Photobucket

Friday, August 22, 2008

ဝမ်းချုပ်ခြင်းအကြောင်းသိကောင်းစရာ


ကျွန်တော်ဒီတစ်ပတ်ဆွေးနွေးချင်တဲ့ topic ကတော့ လူတော်တော်များများမှာဖြစ်လေ့ရှိတဲ့ ၀မ်းချုပ်ခြင်း(constipation) အကြောင်းပဲဖြစ်ပါတယ်။ ကျွန်တော်အမှန်တော့ဒီ topic ကိုနောက်မှ post လုပ်ပြီးတစ်ခြား topic တစ်ခုအရင်တင်လို.ပါ။ ဒါပေမယ့် ဒီဟာက တော်တော်လေး ရေးပြီးသား ဖြစ်နေတာကတစ်ကြောင်း၊ စာမေးပွဲ တစ်ခုရှိတာက တစ်ကြောင်းမို.လို. ဒီအကြောင်းကိုပဲ အရင် တင်လိုက်ပါတယ်။ စာမေးပွဲကြောင့် နောက်တစ်ပတ်မှာ ကျွန်တော် post တင်နိုင်မှာ မဟုတ်တဲ့တွက် အားလုံးကို တောင်းပန်ပါတယ်။ ဒါကြောင့် ဒီ topic ကိုပဲ အတိုးချပြီး ခပ်ရှည်ရှည် ရေးလိုက်ပါတယ်။

ဝမ်းချုပ်တယ်ဆိုတာ ရောဂါတစ်ခု မဟုတ်ပါဘူး။ ရောဂါလက္ခဏာ (symptom) တစ်ခုသာ ဖြစ်ပါတယ်။ ဘယ်သူမဆိုသူတို.ရဲ.ဘ၀တစ်ကွေ.ကွေ.မှာ ၀မ်းချုပ်တယ်ဆိုတဲ့အဖြစ်ကိုကြုံကြရမှာပဲဖြစ်ပါတယ်။ ဒါရှက်စရာလုံးဝမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်ထဲဖြစ်မှာမှမဟုတ်တာ။


ဝမ်းချုပ်တာက အများအားဖြင့် ယာယီပဲဖြစ်တတ်ပါတယ်။ ပုံမှန်ဆို သိပ်ဆိုးရွားလေ့ မရှိပါဘူး။ စိတ်ပူစရာလည်း သိပ်မရှိပါဘူး။ တစ်ချို. ရောဂါတွေနဲ. တွဲနေတတ်တဲ့ ၀မ်းချုပ် တာတွေသာ ဆိုးဆိုးရွားရွား လက္ခဏာ ပြတာပါ။ ၀မ်းချုပ်စေတဲ့ အကြောင်းအရင်း တွေ ၊ ဘယ်လိုကုသမလဲဆိုတာ နဲ. ဘယ်လို အတတ်နိုင်ဆုံး ကာကွယ်မလဲဆိုတာတွေကိုနားလည် သဘောပေါက်ရင် ဒီပြဿနာ ကို အလွယ်တကူ ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။ ဘယ်လို ဖြေရှင်းမလဲ ကြည့်ရအောင်။


ဝမ်းချုပ်တယ်ဆိုတာ အကြမ်းအားဖြင့် တစ်ပတ်ကို (၃) ခါထက်နည်းပြီး ၀မ်းသွားတာကို ဆိုလိုပါတယ်။ ဒီလို ၀မ်းချုပ်ပြီ ဆိုရင်တော့ မစင် (stool သို.မဟုတ် feces) ဟာမာပြီး ခြောက်သွေ.နေမယ် ၊ အတုံး သေးသေးလေးတွေ ဖြစ်နေတတ်ပြီး အူမကြီးနဲ. အစာဟောင်း အိမ်ထဲမှာ ပြည့်သိပ် ကြပ်ညှပ်နေတဲ့အတွက် အလွယ်တကူ ၀မ်းမသွားနိုင်ပဲ ဖြစ်နေလိမ့်မယ်။ Bristol University ကထုတ်ထားတဲ့ Stool Chart (wikipedia ကယူထားတာပါ) လေးကို ကြည့်ရင် Type1 နဲ. Type2 က၀မ်းချုပ်ပြီးထွက်လာတဲ့ stool တွေပဲဖြစ်ပါတယ်။ တစ်ကယ်ဝမ်းချုပ်နေတဲ့ လူတစ်ယောက်ဟာ ၀မ်းသွားတဲ့အခါ နာကျင်တတ်ပြီး အားညှစ် ထုတ်ရ တတ်ပါတယ်။ ပြီးရင် သွားရတာ အားမရဖြစ်ပြီး မအီမသာ ဖြစ် ကျန်ရစ်တတ်ပါတယ်။

