အားလုံးချစ်တဲ့ ဘလောခ့်ကာ ကလေးငယ်များကို စတုတ္ထပိုင်း အနေနှင့် တင်ဆက်ပါတော့မည်။
အပိုင်း - ၁ အပိုင်း - ၂ နှင့်
အပိုင်း - ၃ တို့ကို အားပေးခဲ့ကြသော သူငယ်ချင်းများ စာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါသည်။ (မကြည့်ရသေးသူများ ကြည့်ချင်ရင် မျဉ်းသားထားသော အဲ့ဒီ နာမည်များကို နှိပ်လိုက်ပါ။)
ဒီတစ်ခါလည်းပဲ အပိုင်း-၄ မတိုင်မီ နောက်ဆုံး အပိုင်းဖြစ်တဲ့ အပိုင်း - ၃ မှာ ၀င်ရောက် ပါဝင်ချင်ပါသည်ဟု တောင်းဆိုထားသော စာရင်းသွင်းထားသည့် လူများကို တင်ပေးလိုက်တာ ဖြစ်ပါသည်။ အခုဒီထဲမှာ ဘလောခ့်ဂါ ၁၂ ယောက် ပါပါသည်။ (နတ်ရှင်နောင်ကတော့ ချွင်းချက်ပေါ့နော်။ ဒီ အစီအစဉ်ရဲ့ သမိုင်းနားလည်တဲ့ သူတွေ ဆိုရင် သိမှာပါ။ :P )
အပိုင်း - ၅ လည်း စာရင်းသွင်းတဲ့လူတွေ ရှိရင် လာဦးမှာပါ။ အရင် အပိုင်းတွေ မှာ ပါပြီးသွားလို့ နောက်တစ်ခေါက် ပြန်ပါချင်တယ် ဆိုရင်တော့ မပါဖူးသေးတဲ့လူတွေ ကို အရင် ဦးစားပေးရပါမယ်။
စလိုက်ကြစို့နော်။
၁။ ဒီအောက်က ဘယ်သူမှတ်တုန်း။ ကို
Republic လေ။ မှတ်မိပြီလား။ ပြောရမယ်ဆိုရင်တော့ အောက်က ပုံက အောင်ဆန်းကွင်း မှာ ရိုက်ထားတဲ့ပုံပါ။ ကျွန်တော်လည်း အောင်ဆန်းကွင်း အကြောင်း ပိုစ့်တစ်ခု ရေးမလို့ အောင်ဆန်းကွင်းကို သွားတာ - Republic တို့ကို လက်ပူးလက်ကျပ်မိတာလေ။ သူက ချယ်ဆီး အသင်းမှာ ၀င်ရောက် ကစားမလို့ နောက်ပစ်ကန် ကျင့်နေတာတဲ့။ စိတ်မကောင်းပါဘူး။ အခု မန်ယူကို ရှုံးသွားတဲ့ ပွဲမှာ Republic သာ နောက်ကစ်တွေ ၀င်ကစ် ခဲ့မယ်ဆိုရင် ရှုံးမှာ မဟုတ်ဘူး။ အခုတော့ မန်ယူက နိုင်သွားတယ်။ ဟီးးး... တော်ပါပီ ပြောတော့ဝူး..
