
အခုတလော ဘာဖြစ်နေမှန်းမသိဘူး။ သူတို့ကို အရမ်းလွမ်းတာဘဲ။ သူတို့လေ။ အင်း၊ သူတို့ဆို တာကလည်း ရန်ကုန်မြို့က ကျွန်တော်အရင်တုန်းက အားတိုင်း ယားတိုင်း သွားသွားပြီး စားလိုက်လွေးလိုက် လုပ်နေ ခဲ့တယ့် မုန့်တွေ စားစရာ တွေပါ။ တခြားမဟုတ်ပါဘူး။ အခု ဒီမှာတော့ အဲ့လိုမျိုး သွားသွားပြီး စားစရာ တူတဲ့ မုန့်တွေလည်း မရှိဘူးလေ။ သနားပါတယ်။ ကျွတ်ကျွတ်ကျွတ်။
ပြောရဦးမယ်။ တီးက အရင်က ရန်ကုန်မှာ ဆိုရင် အားရင် ထိုင်စားနေတာ။ နေ့လည်ဘက် တို့ ညဘက်တို့ ဆိုရင် လျှောက်လျှောက်ပြီး ဟိုဟာ သွားစားလိုက် ဒီဟာ သွားစားလိုက်၊ ဟိုကော်ဖီ ဆိုင်ထိုင်လိုက်၊ ဒီလဘ္ဘရည်ဆိုင် ထိုင်လိုက်နဲ့၊ အလုပ်ကို ရှုပ်နေတာ။ ဒီကြားထဲ သူငယ်ချင်း တွေနဲ့ ဂိမ်းကလည်း ဆော့ရသေး။ ဟုတ်ကဲ့။ ဒီလိုပါဘဲ - အလုပ်ကတော့ တော်တော် ရှုပ်ခဲ့တာ။ အားလပ်ချိန်ကို မရှိဘူး။ ညတော်တော် မိုးချုပ်တဲ့ အချိန်တွေ ဆိုရင်လည်း ရွှေတိဂုံဘုရား သွားရ သေးတယ်။ ထိုင်ရတာ ငြိမ်းချမ်း လွန်းပြီး အရသာရှိလို့ဗျာ။
အဲ့လို အစား အရမ်း သောင်းကျန်း လွန်းလို့ တီးကို ၀တုတ်ကြီးလို့တော့ မထင်လိုက်နဲ့။ ပုံမှန်ဘဲ။ ဘာလို့လဲ ဆိုတော့ လျှို့ဝှက်တဲ့ နည်းလမ်းတွေနဲ့ ထိမ်းထား တာလေ။ စတာပါ။ မနက်တိုင်း လိုလို ရန်ကုန်မှာ Gym သွားဆော့ ဖြစ်ပါတယ်။ ကျွန်တော် Gym မဆော့ခင်က အလေးချိန် ၁၈၀ ပေါင် လောက်ရှိတယ်။ ဂျင်မှာ ၁ လ အတွင်း အားကြိုး မန်တက် ဆော့ပြီး ပွဲကြမ်း လိုက်တာ ၁၃၅ ဖြစ်သွားရော။ နောက်တာ မဟုတ်ဘူးနော်။ အားလုံးက မှတ်တော် မမှတ်မိ လောက်အောင် ပိန်သွားအောင် ဆော့ပြ လိုက်တာ။ ရှိတဲ့ ဘီယာဗိုက် ကြီးလဲ တစ်ချက်ထဲ ပျောက်သွားတာ။ Gym က အဒေါ်ကြီး တွေဆိုရင် သားရေ - ပိန်အောင် ဘာလုပ် လိုက်တာလဲ ဘာလဲ ညာလဲနဲ့ စိတ်တောင် ညစ်တယ်။ ဗိုက်အတွက် အဲ့ဒီတုန်းက ၁ရက်ကို အိပ်ထမတင် အခါ ၁၅၀၀ လုပ်ရတာ။ သနား၏။
