သီချင်းကမ္ဘာတွင် ပျော်မွေ့နေသူ
Tea
တကယ်တော့စာမရေးချင်လောက်အောင် စိတ်ပင်ပန်းနေခဲ့တာပါ။ သူငယ်ချင်းတီးနဲ့တွေ့လို့ ကျွန်မကအဖြစ်အပျက်တချို့ကို ပြောပြထားပါတယ်။ သူ့ဘလော့မှာတင်လိုက်တော့ စီဘောက်မှာ သူ့ခမျာလာလာဆဲတာခံရတာကို စိတ်မကောင်းစွာပဲတွေ့လိုက်ရပါတယ်။
ဒီလိုအဖြစ်အပျက်မျိုးတွေကိုမြန်မာပြည်မှာလည်း ကျွန်မတွေ့ခဲ့၊ကြုံခဲ့ရပါတယ်။ အလှူပစ္စည်းတွေကို စစ်အစိုးရဂိုဒေါင်တွေမှာ ကိုယ်တိုင်တွေ့ခဲ့ရ၊ လှူတဲ့ပစ္စည်းတွေကိုရ.ယကတွေ၊ ကြံ့ခိုင်ရေးတွေက ကိုယ့်မျက်စိရှေ့တင် ခိုးယူနေကြတာတွေကို ကျွန်မရင်နာစွာနဲ့တွေ့ခဲ့ရပါတယ်။ အဆိုးဆုံးကတော့ ဒုက္ခရောက်နေတဲ့ရွာတွေကရ.ယ.ကတွေ ကိုယ်တိုင်ကရွာသားတွေကို ခွဲဝေပေးခြင်းမရှိတာတွေပါပဲ။ ကျွန်မပထမတစ်ခေါက်ဧရာဝတီတိုင်းကို သွားခဲ့စဉ်က ဘိုကလေးအနီးပတ်ဝန်းကျင်ရွာတစ်ချို့ကိုပဲဖြစ်ပါတယ်။ ဒုတိယတစ်ခေါက်ကတော့ဘိုကလေးမှာ(၅)ရက်လောက်နေပြီး ပဲ့တောင်ငှားပြီး ပင်လယ်ပြင်ဘက်ကခပ်ဝေးဝေးရွာတွေကို ထွက်လှူခဲ့ပါတယ်။ ပဲ့တောင်ကြီးပေါ်ကို တစ်နေ့ကိုဆန်အိတ်၁၀၀ကျော်တင်ပြီး တခြား ဆီ၊ဆား၊မုန့်မျိုးစုံ၊ ငါးပိထောင်းဗူး၊ငါးသေတ္တာ၊ ခေါက်ဆွဲမျိုးစုံ၊ခြင်ထောင်စောင်၊ ရေခွက်၊စတီးပန်းကန်ဆိုက်စုံ၊ရေဗုံး၊ ရေသန့်ဆေး၊ဖယောင်းတိုင်၊မီးခြစ်၊ခြင်ဆေးခွေ၊ သကြားလုံး၊မိုးကာဖျင်လိပ်၊ မိုးကာဖျင်အိတ်၊ကလေးဝတ်၊လူကြီးဝတ်၊မိန်းမ၀တ်၊ထဘီ၊ ပုဆိုး၊အိုးခွက်၊သကြားစသဖြင့် အမျိုးစုံအောင်တင်ယူသွားခဲ့ပါတယ်။ ရွာတစ်ရွာကိုရောက်တာနဲ့ယောကျာင်္း၊ မိန်းမ၊ကလေး၊ သက်ကြီးရွယ်အိုသတ်သတ်စီ နေစေပါတယ်။ ပြီးရင်တော့ လူတစ်ကိုယ်စာစုံလင်အောင်ဝေပေးရပါတယ်။ ကျွန်မသွားခဲ့တဲ့ရွာတွေဟာ ဘိုကလေးကနေသွားရင် အနည်းဆုံးရေစုန်နဲ့ သွားခဲ့တာတောင်မှ(၄)နာရီလောက်သွားရတဲ့ နေရာတွေဖြစ်ပါတယ်။ ဒါကြောင့်လဲရွာတစ်ရွာထဲမှာ အချိန်အကြာကြီး ကျွန်မတို့မပေးနိုင်ခဲ့ပါဘူး။ ပစ္စည်းအမျိုးက များလေတော့ဝေရတာကြန့်ကြာတဲ့ဆန်နဲ့ ဆီကိုကျွန်မတို့က ရွာသူရွာသားတွေရှေ့မှာ စုပုံထားပြီး ရွာလူကြီးများကိုဝေစေပါတယ်။ ကျွန်မတို့ကတော့ နောက်တစ်ရွာကိုခရီးဆက်ကြပါတယ်။ ဒီလိုဆုံးဖြတ်တိုင်းမှာ ကျွန်မလက်ကိုဖြစ်စေ၊ ကျွန်မအကျီင်္စလေးကိုဖြစ်စေ အမျိုးသမီးတစ်ချို့ကလာလာဆွဲပြီး ကျွန်မတို့ကိုပစ္စည်းတွေကိုဒီလိုမထားခဲ့ပါနဲ့၊ တစ်ခါတည်းဝေသွားခဲ့ပါနော်လို့ တောင်းပန်ကြပါတယ်။ ဒီလိုအခါတိုင်းမှာ ကျွန်မရင်ထဲမှာသိပ်ကိုမွန်းကြပ်ပြီး သက်ပြင်းမောကြီးကိုချမိရတာပါပဲ။ ကဲ..တစ်ခါတည်းဝေမယ်လို့ ခပ်မြန်မြန်ဆုံးဖြတ်ပြီး ကိုယ်တိုင်ဝေခဲ့ရတာများပါတယ်။ ဒါဟာရွာတိုင်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ရွာတိုင်းလောက်နီးနီးပါပဲ။ စစ်အစိုးရကကြော်ညာလိုက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးပါပြီ ဆိုတဲ့နေ့ဟာကျွန်မဘိုကလေးကို ရောက်တဲ့နေ့ဖြစ်ပါတယ်။ ကျွန်မရောက်ခဲ့တဲ့ရွာတွေ တော်တော်များများဟာအစိုးရဆီက အကူအညီကို