တစ်ချို.လူတွေရှိတယ်။ သူတို.ကတစ်နေ.တစ်ခါ ၀မ်းမသွားရရင်ကိုပဲ ၀မ်းချုပ်ပါပြီဆိုပြီး ထိုင်အော်နေတဲ့ လူတွေလေ။ ၀မ်းသွားတယ် ဆိုတာနေ.တိုင်း သွားနေမှပုံမှန် ဖြစ်တယ်လို. မဆိုနိုင်ပါဘူး။ အမှန်တော့ ပုံမှန် ၀မ်းသွားတာ (bowel habit) က (၃)ရက် တစ်ခါ (သို.မဟုတ်) တစ်ပတ်ကို (၃) ခါ သွားရင် ပုံမှန်လို. ပြောနိုင်ပါတယ်။ ဒါက လူပေါ်မှာပဲ မူတည်တယ်။ ကိုယ့် habit နဲ. ကိုယ်ပဲ။ တစ်ချို.ဆို မနက်မိုးလင်းတာနဲ. အိမ်သာကို အရင်ပြေးပြီ။ တကယ်လည်း ၀မ်းသွားတယ်။ ဒါမျိုးကိုဝမ်းမှန်တဲ့လူလို.ပြောရမှာပေါ့။ တစ်ချို.ကျတော့ မိုးလင်းလည်းမပါ၊ မိုးချုပ်လည်းမသွားနဲ.ကြုံရင်ကြုံသလိုသွားတဲ့လူတေလည်းရှိတယ်။ ဒီလိုလူတွေက ၀မ်းသွားတဲ့အချိန်သတ်သတ်မတ်မတ် မရှိဘူး၊ ၀မ်းချုပ် ဖို. Chance ပိုများပါတယ်။ အလုပ်အရမ်းများ ပြီးစိတ်ဖိစီး တဲ့လူတွေမှာတွေ.ရတတ်ပါတယ်။
ဝမ်းချုပ်ခြင်း ရဲ. ဖြစ်ကြောင်းကုန်စင်ကိုမပြောခင်မှာ လူတွေရဲ. အစာခြေအဖွဲ. (digestive system) ထဲကို အစာတွေ ဘယ်လို ဖြတ်သန်းပြီး ၀မ်းဘယ်လို ချုပ်သွားသလဲဆိုတာ ကြည်.ကြရအောင်။ စားလိုက်တဲအစာတွေဟာ ပုံမှာပြထားတဲ့အတိုင်း အစာမျိုပြွန်(esophagus)၊ အစာအိမ် (stomach)၊ အူသိမ်(duodenum, jejunum, ileum) တွေကိုဖြတ်သန်းပြီး အူမကြီး (caecum, colon)ဆီကိုရောက်ပါတယ်။ အစာတွေဟာအူတွေရဲ. ပုံမှန်ကျုံ.ခြင်း၊ဆန်.ခြင်း (rhythmic contraction and relaxation) ကြောင်.ရှေ.နောက်ရွေ.လျားပြီး ရှေ.ကိုတဖြည်းဖြည်းရောက်လာကြပါတယ်။ ဒါကို peristalsis လို.ခေါ်ပါတယ်။