ဒါတွေ ထားပါတော့။ မုန့်အကြောင်း ပြောရမှာ။ ဘယ်ရောက် ကုန်မှန်း မသိဘူး။ လွဲလွဲ သွားတယ်။ အဲ့ဒီ မုန့်တွေ စားစရာတွေ လွမ်းလွန်းလို့ ဒီတစ်ခါ ရန်ကုန် ပြန်ရင် အပြတ် တီးမယ်ဟေ့ ဆိုပြီး စာရွက် တစ်ရွက်ယူ ပြီး စားချင်တဲ့ အရာတွေ ချရေး လိုက်တာ နည်း နည်းတော့ များသွားတယ်။ အဲ့ဒါတွေကို ပြောပြမလို့ ဒီပိုစ့်လေးနဲ့။ ကြိုက်တာတူတာ တွေရှိရင်လည်း ဖလှယ်လို့ ရတာပေါ့။
- ခြင်း ၁၆ - ၀က်သားဒုတ်ထိုး
- YKKO မှ ၀က်သား ကြေးအိုး
- ၉၉၉ လက်ဘ္ဘရည်ဆိုင်မှ ချို့ဆိမ့် လက်ဖက်ရည်
- လမ်း ၂၀ မှ ၀က်သားပေါင်း
- ၁၉လမ်း ကတ်ကြေးကိုက်
- လသာလမ်း ရဲစခန်းရှေ့ ကြေးအိုး
- အလုံမြို့ ချမ်းလုံမှ ၀က်စတူး
- ချမ်းလုံမှ ပဲနို့ရည်
- Oriental House မှ နိုင်လွန်ပုဇွန်
- အဖွား၏ ကော်ပြန့်စိမ်း
- ယူဂျီးနီးယားမှ ရေခဲမုန့်ကြော်
- မြောင်းမြဒေါ်ချို မုန့်ဟင်းခါး
- အင်းယားလမ်း မဖြူ မုန့်ဟင်းခါး
- မဖြူမုန့်ဟင်းခါး ဆိုင်မှာ ပဲကြော်မွမွနဲ့ မန်းကြော်
- တော်ဝင်နှင်းဆီ မှ ရွှေတောင်ခေါက်ဆွဲ
- စိတ်တိုင်းကျ မှ ဆိတ်စွတ်နံပြား
- အလုံမှ ကြိုင်းတုံပေါက်စီ
- YKKO မှ အားလူးကင်၊ အသီးအရွက်ကင်
- ရွှေခိုင်မှ ပြည်ကြီးငါးကင်
- အင်းယားလမ်း ခေမရပ် မှ ရှမ်းဟင်းထုပ်
- ခေမရပ်မှ ကြက်သားသာကူ
- ခေမရပ်မှ ကောက်ညှင်းငှက်ပြော
- အမေ၏ တရုတ်ရိုးရာ အာလူးမုန့်
- အမေ၏ အုန်းနို့ခေါက်ဆွဲလက်ရာ
- ရွှေပုဇွန် မှ ဖာလူဒါ
- ရွှေပုဇွန် မှ ငှက်ပြော ဆနွင်းမကင်း
- ရွှေတောင်တန်း အလယ်လန်း မှ ကော်ပြန့်စိမ်း
- ကမာရွတ် ရွှေတောင်ကြားလမ်းမှ ဘူးသီးကြော်
- အင်းယားလမ်း မုန့်ဟင်းခါးဆိုင် မှ ပဲကြော်
- အထက်ပါဆိုင်မှ မန်းသလေးပဲကြော်
- ၁၂ လမ်း အောက်လမ်း မှ ရခိုင်မုန့်တီ
- လှည်းတန်းလမ်း မှ ဆီချက်ခေါက်ဆွဲ
- အောင်သပြေထမင်းဆိုင် မှ ကြက်သားဆီပြန်
- မြေနီကုန်း မီးပွိုင့်အနီးမှ မြန်မာ ထမင်းပေါင်း
- ၂၁ လမ်းမှ ဘဲသွေးသုပ်
- ရွှေပုစွန် မှ ကူဖီမလိုင်
- ချယ်ရီမန်းမှ ဆာတေးကင်
- ကုံးထက် ကြက်ဆီထမင်း
- လသာလမ်းအေက်လမ်းမှ အီကြာကွေ့
- စိတ်တိုင်းကျမှ ပဲပလာတာ
- YKKO မှ ကြံရည်
- ကျောင်းများရှေ့က ဘယာကြော်နှင့် ဆမူဆာ
- ကျောင်းများရှေ့က ငါးဖယ်သုတ်
- BlackCanyon မှ သဘောင်္သီးသုပ်
