ကျွှန်တော် မောင်ပိန် ပိုစ့် မရေး ဖြစ်တာလဲ တစ်နှစ်လောက် ရှိတော့မယ်နဲ့ တူတယ်။ ဟိုတစ်လောက အင်တာနက် အန္တရာယ် များတဲ့ ၀က်ဆိုက် ကနေ ဖိုင်တွေ ဒေါင်လို့ လုပ်လိုက်တာ ကွန်ပျူတာ ပိုးဝင်ပြီး စက်လောင် တော့မယ် အထိ ဖြစ်ခဲ့ပါတယ်။ windows တစ်ခုလုံး အစအဆုံး ပြန်သွင်း တာတောင် မပြီးသေးဘူး ကွန်ပျူတာ screen ပါ ခရမ်းရောင် အဆင်း ကြောင်း ပြပြီး ကြွသွား ရှာတယ်။ အဲ့ဒါနဲ့ ကျောင်းမှာရှိတဲ့ techdesk ကို ယူသွားပြီး myhome16 မှာ Blog မြန်မြန် ပြန်ရေး နိုင်အောင် အားသွန် ခွန်စိုက် ကြိုးစား ခဲ့ရတယ်။ နောက်ဆုံး တစ်ပတ်လောက် ကြာတော့ Dell က ပစ္စည်း ပို့လာ ပေးတော့မှ ကျွှန့်တော့် ကွန်ပျူတာ ပြန်ကောင်း သွားရှာ တော့တယ်။ ဒါပေမဲ့ windows အသစ် ပြန်သွင်းလိုက်တော့ ကွန်ပျူတာထဲမှာ ပင်ပင်ပန်းပန်း ၁၀ နှစ်စာ myhome16 မှာတင်ဖို့ ကြိုတင် ရေးထားသော post များ techdesk လူသားတွေ ရှင်းလိုက်တာ အကုန် ပါသွားတယ်…. ဒါ့အပြင် မြန်မာ font ကလဲ အသစ် ပြန်သွင်းပြီး အလုပ် မလုပ်လို့ အင်တာနက်ပေါ်မှာ google လုပ်၊ ဖြေရှင်းနည်း ရှာတာ တစ်ပတ်လောက် ကြာသွားတယ်။ ဒီဟာ တွေကတော့ ဘာဖြစ်လို့ ကျွှန်တော် မောင်ပိန် ပို့စ်နုစ်ပတ် တိတိ မတင်နိင်တဲ့ အကြောင်းရင် များထဲကတစ်ခုပါပဲ။ အားလုံးတော့ ခွင့်လွတ်ကြပါ။
ကျွှန်တော် ဒီတစ်ပတ်တော့ ရူပဗေဒနဲ့ ပတ်သက်တဲ အကြောင်းအရာ တစ်ခုအကြောင်း ပြောပြ သွားပါမယ်။ ဒီဟာကတော့ Black Hole ကို ဖန်တီး ပေး နိုင်သည်ဟု လူတွေက ယူဆကြသော LHC(large Hadron Collider) ပဲ ဖြစ်ပါတယ်။ LHC နဲ့ ပတ်သက်ပြီး တော့ အငြင်းပွား စရာ အရာ တော်တော်လေး များရှာ ပါတယ်။ ဒါပေမယ့် အဆိုပါ ပြသာနာများ မပြောခင် LHC ရဲ့ သမိုင်းကြောင်းနဲ့ ယင်းကို ဆောက်ရခြင်း ၏ အကြောင်းများ ကို ရှေးဦးစွာ ကျွန်တော် ရှင်းလင်း သွားပါမယ်။
သမိုင်းကြောင်းတော့ ဒီလိုရှိပါတယ်…