၂။ ဒီအောက်ကတော့ ကိုရင်နော် ပဲ ဖြစ်ပါတယ်။ ဖြစ်ပုံ ပျက်ပုံကို ပြောရမယ်ဆိုရင်တော့ ခင်လေးနဲ့ အစဖော်ပြီး ပြောရမယ်။ တကယ်တော့ အောက်က ပုံလေးက ခင်လေး ကျွန်တော့်ဆီ ပို့လာပေးတာလေ။ သူနဲ့ ကိုရင်နော်နဲ့ ရန်တွေ ဖြစ်တုံးက ပါတဲ့။ ဓာတ်ပုံရိုက်ထားတာတော့ ၅ရက်လောက်ရှိပြီတဲ့။ ဟီးး.. ခင်လေးနဲ့ ကျွန်တော်နဲ့ ပူးပေါင်းပြီး စီစဉ်လိုက်တာဖြစ်ပါတယ်။ ခင်လေးကတော့ ပြောတယ်။ ရှူးတိုးတိုးတဲ့။ ကိုရင်နော့်ကို သွား မပြောပြနဲ့တဲ့။ ကျွန်တော်ကတော့ ဟွန်း ဘယ်ရမလဲ.. မသိမသာလေးပေါ့နော်။ ကိုရင်နော်ရေ.. ကိုရင်နော့်ကို အားနာလို့ ဓာတ်ပုံကို တစ်ပိုင်းပဲ ထည့်ထား ပေးပါတယ်နော်။ အောက်ပိုင်းကိုတော့ ဖျက်ထားလိုက်တယ်။ :)
၃။ ဒီအောက်ကတော့ ကိုမောင်မျိုး(ရင်တွင်းဖြစ်) ပဲ ဖြစ်ပါတယ်။ သူပဲ အပိုင်း ၄ ကျရင် ပါချင်တယ် ဆိုပြီး စာရင်းသွင်း သွားတာ။ ဒါနဲ့ ကျွန်တော် သူ့အိမ်လိုက်သွားတယ်။ သူက သူ့အိမ်မှာ မရှိဘူး။ သူ့ အဘွားအိမ် သွားလည် နေပါတယ်တဲ့။ ကျွန်တော်လည်း အဘွား အိမ်ကို လိုက်သွားတယ်။ ဟိုရောက်တော့ သူက ဒင်နာ စားမလို့ ဟန်ပြင်နေတယ်လေ။ အစားကလည်း ပုတ်တယ်။ ဒင်နာတဲ့ အချိန်က နေ့လည် ၃နာရီပဲ ရှိသေးတယ်။ :) ဇွန်းကြီးကိုင်လို့။ ရေချိုးပြီးပြီးချင်း တန်းပြေးလာတာတဲ့လေ။ ကျွန်တော်က ကိုမောင်မျိုး ကလေးငယ် အစီအစဉ်မှာ ပါမယ်ဆိုလို့ ဓာတ်ပုံလာရိုက်တာ လို့ ပြောလိုက်တော့ .. သူက စားနေရင်း တန်းလန်းနဲ့ လန့်သွားပြီး ပြူးကြည့်နေတုန်း တီးလက်ချက် နဲ့ မိသွားတာ.. အောက်ကပုံထွက်လာရော..

၎။ ဒါကတော့ ပေဖူးခွာ ပဲ ဖြစ်ပါတယ်။ အဲ့လေ.. ပေဖူးလွှာလို့ ပြောတာ.. :) အင်း ပုံကတော့ သူ့ကို ပေဖူးခွာလို့ မှားခေါ်လိုက်လို့ ထွက်လာတဲ့ မျက်နှာလေ။ ဟီးး.. အားလုံး သူ့ကို ပေဖူးခွာလို့ မယုံရင် စမ်းခေါ်ကြည့် .. အဲ့ဒီ ပုံကြီး ထွက်ထွက်လာ လိမ့်မယ်။ ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး။ အက သင်နေတုန်း ကျွန်တော်က သွားပြီး၊ ဟဲ့ ပေဖူး၊ ခဏ လာခဲ့စမ်းဆိုပြီး ခေါ်လိုက်တာ၊ သူက အအေးဗူးနဲ့ သောက်ပြီး ထွက်လာတာ၊ ကျွန်တော်က ပေဖူးခွာလို့ ခေါ်လိုက်ပြီး အလျင်အမြန် လှမ်းရိုက်လိုက်တာ၊ ဟဲဟဲ။ မြန်တယ်နော်။ တီးတဲ့လေ။ တစ်တီးထဲ ရှိတယ်။

၅။ ဒါကတော့ ကျောက်ရုပ်ကြီး