- စကော့ဈေး မှ မုန့်ကျွဲသဲ
- မောင်ခိုင်လမ်း မှ ၀တုတ်မ အုန်းနို့ခေါက်ဆွဲ
- ကန်စွန်းဥ သာကူ
- ကိုကာဆူကီ Hot Pot
- ရွှေကောင်း Hot Pot
- 7 up Hot Pot
- ရေမုန့်ကြော်
- မုန့်လင်မယားကြော်
- ၁၅ လမ်း အောက်လမ်းထိပ်မှ ခေါက်မုန့်
- ၁၈လမ်း ဈေး ထဲမှ တို့ဖူးသုတ်
- ကြက်လျှာစွန်း ဒန်ပေါက်
- ယုဇန ဒန်ပေါက်
- လမ်း ၂၀ အထက်လမ်း ဘုံကျောင်းဘေးမှ ဆန်ပြုတ်
- လားရှိုးခုနှစ်လွှာပေါက်စီ
- လှည်းတန်းလမ်း အလယ်လမ်းထိပ်မှ ဆီချက်ခေါက်ဆွဲ
- Royal Garden မှ ၀က်စတူး
- Royal Garden မှ အရိုးမဲ့ ကြက်ကြော်
- Sabai Sabai မှ ငါးခူမွကြော်
- Moon Bakery မှ ညှပ်ခေါက်ဆွဲ ကော်ရည်
- Saint မုန့်ဆိုင်မှ ဟန်ဘာကာ ပေါက်စ
- Shake မှ ကြက်ဥပြုတ် အမဲရောင်
- အင်းစိန် မှ ဆီထမင်း
- ကောက်ညှင်းငချိတ်နှင့် ပဲပြုတ်ပူပူလေး
- မောင်ခိုင်လမ်းထိပ်မှ ရေခဲသုတ်
တော်ပါပြီ။ ဒီလောက်ဆိုရင် - ခဏလေးအတွင်း စဉ်းစားလို့ ရသမျှ မြန်မြန်ရေးထားတာ ဆိုတော့ အများကြီးတော့ ကျန်ပါသေးတယ်။ ဟဲဟဲ။ ပြောရင်းဆိုရင်းနဲ့ ဗိုက်ဆာလာပြီ။ တော်ပြီ၊ အခု ကိုယ့်ဘာသာ ကိုယ် ချက်ထားတဲ့ ဆန်ပြုတ်ရယ်။ ၀ယ်ထားတဲ့ ပလာတာရယ်၊ Owl တီးမစ့် ရယ် သွားတီးတော့မယ်။ ရန်ကုန်က တော့လောက်တော့ မကောင်းဘူးပေါ့။ ဒီလိုဘဲ အာသာဖြေရတာ။
အားလုံးဘဲ ကိုယ်စားချင်ရာ စားရပြီး ပါးစပ်အရသာ ပြည့်ဝကြပါစေ။
Tea
တီးရယ်၊ ဒီမှာ ဗိုက်ဆာနေပါတယ်ဆိုနေမှနော် စိတ်ပိန်အောင်လာပြောနေပြီ၊ နင့် လစ့်ထဲကနာစားချင်တာတွေအများကြီး ပဲဟာ၊
ReplyDeleteအထူးသဖြင့်တော့
မန်းသလေးပဲကြော်
ဘူးသီးကြော်
YKKO ကြေးအိုး
ယုဇနဒန်ပေါက်
စိတ်တိုသွားပြီ။ ဗိုက်ဆာတယ်၊ နာလဲခေါက်ဆွဲပြုတ်သွားစားပြီ။
ကောင်းတယ်ဗျာ။ အစားအသောက် လင့်ခ်နေရာ လေးတွေ၊ ဆိုင် နေရာ ပုံလေးတွေပါနိုင်ရင် ပိုကောင်းမယ်ဗျား။ သီးသန့် ပေ့ခ်ျတစ်ခုလုပ်ထားပါလား။ နယ်က ရန်ကုန်ကို အကြာကြီးနေမှ တစ်ခေါက်ရောက်တဲ့ ကျွန်တော့်လို ယောင်တောင်ပေါင်တောင် တွေအတွက် အကျိုးရှိတာပေါ့။
ReplyDeleteCan u cook san pyout?
