Saturday, May 24, 2008

The Kings of Europe


ဒီ ချန်ပီယမ် League မှာ မနိုင်ပဲ နဲ့တော့ ဘာမှ မပြောချင်ပါဘူး။ ဒီပွဲလဲပြီးသွားရော - ကျွန်တော် အင်တာနက်ပေါ်တက်ပြီး The Kings of Europe အကြောင်း လိုက်လံဖတ်ရှုမိပါတယ်။ ဟဲဟဲ။

Chelsea နဲ့ လွေးသွားတဲ့ ပွဲမှာတော့ သုံးသပ်ရမယ်ဆိုရင် -

  • Chelsea ကစားသမားများက ရှုံးဖို့ လုံးဝကို မမျှော်လင့်ထားပါဘူး။
  • ဒါပေမယ့် ပွဲပြီးသွားတော့ ဘယ်သူပိုကောင်းလဲ ဆိုတာ ပေါ်လာတာ ပဲလေ။ ငှဲ့ညှောင်း ငှဲ့ညှောင်း။
  • မကျေနပ်တဲ့ သူတွေကတော့ နောက်နှစ်အကြောင်းပြောနေကြ ပီပေါ့။
  • နောက်နှစ်ကျရင် သူတို့ နိုင်မယ်သလေး ဘာသလေး ညာသလေးနဲ့ ဘာညာသာလကာ နေကြာကွာစိ လုပ်ပြနေတယ်။ ဒါပေမယ့် နေပါဦး။
  • နောက်နှစ် အတွက် ကြုံးဝါးနေတာ သူတို့တင်ဘယ်ဟုတ်လိမ့်မလဲနော်။ ဒီနှစ်တောင် မနိုင်ပဲနဲ့၊ ဟင်းဟင်းဟင်း။ :)

မိုက်တယ်ကွာ။ နိုင်ပုံနိုင်ချက်လေးတွေက ကြည့်လိုက်ရတာ ရင်ထဲ မှာ အိအိ ပြီး ၀င်ဝင်သွားတာ။ Kings of Europe တွေကတော့ ၂၄နာရီအတွင်း နာမည်ကို ကြီးနေရော။ တီဗီလား။ ရေဒီယိုလား။ သတင်းစာတွေလား။ ပြောလိုက်စမ်းဟေ့။ :D

ကျွန်တော်က မန်ယူပရိသတ်ဆိုတော့ မန်ယူ အတွက် ကောင်းချီးမင်္ဂလာပေးရင်း သီကုံးလိုက်တာပါ။ ဘာသဘောနှင့်မှ မဟုတ်ပါ။ မန်ယူမှာလဲ အကောင်းနှင့် အဆိုးတွေ ဒွန်တွဲနေပါတယ်။

ဘာတွေဆိုးလဲ?

  • Ronaldo ကြီးပေါ့။ သူ့ကိုယ်သူ အထင်တွေကြီး မာန်တွေတက်ပြီး အောင်ပွဲခံတာတွေကို ဖျက်ဆီးချင်နေတဲ့ လင်းတ။ ထားလိုက်ပါတော့။ ပြောင်းလဲလို့ ရမယ့် သူကြီးလဲ မဟုတ်ဘူး။ သူထွက်သွားရင် Tevez က ဂိုးတောင် ပိုသွင်းဦးမှာ။ ထားပါတော့။ အဲလက်စ်ကြီး ရှင်းပါစေ
  • ပြီးတော့ ဟို Ivorian thug ကြီး။ Vidic နဲ့ ပြဿနာတက်တာလေ။ အရူးကောင်။
  • အင် - Ji Sung Park -

ကောင်းတာတွေလား? ၀ူးထွားထွား - နိုင်သွားတာလေ။ ဟဲဟဲ။ ပြောနေစရာမလိုပါဘူး။ Europe ရဲ့ ဘုရင်တွေ သိပ်ကောင်းနေတာ အားလုံးသိပါတယ်။ ဟုတ်တယ် ဟုတ်? :D :P

ကြေညာဝင်ပါရစေ။

နေဦး - သိပ်ကောင်းတဲ့ ပုံလေး ပြမယ်။ ကြည့်ထားကြ။ မိုက်တယ်နော်။ သိပ်တော်တယ်။ ကျေးဇူးပါ။

Congrats ManU!! Way TO GO! Cheersssssssssss - For the Future!

Tea

မှတ်ချက် - အိုင်ဒီယာနဲနဲ ဖတ်ခဲ့ဖူးတာတွေနဲ့ ဆက်နွယ်သွားတယ်။

8 comments:

  1. စကားမစပ် တီး ဂိုးသွင်းဖူးလား .....
    တလွဲမတွေးနဲ့နော် ....
    ရိုးရိုးမေးတာ .....

    ReplyDelete
  2. မပြောပြဘူး.. သတ်ချင်သတ်ပလိုက် :D

    ReplyDelete
  3. ကိုတီးရေ စကားမစပ် ဒီနှစ် Premier မှာဂိုးအများဆုံးသွင်းတာ ဘယ်အသင်းကလည်းမသိဘူးနော်။ စကားမစပ် ကိုတီးရော ဂိုးသွင်းဖူးလားလို့ပါ တစ်မျိုးတော့ မထင်နဲ့နော်။

    ReplyDelete
  4. မပြောပြဘူး.. သတ်ချင်သတ်ပလိုက် တဲ့လား အဲလောက်တောင်ဘဲလား ဟတ်ဟတ်

    ReplyDelete
  5. ဒီအရွယ် ''ဂျီး'' ရောက်မှ ဂိုးမသွင်းဘူး ပဲနေမလားလို့.... ဟုတ်တယ်မဟုတ်လား Tea ရေ.. :)))

    စိုင်းခမ်းထွန်း ကမေးလဲမေးတတ်ပါ့... ခွီ ခွိ :D

    Soe Mya Nandar Thet Lwin

    ReplyDelete
  6. ဘာလဲဗျ၊ ကင်းအော့ ယူရုပ်ဆိုတာ လီဗားပူးပရိတ်သတ် တွေကို စော်ကားသလိုဘဲ၊ ၂၀၀၈-၀၉ မှာ မန်ယူ ဖလား ရသွားရင်တော့ ဒီစကား ကို နည်းနည်းလက်ခံလိုက် မယ်၊ နောက်မို့ဆိုရင်တော့ ဆောရီးပဲဗျို့

    ReplyDelete
  7. They were just lucky but not worth for Champion thropy.Anyway CHELSEA is the best at this moment

    ReplyDelete
  8. သိဘူး.. နိုင်တာပဲသိတယ်။။။

    ဘာာာာာာာာာာမှ မမမမမမမမမမသိဘူးးးးးးးးးးးး...

    ဒါပဲ .. တိန် :D xP :) :P

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။