Photobucket

Saturday, September 20, 2008

မျဉ်းပြိုင်များ၏ ဆန္ဒ

တင်းခံခြင်းနဲ့ လိုက်လျောခြင်းကြား
ပြိုလိုက် ဆောက်လိုက်နဲ့  ဖရိုဖရဲ
နူတ်ဆက်လမ်းခွဲဖို့ 
သွေးပျက်နေပုံများ
မြင်ရတာတောင် ခါး…တယ်….

ပိုင်ဆိုင်ခြင်းနဲ့  ပျောက်ဆုံးခြင်းကြား
အလဲလဲအပြိုပြို သိုဝှက်ငိုကြွေး
သံယောဇဉ်မိုးတွေ
မစဲလိုက်ပုံများ
နူတ်ဆက်ရတော့…မယ်….

ကြေကွဲခြင်းနဲ့ ဝမ်းမြောက်ရွှင်လန်းခြင်းကြား
ငိုတခါ ရီတလှည့် အနက်ရှိုင်းဆုံးရူးသွပ်
“ရှင်ကွဲ” ဆိုတဲ့စကားနှစ်လုံးမှာ
ကျရှူံးသေဆုံးနေပုံများ
မချစ်တတ်ခဲ့ရင် ကောင်း…မယ်…

အောင်မြင်ခြင်းနဲ့  ကျရှူံးခြင်းကြား
မာနတွေတလူလူလွှင့်ပြီး
တစ်ယောက်နဲ့ တစ်ယောက်မသိသလိုမျိုး
မျက်နှာလွှဲ
လမ်းလျှောက်သွားကြ..မယ်…

အိမွန်တာ

မှတ်ချက်..မနည်းရေးယူလိုက်ရတယ်.. ခံစားချက်ပေါ့သွားရင် စာဖတ်သူများဆောရီး ... ကျောင်းပိတ်ရင် ပုံမှန်ဟုတ်တော့ဘူး :)

8 comments:

Tea said...

မျဉ်းပြိုင်နှစ်ကြောင်း တစ်ချိန်ကျရင် ပြန်ဆုံနိုင်ပါစေ ဆိုတဲ့ ခံစားချက်လေးနဲ့ မျဉ်းပြိုင်တွေကိုဆွဲရင် အမြဲနည်းနည်း စောင်းဆွဲပေးတယ်။

Anonymous said...

မာနတွေခ၀ါချနိုင်တဲ့တစ်နေ့ ဆုံစည်းကြမှာပေါ့...:)

Lin Sit Thu said...

ကျွန်တော် အိမွန်ရဲ့ ကဗျာတွေကို ကြိုက်တယ်။ ဖတ်လို့ကောင်းတယ်။ ဒီတစ်ပုဒ်လည်း ခံစားချက်နည်းနည်းမှ မလျော့ပါဘူး။

Anonymous said...

ကဗျာလေးက လေးနက်ပါတယ်
အားပေးနေပါတယ်

Anonymous said...

အိမွန်တာရေ မင်္ဂလာပါ။ အိမ်ထဲက ကဗျာတွေထဲမှာတော့ ဒီကဗျာ အကြိုက်ဆုံးပဲ။
ကျောင်းပိတ်လို့ အရမ်းပျော်နေတယ်ပေါ့။ ။
:)

ဇင်ယော် said...

မျဉ်းပြိုင်၂ကြောင်းကို ဟိုးမိုးကုပ်စက်ဝိုင်းအထိ လှမ်းပြီး ကြည့်လိုက်ရင် တနေရာမှာတော့ သွားပြီးဆုံနေတာပါပဲလေ။ ဒါပေမယ့် အဲဒီ မိုးကုပ်
စက်ဝိုင်းထိရောက်အောင် သွားဖို့ ခွန်အားတစ်ရပ်တော့ လိုအပ်လိမ့်မယ်။

Anonymous said...

ဇင်ယော် said...
မျဉ်းပြိုင်၂ကြောင်းကို ဟိုးမိုးကုပ်စက်ဝိုင်းအထိ လှမ်းပြီး ကြည့်လိုက်ရင် တနေရာမှာတော့ သွားပြီးဆုံနေတာပါပဲလေ။ ဒါပေမယ့် အဲဒီ မိုးကုပ်
စက်ဝိုင်းထိရောက်အောင် သွားဖို့ ခွန်အားတစ်ရပ်တော့ လိုအပ်လိမ့်မယ်။

zinyaw pyaw tar tade mannn tal

Unknown said...

မျဉ်းပြိုင်နှစ်ကြောင်းဆုံဖို့ မကြိုးစားစေချင်ဘူး
ဘာလို့ လည်းဆိုတော့ မျဉ်းပြိုင်တွေဖြစ်နေကြလို့ ပါ....
အိတာရဲ့ ကဗျာလေးတွေကမဖတ်ဘဲလဲမနေနိုင်
ဖတ်မိတော့ လည်း............အင်း......
ဖတ်အုံးမှာပါ..အားပေးအုံးမှာစိတ်ချ