Photobucket

Monday, August 18, 2008

အဆုံး၏ နိဒါန်း



“တိမ်ခေါ်ရာနောက်ကို
လိုက်ခဲ့ရတဲ့
ကြိုးမဲ့စွန် (သူ )အတွက်
အားကိုးစရာဆိုလို့ 
လေ(သူမ)ပဲရှိတယ်၊၊”

သူမအားသူ သိပ်မြတ်နိုးမိသည်ကို သူမ၏ အိမ်သစ်ကလေးရှေ့ မှ သူမအတွက်ရည်စူးပွင့်ခဲ့ရရှာသော နှင်းဆီပန်းစည်းလေးများက သူ့ အစားသက်သေခံအဖြစ်
အခိုင်အမာရပ်တည်ကြပေလိမ့်မည်၊၊


“အချစ်ဆိုတာပေးဆပ်ခြင်းလား
ရယူခြင်းလားဆိုတာ
လူတွေအဖြေရှာစီစစ်နေစဉ်မှာပဲ
သူနဲ့ သူမ
နှလုံးသားနှစ်စုံကတော့
ကမ္ဘာ ခြား ဆက်သွယ်မှုဧရိယာပြင်ပသို့ 
ရောက်ခဲ့ရသည်”

“မဖြစ်နိုင်ဘူး” အခေါက်ခေါက် အခါခါ ရွတ်ဆိုငြင်းဆန်မှုနဲ့ အတူ မဖြစ်နိုင်တာများဖြစ်သွားတာ အလင်းထက်ပင် မြန်ဆန်လွန်းပေသည်၊၊

“တစ်နေ့ တစ်လံပုဂံဘယ်မရွေ့ ” ဆိုပေမယ့်
မင်းထွက်သွားတဲ့နေရာက
ပုဂံလဲမဟုတ်လေတော့
တစ်နေ့ တစ်လံရွေ့ ဖို့ ဆိုတာ
အားအင်ဆုတ်ယုတ်မိတာကတော့
အမှန်ပါပဲကွယ်..”

ည၏လေနုအေးများသူ၏ပါးပြင်ပေါ်ကလူကျီစယ်သယောင်…
သူအခုရောက်နေသည်က မြို့ ပြ၏ အမြင့်ဆုံးအထပ်၊၊
တစ်ခုတည်းသောဆုတောင်းက Car Accident ကြောင့်သေဆုံးခဲ့ရသော သူမ၏ ကမ်းမည့်
ဖြူလွှလွှလက်တစ်စုံ…


“မင်္ဂလာဆောင်” ဆိုတဲ့ ဆိုင်းဘုတ်ကို
ပြောင်းပြန်လှန်
“ဈာပန” ရဲ့ 
နာမည်ပေးကင်ပွန်းတပ်ပွဲ
ကျင်းပမည်၊၊
နှစ်ဖက်သော မိဘများ
ကြွရောက်ချီးမြှင့်လှည့်ပါ”…





ခင်မင်လျက်
အိမွန်တာ

မှတ်ချက် ၊၊ ၊၊ အခုတလောစာတိုလေးတွေရေးချင်စိတ်ပေါက်လို့ ဒီစာတိုလေးရေးဖြစ်ခဲ့ပါတယ်၊၊

7 comments:

PP said...

မိုက်တယ် ငိုတောင် ငိုချင်သွားပြီ

သိပံ္ပမောင်ပိန် said...

ကဗျာတွေကောင်းတယ်။ ကျွှန်တော်လည်းဒီလောက်ရေးတတ်ရင်ကောင်းတယ်။

Suburban Area said...

ကဗျာမရေးတတ်သူများအတွက်ကဗျာလွတ်သင်တန်းရှိတယ်..ဟဲဟဲနောက်တာနော်..:P
ကဗျာရေးချင်ရင်အရမ်းကြီးလဲစည်းကမ်းတွေမလိုပါဘူး။ရေးတတ်သလိုသားရေး ဖတ်တဲ့သူကဖတ်မှပဲ..:D
အားပေးလျက်

ကိုရင်နော်ခင်လေးငယ် said...

မင်္ဂလာဆောင်ကို လာပါတယ်ဆိုမှ ဇာပနကြီးဖြစ်နေတော့ ဒီလက်ဖွဲ့တွေ ဘယ်သူ့ပေးရမှာလဲ... :P

CrazyCAT said...

Carrie Underwood ရဲ့ Just a dream နဲ့တော့ ဆင်သား။
http://www.youtube.com/watch?v=8khHqMntkbQ

Anonymous said...

ဆရာလုပ်တာ မဟုတ်ပါဘူးနော်။ ကျွန်မတို့လဲ မှားတာပါပဲ။ စာလုံးပေါင်းက ဇာပန မဟုတ်ဘဲ “ဈာပန” လို့ သိထားဖူးလို့ပါ။
http://ayinepan.com/literature/spelling/?mygroup=%E1%80%85%E1%80%BA

Anonymous said...

ပန်းနွယ်ရေ...ကျေးဇူးတင်ပါတယ် ဟိးးးးးး