ထူးမြတ်ပဲ ဖြစ်ပါတယ်။ ထူးမြတ်က စာအရမ်းကြိုးစားတာတဲ့။ သူ့အမေက ကျွန်တော့်ကို ပြောပြတယ်။ စုံစုံလင်လင် ပြောရမယ် ဆိုရင်တော့ ကျွန်တော်က ဓာတ်ပုံရိုက်ဖို့ သူ့အိမ်ကို လိုက်သွားတာ။ သူ့အမေနဲ့ တွေ့လို့ ဧည့်ခန်းထဲမှာ ထိုင်စကား ပြောနေတာ။ သူ့အမေက ပြောတယ်။ သားလေး တီးရယ်၊ ထူးမြတ်ကလေ၊ စာအရမ်းကြိုးစားတာပဲတဲ့။ ဒီနေ့ တစ်နေ့လုံး စာအုပ်ကို မချဘူးတဲ့။ ကျွန်တော်လည်း ထူးမြတ်တော့ နည်းနည်း လွဲနေပြီ ဆိုပြီး အခန်းထဲ လိုက်သွားတာ။ ကျွန်တော် တောင် လန့်သွားတယ်။ စာဖတ်နေတာဗျာ ဒင်းက။ ဒါနဲ့ သူ့အမေက သားတို့ စကားပြောကြနော်။ အန်တီ အအေးသွား ဖျော်မယ်ဆိုပြီး ထွက်သွားတာ။ ထူးမြတ်က ဘာပြောတယ် မှတ်တုန်း.. ကိုတီး လာခဲ့တဲ့၊ အခု ထွက်မယ့် ဂိမ်းက အတော် မိုက်တယ်တဲ့လေ။ (ဟီးး)
၆။ ဒီအောက်ကတော့ ဒဏ္ဍာရီည ပဲဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ မဒဏ္ဍာရီက အထူး ၀တ်စုံကို ၀တ်ဆင်ထားတာ ဖြစ်ပါတယ်။ ၀တ်စုံလေးက သူ့ကို ဒီလ သူ့မွေးနေ့မှာ သူ့ရည်းစားက လက်ဆောင် ပေးသွားတာ ပါတဲ့လေ။ ကလေးငယ် အစီအစဉ်အတွက် ၀တ်ထားမယ်ဆိုပြီး သူ့အိမ်က စက်တီ (ဆိုဖာ) ပေါ်မှာ အဆင်သင့် ကျွန်တော် လာမှာကို စောင့်နေတာ။ ကျွန်တော်လည်း သူ့အိမ်ရောက်တော့ ဒဏ္ဍာရီရှိပါသလား လို့ပဲ မေးရသေးတယ်။ တံခါးလာဖွင့်တဲ့လူက ကြွပါရှင်တဲ့ ခုံပေါ်မှာ အဆင်သင့်ပါ တဲ့လေ။ ဒဏ္ဍာရီက မိုးလင်းထဲက ပြင်ထားတာတဲ့။ သူဝတ်ထားတာကတော့ ချစ်စရာလေး။ ပါးနီတောင် ဆိုးထားသေးတယ်။ (အဲ့ ပါးပြာကို ပြောတာ) :)
၇။ ဒီအောက်ကတော့ နှင်းစက်မိုး ပဲ ဖြစ်ပါတယ်ဗျာ။ နှင်းစက်မိုးက ဘီစကွတ် စားရင်းနဲ့ ကြောင်နဲ့ကြွက် ကာတွန်းကို ကြည့်ရတာ အရမ်းကြိုက်ပါတယ်တဲ့။ ဓာတ်ပုံထဲမှာလည်း သူ့ရဲ့ Laptop ကနေ Webcam နဲ့ ကြောင်ကြွက် ကာတွန်း ကြည့်နေတုန်း ရိုက်လိုက်တဲ့ပုံပါတဲ့လေ။ ကျွန်တော့် အပိုင်း-၄ လုပ်ရင် နှင်းစက်က ကျွန်မ ခရီးသွားစရာ ရှိလို့၊ အိမ်လာလို့ ဓာတ်ပုံ လာရိုက်လို့ မတွေ့ရင် သူ့ကို မတွေ့မှာ ဆိုးလို့ သူက မေးလ်နဲ့ ဓာတ်ပုံကို အရင် ပို့လာတာ ဖြစ်ပါတယ်။ ပုံထဲမှာ.. ကြောင်ကြွက်ကြည့်နေရင်း ဘီစကွက် စားနေတာပါ။ အထဲမှာ ကြောင်က ကြွက်ကို ထောင်းလိုက်တာ။ သူက ကြွက်ကလေး ကို သနားလို့ မျက်နှာကလေးက တစ်မျိုးဖြစ်သွားရော..