ဆန်တစ်စေ့တောင်မရသေးကြပါဘူး။ ကျွန်မရင်ကိုနာပြီး ရင်းနာစေတဲ့အဖြစ်တွေကတော့ တန်းစီပြီးအကူအညီပစ္စည်းတွေကို စောင့်ယူနေတဲ့ရွာသားတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ သိပ်ကိုကျဆင်းနေတာပါပဲ။ ပစ္စည်းရပြီးပြီလားဆိုရင်တောင် မျက်လုံးကြီးတွေပြူးပြီးပြန်ကြည့်နေတာတွေ၊ ကျွန်မတို့ကိုကြည့်ပြီးအမေ့သမီးကို သတိရလိုက်တာဆိုပြီး လာလာဖက်ငိုတာတွေ၊ ညည်းဒေါ်ကြီးအလောင်းကို တောင်ပြန်မရပါဘူးသမီးရယ်၊ ညည်းဦးကြီးအလောင်းကို နေ့တိုင်းသွားရှာတယ်လို့ငိုယိုပြောနေတာတွေ..ကျွန်မရင်ထဲမှာ ဘယ်တော့မှမမေ့နိုင်လောက်အောင်နာကြည်းဝမ်းနည်းခဲ့ရပါတယ်။ တစ်ခါမှမမြင်ဖူးခဲ့တဲ့ သူတို့ကိုရင်ခွင်ထဲမှာထားပြီး အင်မတန်သနားတတ်တဲ့ ကျွန်မဟာသူတို့နဲ့ရောပြီးငိုခဲ့ရပါတယ်။ ကျွန်မလဲအဒေါ်တို့၊ဦးကြီးတို့နဲ့ဘ၀တူပါ၊ မနေ့ကမှကျွန်မမေမေရက်လည်ပြီးတာပါလို့ သူတို့ကိုပြောပြရပါတယ်။ လေတိုက်တာနဲ့လှိုင်းရှိတဲ့ဒီနေရာတွေမှာ ကျွန်မလှိုင်းမူးလို့နေ့တိုင်းအန်ရပါတယ်။ ဘိုကလေးမြို့ကိုပြန်ရောက်ရင် ဆေးသွားထိုးပြီး၊နောက်နေ့တွေအတွက် အင်အားမွေးရပါတယ်။ မျက်လုံးတွေမှိတ်လိုက်တိုင်းမှာတရိပ်ရိပ်မူးပြီး လှိုင်းစီးနေရသလိုခံစားနေရတဲ့ ဒီဝေဒနာထက် ကျွန်မသိပ်ချစ်တဲ့ မြန်မာပြည်သူပြည်သားတွေကို ကျွန်မကိုယ်တိုင်အားမပေးနိုင်မှာကို ကျွန်မစိတ်ပူမိပါတယ်။ ကျွန်မတို့ပုဆိုးအသစ်(၁)ထည်၊ အဟောင်း(၂)ထည်လောက်နဲ့ လူတိုင်းကိုလှူပါတယ်။ ကျွန်မလှူထားတဲ့ပုဆိုးအသစ်၊ ထဘီအသစ်လေးတွေကိုမြေကြီးပေါ်မှာ ခင်းထားကြပြီး၊ဆန်တွေ၊ပစ္စည်းမျိုးစုံကို ကျွန်မကပုဆိုး၊ ထဘီလေးတွေပေါ်တင်ပေးရပါတယ်။ ပစ္စည်းတစ်ခုကိုပုဆိုး၊ထဘီလေးပေါ်ကိုတင်လိုက်ရတိုင်း ကျွန်မမျက်ရည်ကျချင်မိပါတယ်။ ငါတို့မြန်မာရယ်လို့ ဇာတိမာန်အင်မတန်ရှိကြတဲ့ ကျွန်မတို့မြန်မာပြည်သူပြည်သားတွေဟာ လမ်းဘေးမှာသူတောင်းစားတွေလို ပုဆိုးလေးခင်းပြီး ပေးသမျှကို မျှော်နေကြရတဲ့အဖြစ်ဟာ ကျွန်မရင်ကိုသိပ်ကိုနာကြည်းစေပါတယ်။ စစ်အစိုးရဆီက ဘာအကူအညီမှမရပါဘူးလို့ သူတို့တွေကခပ်အေးအေးပြောနိုင်ပေမဲ့၊ ဂိုဒေါင်တွေမှာ၊ဈေးတွေမှာ ကျွန်မကိုယ်တိုင်တွေ့ခဲ့ရတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကြောင့် ကျွန်မကတော့ခပ်အေးအေးမပြောနိုင်ခဲ့ပါဘူး။ ပစ္စည်းတွေရှိနေပါတယ်၊ နောက်ကိုအများကြီးရောက်လာမှာပါလို့ မရောက်လာနိုင်တာသိရက်နဲ့ သူတို့ကိုကျွန်မရင်နာနာနဲ့ ညာပြောခဲ့ရပါတယ်။ ရွာတွေမှာကျွန်မမေးခဲ့မိတဲ့ မေးခွန်းတစ်ခုကတော့ မုန်တိုင်းဖြစ်မှာမသိကြဘူးလား ဆိုတဲ့မေးခွန်းပါ။ တော်တော်များများဟာမသိကြပါဘူး။ သူတို့ဆီမှာရေဒီယိုမရှိဘူးလို့ဆိုကြပါရဲ့။ ရေဒီယိုရှိပေမဲ့ လေတိုက်နှုန်း၅၀လောက်ပဲရှိတယ်လို့ ပြောထားပြီး၊ လေတွေမိုးတွေစတိုက်မှတစ်နာရီ၁၅၀နှုန်းပြောတော့သေတာပေါ့၊ မချိမဆန့်သေတာပေါ့ လို့ငိုပြီးပြောကြပါတယ်။ စစ်အစိုးရဟာမုန်တိုင်းမတိုက်ခင်မှာ သတိပေးတာကိုသေချာမလုပ်ခဲ့ပါဘူး။ မုန်တိုင်းပြီးလို့ လူတွေအများကြီးသေပြီးတာတောင် ကယ်ဆယ်ရေးသဘောင်္တွေက ချက်ချင်းမရောက်ပဲနှစ်ရက်ကျော်မှ သဘောင်္တွေရောက်လာခဲ့ပါတယ်။ အခုလက်ရှိလဲဒုက္ခရောက်နေသူတွေအတွက် ဘာတစ်ခုမှထိထိရောက်ရောက်မကူညီခဲ့ပါဘူး။ ကျွန်မပြောချင်တဲ့ထိထိရောက်ရောက်ဆိုတာကဒီလိုပါ။ ကျွန်မသွားလှူခဲ့တဲ့ပစ္စည်းမျိုးစုံကို မဆိုထားနဲ့၊ပဲ့တောင်ငှားခတစ်နေ့ကို မြန်မာငွေငါးသောင်းကျပါတယ်။ဆီဖိုးမပါသေးပါဘူး။ ကျွန်မသွားလှူတဲ့ပစ္စည်းတွေကလည်း ဘယ်အဖွဲ့အစည်း၊ဘယ်မျက်နှာစိမ်းရဲ့အကူအညီမှမရယူခဲ့ပါဘူး။ ကျွန်မတို့မိသားစု၊ကျွန်မဖေဖေရဲ့တပည့်များနဲ့ ကျွန်မမေမေရဲ့နာရေး အလှူငွေတွေကိုသွားရောက်လှူဒါန်းခဲ့တာပါ။ ဒီလိုပစ္စည်းမျိုးစုံကို ကျွန်မတို့ ဘယ်နှစ်ခေါက်များ သွားရောက်လှူနိုင်မှာပါလဲ။ ကျွန်မတို့လှူတဲ့ ပမာဏဟာ ရွာသူရွာသားတွေအတွက် နှစ်ရက်စာရိက္ခာလောက်ပဲရှိပါတယ်။ ဒီတစ်ခေါက်တင်သိန်း(၅၈၀)ကျော်ပါတယ်။ ရွာတွေကိုရောက်ဖို့ တင်လမ်းမှာ(၄)နာရီကျော်လောက်ကြာတဲ့ အတွက်ခရီးကလဲမတွင်လှပါဘူး။ ကျွန်မရွာပေါင်း၂၀၀ကျော်လောက်ကိုရောက်ခဲ့ပေမဲ့ ကျွန်မတို့မရောက်ခဲ့တဲ့ရွာတွေကတော့ အများကြီးရှိနေပါတယ်။ စစ်အစိုးရအနေနဲ့ ထိထိရောက်ရောက်လှူဒါန်းလိုရင်၊ ရဟတ်ယာဉ်လေးနဲ့သွားလိုက်ပစ္စည်းလေး တွေချပေးလိုက်ရုံပါပဲ။ ရဟတ်ယာဉ်ဆိုလို့ ဟာသလေးတစ်ပိုဒ်တော့ပြောချင်ပါရဲ့။ ဘိုကလေးမြို့၊အ.ထ.က(၁)ကဒုက္ခသည်အမေကြီးတစ်ယောက်ရဲ့ အတွေ့အကြုံလေးပါ။ တစ်ရက်တော့ ဘိုကလေးမြို့ပေါ်ကဒုက္ခည်တွေကိုကွင်းပြင်ကြီး မှာစုနေစေပါသတဲ့။ ပြီးတော့ဗီဒီယိုတွေရိုက်ပါသတဲ့။ သိပ်မကြာခင်ပဲ ရဟတ်ယာဉ်တစ်စင်းမိုးပေါ်ကနေပျံလာပြီး ဒုက္ခသည်တွေကိုလက်ပြပါသတဲ့။ ဒုက္ခညည်တွေကလဲဝမ်းသာအားရလက်ပြကြပါသတဲ့။ ပြီးတော့ရဟတ်ယာဉ်ကြီးပေါ်ကနေ ပစ္စည်းတွေကိုကြဲချလေတော့ဝမ်းသာအားရကောက်ယူကြတာ၊ လူတွေများတောင်နင်းမိကြကုန်သတဲ့။ ရဟတ်ယာဉ်ကြီးပေါ်ကနေကြဲချပေးတာကတော့ ယမ်ယမ်ခေါက်ဆွဲတွေဆိုပဲ။ အထုပ်ရေကတော့(၂၃)ထုပ်တဲ့။ ကြားလို့ကောင်းကြရဲ့။
(မြန်မာပြည်၊ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်မှအချက်အလက်များကိုကျွန်မတွင်စာရွက်အထောက်အထား၊ဓာတ်ပုံအထောက်အထား၊ဗီဒီယိုအထောက်အထားများပါရှိပါတယ်။မယုံကြည်နိုင်သူများရှိပါကLovelycherry702@gmail.com)ကိုလာရောက်စုံစမ်းမေးမြန်းနိုင်ပါကြောင်း။စစ်အစိုးရယုတ်မာပုံနှင့်ပတ်သတ်၍ရှေ့ဆက်ပြီးအမှန်တရားများကိုဖော်ထုတ်သွားမည်ဖြစ်ပါကြောင်း)
Tea
၂။ ဒီအောက်ကတော့ ပန်းခရေ ပါ။ အပိုင်း - ၂ ခထဲက စာရင်းကို ထိပ်ဆုံးကနေ လာသွင်းတာ။ သူကပြောပါတယ်။ အဲ့ဒီ အပိုင်း - ၂ ပြီးကထဲက ရန်ကင်းစင်တာ၊ ဒဂုံစင်တာတွေမှာ သွားပြီး ရှော့ပင်လုပ်တာတဲ့။ ဘာအတွက်လဲလို့ မေးတော့၊ သစ်သစ် လှလှ လေးဝတ်ပြီး ဓာတ်ပုံရိုက်ခံ မယ်တဲ့။ နောက်ဆုံး စကော့ဈေးမှာ သွားတွေ့တဲ့ ၀တ်စုံလေးနဲ့ပဲ ရိုက်လာခဲ့ပါတယ်။ သူလေးက ပြောင်နောက်တတ်တော့ လျှာကလေးပါ ထုပ်ပါရစေတဲ့လေ။ ကျွန်တော်လဲ အင်း အင်း ဆိုပြီး ရိုက်လိုက်တာ။