ဒီလိုနဲ.အူမကြီး (colon)အရောက်မှာ ဇာတ်လမ်းစပါပြီ။ အူမကြီး colon မှာ ပုံပါအတိုင်း ascending colon, transverse colon, desending colon နဲ. sigmoid colon ဆိုပြီးရှိပါတယ်။ Colon ရဲ. Function ကတော့ သူ.ဆီရောက်လာတဲ့ တစ်ဝက်တစ်ပျက်ချေဖျက်ပြီးဖြစ်တဲ့ အစာတွေကနေ ရေဓာတ်အသင့်တင့် ကိုစုပ်ယူဖို.ပါပဲ။ ဒီလိုစုပ်ယူပြီးကျန်ရစ်တဲ့ ပစ္စည်းတွေကိုတော့ stool လို.ခေါ်လို.ရပါပြီ။ ဒီ stool တွေကိုမှ တစ်ဖြည်းဖြည်း အစာဟောင်းအိမ် (rectum) ဆီအရောက်တွန်းပို.ပေးမှာဖြစ်ပါတယ်။ Rectum အရောက်မှာတော့ stool တွေကမာပြီး အခဲဘ၀ရောက်နေပါပြီ။ ဒါပုံမှန်ဖြစ်စဉ်ပါ။ တကယ်လို. Colon မှာ contraction သိပ်မရှိလို. ချေဖျက်ပြီးအစာတွေဟာ colon ကိုဖြတ်တာကြာတယ်ဆိုရင် colon ကလည်း ဘယ်ရမလဲ ရေတွေအကုန်စုပ်ထားလိုက်မှာပေါ့။ ဒါဆိုရင် ဖြစ်လာတဲ့ stool တွေကပိုမာပြီးကျစ်ကုန်တာပေါ့။ ဒီအခါမှာ stool မာမာကြီးတွေကိုစွန်.ထုတ်ရတာအခက်တွေ.ပြီ။ ၀မ်းချုပ်တာဒီမှာစပြီပဲ။

အခု ၀မ်းချုပ်တာကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေကိုပြောပါမယ်။

• ရေသောက်နည်းခြင်း
• အစာကိုကျေညက်စွာမ၀ါးခြင်း
• အမျှင်ဓာတ်(fiber) နည်းပါးတဲ့အစားအစာများများစားခြင်း
• ၀မ်းသွားချင်တာကို ရပါသေးတယ် ဆိုပြီးအောင့်ထားခြင်း
• လှုပ်ရှားမှုနည်းခြင်း
• ကိုယ်ဝန်ကြောင့် ဟော်မုန်းပြောင်းအလဲဖြစ်ပြီး ၀မ်းချုပ်ခြင်း
• ဖျားနာတဲ့အတွက် ၀မ်းချုပ်ခြင်း
• ဆေးဝါးတစ်ခုခုကြောင့် ၀မ်းချုပ်ခြင်း
• ရေမြေအပြောင်းအလဲကြောင့် ၀မ်းချုပ်ခြင်း
• ၀မ်းနှုတ်ဆေးပုံမှန်သောက်နေ၍ အူတွေပုံမှန်အလုပ်မလုပ်တော့လို. ၀မ်းချုပ်ခြင်း (Lazy Bowel Syndrome)
• အူထဲမှာ ကင်ဆာအကျိတ် (tumor) ဖြစ်ပြီးကျဉ်းနေခြင်း

ဒီအချက်တွေကိုအခြေခံပြီး ၀မ်းချုပ်တာကိုကာကွယ်တဲ့နည်းလမ်းတွေ ကျွန်တော်ဆက်ပြောသွားပါမယ်။

ကိုယ့်ကိုကိုယ် ၀မ်းချုပ်တတ်တယ်ထင်ရေများများသောက် ပေးတာအကောင်းဆုံးပါပဲ။ ရေသောက်တဲ့အတွက် colon ထဲကခြောက်နေတဲ့ stool တွေကိုရေထည့်ပေးသလိုဖြစ်ပြီး stool မာမာ ခြောက်ခြောက်ကြီးတွေ မဖြစ်စေတော့ပါဘူး။ ၀မ်းသွားရတာ လွယ်ကူစေမှာပဲဖြစ်ပါတယ်။ သောက်ရေအပြင် သစ်သီးဖျော်ရည်တွေ နေ.စဉ် သောက်ရင်လည်း ကောင်းပါတယ်။ ဒါပေမယ့် ကော်ဖီ တို.၊ အရက်တို.ကို များများ သောက်မယ်ဆိုရင်တော့ ၀မ်းချုပ်တာကို ပိုဆိုးစေမှာဖြစ်ပါတယ်။

