Photobucket

Monday, March 24, 2008

ဘ၀မဟုတ်တဲ့ဘဝ

Title : A Life that is not a life
It is about a life of a woman on this earth. I just want to show respect for how much she has been sacrificed for her people and her country. You will know who she is if you are a Burmese. If you don't know who she is, you should just simply need to think who you are.



ဘ၀မဟုတ်တဲ့ဘဝ

သူမ မှာ ဘာအပြစ်တွေများရှိနေလို့လဲ? ဘာအမှားတွေများလုပ်ခဲ့လို့ သူမ အခုလို ကံဆိုးနေတာလဲ? တစ်နေ့တစ်နေ့ သူမ ဘာတွေလုပ်နေလဲ? မိုးလင်း ကနေ မိုးချုပ် တစ်ရက်ပြီးတစ်ရက် တစ်နေ့ပြီးတစ်နေ့ ကုန်သွားတိုင်း . . အချိန်တွေ တစ်မိနစ်ပြီး တစ်မိနစ် ရွေ့လျားနေတိုင်း . . ကျွန်တော်တို့ ခင်ဗျားတို့ မှာ လုပ်စရာတွေ ကိုယ်စီကိုယ်စီ ရှိနေပေမယ့် . . ဒီလို နေ့တွေ ကို သူမ ဘာတွေလုပ်ပြီး ဖြတ်သန်းနေသလဲ? ကျွန်တော်တို့ မှာ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းဖော် စသည့် ကြင်သူတွေ ခင်သူတွေ နှင့် သွားသွားလာလာ ပြောပြောဆိုဆို ဆက်ဆံနေထိုင် နိုင်ပေမယ့် . . သူမမှာ . .

ကျွန်တော်ကြားဖူးပါတယ် . . လူတွေလူတွေ (ကျွန်တော်အပါအ၀င်) တစ်ခုခု လုပ်စရာမရှိရင် "ဟာာ . . ပျင်းလိုက်တာကွာ" . . ဒါမှမဟုတ် တစ်ခုခု အလုပ်တွေရှုပ်နေရင် "ဟာာ . . အရမ်း အလုပ်ရှုပ်တယ် ကွာ" . . သူမ မှာဖြင့် ဒီလို စကားတွေပြောဖို့ . . အခြေအနေလည်းမရှိ . . အခွင့်အလမ်း လည်းမရှိပေ။ ကျွန်တော်တို့ ခင်ဗျားတို့လို သူသူငါငါ လူတွေ ပျင်းနေရင် . . သူမရဲ့ ဘ၀မှာ ပျင်းတယ် ဆိုတာ . . ? ။ အချိန်တိုင်း အချိန်တိုင်း ကို သူမ ဘာဆိုဘာမှ မရှိဘဲ ဖြတ်သန်းနေတယ် . . သူမမှာ ဘာအပြစ်များရှိလို့လဲ?
သူမ၏ ချစ်ရသူတွေ (မိသားစုဝင်တွေ) နှင့် တွေခွင့်တောင်မရတဲ့ဘ၀ . . သူမခင်ပွန်း မဆုံးခင်ကတောင် စကားတစ်ခွန်း မပြောလိုက်ရ . . မိမိ ဖခင် မိခင် ရဲ့ ဂူ တွေကိုတောင် သွားခွင့်မရှိ တဲ့ သူမဘ၀ . . တစ်နေ့တစ်နေ့ အချိန်တွေကုန်သွားတိုင်း သူမရင်ထဲမှာ ပူလှောင် ဆူးရှတဲ့ မီးတွေ ကြီးထွားနေဆဲ . .
လွတ်လပ်မှုဆိုတာ သူမအတွက်တော့ အိမ်မက်တစ်ခု၊ ရက်စက်လွန်းလှတဲ့ အရာတွေ ကြားထဲ သူမ တစ်ကိုယ်တည်း လျှောက်လှမ်းနေဆဲ . . ဘာဆိုဘာမှ မရှိတော့ပေမယ့် သူမ အားမလျှော့ သေး . . သူမကို ဘယ်သူတွေ ဘယ်လိုဘဲ ခြောက်ခြောက် မြှောက်မြှောက် . . ခိုင်မာ ပြတ်သားတဲ့ စိတ်ဓာတ်တွေနဲ့ အရာရာကို အနိုင်မခံ အရှုံးမပေး ရင်ဆိုင်နေဆဲ။
ဘ၀ဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့ လိုသူတွေအတွက် အဓိတ်ပါယ် တစ်မျိုးရှိနေပေမယ့် . . သူမရဲ့ဘ၀က ဘာများ အဓိတ်ပါယ် ရှိနေပါသလဲ? ဒီမြေ ပေါ်က ဒီလူတွေအတွက် ဒီလိုပေးဆပ် နေပေမယ့် တစ်နေ့တစ်နေ့ အချိန်တွေကုန်သွားတိုင်း သူမ အသက်တွေကြီးလာပြီး . . ဘာမှမပြောင်းလဲနိုင်သေးပေ။ အနာဂတ်လူငယ်တွေ အတွက် သူမ တိုက်ပွဲဝင် နေပမယ့် အတူတူတိုက်ပွဲဝင်ဖို့ လူပေါင်း ၅၆ သန်းက ကျွန်တော်တို့လိုသူတွေ အပါအ၀င် အများစုက ပါးစပ်နဲ့ ပဲ ပြောနေကြတယ် . . နိုင်ငံရပ်ခြား တိုင်းတစ်ပါးကနေ ကြုံးဝါးနေကြတယ် . . ဟိုဟာမကောင်းဘူးကွ ဘာကွညာကွ . . ဟိုသူ့ကိုလွှတ်ပေး ဒီသူ့ကို လွှတ်ပေးနဲ့ ဘာမြန်မြန်လုပ် ညာမြန်မြန်လုပ် . . မလုပ်ရင် ဘာလုပ်မယ်ညာလုပ်မယ် ဆိုပြီး ကြုံးဝါးနေတယ် . . ဒါပေမယ့် ဒါတွေအားလုံးကို တော့ သူတို့က ဖြုံတောင်မဖြုံ . . အပြုံးမပျက်ပဲ . . အေးအေးလူလူ ပျော်ပျော်ပါးပါး ရှိနေဆဲ . . တစ်ချို့လူတွေကို တွေ့ဖူးပါတယ် . . တိုင်းပြည်ကိုချစ်တယ် ချစ်တယ် ဆိုပြီး အမေရိကန် နိုင်ငံသား ဖြစ်နေတယ့် သူတွေ . . Green Cards ကြီးတွေယူပြီး Citizen ဖြစ်အောင်ကြိုးစားနေတဲ့ သူတွေ . . အများကြီးပါ။ အားလုံးက အနယ်နယ်အရပ်ရပ်ကနေ ထိရောက်မှုမရှိတယ့် အရာတွေနဲ့ အချိန်ကုန်ကြုံးဝါးနေပြီး သူမခင်ဗျာ . . တစ်ကိုယ်တည်း နေ့ရက်တွေကိုဖြတ်သန်းနေဆဲ . .
တစ်ရက်တစ်ရက်ကူးသွားတိုင်း ဒီတိုင်းပြည်နှင့် ဒီလူမျိုးအတွက် ပေးဆပ်နေဆဲ . . သူမဘ၀ - ရွှေတိဂုံဘုရားကို ဖူးချင်ပါတယ်ဆိုတောင် ဖူးခွင့်မရှိတဲ့ ဘ၀ . . စိတ်ဆိုတဲ့ ဒီအင်အားကလွဲလို့ ဘ၀မှာ ဘာဆိုဘာမှ မရှိတော့တဲ့ ဘ၀ . . ခင်ဗျားတို့ ကျွန်တော်တို့ ဘ၀မှာ အနာဂတ်ဆိုတာ ရှိပေမယ့် သူမရဲ့ဘ၀ မှာ အနာဂတ်ဆိုတာ အဓိတ်ပါယ် ဖွင့်ဆိုလို့မရပေ။ ကျွန်တော်တို့ အတွက် ဘ၀ဆိုတာ ကျောင်းကြီးဖြစ်နိုင်ပေမယ့် သူမအတွက် ဘ၀ဆိုတာ လေဟာနယ်။ ကျွန်တော်တို့ တတွေ ဘ၀မှာ လွယ်လွယ်ကူကူ ပြုံးနေနိုင်ပေမယ့် သူမရဲ့ဘ၀ မှာ အပြုံးတစ်ခုပြုဖို့ အင်အားတွေ စုဆောင်းနေရဆဲ . . စုဆောင်းပြီးလို့ ပြုံးချင်ရင်တောင်မှ သူ့တိုင်းပြည်အကြောင်းစဉ်းစားမိပြီး . . သူမရဲ့အပြုံးကို ပြန်ရုတ်သိမ်းနေရတဲ့ ဘ၀၊ အော် . . "ဘ၀" ဘ၀၊ သူမရဲ့ဘ၀ . . ဘ၀မဟုတ်တဲ့ သူမရဲ့ဘ၀။ ။