၃။ အောက်ကတော့ တစ်ခြားသူမဟုတ်ဘူး။ ကျွန်တော့်အိမ်က မေသူပိုင် ပါကွယ်။ သူလဲ အပိုင်း - ၃ သတင်းကြားရော၊ ဗီဒိုထဲ က ရှိတာ ကောက်စွပ်ပြီး ထွက်လာတာ။ အောက်ကပုံ ဖြစ်သွားရော။ အင်းး - ဆံပင်ကတော့ ပြောရမယ်ဆိုရင်တော့ ဟဲဟဲ၊ ပြောလဲ ပြောချင်ဘူး။ ဒါပေမယ့် ပြောလိုက်တော့မယ်၊ သူက ခေါင်းယားလို့ဆိုပြီး မနေ့တစ်နေ့ကမှ ကတုံးတုံးလိုက်တာလေ။ ပြီးတော့ ဓာတ်ပုံထဲမှာ ကတုံးမကြီး မဖြစ်ချင်ဘူး ဆိုပြီး ဘေးနားရှိတဲ့ တံမြတ်စည်းကို တုတ်ချွတ်ပြီး စွတ်ထားလိုက်တာ။ အဲ့လို အဲ့လိုတွေ ဖြစ်ကုန်ရော။
၎။ ဘယ်သူလို့ ထင်တုံး။ ကို ပါဂနာလေ။ သူ့အိမ်ရောက်သွားတယ်။ ဘာမှတော့ မဟုတ်ဘူး။ ဓာတ်ပုံသွားရိုက်မလို့ပါ။ အိမ်ရောက်သွားတော့ အိမ်ထဲမှာ လိုက်ရှာတာ လုံးဝ ရှာလို့ မတွေ့ဘူးဖြစ်နေတယ်။ သူ့အိမ်ကလူတွေကလည်း ဒီကလေး ဘယ်ပျောက်မှန်းမသိဆိုပြီး ပြောတော့ ကျွန်တော်လဲ စိတ်ညစ်ညစ်နဲ့ ၁၅ယောက်တောင် ရိုက်ရမယ်ဆိုပြီး အချိန်မရှိတာနဲ့ အပြန်လမ်းကျမှ ပြန်လာတော့ မယ် လို့ ပြောပြီး အထွက်မှာ - ဒင်းက ဘယ်ရောက်နေတုန်းဆိုတော့ သရက်ပင်ပေါ်ရောက်နေတယ်လေ။ ဘာလုပ်နေလဲ ဆိုတော့ ကြည့်လိုက်တော့။ ဇွတ်ပါလားနော်။ နှိုးပြီး မေးကြည့်တော့ ရေချိုးနေတုန်း အိပ်ပျော်သွားတာတဲ့။ ပြီးတော့ ဘယ်လိုမှန်း မသိ သရက်ပင်ပေါ် ရောက်နေတယ်။ ယောင်ယမ်းပြီး လမ်းထလျှောက်တာလား မသိ။ ဖြစ်တတ်တယ် တစ်ခါတစ်လေ။ သေချာလဲ မမေးမိဘူး။ အချိန်မရတော့လို့ အမြန်အဆန် ထွက်လလိုက်တယ်။ သိချင်ရင် သူ့ကိုသာ သွားမေးတော့။
၅။ အားရှားပါး။ ဘယ်သူမှတ်တုန်း။ ကိုHeartMuseum လေ။ အညတရ လို့လဲ အမည်တွင်တယ်။ သူက အမြဲလမ်း အားကစားကို လိုက်စားပါတယ်တဲ့။ ကိုယ်လုံး လှအောင် အမြဲတမ်း ဒိုက်ထိုးပါတယ်တဲ့လေ။ တစ်နေ့ကို အခါ ၅၀၀၀ တောင် ဒိုက်ထိုးတာတဲ့။ ကြားတော့ တော်တော်တောင် လန့်သွားတယ်။ ငယ်ငယ်လေးနဲ့ အဲ့ဒီလောက်တောင် လုပ်ရသလားလို့ မေးကြည့်တော့ - ကြီးလာရင် အားကစား ချန်ပလုံ လုပ်မှာတဲ့လေ။ အင်း ချန်ပလုံက ဘာလဲ ဆိုတာတော့ အဲ့ဒီတုံးက မသိလိုက်ဘူး။ ပြီးမှ သူ့အမေကို ပြန်မေးကြည့်တာ။ အော်ာ် သားရယ်။ သူကလေးက စကား မပီရှာဘူးတဲ့လေ။ သူပြောတာ ချန်ပီယံပါတဲ့။ ကျွန်တော်လဲ အင်းအင်း ဆိုပြီး နှုတ်ဆက်ပြီး ထွက်လာလိုက်တယ်။
၆။ သူကတော့ မီးငယ်လေ။ ပူးရုပ် တွေ ကြိုက်ပါတယ် ဆိုတဲ့ မီးငယ်ပေါ့။ အဲ့ဒီတုန်းက ကျွန်တော့်အိမ်ရဲ့ စတူဒီယိုမှာ ရောက်နေတာ။ အိမ်မှာလဲ သိတယ်မလား။ Pooh မပြောနဲ့၊ ၀က်ဝံနဲ့ တူတာဆိုလို့ ဘာမှ မရှိဘူး။ မီးငယ်က မရဘူး။ Pooh ပဲ Pooh ပဲတဲ့။ Pooh မှ မရရင် ထိုင်ငိုမယ်တဲ့လေ။ ဘယ်ရမလဲ။ ကလေးဆိုတော့ ညာပြီး ပန်းအိုး ထဲ ပစ်ထည့်လိုက်တာ သူကလဲ အထူးအဆန်းလေး ဖြစ်သွားတယ်ဆိုပြီး ငြိမ်နေတယ်လေ။ ခေါင်းပေါ်မှာ မြန်မြန် ပန်းတွေ ပစ်တင်လိုက်ပြီး ရှလွက် ရှလွက် ဆိုပြီး ရိုက်လိုက်တာ။ အောက်ကပုံလေး ရရှိလာပါသည်။