ReplyDeletehehe. I didn't know that.
You ahve a very good list to eat.
ကို wanderfish ရေ။ အစ်ကို့ ဆိုဒ်ကို လာပြီး ပြောမလို့ Cbox ရှာတာ တော်တော်ရှာလိုက်ရတယ်။ ဒါပေမယ့် မတွေ့လိုက်ဘူးဗျ။ ကျွန်တော်ဘဲ ကန်းနေလို့လားမသိဘူး..
ReplyDeleteဒီမှာဘဲပြောလိုက်တော့မယ်။
ဖြစ်နိုင်ရင်ဆိုင်ပုံတွေပါတင်ပေးချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က စန်ဖရန်မှာ.. အခု ရန်ကုန်ကို လှမ်းပြီး ပြောထားတာဆိုတော့ နည်းနည်းတော့ခက်တယ်။ အစားအစာ ပုံတွေက ပို အရေးကြီးပါတယ်။ :D ရန်ကုန်မှာ ဆိုရင်တော့ ကားလေးတစ်စီးနဲ့ လျှောက်မောင်းပြီး ချက်ချင်း တင်ပေးလို့ရတယ်။ :D
အမယ်လေး ကြောက်ချာကြီး ....အစားပုတ်လိုက်တာ........:D
ReplyDeleteကျွန်တော်လည်း ၀ရာက ပိန်လာတာ :P
ReplyDelete@eitar ဟုတ်တယ်..တီးကတော့ အစား ပုတ်ပုတ်ပဲ။
ReplyDelete@soe htet ဒါဆိုရင်တော့ လက်ဆွဲနှုတ်ဆက်ကြဆို့။
@cat cat ဘယ်သူတုန်း.. ကျွန်တော့်ကို ဘယ်လိုသိတုန်း။
ဟီးဟီး - ဓာတ်ပုံတွေရရင် အမြန်တင်ပေးပါ။ ဒီမှာငတ်နေတာကြာပါပြီ။ အဲ့ဒါတွ လည်းဒီမှာ တခုမှမရပါဘူး။ ပြောတော့ဖူး။ ၀မ်းနဲတယ်။
ReplyDeleteကို လက်ဖက်ရည်ရေ။ အရေးတယူဖြေကြားပေးတဲ့ အတွက် appreciate ပါ။ ကျွန်တော့်ဆိုက်မှာ စီဘော့က်မထားလို့ ဆောရီးပါဗျာ။ အကြောင်းကြောင်းကြောင့်ပေါ့ဗျာ။ အင်း တကယ်တော့ အစားအသောက်ကောင်းကောင်းတွေ (နေရာကောင်းကောင်းတွေ) သိတဲ့လူတွေကလဲ resource power တစ်ခုပါပဲ။ ကျွန်တော်က ယိုးဒယားမှာ အနေများတော့ တစ်နေရာ သွားချင်တယ်ဆိုရင် အခုလို ညွန်းထားတဲ့ (ကြော်ညာမဟုတ်တဲ့) နေရာမှာ ရှာတာ ပိုပြီးထိရောက်တယ်လေ။ မြန်မာပြည်မှာ လမ်းပန်းဆက်သွယ်ရေး ပိုပြီး အဆင်ပြေလာရင်တော့ မြန်မာပြည်အနှံ့ ကိုယ်ပိုင်ကားလေး၊ ရင်းနှီးတဲ့ ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး ခရီးရှည်ထွက်ဖို့ အိပ်မက်ရှိပါတယ်။
ReplyDeleteပျော်စရာကြီးနော်..ကားလေးတစ်စီးနဲ့သာ အဲ့ဒီလိုလျှောက်ပြီးသွားရရင်..