သူမအတွက်ဆုတောင်း လျှက်

Tea

5 comments:

Unknown said...

Ko Tea...BRAVO!
ur right.Most of people are just talking we love our country.But they didn't do anything for country.(me too)They are very selfish.Sometime I feel I'm selfish,beacuse I didn't do anything for my country.I want to do but I don't know what to do.Ur post is excellent.As 4 me I can't write like u.But I like reading..

Unknown said...

Ko Tea...BRAVO!
ur right.Most of people are just talking we love our country.But they didn't do anything for country.(me too)They are very selfish.Sometime I feel I'm selfish,beacuse I didn't do anything for my country.I want to do but I don't know what to do.Ur post is excellent.As 4 me I can't write like u.But I like reading..

Unknown said...

Ko Tea...BRAVO!
ur right.Most of people are just talking we love our country.But they didn't do anything for country.(me too)They are very selfish.Sometime I feel I'm selfish,beacuse I didn't do anything for my country.I want to do but I don't know what to do.Ur post is excellent.As 4 me I can't write like u.But I like reading..

mikealiar said...

That's a good call Tea... I personally don't know who you are but I do appreciate what you r doing here.Actually there's no victory withoit pain, no freedom without sacrifices, but isn't it a bit too much for her to stay at home for 12 yrs.But she still insist and without saying a single word about regretting even though she is aware that she won't be able to meet up with her family...She is really an "Iron Woman"...But always remember that "Every country has the government it deserves". Without a well educated people it is very difficult to achieve our goal.As the saying goes"Education and Independence take time to improve", so my guess is we still need to wait for some times..But God will never bless for those of ppl who do bad things for sure...I believed that we will get what we want in one day.It might be in next generation or with our present but it doesn't matter as long as we get what we want.
Cheers

Suburban Area said...

သူမရဲ့ဘ၀မဟုတ်တဲ့ ဘ၀အတွက်ကျွန်တော်လဲ အမြဲဆုတောင်းပေးနေမယ်..တီးရေးထားတာ အရမ်းကောင်းတယ်..တချို့ကမဆိုင်တာတွေကြည့်ပြီ အပြစ်မြင်ကြတယ်..ဒီဘ၀အတွက် အလင်းရောင်လာပါတော့ဗျာ..