၇။ သူကတော့ ဘယ်သူမှ မဟုတ်ဘူး။ ကျွန်တော့်အိမ်က ဗိသုကာ Corner မှ လင်းစစ်သူ ပါ။ ပြောရမယ်ဆိုရင်တော့ မနေ့ နေ့လည်လောက်တုန်းက အိမ်ကို ဧည့်သည်တွေ အများကြီး ရောက်တုန်း။ မေသူရော ကျွန်တော်ရော - မီးဖိုချောင်ထဲ မှာ လက်ဖက်ရည်တွေ အပြင်းအထန်ဖျော်နေရတာ။ ကျဆိမ့်၊ ချိုဆိမ့် တွေ ရော စုံပလုံကို စိနေတာပဲ။ ပေါ့ဆိမ့်လဲ ပါသပေါ့။ ဘာ။ ပြီးတော့ မချို့ မပေါ့ ဆိမ့်ပေးပါတဲ့။ ဘယ်သူလဲတော့ မသိဘူး။ မေ့သွားပြီ။ ကျွန်တော့်အိမ်မှာ အဲ့ဒီလို ဖျော်ဆရာတွေ အလုပ်ရှုပ်နေတုန်း။ လင်းစစ်သူက ဘာလုပ်နေတယ် မှတ်တုန်း။ အိမ်ပေါ်ထပ်မှာ Tom & Jerry ကြည့်နေတယ်။ ဒါနဲ့ မေသူကို အိမ်ပေါ်လွှတ်ပြီး သွားကျိန်းခိုင်းတာ လင်းစစ်သူခမျာ အောက်က ပုံလေး ဖြစ်နေရော။ :)
၈။ အဲ့၊ အောက်က သူတွေ ဘယ်သူလို့ ထင်တုန်း။ သုံးယောက်တောင်။ နိုးအဖွဲ့တော့ မဟုတ်ဘူးနော်။ J P Z တဲ့။ ကောင်မလေး သုံးယောက် လုပ်တဲ့ ဘလောခ့်ကာ လေးတွေလေ။ သူတို့ လဲ သုံးယောက်တွဲလေး ပါမယ်ဆိုပြီး လာပြောတော့ စတူဒီယိုမှာ ရိုက်လိုက်တဲ့ ဓာတ်ပုံလေးပါ။ ရိုက်နေတုန်း J က ဘာမှတ်တုန်း။ P ကို သွား ဆွဲစိတ်တာ။ P က အလယ်ကနေ ရန်တွေ့နေတာလေ။ အဲ့ဒါကို J က မသိယောင်ဆောင်နေတာ။ ခပ်တည်တည်နဲ့။ Z ကတော့ ရတယ် ဒင်းတို့ ၂ ယောက် အလုပ်ရှုပ်နေတုန်း နာကတော့ အလှဆုံး ဖြစ်အောက်ဆိုပြီး ပဲထုတ်နေတာ။ သေချာကြည့်တော့ ဘယ်ဟုတ်မတုံး။ သူ့ခေါင်းပေါ်မှာ P က ဘောင်းဘီတိုကြီး သွားတင်ထားတာ။ ဟီးး Z ကလည်း မသိပါဘူး။ အားလုံး ပြီး သွားမှ သိတာ။ သူတို့ ၃ယောက်ကို မနည်း ဆွဲထားရတယ်။ စတူဒီယို တစ်ခု လုံး ဗြောင်းဆန်သွားပါရော။
၁၀။ ကို အောင်မျိုးဟန် ပါ။ သူပဲ စာရင်းသွင်း ပြီး ပါမယ်ဆိုပြီး လုပ်တာ။ သူ့အိမ်ရောက်မှ မရိုက်ချင်ဘူးဆိုပြီး ဘူးးး ဘူးးးး ဆိုပြီး ဇွတ်ငြင်းနေတာ။ လာမရှုပ်နဲ့တဲ့။ ဒီမှာ နို့သီးခေါင်း ဆော့နေတာတဲ့။ လက်ထဲမှာ ရှိတယ်။ သူ့ကို အော်မေးလိုက်တယ်။ ဟေ့။ ပြောတုန်းကတော့ ပြောပြီးတော့ အခုမှ ရမလားဆိုပြီး။ သူက အမယ် ရုပ်တည်ကြီးနဲ့ မေ့သွားပြီတဲ့လေ။ သူ့နို့သီးခေါင်းကို ဆက်ဆော့နေတုန်း။ ကျွန်တော်က ဘေးက လူတစ်ယောက်ကို ပုလင်းတစ်လုံး ပြခိုင်းလိုက်တာ။ အံမယ်။ ဒင်းကလေးက အဲ့ဒီပုလင်းလဲ မြင်ရော။ မျက်လုံးက ပြုးလို့၊ တောက်လို့၊ ပြောင်လို့။ ကျွန်တော်လဲ အချိန်ကောင်းပဲ ဆိုပြီး ဓာတ်ပုံ မြန်မြန်ရိုက်လိုက်တယ်။ ဟဲဟဲ။ ဒီကလေးနှယ့် နိုင်ကွက်နဲ့ ဆော်မှ ရတယ်။ :P
၁၁။ အခုမှ ရမလား။ လာငိုပြမနေနဲ့။ ကြည့်ပါဦး။ နတ်ရှင်နောင်ကို ကြည့်ပါဦး။ ငိုနေလိုက်တာမှ။ ၁၈ ရပ်ကွက်လုံး တောင် ကြားရတယ်။ အသံပြဲပြဲကြီးနဲ့ ငိုတာ မြန်မာတိုင်းစ်ထဲမှာ တောင် ပါလာတယ်။ ဘာရယ်ညာရယ် မဟုတ်ပါဘူး။ အပိုင်း ၁ ရော အပိုင်း ၂ မှာပါ လူတွေ ကို ထင်ယောင်ထင်မှား ဖြစ်အောင် ဓာတ်ပုံတွေကို သူ့ဓာတ်ပုံတွေကို တီးဓာတ်ပုံပါဆိုပြီး ထုတ်ထုတ်ပြနေတာ။ ကျွန်တော်လဲ ဘယ်ရမလဲ။ မှတ်လောက်သားလောက် ဖြစ်သွားအောင် အိမ်က လက်ရွေးစင် ကြောင်ကို သူ့အိမ်လွှတ်ပြီး သူ့အလစ်မှာ ပညာပေးခိုင်းလိုက်တာ။ အိမ်ကကြောင်ကလဲ လာမစမ်းနဲ့တဲ့လေ။ တစ်ကြောင်ထဲရှိတယ်တဲ့။ ပိုတဲ့ကြောင်တွေ အကုန်ရှင်းပလိုက်မယ်ဆိုပြီး ခွက်နဲ့ လှမ်းတွယ်လိုက်တာ။ နတ်ရှင်နောင် ခမျာ သနားပါတယ်။ ငိုနေရှာတာ။ ကြည့်ပါဦး။