၂၀ ရာစု အစပိုင်း ကတော့ သိပ္ပံပညာရဲ့ အတိုးတက်၊ အထွန်းကားဆုံး အချိန် ဖြစ်ပါတယ်။ Alberb Einstein ရဲ့ Relativity Theory နဲ့ Photoelectric effect တို့ ဟာ ကမ္ဘာကြီး အပေါ် လူသား တွေရဲ့ အမြင်ကို အကြီးအကျယ် ပြောင်းလဲ ခဲ့ ရုံမျှမက ရုပဗေဒ လောက ကြီးကို လည်း အကြီး အကျယ် ပြောင်းလဲ ခဲ့ပါတယ်။ Quantum mechanics ကလဲ ဒီကနေ စပြီး ဖြစ်ထွန်း လာခဲ့ပါတယ်။ electron, nucleus စသည့် အခြေခံ အကျဆုံး ဖြစ်သော အရာများကို ဥရောပ တိုက်မှာ တဗြုန်းဗြုန်း တွေရှိခဲ့ ကြပါတယ်။ ဒုတိယ ကမ္ဘာ စစ်ပြီးတော့ အမေရိကန် ကတော့ သိပ္ပံ လောက ကို ဦးဆောင် ခဲ့ပါတယ်။ နောက်ပိုင်း သိပ္ပံပညာ အတွက် ပိုပြီးတော့ အဆင့်မြင့်သော စက်ပစ္စည်းများ အပေါ် ရင်းနှီး မြှုပ်နှံဖို့လိုကြောင်း အမေရိကန်က ကြိုတင် မြင်ကာ ဓတ်ရောင်ချီ စက်များနှင့် particle accelerator များကို တည်ဆောင်ခဲ့ ကြတယ်။ ဒါပေမယ့် ရူပဗေဓ စီမံကိန်းများကို တစ်နိုင်တည်းက မဦးဆောင်နိုင်တာနဲ့ အညီ (particle accelerator ဆောက်ခနဲ့တင်မွဲသွားလောက်တယ်) ဥရောပနိုင်ငံ အများစုဟာ အချင်းချင်း ပေါင်းပြီး CERN( European Council for Nuclear Research) ကို တည်ထောင် ခဲ့ပါတယ်။ CERN ကြောင့်မလို့ အရေးကြီးတဲ့ ရူပဗေဒ နိယာမများကို သက်သေ ပြနိုင် ခဲ့ပါတယ်။ 1971 နှစ်တွင် Intersecting Storage Rings proton-proton collider စတင်ခဲ့ပြီး proton-antiproton collider ကို 1981 ခုနှစ်တွင် စတင် လုပ်ဆောင် ခဲ့ကာ နောက်နှစ်နှစ် ကြာတော့ W နှင့် Z particle များကို တွေ့ရှိခဲ ပါတယ်။ တွေ့ရှိမှု ကြောင့် သိပ္ပပညာရှင် များဟာ လျှပ်စစ် ဆွဲအားနဲ့ weak force တို့ကို unified field theory အောက်တွင် အောင်မြင်စွာ သက်သေ ပြနိင်ခဲ့ပါတယ်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော LEP(large electron positron collider) ကိုလည်း CERN မှာဘဲဆက်လက်တည်ဆောက်ခဲ့ကာ ယင်းကြောင့်မလို့ sub-atomic particle များနဲ့ ပတ်သက်သော တန်ဖိုး များကို အလွန် တိကျစွာ တိုင်း နိုင်ခဲ့ကြပါတယ်။ LEP မှရသော data များသည် တိကျ လွန်းလို့ ၄င်း data များသည် ယခုလက်ရှိ စမ်းတပ် နိုင်သည့် energy level ကိုကျော်လွန် သည့် အဖြစ် အပျက်များ ကိုပင် ခန့်မှန်း နိုင်ပါတယ်။ ယင်းကြောင့် နောက်ပိုင်း energy level ပိုမြင့်သော အဆင့်တွင် တွေ့ရှိနိုင်မည့် အရာများကို ခန့်မှန်း ခွင့်ပေး နေပါတယ်။
