![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0IP_lHffo6AZK15JAqkPxrT_H7ypVHCbkPCyaeo9mc6vM-AUjaIp6Ma8NBZ8d3HyjzLFckMVgpkDHzr8-XTRd_mj9v-7n1B8Fld8HzP-I5JEw4i3jxvJye0Fk7UceIxYqeBXHKCv4h6c/s280/SydneyOperaHouse.jpg)
ဒီတစ်ခေါက်လည်း နှစ်ပတ်လောက် နောက်ကျသွားတယ်။ ကျွန်တော့်ရဲ့ ပို့စ်တွေကို စောင့်ဖတ်နေတဲ့ စာဖတ်သူတွေကို အရင်ဆုံး တောင်းပန်ပါရစေ။ ကျွန်တော် တစ်ကယ် မအားလို့ပါဗျာ။ အကြောင်းရင်းကတော့ အရင် အတိုင်းပါ။
ကဲ ဒီတစ်ပတ်တော့ သြစတြေးလျနိုင်ငံကို ကြွမြန်းရအောင်။ အားလုံးလည်း မျက်စိထဲမှာ သြစတြေးလျ ဆိုတာနဲ့ မျက်စိထဲ ဘာများမြင်မိမယ်ထင်လဲ။ သားပိုက်ကောင်နဲ့
ကိုအာလာဝက်ဝံတွေလား။ ဟုတ်ဘူး။ ဗိသုကာအကြောင်းနဲ့ ပတ်သက်တော့ ဘယ် အဆောက်အအုံများပြေးမြင်မိလဲ။ ဟုတ်ပါတယ်။ သြစတြေးလျမှာ ထင်ရှားတာကတော့ ဆစ်ဒ်နီ သင်္ဘောဆိပ် တံတား (Sydney Harbor Bridge) နဲ့ ဆစ်ဒ်နီ ကဇာတ်ရုံ (Sydney Opera House) တို့ဖြစ်ပါတယ်။ အရင်တစ်ခေါက်က တံတားအကြောင်းပြောပြီးပြီ ဆိုတော့ ဆစ်ဒ်နီ ကဇာတ်ရုံအကြောင်းပြောရအောင်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7dHpG15UgNP42O3GZJj-6lhT2gq5233dzzIk6wTGU1MLWxiLh4i0sumRNzL0HzP527LfRtDNibAHy1EJq49k8hOzSnxZi6JlI9lo6hF5ypb2p0eK7KiSF-mwp3dQCz9RYmTM0gHZ4Dy8/s280/Sydney_Opera_House_Sails.jpg)
ဒီ ကဇာတ်ရုံက ဆစ်ဒ်နီ ဆိပ်ကမ်းပေါ်မှာ မှေးတင်ထားတဲ့ အနုပညာ လက်ရာမြောက် ရုပ်ထုတစ်ခုလိုပါပဲ။ ရွက်လွင့်တော့မယ့် ခရုပုံသဏ္ဌာန် အမိုးကလည်း အဖြူရောင် ကြွေအုတ်ချပ်တွေကြောင့် လှပနေပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ ဒီဇိုင်းကို ဆောက်ဖို့ ဆောက်လုပ်ရေး နည်းပညာ အသစ်အဆန်းတွေ လိုပါတယ်။ ဒီ ဆစ်ဒ်နီ ကဇာတ်ရုံကို ၁၉၅၇ ခုနှစ်မှာ စတင်ဆောက်လုပ်ပါတယ်။ ပရစ်ဇ်ကာဆုရှင် နဲ့ အကဲဖြတ်ဒိုင် နာမည်ကျော် ဗိသုကာပညာရှင် ဖရန့်ဂေရီ (Frank Gehry) ရဲ့ချီးမွမ်းတဲ့ မှတ်ချက် ကဒီလိုပါ။ “ဗိသုကာပညာရှင် Utzon က သူ့ခေတ်ထက်ရှေ့အများကြီးပြေး၊ နည်းပညာတွေထက် အများကြီးရှေ့ရောက်ပြီး သူ့အချိန်သူ့အခါမှာ အင်မတန်မှာ ထူးခြားပြောင်မြှောက်လှတဲ့ လက်ရာနဲ့ ဆိုးရွားလွန်းလှသော သတင်းဌာနတွေနဲ့ အနှုတ်လက္ခာဏာဆောင်တဲ့ ကဲ့ရဲ့ဝေဖန်မှုတွေကို ကျော်လွှားပြီး တိုင်းပြည်တစ်ပြည်ရဲ့ ရုပ်ပုံလွှာကို လုံးဝပြောင်းလဲပေးနိုင်ခဲ့တယ်။ ဒါ ကျွန်တော်တို့ တစ်သက်မှာ အလွန်ပဲ ကောင်းမွန်လှတဲ့ ထိပ်တန်း ဗိသုကာလက်ရာ တစ်ခုကို ဒီကမ္ဘာပေါ် တည်ရှိစေခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းပဲ။“ တဲ့။