ဟုတ်ကဲ့။ အပိုင်း ၃ ကို ဒီတင်ရပ်ပါရစေ။ ဒီပိုစ့်မှာ စာရင်း လာသွင်းမယ့်သူတွေ များဦးမယ်ဆိုရင်တော့ အပိုင်း ၄ကို ဆက်လာပါဦးမည်။ မျှော်။ ပါချင်သူများ - ပါပြီးသူတွေ ထပ်ပါချင်သူများ စာရင်း မြန်မြန်သွင်းကြတော့။
အားလုံးပျော်ရွှင်ပါစေသား။
Tea
မှတ်ချက်။ ။ ဤပိုစ့်တွေကို အရမ်းကြိုက်ပါတယ်ဆိုပြီး နောက်နောင် အပိုင်းများအတွက် ကလေးငယ်များ ဓာတ်ပုံကို တကူးတက ပေးပို့လာသော ကို ပါဂနာကို တီးမှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။
ဤပိုစ့်လေးကို သွားပြီး ၀မ်းနည်းကြေကွဲနိုင်ပါကြောင်း - သီချင်းလေးပါရှိသည်။
ဒီမှာနှိပ်ပါ။
ဒေါ်စုအတွက် လုံးဝ ၀မ်းနည်းကြေကွဲရပါကြောင်း
Tea
Santiago Calatrava နှလုံးသားထဲက ထွက်လာတဲ့ ၄င်းရဲ့အမြင်အရ ကမ္ဘာမြေကြီး ပေါ်က သက်ရှိတို့ဟာ မိသားစု ဆိုတဲ့စကားလုံးပေါ် အမှီအခိုပြုတယ်တဲ့။ သူကပြောတယ် ”ဒီအဆောက်အအုံဟာ လူသားတွေအတွက်ပါ။ လူတွေ သွားလာစားသောက်၊ အိပ်ကြ၊ ချစ်ကြ၊ ငိုကြရယ်ကြ၊ ခံစားပျော်ရွှင်ကြမယ့် အိမ်လေးတစ်ခုပေါ့။“ အိမ်ဆိုတဲ့နေရာမှာ တော်တော်များများက မျက်စိထဲ ချွန်ချွန်နဲ့ ခေါင်မိုးပဲ တန်းမြင်ကြတယ်လေ။ ဒါပေမယ့် အဘိဓ္ဓာန်မှာ မိသားစုတွေ သတ္တ၀ါတွေ စုဝေးနေထိုင်လို့ ရတဲ့နေရာပါတဲ့။ အိမ်ကိုရှည်ရှည် နောနောမပြောတော့ဘူး။
ကဲဆက်ရအောင်။ သူခရီးသွားတိုင်း အမြဲဆောင်သွားတဲ့ ခရုလိုမျိုးပဲ ချီကာဂိုကြောင်လိမ်ဟာ အံ့သြချီးမွမ်းလောက်အောင် ရှင်းလင်းသပ်ရပ်ပေမဲ့ ရှုပ်ထွေးနက်နဲတဲ့ စိတ်ကူးဒ်ီဇိုင်းနဲ့ ပုံဖော်ထားတာပါ။ ဤခမ်းနားလွန်းလှတဲ့ သူ့ဒီဇိုင်းကို သဘာဝတရားရဲ့ ထပ်တလဲလဲဖြစ်မှု အချိုးကျမှု၊ သင်္ချာဗေဒနှင့် အနုပညာရဲ့ အောင်မြင်မှုအပေါ် ခံစားရေးဆွဲထားတာဖြစ်တယ်။ သဘာဝမှာ ထပ်တလဲလဲဖြစ်မှုတွေ ရှိပါတယ်။ ဥပမာ- ခရုခွံမှာဆိုရင် အရစ်အရစ်တွေ ထပ်တလဲလဲ ပေါ်နေတာ တွေ့ရမှာပေါ့။ ဒါကြောင့်မို့ သူက သူ့ဒီဇိုင်းကိုကြည့်ရင် သဘာဝတရားကို ဆက်စပ်တွေးတော မိစေပါလိမ့်မယ်လို့ ဆိုထားပါတယ်။ ဆွစ်စ် ဗိသုကာပညာရှင် လီကော်ဘူဇီရေး(Le Corbusier) ရဲ့အောင်မြင်မှု၊ ဖီဘိုနာချီ ကိန်းဂဏာန်းတွဲ နဲ့ ရွှေရောင်အချိုးတွေကို ယုံကြည်မှုတွေက သူ့ရဲ့ဒီဇိုင်းကို လွမ်းမိုးမှုရှိပါတယ်။ သူ့ကိုလမ်းညွှန်ပေးတဲ့ ကိန်းဂဏာန်းတွဲ တွေဆိုလဲ မမှားပါဘူး။ ဖီဘိုနာချီ ကိန်းဂဏာန်းတွဲ ကတော့ အထက်တန်းသင်္ချာ သင်ဖူးရင်သိပါလိမ့်မယ်။