ReplyDeleteဘာလို့ Cbox မထားရတာလဲ.. တစ်ခုလောက်ရှိတော့ ပို အဆင်ပြေမလားလို့..တော်ပါ။ မစပ်စုတော့ဘူး။။ ဆော်တီး။
ယိုးဒယားဆိုလို့ ယိုးဒယားမှာလည်း တီးစားချင်တာတွေ အများကြီးရှိပါ့။ ဆိုင်နာမည်တွေတော့ မေ့သွားပြီ။
၁၈၀ ကနေ ၁၂၆ အထိ ဗျ ... အသက် ၂၃ တုံးက ... အခု ၃၃ မှာ ၁၆၀ ပြန်ဖြစ်နေတယ် ... ကျွန်တော်က လျှော့ချင်တယ် ချစ်သူက ခွင့်မပြုလို့ ... အရပ်က ၅ ပေ ၈ လက္မ ... :P
ReplyDeleteomg.. i thought i am greatest.. and u are better!! gosh!!
ReplyDeletelol
within what peirod?? :D
mine is one month.. lol
my height is 5'7'.
wanna kill u after i read this list
ReplyDeletedon't worry carzycat. u will have chances to eat these. :D
ReplyDeleteba gyii tee
ReplyDeleteit's crazycat
not carzycat
and it is not washable in washing machine or microwavable @.@
ဟယ်.... ငါတောင်အဲဒါတွေစားချင်လာပြီတော့..
ReplyDeletei am getting angry when you post those food as i can't find even a single food from Myanmar here. How poor am I?I missssssssssss Myanmar food especially ကုန်းထက် ကြက်ဆီထမင်း and Eugenia's ကြေးအိုး....
ReplyDeleteရေးထားတာတွေ နဲ့တင် ဘယ်လောက် အစားပုတ်တဲ့ သူဖြစ်မလဲ ဆိုတာ ခန့်မှန်းလို့ ရတယ်.. တွေ့ရင် မခေါ်ကြေးနော် ကျွေးနေရမှာ စိုးလို့ ဟိဟိ
ReplyDeleteအကြိုက်တွေက သိပ်မကွာပါဘူး
ReplyDeleteပြန်တော့မှ အ၀တီးမယ်...... ပြန်ခါနီးနေပီ
ဝေးဟေးဟေး............
အဲ့အချိန်ကျရင် ပုံရိုက်ပေးခဲ့မယ်နော် ......
:D :D :D
မော်ဒန် လက္ဘရည်ဆိုင်က ကျစိမ့်လေး တစ်ခွက်လောက်ပါရင် ပိုများကောင်းသွားမလားလို့ :)
ReplyDeletetea ပြောတာတွေ တော်တော်များများ မစားဖူးသေးဘူး..ပြန်ရောက်မှ အ၀ကစ်ရမယ်...အခုတော့ သွားမစားဘူးသေးတဲ့နေရာလေးတွေ တေးသွားတယ်ဗျို့ 
ReplyDeleteညစ်နေတာ လန်းသွားတယ်ဟိဟိ။နာဝါးတီး
ReplyDeleteရတော့မယ်။တီးရေ စာရင်းကိုသေချာယူသွား
တယ်ဟ။ရောက်အောင်ကိုတီးခဲ့မယ်..ငှဲငှဲငှဲ။
တော်ပီ။ မပြောနဲ့တော့။ ဒီမှာက မြန်မာပြည်ကို နောက် ၄ နှစ် ၅ နှစ် အတွင်း ပြန်ဖြစ်မှာ မဟုတ်သေးဘူး.. စိတ်ညစ်ပါတယ်.. :(
ReplyDeleteအစားကြီးတာတွေ တူနေပြီး များလိုက်တာဗျာ ကျနော်တော့ အဲ့လောက်မစားဖူးဘူးး မုန့် ဟင်းခါးဆိုတဲ့နေရာလည်းရောက် ပါစပ်ထဲက သွားရည်တွေ ပြန်မြိုချလိုက်ရတယ်း)
ReplyDeleteစားတာကလဲကြောက်စရာကြီးပါလားကွယ်..