၈။ ဒါကတော့ ဒီဇင်ဘာနှင်း ဖြစ်ပါတယ်။ နှင်းတို့က ငယ်ငယ်လေးကထဲက မော်ဒယ်ဖြစ်ချင်လို့ လမ်းလျှောက်ကျင့်နေတာ ပါတဲ့လေ။ ပုံထဲမှာ ဘာမှတ်တုန်း။ ပြောရမယ်ဆိုရင်တော့၊ သူ့အမေက ဒီဇင်ဘာနှင်းရေ ခြံထဲဆင်းပြီး မြက်ခင်းကို ရေသွားလောင်းပေးစမ်း ဆိုပြီး ရေသွားလောင်းခိုင်းတာ။ သူက ပျံနေကျ အတောင်ပျံကို တပ်ပြီး အ၀ါရောက် ဂါဝန်လေးနဲ့ လက်တစ်ဖက်က မိုးပျံဘူဘောင်းကို ဆွဲ၊ နောက်တစ်ဖက်က ရေဗုံးကို ကိုင်ပြီး ခြံထဲဆင်းလာတာ။ ရေမလောင်းပဲ ဘာလုပ်နေတယ်မှတ်တုန်း။ မော်ဒယ်လျှောက် ကျင့်နေတယ်လေ။ ရေဗုံးကို ဘေးချထားပြီး ခြံထဲမှာ အလုပ်မလုပ်ပဲ လမ်းလျှောက်နေတာ။ :) သွားတိုင်ပြောမယ်။
၉။ သူကတော့ ကိုရှမ်းကလေး ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ကိုရှမ်းကလေး က အပိုင်း-၄ မှာ ပါချင်တယ်ဆိုလို့ ကျွန်တော်က သူ့အိမ်ရောက်သွားတယ်ပေါ့။ ကျွန်တော်လည်း သူ့အိမ်ကို နောက်ဆုံးမှ ရောက်သွားတာလေ။ အချိန်က ည ၁၀နာရီလောက်ပေါ့။ တစ်နေ့လုံးလည်း ဓာတ်ပုံတွေ လိုက်ရိုက်ရတာ တော်တော် မောနေပြီလေ။ သူကလည်း သူ့အိမ်ကို နောက်ဆုံးမှ လာတယ်ဆိုလို့ သိပ်မကြည်ဘူး ဖြစ်နေတယ်။ ကျွန်တော်လည်း မောမောနဲ့။ ရှမ်းကလေးရေ.. အအေးတိုက်လို့ ပြောတာ။ သူက ရှိဘူးတဲ့လေ။ ဒါဆို ကော်ဖီတိုက်လို့ပြောတော့။ သူက ကုန်ပြီတဲ့။ ဒါနဲ့ ရေပဲတိုက်ကွာလို့ ပြောတော့။ သူက မကျိုရသေးဘူးတဲ့။ ဒါနဲ့ ကျွန်တော်က စိတ်တိုလာပြီး ဘာရှိသလဲကွာလို့ မေးလိုက်တော့။ သူက ဘာမှ မရှိဘူးတဲ့လေ။ ဒီတော့ တီးတဲ့ သိတယ်မလား.. လက်က အရမ်းသွက်တယ်။ ဂုတ်ကနေ ဆွဲပြီး မီးခလုတ်မှာ ချိတ်ထားလိုက်တာလေ။ ဟွန်း.. နောက်တစ်ခါ မှတ်သွားအောင်လို့။ ဟီးးး..

၁၀။ သူကတော့ ကိုကိုဖရီး တဲ့လေ။ သီချင်းတွေ ဆိုရင်တော့ ငယ်ငယ်ထဲက ကြိုက်လွန်းလို့တဲ့။ အထူးသဖြင့် Rock တွေ Punk တွေ ဆိုရင် အသဲစွဲ ပါတဲ့ဗျာ။ ဒါကြောင့် ငယ်ငယ်ထဲက မယူးဇစ် ဆိုရင် အကုန် ခံစားတယ်တဲ့။ အခုလည်း ဓာတ်ပုံထဲမှာ သီချင်း တစ်ပုဒ် ခံစားနေတာတဲ့လေ။ ကျွန်တော် သူ့အိမ် ရောက်သွားတုန်းကပါ။ ကျွန်တော်က မေးတယ်။ ကိုဖရိး ဘာလုပ်နေသလဲပေါ့။ သူက သီချင်းနားထောင်နေတာတဲ့။ ကျွန်တော်က မေးတယ်။ ဘာသီချင်းလဲလို့။ သူကပြောတယ်။ ဖွင့်ထားတာတော့ လေးဖြူ သီချင်းတဲ့လေ ဒါပေမယ့် အသံမကြားရသေးဘူးတဲ့။ ဘာဖြစ်နေမှန်း မသိပါဘူးတဲ့။ ဟီးး. ကျွန်တော်က ရီပြီး ကြည့်လိုက်တော့.. သူက ပုံထဲက အတိုင်း.. ဟဲဟဲ..