အမျှင်ဓာတ်(fiber) နည်းပါးတဲ့အစားအစာများများစားတဲ့လူတွေဟာ ၀မ်းပိုချုပ်ကြပါတယ်။ fiber နည်းတဲ့အစာတွေကတော့ အဆီဓာတ်ပါဝင်တာများတဲ့ ဒိန်ခဲ၊ ရေခဲမုန်.၊ဥ၊အသားအမျိုးမျိုး နဲ. အသင့်စား အစားအစာတွေပဲဖြစ်ပါတယ်။ လျော့စားဖို.ပြောတာမဟုတ်ပါဘူး၊ အမျှင်ဓာတ်များများပါတဲ့ အစားအစာတွေနဲ.မျှစားဖို.ပါ။ ဟင်းသီးဟင်ရွက်၊ အသီးအနှံ နဲ.အစေ့အဆံတွေမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါပါတယ်။ ဒီအမျှင်ဓာတ်ကဘာလို.ကောင်းလဲဆိုတော့ သူ.ကိုအစာအိမ်နဲ. အူတွေက မချေဖျက်နိုင်ဘူးလေ။ ဒီတော့ အမျှင်တွေနဲ. အစာတွေရောပြီးအစာလုံး (food bolus) ကြီးဖြစ်သွားရော။ အစာလုံးကြီးက အူတွေကိုကောင်းကောင်းလှုံ.ဆော်ပေးပြီး မြန်မြန်ရှေ.ကိုတိုးသွားနိုင်ပါတယ်။ ဒါ့ကြောင့်ဝမ်းချုပ်ရင် ဆေးအရင်မသာက်ဘဲ အရင်ဆုံး အမျှင်ဓာတ်ပါတာ များများ စားကြည့်သင့်ပါတယ်။

နောက်တစ်ခုက ၀မ်းသွားချင်ရင် အောင့်ထားတတ်တဲ့ အကျင့်ကို ဖျောက်ပါ။ တစ်ချို.လူတွေက တစ်ခုခုကို စိတ်ဝင်စားပြီဆိုရင် အဲဒါကိုပဲအာရုံစိုက်လုပ်ပြီး အဲ့ဒီအချိန်မှာ ၀မ်းသွားချင်လာပြီ ဆိုရင်မသွားပဲအောင့်ထားလိုက်တယ်။ ပြီးမှသွားမယ်ပေါ့၊ အဲဒါပြီးရင် မသွားချင်တော့ဘူး။ ဒီလိုနဲ. အလွယ်တကူ မသွားနိုင်ဖြစ်ပြီး ချုပ်ပါလေရော။ နောက်လည်း ဒီအကျင့်က မဖျောက်နိုင်ပဲ ဆက်ဖြစ်သွားတော့တာပဲ။ Bowel habit ပြောင်းသွားတာပေါ့။ ဒါမျိုးက ကလေးတွေမှာပိုဖြစ်တတ်တယ်။ ဂိမ်းဆော့တဲ့အချိန်တို.၊ ရုပ်ရှင်ကြည့်တဲ့အချိန်တွေမှာဆို သူတို.ကအောင့်ထားပြီးဆက်ကြည့်တတ်ကြတယ်။ ဒါကပြင်ရင်ရပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းရင်လည်း ၀မ်းချုပ်စေပါတယ်။ အိပ်ယာပေါ်လဲနေတဲ့ နာတာရှည်လူနာတွေမှာ ၀မ်းပိုချုပ်တာ တွေ.ရပါတယ်။ တစ်ချို.ဆေးတွေက၀မ်းပိုချုပ်စေပါတယ် ၊ ဥပမာ- Antacid မှာ calcium, aluminum တွေပါလို. ၀မ်းပိုချုပ်နိုင်ပါတယ်။ တစ်ချို. စိတ်ငြိမ်ဆေးတွေ၊ သံဓာတ်ပါတဲ့ အားဆေးတွေကလည်း ၀မ်းချုပ်စေပါတယ်။ နောက်တစ်ခါ ခရီးထွက်လို. ရေမြေအပြောင်းအလဲဖြစ်ရင်လည်းဝမ်းချုပ်တတ်ပါတယ်။ ကြုံဖူးတဲ့သူတွေဆိုသိမှာပါ။ ၀မ်းချုပ်တာကို ဒီအတိုင်းထားလို. ဘယ်လိုမှဝမ်းမသွားဘူးဆိုရင် ဆေးသောက်တာတစ်ခုခုတော့လုပ်ရပါလိမ့်မယ်။ ၀မ်းသွားချင် စိတ်မရှိဘဲ အတင်းသွားအောင်ဆိုပြီး အိမ်သာထဲအကြာကြီးသွားညှစ်နေရင်တော့ နောက်ဆက်တွဲ အနေနဲ. (Hemmorhoid) ဆိုတဲ့လိပ်ခေါင်းရောဂါဖြစ်လာပါလိမ့်မယ်။ stool ထဲမှာ သွေးတွေ ပါလာပါလိမ့်မယ်။ တစ်အား အားစိုက်ပြီး ညှစ်လိုက်လို.စအိုကွဲ(Anal Fissure) သွားတဲ့သူတွေ မနည်းပါဘူး။ ဒါကြောင့် ၀မ်းချုပ်တာကို လစ်လျူရှုမထားသင့်ပါဘူး။

