
ခုံတန်း၏ မနီးမဝေးတွင် ရေကန်တစ်ခုရှိသည်။ ရေကန်အနီးတွင် အဖိုးအို တစ်ဦး စာအုပ်ထိုင်ဖတ် နေလေသည်။ ရည်းစားနှစ်ဦး တွတ်တီး တွတ်တာ ပြောသမျှကို အဖိုးအို က ကြားနေရ လေသည်။
မိန်းကလေး က "မောင်.. ခေါင်းနည်းနည်း မူးလာတယ်"
ကောင်လေးက နဖူးလေးကို နမ်းလိုက်သည်။
ထို့နောက် "မူးသေးလားဟင်" "ဟင့်အင်း.. ပျောက်သွားပြီ"
အတန်ကြာသောအခါ .. မိန်းကလေးက
"မောင်.. ဇက်ကြောတွေ တက်လာသလိုပဲ"
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်သည်။
"ဘယ်လိုနေသေးလဲ" "အင်း.. သက်သာသွားပြီ"
ခဏကြာသောအခါ.. "မောင်.. လက်တွေကလည်း ဘယ်လိုဖြစ်နေလဲ မသိဘူး.. တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာ လက်အစုံကို တယုတယ ကိုင်တွယ်ပြီး နမ်းလိုက်သည်။
အတန်ကြာ အဖိုးအိုက ရေကန်နံဘေးမှ ထလာပြီး ပြောလေသည်။
"မောင်ရင်.. ဖြစ်နိုင်ရင် အဖိုးကိုလည်း ကုပေးပါ.. အဖိုးဒီမှာ လိပ်ခေါင်း ဖြစ်နေလို့ပါ" ဟူ၍ဖြစ်လေသည်။
:D
Source : mmcp
No comments:
Post a Comment
ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။