ဗိသုကာပညာရှင်ကတော့ သိပ်နာမည် မကျော်ကြားတဲ့ လူမသိသူမသိဖြစ်နေဆဲဖြစ်တယ့် အသက် ၃၈ နှစ်အရွယ် Jorn Utzon ဖြစ်ပါတယ်။ ဒိန်းမတ် ကိုပေဟေဂန်မှာ နေထိုင်ပြီး သူ့ရဲ့ ဗိသုကာ Diploma ကို the Royal Academy of Fine Arts, Copenhagen ကနေရရှိခဲ့ပါတယ်။ သူ့ ဇနီးနဲ့ အတူ သားသုံးယောက်ရှိပြီး ကိုပေဟေဂန် မှာပဲ ဗိသုကာ ရုံးခန်းဖွင့်ထားပါတယ်။ သား သုံးယောက်လုံး လည်း အခု အဖေ့ခြေရာနင်းပြီး အကုန် ဗိသုကာပညာရှင်တွေဖြစ်နေကြပါပြီ။
ဆစ်ဒ်နီ ကဇာတ်ရုံက တစ်ကယ်တော့ theatre complex ကြီး ဖြစ်ပြီး ခန်းမကျယ်တွေကို နာမည်ကျော် ခရုခွံအောက်မှာ တစ်ခုတည်း အဖြစ်ဆက်ထားပါတယ်။ ၁၉၇၃ မှာ ဖွင့်ပြီးကတည်းက ကမ္ဘာပေါ်မှာ အလုပ်အများဆုံး အနုပညာ စင်တာ တစ်ခု ဖြစ်လာပါတယ်။ တစ်နှစ်ကို ပရိသတ် ၂ သန်းကျော်နဲ့ ပျှမ်းမှ ပွဲပေါင်း သုံးထောင်ကျော် ကျင်းပနေပြီး ၂၄နာရီပတ်လုံး၊ ခုနစ်ရက် ပတ်လုံး ဖွင့်လှစ်ထားပြီး ခရစ်စမတ်နဲ့ good Friday တွေမှာသာ ပိတ်ပါတယ်။
Jorn Utzon က ဆစ်ဒ်နီမှာဆောက်မယ့် အမည်မသိတဲ့ ကဇာတ်ရုံ တစ်ခုအတွက် ပြိုင်ပွဲခေါ်တော့ ၀င်ပြိုင်လိုက်ပါတယ်။ နိုင်ငံပေါင်း ၃၀ကျော်ကနေ ပြိုင်ပွဲဝင် ၂၃၀ကျော်ထဲကမှ သူ့ရဲ့ အမှတ်စဉ် ၂၁၈ က Bennelong Point, Sydney မှာ ဆောက်လုပ်မယ့် အမျိုးသားကဇာတ်ရုံ အတွက် နိုင်ငံတကာ ပြိုင်ပွဲ ရဲ့ အောင်နိုင်သူအဖြစ် ရွေးခံခဲ့ရပါတယ်။ ပထမဆုံး သူ့ရဲ့ concept ကို သတင်းဌာနတွေက အဖြူရောင် အုတ်ချပ်တွေနဲ့ မိုးထားမယ့် ကွန်ကရစ် ခရုခွံသုံးခု လို့ တင်စားကြတယ်။ ပြိုင်ပွဲ ရဲ့ ရွေးချယ်ရေး အကဲဖြတ်ဒိုင်အဖွဲ့ဝင် အမေရိကန် ဗိသုကာပညာရှင် Eero Saarinen က ဆစ်ဒ်နီကို ရောက်ပြီး တခြားဒိုင်အဖွဲ့ သုံးယောက် ပယ်လိုက်တဲ့ ပုံစံတွေကို ကြည့်ပြီး Utzon ရဲ့ ဒီဇိုင်းကို စိတ်ဝင်စားပြီး ထူးခြားတယ်လို့ ကြေငြာခဲ့တယ်။ အဲ့ဒါနဲ့ နောက်ဆုံး Utzon ရဲ့ဒီဇိုင်းသာ အနိုင်ရသွားတယ်။ နှစ်တော်တော်များများ Utzon က သူ့ရဲ့ မူလ ဒီဇိုင်းတွေကို ပြောင်းလဲပြီး ကြီးမားလွန်းလှတဲ့ ခရုခွံပုံကြီးကို ဘယ်လိုဆောက်ရမလဲလို့ နည်းလမ်း ရှာရတယ်။ စမ်းသပ်ချက်တွေ အမြောက်အမြားလုပ်ပြီးနောက် စက်လုံးတွေရဲ့ ရှုပ်ထွေးတဲ့ အပိုင်းအစတွေပေါ်မူတည်ပြီး Utzon က ဒီဇိုင်းထုတ်လိုက်တယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmbqXr-IhB04ZfvqpSAO1m2Vr4hDF8CJkQPk5OSDXarKLOgA9diyGz2_ZI025m-05kgsyK-dBXN664pz_VQRtwzMN8QmKiC-jTLoYzxd8H4XzUDhkBVPQlW8tAiqv-R9EUWNFXWrQ8yGA/s280/sydney2.jpg)
