Photobucket

Saturday, August 2, 2008

သိပ္ပံနှင့်နည်းပညာ စားပွဲဝိုင်း အား ဖွင့်လှစ်ခြင်း

ကျွန်တော့်အိမ်မှာ အခု Corner အသစ် တစ်ခု ထပ်ဖွင့်မလို့ ကြေညာတာပါ။ နာမည် ကတော့ သိပ္ပံနှင့် နည်းပညာ စားပွဲဝိုင်း ပဲ ဖြစ်ပါတယ်။ အိမ်မှာလည်း သိပ္ပံအကြောင်း တွေပါ ပါလာရင် ပိုပြီး စည်ကား သွားမယ်လို့ ယူဆပြီး အကောင် အထည် ဖော်လိုက် ရတာပါ။ ဒီစာပွဲဝိုင်းမှာ သိပ္ပံမောင်ပိန် ကနေ တစ်ပတ်ကို တစ်ခါ သို့ နှစ်ခါ အပတ်စဉ် ဆောင်းပါး တွေနဲ့ ယနေ့ ကမ္ဘာကြီးပေါ်က ဆန်းကြယ် ထူးဆန်းနေတဲ့ သိပ္ပံ အကြောင်းတွေ၊ သိသင့် သိထိုက်တဲ့ နည်းပညာ အကြောင်းတွေ၊ အံ့သြဖွယ်ရာ ခေတ်မှီ ပြောင်းလဲ နေတဲ့ ကမ္ဘာကြီး ပေါ်က အကြောင်းအရာ တွေကို ဆွေးနွေး တင်ပြ သွားမှာ ဖြစ်ပါတယ်။ အားလုံး ဗဟုသုတ ရရှိ စေရန်၊ မြန်မာ စာဖတ်သူများ ကမ္ဘာကြီးနှင့် လက်လှမ်းမှီ စေရန် အဓိက ရည်ရွယ်ပါသည်။

ပြောရ ဦးမယ်။ လဘ္ဘရည် သောက်ချင်ရင်လည်း ကိုပိန်ကို ဖျော်ခိုင်းလို့ လည်း ရတယ်။ အိမ်ရောက်မှတော့ ဖျော်တာတော့ ကျွမ်းပြီးသား ပေါ့။ သူက ဖျော်တာ အရမ်း မြန်တယ်တဲ့လေ။ မြည်းကြည့် ကြပေါ့။

အားလုံးကို လေးစားလျှက်
Tea
(မှတ်ချက် - လက်ရှိ မ ၃ယောက် ကျား ၂ယောက် ဖြစ်နေသဖြင့် တိုက်ပွဲဖြစ်ပါက အင်အား မမျှမည် ဆိုးသောကြောင့် စစ်ကူ တစ်ယောက် ထပ်မံ ခေါ်လိုက် ခြင်း ဖြစ်သည်။)

3 comments:

PP said...

အင်ဂျင်ချစ်သူကြီးရောက်လာပြီကိုး။ ဟဲ ဟဲ

မှတ်ချက်။ ကျားသုံးယောက်မကလို့ လေးယောက်ဖြစ်ဖြစ် တို့သုံးယောက်ကို မနိုင်ပါဘူးနော။ ;)

Suburban Area said...

ကြိုဆိုပါတယ်...သိပ္ပံမောင်ဝ နဲ့ အမျိုးတော်ပုံရတယ်၊ဟဟ တင်သမျှဖတ်မယ်၊ပြီးရင်ဆရာကြီးလိုလိုဘာလိုလို ဝေဖန်မယ် စိတ်မဆိုးနဲ့နော်..၊စိတ်ဆိုးလဲမတတ်နိုင်ဘူး...:P

Anonymous said...

ကြိုဆိုပါတယ် ...ဟဲဟဲ..