ဝမ်းချုပ်ပြီဆိုရင် ၀မ်းနှုတ်ဆေးအစား အမျှင်ဓာတ် supplement (Bulk Forming laxatives) တွေကိုအရင်ဆုံးသောက်ကြည့်နိုင်ပါတယ်။ Metamucil, Citrucel စတဲ့ fiber supplement တွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဆရာဝန် prescription မပါဘဲ (OTC- Over The Counter) အနေနဲ.၀ယ်လို.ရပါတယ်။ ဒီဆေးနဲ.မရရင် Stool Softener (Docusate Sodium) (၀မ်းပျော့ဆေး) ကိုသောက်ကြည့်ပါ၊ သူလည်း OTC drug ပါပဲ။ ဒီဆေးတွေနဲ.မရဘူးဆိုမှ ၀မ်းနှုတ်ဆေး ( Saline Laxatives) တွေကိုသောက်ကြည့်သင့်ပါတယ်။ ၀မ်းနှုတ်ဆေး ထဲမှာအသုံးများတာ Milk of Magnesium (MoM) ပါပဲ။ ဒီဆေးတွေအကုန်လုံးမှာ mild side effect တွေရှိပါတယ်၊ ဥပမာ-ဗိုက်ရစ်နာတာ၊ မအီမသာဖြစ်တာ၊ ရေနဲ.ဓာတ်ဆားဆုံးရှူံးတာ၊ဗီတာမင်နဲ. အခြားဆေးတွေကိုအူကနေ စုပ်ယူမှုကျစေတာ…စသည်ဖြင့်ပေါ့။ ဒါကြောင့်သတိနဲ.တော့သောက်ဖို.လိုမယ်။ အရမ်းဆိုးဆိုးဝါးဝါး ၀မ်းချုပ်ပြီဆိုရင် ၀မ်းချူတဲ့နည်း(Enema)ကိုသုံးရပါမယ်။ (Suppository Route) စအိုထဲကိုဝမ်းချူတောင့်ထည့်ပြီးချူမှာပါ။ ဒီဝမ်းချူတောင့်တွေမှာ များသောအားဖြင့်အဆီ Glycerin ပါဝင်ပြီး ရေတွေကို rectum ထဲစုစေပြီး stool တွေနဲ.တွေ.ပြီးဝမ်းပျော့စေတဲ့အတွက် မသွားနိုင်တဲ့ ၀မ်းတွေထွက်လာပါလိမ့်မယ်။

နောက်တစ်ခုက ကျွန်တော်အပေါ်မှာပြောခဲ့သလို ၀မ်းနှုတ်ဆေးတွေ ကိုအရမ်းအရမ်းမသောက်သင့်ပါဘူး။ နည်းနည်းလေးဝမ်းချုပ်တာနဲ. ၀မ်းနှုတ်ဆေးသောက်ရင် ရေရှည်မကောင်းဘူး။ အူတွေက ၀မ်းနှုတ်ဆေးကလှုံ.ဆော်မှပဲ လှုပ်တော့တယ်။ ကျန်တဲ့အချိန်မှာ ငြိမ်နေတာပဲ။ လူတွေအပျင်းထူသလို အူကလည်း အပျင်းထူသွားတာလေ။ ကောင်းရော။ ၀မ်းနှုတ်ဆေး မသောက်ရင် မလှုပ်တော့ဘူး။ မလှုပ်တော့ချုပ်တယ်။ ချုပ်တော့သောက်တယ်။ သောက်ပါများ လေမလှုပ်လေပဲ….. ၀မ်းနှုတ်ဆေး သံသရာထဲ လည်သွားရော။ အဲဒါ Lazy Bowel Syndrome လို.ခေါ်တယ်ဗျ။ ဒီလိုဖြစ်ရင် ဖြည်းဖြည်းချင်းဆေးပြန်ဖြတ်ရတယ်။ အမေရိကန်နိုင်ငံမှာလည်း ၀မ်းချုပ်တဲ့လူတွေများပါတယ်။ ဘယ်လောက်များလဲဆိုရင် တစ်နှစ်ကို စုစုပေါင်း ဒေါ်လာ ၇၂၅ သန်းဟာဝမ်းနှုတ်ဆေးနဲ. ၀မ်းပျော.ဆေးတွေဝယ်ဖို.အတွက်ကုန်ကျကြတယ်ဆိုပဲ။ များလိုက်တဲ့ပိုက်ဆံတွေပါလား။ ၀မ်းနှုတ်ဆေးထုတ်ရင် သူဌေးဖြစ်မယ်ထင်တယ်။