ပိုသိချင်ရင်တော့ ဂူဂဲလ် ကြည့်ပါ။ ရွှေရောင်အချိုးကိုတော့ မသိတဲ့သူတွေ အတွက်ရှင်းပါမယ်။ ဗိသုကာမှာ အရေးကြီးတဲ့ အတွက်ကြောင့်မလို့ပါ။ အဲ့ဒီ့အချိုးက ၁.၆၁၈ ပါ။ ဂဏာန်းနှစ်ခုပေါင်း နှင့် နှစ်ခုထဲမှ ပိုကြီးတဲ့ဂဏာန်းရဲ့ အချိုးက အဲ့ဒီဂဏာန်းနှစ်ခုရဲ့ အချိုးနဲ့တူရင် အဲဒီအချိုးကို ရွှေရောင်အချိုး လို့ခေါ်ပါတယ်။ ဥပမာ- ၁ နှင့် square root ၅. ဟုတ်မဟုတ်တွက် ကြည့်လိုက်ကြပေါ့။ ဒီအချိုးပေါ်အခြေခံပြီး ဆွဲထားတဲ့ ရွှေရောင် စတုဂံ ကတော့ သင်္ချာသဘာဝတရား အရ အရမ်းလှပါတယ်လို့ ပညာရှင်တွေက ယူဆတဲ့အတွက် အနုပညာရှင် ဗိသုကာပညာရှင်တွေက ဒီအချိုးကိုသူတို့ရဲ့ ဒီဇိုင်းမှာ သုံးကြပါတယ်။ လှမလှတော့ ကိုယ့်ဘာသာကိုယ် ခံစားကြည့်ကြပေါ့။ ကာလာထရာဗာရဲ့ ဒီဇိုင်းကို ဆက်ကြည့်ရအောင်။ သူလည်း ဒီအချိုးကို အခြေခံပြီးဆွဲထားတာပေါ့။ သူက ဒီပုံသဏ္ဌာန်ဟာ အနုပညာအခြေခံများ၊ အရည်တို့ရဲ့ စီးဆင်းနိုင်မှုသဘောတရား၊ ရှင်သန်မှု နှင့် အခြေခံ ဂျီသြမေထရီ အင်အားတွေကို ကိုယ်စားပြုပါတယ်တဲ့။
နည်းနည်း ဒဿန ဆန်သွားတယ်နော်။ အရမ်းလှတဲ့ ဗိသုကာအဆောက်အအုံတွေမှာ ဒဿနတွေ အမြဲရှိနေပါတယ်။ ရစ်ခွေနေတဲ့ ခရုခွံကိုကြည့်ပါ။ ချီကာဂိုကြောင်လိမ်ကလည်း နူးညံ့တဲ့အရစ်တွေနဲ့ တစ်ရစ်ပြီးတစ်ရစ် သင့်ကို ပေ ၂၀၀၀ လောက် အမြင့်အထိကို ခေါ်ဆောင် သွားပါလိမ့်မယ်။ မီချီဂန် ရေကန်ဘေးက တစ်ထပ်ကို ၂.၄၄ံနဲ့ စုစုပေါင်း ၃၆၀ံ လိမ်တက်သွားမယ့် ဤအဆောက်အအုံဟာ ပြာနမ်းနေတဲ့ ကန်ကို ရောင်ပြန်ဟတ်ပြီး ချီကာဂိုမြို့တော်ကို လင်းလက်စေမှာ အမှန်ပါ။ ဒီလို အဆောက်အအုံမျိုးကို တခြား ဘယ်နေရာမှာမှ တွေ့နိုင်မှာမဟုတ်ပါဘူး။ ချီကာဂိုမြို့ရဲ့ တခြားနံမည်ကြီး သမိုင်းဝင် အဆောက်အအုံတွေလိုပဲ ချီကာဂိုကြောင်လိမ်ဟာ အလျားလိုက်ဖြစ်နေတဲ့ မီချီဂန်ရေကန် နှင့် ဖဲကြိုးလို လိမ်နေတဲ့ ချီကာဂိုမြစ် တွေကို ၄င်းတို့ရဲ့ဆုံမှတ်မှာ လှပစွာအနုပညာရှိရှိ တုန့်ပြန်ပါလိမ့်တယ်။
၂၀၁၁ မှာဆောက်လုပ်ပြီးစီးမယ့် ဒီအဆောက်အအုံဟာ ဒူဘိုင်းက ဘာ့ဂ်ျ အာရပ် ပြီးရင် ကမ္ဘာပေါ်မှာဒုတိယ အမြင့်ဆုံး နှင့် အမေရိကမှာ အမြင့်ဆုံးပါ။ ချီကာဂိုလူထုကတော့ ဧရာမ လွန်ပူ လို့ နံမည်ပေးထား သတဲ့။ သတင်းဌာနတွေကတော့ လိမ်နေတဲ့သစ်ပင်မြင့်၊ မြက်ပင်ဓားသွား ဆိုပဲ။ အထပ် ၁၅၀ နီးပါး ရှိမယ့် ဒီတိုက်မှာ ကွန်ဒိုမီနီယံ ၁၁၉၃ လုံးပါမှာပါ။ ကာလာထရာဗာ ပြောသလို အမှန်တကယ် သက်ဝင်လှုပ်ရှားနေတယ့် ချီကာဂိုမြို့ရဲ့ မိုးကုတ်စက်ဝိုင်းမှ မိုးမျှော်တိုက် တစ်လုံးဖြစ်လာပါလိမ့်မယ်။
ထပ်တလဲလဲဖြစ်မှု = Repetition
ဖီဘိုနာချီ ကိန်းဂဏာန်းတွဲ = Fibonacci sequences
ရွှေရောင်အချိုး = Golden ratio
ရွှေရောင် စတုဂံ = Golden rectangle
လင်းစစ်သူ
Tea
မိုက်တယ်ကွာ။ နိုင်ပုံနိုင်ချက်လေးတွေက ကြည့်လိုက်ရတာ ရင်ထဲ မှာ အိအိ ပြီး ၀င်ဝင်သွားတာ။ Kings of Europe တွေကတော့ ၂၄နာရီအတွင်း နာမည်ကို ကြီးနေရော။ တီဗီလား။ ရေဒီယိုလား။ သတင်းစာတွေလား။ ပြောလိုက်စမ်းဟေ့။ :D
ကျွန်တော်က မန်ယူပရိသတ်ဆိုတော့ မန်ယူ အတွက် ကောင်းချီးမင်္ဂလာပေးရင်း သီကုံးလိုက်တာပါ။ ဘာသဘောနှင့်မှ မဟုတ်ပါ။ မန်ယူမှာလဲ အကောင်းနှင့် အဆိုးတွေ ဒွန်တွဲနေပါတယ်။
ဘာတွေဆိုးလဲ?