၁၉၆၄ မှာ အသင့်တပ်ဆင်ပြီးသား ကျောရိုးခုံးကြီးကို ဆောက်လုပ်ပြီး အောက်ခြေပေါ်မှာ ထောင်တယ်။ ဒီ အမိုးခုံးကြီးကိုဆောက်ရာမှာ အသစ်အဆန်း နည်းပညာတွေနဲ့ ဗိသုကာ မှတ်တိုင်ထူနိုင်အောင် ကမ္ဘာ့အကောင်းဆုံး ဆောက်လုပ်ရေး အင်ဂျင်နီယာတွေကို အသုံးချပြီး ရှုပ်ထွေးလှတဲ့ အဆင့်ကို ဆောက်ကြရတယ်။ ဒါမှ Utzon ရဲ့ အမြင်ကို အကြီးကျယ်ဆုံး ဖော်ဆောင်နိုင်မှာကိုး။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIZlBRXE9sc1eSREa7YncsxIujhc8jgZU7IkbXXm7af-UGsi1GcYCGqMIYb2YHSKl80S6wmVb0i7TrbQpe0Ufd8QB1D7rxfAnFyWYdrhxYSlvZPYkrgPFkl5294w1QOi1xZSClpE0k5TI/s280/001462_l.jpg)
Utzon မှာ အတွင်းဒီဇိုင်းအတွက် သီးသန့် လျာထားချက်တွေရှိပေမယ့် သူဆက်ပြီး မလုပ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ၁၉၆၅ ခုနှစ်မှာ New South Wales ပြည်နယ် Liberal အစိုးရသစ်တက်လာတော့ ၀န်ကြီး Davis Hughes က Utzon ရဲ့ ဒီဇိုင်း၊ ကြာမြင့်ချိန် နဲ့ ကုန်ကျစရိတ်တွေကို မေးခွန်းထုတ်၊ ပြီးတော့ Utzon ကို ပေးရမယ့် အခကြေးငွေတွေ ဆက်မပေးပဲ ရပ်လိုက်တယ်။ နောက်တော့ Utzon လည်း ဆက်ဆံရေး မပြေလည်ပဲ chief architect ကနေ ၁၉၆၆မှာ နုတ်ထွက်သွားတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghbiGWGBqJUlkDzOKSh0G_O9u3dMfCr-3XPXYN_j3ApSdLrDlyN2GO_deCSGS5l_A4Z8S9yhrA0EpMoAWTQtnW8KaUb5Hs5SMYnz1FdSMY5Gt0Uxbr4Ru85QvlahOs2ij20Lh8NM6GLvU/s280/44698.jpg)
ကဲ ဒီ အရှုပ်တော်ပုံကို နောက်အပတ်ကြမှ ဆက်ပြောတော့မယ်နော်… ဒီတစ်ပတ်လည်း အလျင်အမြန် ကုန်းကောက်ရေးပြီး မြန်မြန် နိဂုံးချုပ် တင်လိုက်ရတာဆိုတော့ အချက်အလက်မပြည့်စုံရင် ခွင့်လွှတ်ပါလို့ မေတ္တာရပ်ခံပါတယ်။ တခြား အချက်အလက်တွေလည်ဆက်လက်ပြီး စုဆောင်းထားပါဦးမယ်။ သိချင်တာရှိရင်တော့ မေးလိုရာမေးမှာ သွားမေး ဒါမှမဟုတ် ကျွန်တော်မျိုး ကို အီးမေးလ်ပို့မေးနိုင်ပါတယ်။
စိတ်ဝင်တစားနဲ့ စောင့်မျှော်ဖတ်ရှုနိုင်ပါစေဗျာ။
လင်းစစ်သူ
ထပ်ပြောဦးမယ်. အိမ်မက်က ပုဂံကိုစောင့်နေတာလို့
ReplyDeleteဒါလည်းပဲဖတ်သွားပါတယ် ကျေးဇူးပါ
ReplyDeleteစမြင်လိုက်တုန်းက Disney က အဆောက်အအုံနဲ့တူနေသလိုပဲလို့ ထင်လိုက်သေးတယ်.. သေချာကြည့်တော့ ဘာမှမဆိုင်ဘူး..
ReplyDelete:D
လင်းစစ်သူရေ အားပေးသွားပါတယ်နော်
ReplyDeleteဆစ်ဒ်နီရောက်ရင်သွားကြည့်ခဲ့မယ်