နောက်ဆုံးနေနဲ. အကျဉ်းချုပ်ရမယ်ဆိုရင် ၀မ်းချုပ်တဲ့အခါ အပေါ်မှာပြောခဲ့တဲ့အတိုင်း fiber diet တွေကိုမှန်မှန်စား ၊ရေများများသောက်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်၊ ၀မ်းသွားချင်ရင်သွားလိုက်၊ အောင့်မထားနဲ. (အိမ်သာထဲမှာနော်) ၊ fiber supplement ကိုအရင်သောက်ပါ၊ ၀မ်းနှုတ်ဆေးကို အရမ်းအားမကိုးပါနဲ.။ ဒါတွေကိုသာသေချာလိုက်လုပ်မယ်ဆိုရင် တော်တော်နဲ.၀မ်းမချုပ်တော့ဘဲ ချုပ်ရင်လည်းသက်သက်သာသာ လွယ်လင့်တကူဖြေရှင်းနိုင်မှာပါ။

ရေးတာတော်တော်ရှည်သွားပြီ။ ကိုယ့်ဟာကိုယ်ပြန်ဖတ်တာတောင် ငြီးငွေ.လာတယ်။ တော်လောက်ပြီလို.ထင်ပါတယ်။ နားစို.။

ဒေါက်တာရမ်းကု

15 comments:

PP said...

ကောက်ညှင်းပေါင်းစားရင်လဲ ၀မ်းချုပ်ပါတယ်ရှင့်။ ဟိ။ ဟုတ်မလားလို့ ပြောကြည့်တာ။ ၀မ်းခြောက်မျိုးကို အသေအချာလေ့လာသွားပါတယ်။ အဟိ။ :D ဒေါက်တာရမ်းကုကြီး ၀မ်းနှုတ်ဆေးထုတ်ရင်လဲ ပြောပါနော်။ ရှယ်ယာဝင်မယ်။ :P
You give us awesome knowledge. Bravo!!!
good luck on your finals. ;)

တားမြစ် ထားသော... said...

ကောင်းသဗျ။ ကျွန်တော်တို့ မသိမသာရော သိသိသာသာပါ ခံစားနေရတဲ့ ပြဿနာပဲ။ ဆေးပညာဗဟုသုတအတွက် ကျေးဇူးပါ။

Anonymous said...

ကိုရင် ချုပ်ပုံများ.. အိမ်သာလည်းမသွားဘဲ.. စားပြီးတာတွေ ဘယ်ရောက်ရောက်သွားမှန်းကိုမသိဘူး.. တစ်ခါတစ်လေ တစ်ပတ်လောက်မသွားဖြစ်ဘူး..
မေ့တောင်မေ့နေတယ်..
သွားပြီဟေ့ ဆိုရင်လည်း..
အီးးး... ဟီးးးး........
ခုတင်ထားတဲ့ ဓါတ်ပုံထဲကလို...
ဟီးဟီးးး..
ခုတော့ မချုပ်အောင် နေတော့မယ်.. :P
ဒေါက်တာရမ်းကုကြီးရေ ကျေးဇူးပါ..
ဒီပိုစ့်ကိုဖတ်ပြီးမှ သတိရတယ်..
ဒီနေ့ဆိုတစ်ပတ်ရှိပြီး.. ဟီးးး... ပြေးပြီ.. :D

စိုးထက် - Soe Htet ! said...

ဆရာ ဒေါက်တာ ရမ်းကု ခင်ဗျား ... ကျန်းမာရေး ပညာပေး စာစုများ သာ စုစည်း ထားတဲ့ ပြည်သူ့ ကျန်းမာရေး ဘလော့ မှာလည်း လာရောက် ပါဝင် ရေးသား ပေးဖို့ ဖိတ်ခေါ် ပါတယ် ... ဒီမှာ ရေးတဲ့ အတိုင်း မိတ္တူ ပို့ ပေး ရင် လည်း ရပါတယ် ခင်ဗျာ ... ဖိတ်ထား ပါတယ် ခင်ဗျား ... ဆန္ဒ ရှိသလို ဆက်လက် ဆောင်ရွက် ပေးပါ ခင်ဗျာ ... :)

Anonymous said...