ကောင်းတာတွေလား? ၀ူးထွားထွား - နိုင်သွားတာလေ။ ဟဲဟဲ။ ပြောနေစရာမလိုပါဘူး။ Europe ရဲ့ ဘုရင်တွေ သိပ်ကောင်းနေတာ အားလုံးသိပါတယ်။ ဟုတ်တယ် ဟုတ်? :D :P
ကြေညာဝင်ပါရစေ။
နေဦး - သိပ်ကောင်းတဲ့ ပုံလေး ပြမယ်။ ကြည့်ထားကြ။ မိုက်တယ်နော်။ သိပ်တော်တယ်။ ကျေးဇူးပါ။
Congrats ManU!! Way TO GO! Cheersssssssssss - For the Future!
Tea
မှတ်ချက် - အိုင်ဒီယာနဲနဲ ဖတ်ခဲ့ဖူးတာတွေနဲ့ ဆက်နွယ်သွားတယ်။
ဒါကတော့ နည်းနည်း အနီးကပ်သွားပြီး နေရာတစ်ကွက်ကို အသေးစိတ် ရိုက်ထားတာပါ။
ကျွန်တော့် သူငယ်ချင်းလက်။ သူအားရပါးရ တွယ်နေတုန်း။ ရိုက်လိုက်တာ။ လက်ကို ရိုက်တာမဟုတ် အောက်က စားစရာတွေကို ရိုက်တာ။ မမြင်ရလို့ မကျေမနပ်ဖြစ်နေရင် သူ့လက်ကို ခုတ်ပလိုက်ပါ။
ဒါကတော့ ကျွန်တော်ကြိုက်လွန်းလို့ သီးသန့်ရိုက်ထားတာ။ ဖက်ထုပ်အစိမ်းတွေပါ။ HOT POT ထဲ ထည့်ဖို့။
ဒါကတော့ များလှစွာသော ၁၀မျိုးကျော်လောက် အချဉ်တွေထဲက တစ်ခုရွေးလာတာ။ အရွေးမှားသွားတယ်။ မကြိုက်ဘူး။ ပြီးတော့ အချဉ်က ကိုယ့်ဘာသာကိုယ် စပ်လို့ရအောင်လဲ လုပ်ထားပေးတယ်။
ကြက်သားကတော့ ကင်လို့ အဆင်ပြေလို့ တစ်ချိန်လုံး ထထယူရတယ်။
ဝက်သား၊ ပြည်ကြီးငါး၊ အမဲသား၊ အစရှိတာတို့ စားပွဲပေါ်ယူလာတာ။ အဲ့ဒီနေ့က ကြက်သားကိုပဲ အဓိက ထားစားလာတယ်။
ခုနက ပြည်ကြီးငါးတွေကို အနီးကပ်ရိုက်လိုက်တာ။
ဒါကတော့ တော်တော် စားလို့ကောင်းတဲ့ ဖက်ထုပ်ကြော်။ မွမွလေး၊ ဂျတ် ဂျပ် မြည်နေရော။
ဒီမှာလေ။ ဒီလိုမျိုး ကင်ပြီး ဒီလိုဒီလို ပြုတ်ရတာ။
တူတွေနဲ့ ညှပ်တွေနဲ့ အပြီအပြင် ဆွဲရတာ။ မောလိုက်တာမှ ဖတ်ဖတ်မော။
အနီးကပ် ထပ်ရိုက်ပြခြင်း။
အိုးထဲမှ ၀က်ကလီဇာတွေ။ ဒီဗန်းကတော့ ထောပတ်နဲနဲများသွားတယ်လိုပဲ။
စားပြီးခါနီး ရိုက်တော့ ကြည့်လို့ မကောင်းဘူးပေါ့။ ဗန်းက စုတ်ပြတ်သွားရော။
ပြောသားပဲ။ ဗန်းကြီးက အညိုအမဲ စွဲသွားရော။
ဒါပါပဲ။ အဲ့ဒီဆိုင်ကို ကြိုက်လို့ သွားစားတာ ၂ခါရှိပြီ။ နောက်တစ်ခါဆိုရင် တစ်ခြားဆိုင်ပြောင်းစားပြီး ဓာတ်ပုံ အသစ်တွေ ရိုက်လာမယ်။
Tea