
ခေတ်ပညာတတ် ဘိုးဘိုးကြီးက သူ့ရဲ့ အငယ်ဆုံး သမီးလေးကို အင်္ဂလိပ်စာတွေ သင်ပေးနေပါတယ်။ စာအုပ်ကို Book၊ ခံတံကို Pencil၊ မျက်စိကို Eye၊ ပါးစပ်ကို Mouth၊ ကြောင်ကို Cat၊ ခွေးကို Dog၊ မျောက်ကို Monkey၊ အဖေကို Dad၊ အမေကို Mom၊ အဘိုးကို Grandpa၊ အဘွားကို Grandma စသဖြင့်ပေါ့၊ မြေးမလေးကလဲ ချက်ချင်းပဲ မှတ်မိတယ်၊ ပြန်မေးလဲ တစ်ချက်မလွဲ အလွတ်ရတယ်။
ရုံးပိတ်ရက် တနင်္ဂနွေနေ့ တစ်နေ့မှာ ဘိုးဘိုးရဲ့ မိတ်ဆွေ ဟောင်းကြီးတွေ အိမ်ကို လာလည် ကြတယ်။ ဘိုးဘိုးက အသည်းကျော် မြေးမလေး တော်ကြောင်းကို ပွဲထုတ်ချင်တော့ "လာပါဦး၊ မြေးလေးရဲ့၊ ဟော့ဒီက ဦးဦးတွေက သမီး အင်္ဂလိပ်စာ တတ်တယ်ဆိုတာ မယုံကြဘူးတဲ့။ ဘိုးဘိုး သင်ထားသမျှ အကုန်ဖြေပြလိုက်စမ်း ...
ဘိုးဘိုး - ကဲ့.. စာအုပ်ကို ဘယ်လိုခေါ်လဲ
မြေးမလေး - Book
ဘိုးဘိုး - ခဲတံကို ဘာခေါ်လဲ
မြေးမလေး - Pencil
ဘိုးဘိုး - မျက်စိကိုရော
မြေးမလေး - Eye
ဘိုးဘိုး - ပါးစပ်ကိုရော ဘယ်လိုခေါ်လဲ
မြေးမလေး - Mouth
ဘိုးဘိုး - ကြောင်ကို ဘယ်လိုခေါ်လဲ
မြေးမလေး - Cat
ဘိုးဘိုး - ခွေးကို ဘယ်လိုခေါ်လဲ
မြေးမလေး - Dog
ဘိုးဘိုး - ဘိုးဘိုးကိုရော ဘယ်လိုခေါ်လဲ
မြေးမလေး - Monkey
:D
Source: mmcp
No comments:
Post a Comment
ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။