ReplyDeleteအထက်ပါအစာများအပြင်..
ReplyDeletesabine sabine မှ သဘောင်္သီးသုပ် နှင့်ယိုးဒယားအစာများ
ယူဂျီးနီးယားမှ ကြေးအိုးဆီချက်
ရှမ်းတောင်တန်းမှ ကြက်ဆီထမင်း
ထူးရေခဲမုန့်
သစ်သီးမျိုးစုံ
တရုပ်တန်းမှ မုန့်လုံးရေပေါ်
ကျောက်မြောင်း နိယောဓလမ်းမှ ပုစွန်ခွက်ကြော်သုတ်
တိုကျို မှ ကြက်ကြော်
နီလာဒန်ပေါက်
ရွှေပုစွန်မှ ဒူးရင်းသီးကူဖီးလ်
ထွက်လာတာကြာတော့ တချို့ ဆိုင်နာမည်တွေမေ့ကုန်ပီ။
This comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDeleteKo Tea yayyy...wanna ask u sumthin...did u also skip dinner or did some dieting like eat less in every meals or avoided sweet and oil or only ate vegetables and fruits in that one month ???
ReplyDeletepls answer my questo par naww...
thanka..lookn forwardn from u
I didn't skip any dinner. of cuz i only ate vegetables and fruits. No sweet! No Oil!
ReplyDelete:)
များလိုက်တာနော် သရေတွေယိုသွားပြီ
ReplyDeleteအကုန်လုံးသာသွားစားလိုက်ရရင်
ReplyDeleteရှိသမျှလစာရော စုထားသမျှ အတိုအစလေးတွေရော
ပြောင်ကုန်ရော့မယ်။
ဘယ်GYM မှာဆော့လဲဟင်.. ဗိုက်ကျအောင်ဘယ်လေ့ကျင့်ခန်းကို အများဆုံးလုပ်လဲဟင်.. ပြည့်ပြည့်ဆုံဆုံလေးဖြေပေးပါလားဟင် ဒီမှာတော်တော် ဒုက္ခရောက်နေလို့ပါ.. Pls..
ReplyDelete၁၂ လမ်းအောက်လမ်းကဦးချစ်Tea နဲ့ မောင်မြင့်ထမင်းဆိုင်က ၀က်အူကြော်ကျန်သေးတယ်..
ReplyDeleteShakeကပုလဲကော်ဖီလဲကောင်းပါတယ်..ရွေတောင်တန်းလမ်းက
ကော်ပြန့်ကဒေါ်ကျွိကော်ပြန့်လေ..မြေနီကုန်းကမလေးရှား
ဒန်ပေါက်လဲကောင်းပါတယ်..လသာလမ်း၂၁လမ်းအလယ်က ပဲနို့ရည်ကလဲကျမ်းမာရေးနဲ့ညီညွတ်ပါတယ်နော်..ရှမ်းမင်းသားမော်တင်လမ်းဆိုင်ကဟင်းတွေလဲကောင်းတယ်..
တော်ပြီ သားရည်တွေkeyboard ပေါ်ကျကုန်ပြီ..ပြန်ရောက်လို့ကတော့စားပိုးနင့်အောင်စားဖြစ်မယ်..အစားအတွက်အသက်ပင်သေသေ..
ကောင်းကောင်း က မာလာဟင်းလဲ စားချင်တယ်ဗျာ...
ReplyDelete:(
ဒီစားသားလေးတွေသဘောကျလို့ကူးယူပြီးညီမလေးရဲ့ဆိုဒ်ထဲမှာတင်ထားလိုက်တယ်နော်...သူငယ်ချင်းတွေသ
ReplyDeleteရေကျအောင်လို့ပါ...ရတယ်မလားဟင်..ကျေးဇူးတင်ပါတယ်နော်...
တခုခု ပြောရမယ် ဆိုရင်တော့ ဘိုက်စာလိုက်တာ ရေးထားတာတွေကလည်း စားချင်စရာကြီးပါလား
ReplyDelete