၁၁။ ဒီအောက်ကတော့ ကိုအရာရာပါ။ ကိုအရာရာက မီးသတ်သမား လုပ်ပြီး ကစားရတာ အ၇မ်း ပျော်ပါတယ်တဲ့။ ပျင်းလို့ အားနေရင်လည်း မီးသတ်တိုင်းပဲ ကစားပါတယ်တဲ့။ ဒါကြောင့် အိမ်က လူကြီးတွေက သူ့ကို မီးသတ်ဦးထုပ်တွေ၊ ကားတွေ၊ ဖိနပ်တွေ ၀ယ်ထားပေးတယ်လေ။ အင်း.. သွားဝယ်တုန်း ဆိုင်က မီးသတ် ၀တ်စုံတော့ ဒီအရွယ် အတွက် မရှိဘူးတဲ့။ ဒါကြောင့် ဓာတ်ပုံရိုက်တော့ မီးသတ်ဝတ်စုံတော့ ပါမလားဘူး။ :) ကိုအရာရာရယ် တခြား ၀တ်စုံတွေ နဲ့ ရိုက်ရအောင်၊ မီး နောက်မှ သတ်လို့ ပြောတော့။ ရဘူး ရဘူး ရဘူး ရဘူး တဲ့လေ။ အတင်းကို ဇွတ်ငြင်းနေတော့ ကျွန်တော်လည်း မတတ်နိုင်တာနဲ့ အောက်က အတိုင်း ရိုက်ပေး လိုက်ပါတယ်။ ဘယ် အက်ရှင် သုံးခိုင်းရမလဲ တော်တော် စဉ်းစားလိုက်ရတယ်။ ဟီးး.. နောက်ဆုံး အောက်က အဆင်ပြေဆုံး အက်ရှင်ကိုပဲ နေခိုင်းပြီး ရိုက်လာပါတယ်။
၁၂။ ဒါကတော့ ကိုနတ်ခြင်ထောင် ပေါ့။ ဟီးး.. အဲ့လေ မှားလို့ နတ်ရှင်နောင် လို့ပြောတာပါ။ ဟဲဟဲ။ သူက Gym မှာ ဆော့နေတာ ၁၀ နှစ် ရှိပြီတဲ့။ ဒါကြောင့် အခုလို လှပ ကျော့ရှင်းတဲ့ ကိုယ်ခန္ဓာလေးကို ထိမ်းသိမ်း ထားတာပါတဲ့လေ။ အခုလို ဘော်ဒီလေး ရှိတော့ သိပ် အဆင်ပြေတာပဲတဲ့လေ။ တွန်းလှည်းတွေ ဘာတွေ တွန်းရင် လက်မလိုဘူးတဲ့ လက်ညောင်းသက်သာ ပါတဲ့လေ။ ကျွန်တော်ကတော့ ကြောင်သွားတယ်ဗျ။ ဘာလိုဲ့ ဆိုတော့ တွန်းလှည်းတွန်းပါတယ် ဆိုမှ လက်တော့ လိုရမှာပဲလေ။ ကိုနတ်က ပြောတယ်။ ဟုတ်ဘူးတဲ့။ ကျုပ်က လမ်းလျှောက်ရင် တွန်းလှည်းက သူ့ဘာသာသူ အော်တို ရွေ့နေတာတဲ့လေ။ ကျွန်တော်က တော်လိုက်တဲ့ ကိုနတ်လို့ လည်း ပြောပြီး သူဓာတ်ပုံပြမှ အားလုံး နားလည်သွားတော့တယ်ဗျာ။ ဟီးး :P

ဟုတ်ကဲ့။ အပိုင်း 4 ကို ဒီတင်ရပ်ပါရစေ။ ဒီပိုစ့်မှာ စာရင်း လာသွင်းမယ့်သူတွေ များဦးမယ်ဆိုရင်တော့ အပိုင်း 5ကို ဆက်လာပါဦးမည်။ မျှော်။ ပါချင်သူများ - ပါပြီးသူတွေ ထပ်ပါချင်သူများ စာရင်း မြန်မြန်သွင်းကြတော့။
အားလုံးပျော်ရွှင်ပါစေသား။
Tea
မှတ်ချက်။ ။ ဤအပိုင်းအတွက် ဆိုပြီး ကလေးငယ်များ ဓာတ်ပုံကို တကူးတက ပေးပို့လာသော ကိုပါဂနာ နှင့် မေသူပိုင် ကို တီးမှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။