ကယ် စားတုံးတန်းလန်း ရိုက်ထားတဲ့ ဓာတ်ပုံတွေ ရှုစားလိုက်ကြစို့ သူငယ်ချင်းတို့။
အောက်က ပုံလိုမျိုး သူက စဉ်တွေ စားပွဲတွေ ပြင်ဆင်ပြီး လိုတဲ့ ပစ္စည်းတွေ ကြိုက်သလို ထယူလို့ ရအောင် ပြင်ထားပေးတယ်။
ဒါကတော့ နည်းနည်း အနီးကပ်သွားပြီး နေရာတစ်ကွက်ကို အသေးစိတ် ရိုက်ထားတာပါ။
ကျွန်တော့် သူငယ်ချင်းလက်။ သူအားရပါးရ တွယ်နေတုန်း။ ရိုက်လိုက်တာ။ လက်ကို ရိုက်တာမဟုတ် အောက်က စားစရာတွေကို ရိုက်တာ။ မမြင်ရလို့ မကျေမနပ်ဖြစ်နေရင် သူ့လက်ကို ခုတ်ပလိုက်ပါ။
ဒါကတော့ ကျွန်တော်ကြိုက်လွန်းလို့ သီးသန့်ရိုက်ထားတာ။ ဖက်ထုပ်အစိမ်းတွေပါ။ HOT POT ထဲ ထည့်ဖို့။
ဒါကတော့ များလှစွာသော ၁၀မျိုးကျော်လောက် အချဉ်တွေထဲက တစ်ခုရွေးလာတာ။ အရွေးမှားသွားတယ်။ မကြိုက်ဘူး။ ပြီးတော့ အချဉ်က ကိုယ့်ဘာသာကိုယ် စပ်လို့ရအောင်လဲ လုပ်ထားပေးတယ်။
ကြက်သားကတော့ ကင်လို့ အဆင်ပြေလို့ တစ်ချိန်လုံး ထထယူရတယ်။
ဝက်သား၊ ပြည်ကြီးငါး၊ အမဲသား၊ အစရှိတာတို့ စားပွဲပေါ်ယူလာတာ။ အဲ့ဒီနေ့က ကြက်သားကိုပဲ အဓိက ထားစားလာတယ်။
ခုနက ပြည်ကြီးငါးတွေကို အနီးကပ်ရိုက်လိုက်တာ။
ဒါကတော့ တော်တော် စားလို့ကောင်းတဲ့ ဖက်ထုပ်ကြော်။ မွမွလေး၊ ဂျတ် ဂျပ် မြည်နေရော။
ဒီမှာလေ။ ဒီလိုမျိုး ကင်ပြီး ဒီလိုဒီလို ပြုတ်ရတာ။
တူတွေနဲ့ ညှပ်တွေနဲ့ အပြီအပြင် ဆွဲရတာ။ မောလိုက်တာမှ ဖတ်ဖတ်မော။
အနီးကပ် ထပ်ရိုက်ပြခြင်း။
အိုးထဲမှ ၀က်ကလီဇာတွေ။ ဒီဗန်းကတော့ ထောပတ်နဲနဲများသွားတယ်လိုပဲ။
စားပြီးခါနီး ရိုက်တော့ ကြည့်လို့ မကောင်းဘူးပေါ့။ ဗန်းက စုတ်ပြတ်သွားရော။
ပြောသားပဲ။ ဗန်းကြီးက အညိုအမဲ စွဲသွားရော။
ဒါပါပဲ။ အဲ့ဒီဆိုင်ကို ကြိုက်လို့ သွားစားတာ ၂ခါရှိပြီ။ နောက်တစ်ခါဆိုရင် တစ်ခြားဆိုင်ပြောင်းစားပြီး ဓာတ်ပုံ အသစ်တွေ ရိုက်လာမယ်။
Tea
I've been that kind of restaurant in SFO. U make me so hungry. Oh well what can I do, looked and turn back with empty stomach. Have fun!
ReplyDeleteတီးကတော့တန်အောင်စားမဲ့ပုံပဲ.....ဟီးဟီး စတာ (စိတ်ဆိုးနဲ့)
ReplyDeleteအာ ဒီမှာ ဆာနေပါတယ် ဆိုမှ
ReplyDeleteTEA ka San Fran lar yin ad d korea BBQ sine mar lite kway mar tei. :P
ReplyDeleteKo Tea yae,
ReplyDeleteCould you please let me know the shop name and place please? Thanks ahead.
Korea BBQ (All you can eat)
ReplyDeleteClemet and 5th Street, S.F