ယနေ့ LHC…
Large Hadron Collider ကိုမြေအောက် မီတာ ၅၀ မှ မီတာ ၁၇၅ နက်သော မြေအောက်ရှိ ကီလိုမီတာ ၂၇ မီတာ ရှည်တဲ့ စက်ဝိုင်းပုံ လှိုင်ခေါင်းထဲတွင်တည်ဆောက်ထားပါတယ်။ ၄င်းသည် ဆွီဇလန် နှင့် ပြင်သစ်နိုင်ငံ နှစ်နိုင်ငံ နယ်စပ်တွင် တည်ရှိပါတယ်။
LHC တွင် ပထမဆုံးသော particle beam များကို စက်တင်ဘာလ ၁၀ ရက် ၂၀၀၈ ခုနှစ်တွင် စတင် စမ်းသပ် ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ဆောင် နေချိန်တွင် superconducting သံလိုက် တချို့သည် ပုံမှန်အတိုင်း မလုပ်ဆောင်ခဲ့ သောကြောင့် စမ်းတပ်မှု တစ်ခုလုံးကို ရပ်ဆိုင်း လိုက်ရကာ ပြန်လည် ပြုပြင်မှုများ လုပ်ဆောင် နေရပါတယ်။ ယင်း အမှား သည် ညံ့ဖျင်းစွာ ပြုလုပ် ထားသော လျှပ်စစ် စက် ကိရိယာငယ် တစ်ခုကြောင့် ဖြစ်ပါတယ်။ ယင်းကြောင့် ဒေါ်လာ ၁၀ ဘီလီလျှံ တန်စက်ကြီးကို ၃လ လောက် အနားပေပြီး အပြုအပြင် လုပ်ရတော့မှာ ဖြစ်ပါတယ်။ superconducting magnet တွေကို အအေး ခံသော ဟီလီယံ ဓာတ်ငွေ့ ၆ တန်မျှ အပြင်ကို ယိုစီး သွားခဲ့ ရုံမျှမက သံလိုက် ၂၉ တုံးကိုလည်း ပြန်လည် ပြုပြင်ရမှာဖြစ်ပါတယ်။ ပြင်ခကလည်း ဈေးမနည်း ပါဘူး။ ဒေါ်လာ ၂၁သန်း ကုန်မယ်လို့ တွက်ချက် ထားပါတယ်။

နောက်တစ်ပတ်ဆက်ရန်…
5 comments:
ကိုပိန်ရေ ဘာတွေ သွားဒေါင်းတာတုန်း။ ဖြစ်ရမယ်။ :S
By the way, Physics totally rocks my life. :)
ကျေးဇူးတင်ပါသည်။ ဗဟုသုတအရမ်းရပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။
ဖတ်ပေးတာကျေးဇူး ကျော်စိုး။ မပေဖူးလျှာ၊ မဟုတ်တာဒေါင်းလို့ ကွန်ပျူတာပျက်တာပေါ့။
superconducting magnet တွေကို အအေး ခံသော ဟီလီယံ ဓာတ်ငွေ့ ၆ တန်မျှ အပြင်ကို ယိုစီး သွားခဲ့ ရုံမျှမက သံလိုက် ၂၉ တုံးကိုလည်း ပြန်လည် ပြုပြင်ရမှာဖြစ်ပါတယ်။ ပြင်ခကလည်း ဈေးမနည်း ပါဘူး။ ဒေါ်လာ ၂၁သန်း ကုန်မယ်လို့ တွက်ချက် ထားပါတယ်။
Amazing!
ငါရေးမဲ့ဟာ မောင်ပိန်ရေးသွားတာ နာသကွာ။ ဘာပဲဖြစ်ဖြစ် အကြောင်းရာတူတော့ ထပ်မရေးတော့ဘူး။ အလကား ဖတ်တဲ့လူ မျက်စိညောင်းတယ်။
Post a Comment