Wednesday, March 11, 2009

ကုန်ပြီ

အိမ်ကို လာလည်ကြသူ အပေါင်းမင်္ဂလာပါ (ကော်နီ လေသံဖြင့်)
ပို့စ်မတင်တာ ကြာသလို ဘလောခ်လည်း မလည်ဖြစ်တာကြာပါပြီ။
မြန်မာပြည်အရေးက လည်းတိတ်တိတ်လေးဘဲ ကြေကွဲနေရတော့ ဘလောခ်တွေမှာလဲ ငြိမ်လို့ ပေါ့.......
ဒါပေမယ့် စိတ်ထဲ မှာ စာလေးတော့ရေးချင်နေတော့ ပေါက်က ရ တွေးစလို့ ဘဲ ပြောရမလား ဗရုတ်သုတ်ခ အတွေးစလို့ဘဲ ပြောရမလားတော့မသိဘူး ခံစားကြည့်ကြကုန်လော့.......


ပရောဂျက်လည်း ကုန်
ကန်ပိန်း ကုန် ပြီ
ငါ့ကို ဘီယာပြန်တိုက် ကြပါတော့ ......
.


ထိသူ မှန်၍ ဟုတ်သူ နာကြလော့
မေသူ

ကော်ပီ ကူးချသူတစ်ယောက်၏ ဖွင့်ဟ ၀န်ခံချက်။ ။ဆရာကြီးဦးတင်မိုးရဲ့ ကဗျာကို ခပ်တည်တည်နဲ့ ဘယ်သူဆီကမှ ခွင့်ပြုချက်မတောင်းမိဘဲ ကူးယူလိုက်မိပါတယ်...
မြန်မာပြည်ကို ချစ်သော ဆရာကြီး ဦးတင်မိုး တစ်ယောက် ဘ၀ ခြားနေပေမယ့် ခွင့်လွှတ် နိုင်လိမ့်မည် ထင်ပါတယ်။
အန်တီ မိုးချိုသင်း ဘလောခ်က စီဘောက်ကလဲ မရှိ အီးမေလ်း ကလည်း မသိမို့ပါ နားလည်နိုင် လိမ့်မယ်လို့ ထင်ပါတယ် ဆရာကြီးကိုလဲ စော်ကားလိုတဲ့ သဘောမပါဘူး ဆိုတာလေးပါ ရှေ့ရေးကို တွေးပြီး ကြိုတင် တောင်းပန် လိုက်ပါတယ်။
အန်တီ မိုးချိုသင်း မျက်စိလည်လမ်းမှားပြီး ရောက်ခဲ့သော် ဒီနေရာမှာ ဘဲ ခွင့်ပြုချက် တောင်းရင် တောင်းပန် လိုက်ပါတယ်ရှင် ...

5 comments:

  1. ဆေးလိပ်တို ကနေ ဘ၀ပြောင်းသွားရှာတဲ့ ကဗျာတပုဒ်ပေါ့။ ခံစားချက်တွေနဲ့ ဖွဲ့ထားပုံပဲ။ ထိသူ နာကြလော့တဲ့။ ကောင်း၏။

    ReplyDelete
  2. ကျော်ထင်April 3, 2009 at 1:57 AM

    ဘလော့ရပ်သွားပြီးဖြစ်တဲ့ တီးတို့အတွက်စိတ်မကောင်းပါ။ ဒီကွန်မန့်ကိုမရေးချင်ပေမယ့် စာရေးသူရဲ့ လေသံက နိုင်ငံရေးနယ်ပယ်ထဲမှာအတော်နှံ့နှံ့စပ်စပ်သိနေတဲ့ ပုံစံယူထားလို့..နဲနဲလေးတန်ပြန်ကလိချင်စိတ်ပေါက်လာတယ်။

    Chat တွေလဲစုံ
    ဘလော့လဲကုန်ပီ
    ငါ့ကိုနာမည်ပြောင်းကြပါတော့။

    ကဲညီမမေသူရေ ဒေါ်မမနိုင်ဆီမှာသင်ဖူးတဲ့ English စာအုပ်လေးထဲက" Honesty is the best policy" ဆိုတာဟာကိုယ်တိုင်သေချာတွေ့ကြုံမှ နားလည်နိုင်မယ့်ဟာလေးပါ။

    ReplyDelete
  3. Cbox ရှာတာမတွေ့ဘူး ................. ဘယ်နားသွားဖွက်ထားတာလဲဗျာ .......

    http://saingdictionary.blogspot.com

    ReplyDelete
  4. အမယ်-
    လေသံက
    ကိုယ်နဲ့ တစ်ည အိပ်ခဲ့ဘူး သလိုပဲ........

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။