါတဲ့ စာကြောင်းလေးက ကျမရင်ကို အောင့်သက်သက် ဖြစ်ပြီး မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်သွားပါတယ်၊ ခင်ဗျားတို့ဘဲ စဉ်းစားကြည့်ဗျာ -
“သဗ္ဗေသတ္တာ ကမ္မသကာ” တဲ့။

နောက်တစ်ခု မနောမယ စာစောင်
မြန်မာပြည်မှ အိမ်ထောင်ရှင်အမျိုးသမီးတော်တော် များများ ကြိုက်ကြပါတယ်။ (ဂဏန်းရှာတယ် ဆိုလားဘဲ:P လယ်ထဲသွားမရှာဘဲ စာစောင်မှာရှာတယ်အံ့ေ၇ာ :P)
နောက်ပြီး စာစောင်နာမည်ကလည်း မနောမယတဲ့။
ကဲ ခင်ဗျားတို့ဘဲ စဉ်းစားကြည့်။ မနော ဆိုတာ စိတ်။ မယ (ရ) တာတော့ မရတာ ပေါ့လို့ ကျမ မကြာခဏ နောက်ပြောင်လေ့ ရှိပါတယ်၊ မနောမယ စာစောင်။ ဆရာကြီးက တရာဝင် ပြောင်းပြောင်း တင်းတင်း ပြောဆိုလေ့ ရှိလို့လဲ မြန်မာပြည်သူတွေ (အထူးသဖြင့် အမျိုးသမီးတွေ) ပါးစပ်ဖျားမှာ ထင်ရှား ပါတယ်။

ဆရာကြီးရဲ့ စုံထောက်ဝထ္တုကိုလဲ လူငယ်များ နှစ်ခြိုက်ကြပါတယ်။
ဘယ်လိုဘဲ ဖြစ်ဖြစ်လေ မင်းသိင်္ခဆိုတာ မြန်မာပြည် သမိုင်းမှာ နိုင်ငံေ၇းအရရော၊ စာပေအရေ၇ာ ဗေဒင်ပညာအရေ၇ာ တစ်ခေတ် ဆန်းခဲ့သူပါ ဆ၇ာကြီး ကွယ်လွန် ကြောင်းကြား သိရတဲ့အတွက် မနောမယ ထမင်းဝိုင်းနဲ့ အတူ ဆရာကြီးကို နှမျေားတသ လွမ်းဆွတ်မိပါတယ်

သဗ္ဗေသတ္တာ ကမ္မသကာ

လေးစားလျက်
မေသူ

6 comments:

Anonymous said...

:)good 1

Anonymous said...

“သဗ္ဗေသတ္တာ ကမ္မသကာ” i do respect him but i hate that word 2

အိတာ said...

ထပ်တူနှမြောတသဖြစ်မိပါတယ် ...:(

Suburban Area said...

မမေသူတို့ကတော့ ဟုတ်နေတာပဲ၊တစ်ယောက်ကလဲအဆစ်ပါသေးတယ် နှမြောတသ ဖြစ်တာကလဲ ထမင်းဝိုင်းနဲ့အတူတဲ့..:D တချို့စကားတွေဘယ်အချိန်ထဲကပြောချင်နေမှန်းမသိဘူး:)
သက်ဖေသတ်တာ ကန်မရွာ

"တောင်းဆုခြွေလျက်"

Tea said...

စိတ်မကောင်းကြောင်း..

PP said...

ဆရာကြီး ဒီဘ၀လွန်ရင် ဘယ်ကို သွားလဲ သိချင်လိုက်တာ
နောက်တာ မဟုတ်ဘူးနော် လောကီပညာကို ဒီခေတ်မှာ အတော်ကျွှမ်းတဲ့ပညာရှင်ဆိုတော့ စူးစမ်းကြည့်ရုံပါ။