Photobucket

Sunday, July 13, 2008

ဖြေလိုက်ပုံက

အချိန်ပြည့် ကွန်ပျူတာ ဂိမ်းကစားနေသော တူဖြစ်သူ မောင်မောင်အား ဦးလေးဖြစ်သူက ဆုံးမ စကားပြောလေသည်။

ဦးလေး။ ။ မောင်မောင် ကျောင်းစာတွေ လုပ်ဦး။

မောင်မောင်။ ။ ဟုတ်ကဲ့ပါ။

ဦးလေး။ ။ အမြဲတမ်း မင်းဂိမ်းကစားနေတာ ပဲ တွေ့နေရတယ်။ ဂိမ်းကစားတွေ လျော့ဦးမှပေါ့....

မောင်မောင်။ ။ ဟုတ်ကဲ့...



ဦးလေး။ ။ အိုင်းစတိုင်းဆိုရင် မင်းအရွယ်မှာ စာတွေ အရမ်းဖတ်နေတာ လုံးဝ မကစားဘူး...

မောင်မောင်။ ။ ထိုအခါ . . ဂိမ်းကစားရင်း ဦးလေးဖြစ်သူကို မကြည့်ဘဲ ဖြေလိုက်သည်မှာ...
"ဦးလေး အသက်အရွယ်မှာ အိုင်းစတိုင်းက ပညာရှိကြီး ဖြစ်နေပြီလေ... "

ဦးလေး။ ။ ဟေ . . .

Ref: MMCP forum.

2 comments:

PP said...

အချိန်ပြည့် ဘလော့နေသော သူငယ်ချင်းဖြစ်သူ တီးအား ပေဖူးလွှာက ဆုံးမ စကားပြောလေသည်။

ပေဖူးလွှာ။ ။ တီး ကျောင်းစာတွေ လုပ်ဦး။

တီး။ ။ ဟုတ်ကဲ့ပါ ခင်ဗျ။

ပေဖူးလွှာ။ ။ အမြဲတမ်း မင်းဘလော့နေတာ ပဲ တွေ့နေရတယ်။ စာရေးတာတွေ လျော့ဦးမှပေါ့....

တီး။ ။ ဟုတ်ကဲ့...

ပေဖူးလွှာ။ ။ အိုင်းစတိုင်းဆိုရင် မင်းအရွယ်မှာ စာတွေ အရမ်းဖတ်နေတာ လုံးဝ မကစားဘူး...

တီး။ ။ ထိုအခါ . . Blogနေရင်း
ပေဖူးလွှာကို Gtalk တွင် ပြန်ဖြေလိုက်သည်မှာ...
"ပေဖူးလွှာက အိုင်းစတိုင်းလောက် ပညာရှိတာကိုး....."

ပေဖူးလွှာ။ ။ သိရင် ပြီးရော။ ;)

မှတ်ချက်။ ဘာမှတော့ မဆိုင်ပါ။ အင်း.... စဉ်းစားကြည့်ရင် ဘာမှကို မဆိုင်တာ။ တီးဘလော့ရောဂါစွဲကပ်နေသည်ကတော့ အမှန်ဖြစ်ပါသည်။

ပျော်ရွှင်ကြပါစေ။ :)

Anonymous said...

ဘလော့ဂ်စွဲနေသူထဲတွင် ကျွန်တော်လည်း ပါမည်ဖြစ်သည်။