ဂွီးးးး ဝမ်းပုပ်ချဆေးနဲ့ ဝမ်းနုတ်ချဆေး ဘာကွာလဲ ကိုဒေါက်တာ ရမ်းကု ခင်ဗျာ....

Anonymous said...

ကောင်းတယ်ဗျို့ ဗဟုသုတရတယ်။ ကျွန်တော်ကတော့ တစ်ရက်ကို ၃ခါလောက်ဗျ၊ အထဲမှာ နည်းနည်းစုလာရင်ကို မနေတတ်တော့ဘူးထင်ပါတယ်၊ ရေအငတ်မခံတာရယ်၊ နေ့တိုင်း အသီးအရွက်တစ်မျိုးမျိုးတော့ စားတာရယ်ကြောင့်ထင်တယ်။ မနက်တိုင်းကတော့ ဘာမှမလုပ်ခင် အိမ်သာအရင်ဝင်တာ အကျင့်ဖြစ်နေပီဗျ။ အင်ဂျင်ကောင်းတယ်ပြောရမယ်ထင်တယ်။ :P

သိပံ္ပမောင်ပိန် said...

ကျွှန်ပ်အတွက်အရမ်အသုံးဝင်တယ်ဗျ ။

Suburban Area said...

ဒီလိုပွင့်ပွင့်လင်းလင်းတင်ပြချက်ကိုကြိုက်သွားပြီးးးစာကမရှည်ပါဘူးဗျာ။ရေးတဲ့သူတောင်သေချာပြောပြချင်လို့ရေးထားတာ ကျွန်တော်တို့ကဖတ်ခွင့်ရတာတောင်ကျေးဇူးတင်လှပြီ...နောက်တစ်ခေါက်အလုပ်တွေအားလို့အသစ်တင်မယ်ဆို
လမ်းလျှောက်ခြင်းကြောင့်ဖြစ်ပေါ်တတ်သော ခြေထောက်နဲ့ပတ်သက်တဲ့ရောဂါတွေ၊အဖြစ်များတာတွေကို ဆေးမီးတိုလေးပြောပြပေးပါလားးးအဆင်ပြေရင်ပြောတာပါ....

khin oo may said...

Wesheme သားသားရဲ. အီအီး ကို ရှူပြီး သကာလ Tea ဘလော.ရဲ. အီးအီး ကို လည်း ရှူ သွားပါတယ်. ..

ဒေါက်တာရမ်းကု said...

ပေဖူးလွှာရေ..ဆုတောင်းပေးတာကျေးဇူးပါ.. ကောက်ညှင်းပေါင်းစားရင် ၀မ်းချုပ်တယ်ဆိုတာဟုတ်ပါတယ်၊ ၀မ်းနှုတ်ဆေးလား? ပေဖူးလွှာကအရင်းအနှီး ၉၀% စိုက်.... ကျွန်တော်က ၁၀%စိုက်မယ်။ ထုတ်ကြတာပေါ့....အဟီး....

ဒေါက်တာရမ်းကု said...

ဟုတ်ကဲ့ပါ ကို Suburban Area...... ကျွန်တော် အချိန်ရရင် ရသလို အစ်ကိုပြောတဲ့ လမ်းလျှောက်ရင် ဖြစ်တတ်တာတွေဖော်ပြပေးပါ့မယ်ဗျာ။

ဒေါက်တာရမ်းကု said...

ကို noble ခင်ဗျား၊ ကျွန်တော်က အင်္ဂလိပ်စာကိုကောင်းကောင်း တတ်တာမဟုတ်သလို၊ မြန်မာစာကိုလည်း ရေရေလည်လည်မတတ်ပါဘူး၊ ဒီမေးခွန်းကို ကျွန်တော်သိသလို ပြောရမယ်ဆိုရင်ဝမ်းပုပ်ချဆေးနဲ့ ဝမ်းနုတ်ချဆေးဟာတူတူပဲလို.ထင်ပါတယ်ခင်ဗျား။ အမှန်ပြောရရင် ကျွန်တော်လည်း မခွဲခြားနိုင်ပါဘူး... :) :) :)

ဒေါက်တာရမ်းကု said...

ကိုစိုးထက်အခုလိုဖိတ်ခေါ်တာကျေးဇူးပါ။ ကျွန်တော် copy လေးတွေ ပို.လိုက်ပါ့မယ်။

စိုးထက် - Soe Htet ! said...

ညီလေးရေ ...

ဒီမှာ ရေးသလိုပါပဲ ... ဖိတ်ထားတဲ့ အကောင့် ထဲ ဝင် ပြီး ပို့စ် တင် လိုက်တာပါပဲ ... ဖိတ်ထား ပြီးပြီ doctoryankuu@gmail.com မှာ ...

ပြည်သူ့ ကျန်းမာရေး ဘလော့ မှာ ... လက်ရှိ တင်းပလိတ် ဒီဇိုင်း အရ ခေါင်းစဉ် (Title) ကို အင်္ဂလိပ်လို ရေးသားပါက ပိုမို အဆင်ပြေပါတယ်။ ခေါင်းစဉ်ဖောင့် အရောင် နှင့် ပုံစံ မှာ အခြား အဆင်အပြင်များ နှင့် လိုက်လျော ညီထွေ ရှိအောင် စီစဉ် ထားလို့ပါ။ ခေါင်းစဉ်တွင် အင်္ဂလိပ်လို ရေးသားခြင်း၏ အခြား အားသားချက်များမှာ ...

* ဂူးဂဲလ် search တွင် ရှာဖွေပါက တိုက်ရိုက် တွေ့ရှိနိုင်ခြင်း
* Blog archive တွင် ရှာဖွေရလွယ်ခြင်း
* မြန်မာစာ မဖတ်တတ်သူများ အနေဖြင့် ခေါင်းစဉ်ကို ကြည့်ရုံဖြင့် စာပါ အကြောင်းအရာ များကို ခန့်မှန်းနိုင်ပြီး မိမိ၏ ရုံး၊ အဖွဲ့အစည်း အတွင်းရှိ အခြား မြန်မာလူမျိုးများကို ညွှန်းဆိုနိုင်ခြင်း


တို့ဖြစ်ပါတယ်။

ရေးပြီးသားတွေ ပြန်တင်ပေးလည်း ရပါတယ် ... ပါဝင် ကူညီတာ ကျေးဇူး တင်ပါတယ် ညီလေးရေ ...

စာကြောင်း လေးတွေ တော့ ကြည့် ကောင်းအောင် စာရေးရင် အဓိပ္ပါယ် ပေါ်လောက်တဲ့ စာလုံးစု နှစ်လုံး သုံးလုံး တစ်ခါလောက် Space ခြားပြီး ရေးပေး ထားရင် စီ ရတာ ပို အဆင် ပြေပါတယ် ...

မြန်မာစာ ရိုက်နည်း အတွက် ...
http://yanaung.blogspot.com/2008/02/blog-post_9048.html
http://hanthitnyeim.isgreat.org/?p=150
http://heartstations.blogspot.com/2008/07/blog-post_09.html
တွေ မှာ ဖတ်ကြည့် ပေးပါ ... ဆရာကြီး လုပ်တာ မဟုတ်ပါဘူး ... အကြံ ပြုတာပါ ...

ဘာပဲ ဖြစ်ဖြစ် အခုလို ကူညီ ပါဝင်ပေးတာ ကျေးဇူး တင်ပါတယ် ညီလေးရေ ... နောက် တွေ့ လည်း ခေါ်ပါ ... မေးလ် ပို့ ပါ ... အစ်ကို က အမြဲ အသင့် ပါ ...

ပျော်ရွှင် အဆင်ပြေပါစေ ဗျို့ ...

ခင်မင် လေးစားစွာဖြင့်
စိုးထက်

Unknown said...

တစ်ခုလောက်သိချင်ပါတယ်ရှင်...ပါးစပ်မှာပူကံတာ..လျှာမှာအပူကံတာတွေက၀မ်းချုပ်တာနဲ့လည်းသက်ဆိုင်လား..ကျွန်မခဏခဏပူကံတဲ့ဝေဒနာကိုခံစားရတယ်..ဖြစ်ပြီဆိုပါးစပ်တစ်ခုလုံးနေရာမလပ်အောင်အရမ်းဖစ်တတ်ပါတယ်...တစ်ခါတစ်လေ၀မ်းမချုပ်လည်းဖြစ်တတ်တယ်..အဲ့လိုမဖြစ်အောင်ဘယ်လိုကာကွယ်ရမှာလဲ..နောက်ပြီး.ဘယ်လိုဆေးမျိုးတွေသောက်သုံးသင့်လဲဆိုတာ..ပြောပြစေချင်ပါတယ်ရှင်..ကျေးဇူးအများကြီးတင်ပါတယ်...