Sunday, September 28, 2008
ASK ME မေးချင်ရာမေး စားပွဲဝိုင်း
အခု ASK ME (မေးချင်ရာမေး) စားပွဲဝိုင်း ဆိုတဲ့ အစီအစဉ် အသစ် တစ်ခုနဲ့ အားလုံးကို မိတ်ဆက် ပေးချင် ပါတယ်။ ဒီအစီအစဉ်က ကျွန်တော့်အိမ်ရဲ့ လဘ္ဘရည်ဆိုင် (Tea Shop) မှာ စာဖတ် ပရိတ်သတ်တွေ အားလုံးကို မေးလို ရာတွေ မှန်သမျှ မေးနိုင်အောင် ရည်ရွယ် ထားတဲ့ အစီအစဉ် တစ်ခုပါ။ စာဖတ်သူတွေ မေးလိုရာ မှန်သမျှ ကို ဒီပိုစ့်ထဲမှာ မေးခွန်းကို Comment ချန်ခဲ့ပြီး လွတ်လပ်စွာ မေးနိုင် ပါတယ်။ မေးခွန်း မေးရာမှာ နာမည်ရင်း ဖြစ်စေ၊ နာမည် မသိ ဖြစ်စေ အားလုံးကို နှစ်သက် သလို မေးနိုင် ပါတယ်။ ကျွန်တော့်အိမ်မှ မေးခွန်း မှန်သမျှကို တတ်စွမ်း သရွေ့ အဖြေ ပေး သွားမည် ဖြစ်ပါသည်။
How to Leave your Question! ဘယ်လိုမေးမည်နည်း ?
အောက်ပါ အချက်နှစ်ခုကို comment ထဲတွင် ဖော်ပြစေလိုသည်။
၁။ Name (Real name or Nick name) နာမည်
၂။ Your Question မေးခွန်း
  • နိုင်ငံရေးဆိုင်ရာ မေးခွန်းများ
  • စီးပွားရေးဆိုင်ရာ မေးခွန်းများ
  • ဘာသာရေးဆိုင်ရာ မေးခွန်းများ
  • အချစ်ရေးရာ မေးခွန်းများ
  • ကျန်းမာရေး ဆိုင်ရာ မေးခွန်းများ
  • စိတ်ပညာဆိုင်ရာ မေးခွန်းများ
  • ပညာရေးဆိုင်ရာ မေးခွန်းများ
  • စာပေ၊ ကဗျာ၊ ဆောင်းပါး ဆိုင်ရာ မေးခွန်းများ
  • ဗိသုကာ၊ သိပ္ပံ၊ နည်းပညာ ဆိုင်ရာ မေးခွန်းများ
  • ဖျော်ဖြေရေး၊ အက၊ သီချင်း မေးခွန်းများ
အစရှိသည် တို့ကို ကျွန်တော့်အိမ်မှ ၀ိုင်းတော်သား များ သာမက တခြား စာရေး ဆရာများ၊ ဗဟုသုတ ကြွယ်ဝ သူများကိုပါ မေးခွန်းများ ပေးပို့ပြီး အဖြေ များကို ပုံမှန် တစ်ပတ် တစ်ခါ မေးခွန်းနှင့် တကွ ပိုစ့်တစ်ခု အနေဖြင့် ပြန်လည် ဖော်ပြပေးမည်။
ဤ အစီအစဉ်သည် သူငယ်ချင်း အချင်းချင်း၊ စာဖတ်သူ များကြား အကြံပေး နိုင်သည့် အစီအစဉ် တစ်ခု အနေဖြင့် ရပ်တည် ရန်လည်း ရည်ရွယ် ပါသည်။ ချစ်သူနဲ့ ဒုက္ခတွေ ရောက်နေလို့ NickName တစ်ခုနဲ့ မေးခွန်းလေး ချန်ထားခဲ့ရုံနဲ့ ကောင်းမွန်သည့် အဖြေတစ်ခု အကြံတစ်ခု ကို ပြန်လည် ဖော်ပြပေး ပါမည်။ တစ်စုံတစ်ခုကို သိလိုစိတ် ပျင်းပြ နေပြီး အဖြေရှာရန် အကူအညီ လိုအပ်နေပါက စိတ်ဝင်စားစရာ လည်းကောင်း၊ မိမိသာမက တခြား စာဖတ်သူများ အားလုံးကို ဗဟုသုတ ပေးစွမ်းနိုင်မည့် မေးခွန်း ဖြစ်နေပါက ကျွန်တော်တို့သည် မှန်ကန် သင့်လျော်သော အဖြေတစ်ခုကို အတတ်နိုင်ဆုံး ပြန်လည် ဖော်ပြပါမည်။ ကျွန်တော်တို့ မဖြေစွမ်း နိုင်ပါက တခြား ဖြေစွမ်းနိုင်သူ တစ်ဦးဦး ကိုလည်း ဆက်သွယ် မေးမြန်း ပေးပါမည်။
အားလုံးကို အစဉ်လေးစားလျှက်
www.myhome16.com
49 comments:
  1. တီးရေ...
    အရမ်းကောင်းတဲ့ အစီအစဉ်လေးပါဟယ်..
    ကောင်းလိုက်တဲ့ စိတ်ကူးလေး..
    မေးစရာ မရှိဘူးဆိုရင်တောင်မှ
    ကိုယ်တို့လည်း ဗဟုသုတရတာပေါ့...
    ReplyDelete
  2. a chit yayy so par larr :P
    who gonna answer that :P
    ReplyDelete
  3. ကျွန်တော်က ကိုစိုင်းပါ။ ကိုတီး၏ ဖိတ်ခေါ်ချက်အရ ဒီစားပွဲဝိုင်းလေးမှာ ကျွန်တော်က ကျွန်တော့်အိမ်က ၀ိုင်းတော်သားများနဲကအတူ ပါဝင်ပြီး တီး အီးမေးလ်ကနေ ပို့လာတဲ့ မေးခွန်းများကို ဖြေဆိုသွားမှာ ဖြစ်ပါတယ်။
    ReplyDelete
  4. ကျမတစ်ခုမေးမယ်။ အချစ်အကြောင်းပါ။ ကိုတီးကို မေးချင်ပါတယ်။
    ကျမရည်းစားက ခရစ်ယာန်ဘာသာပါ။ ကျမကို ဘာသာရေး ဗုဒ္ခဘာသာကနေ သူ့ဘာသာကို အတင်းပြောင်းခိုင်းနေပါတယ်။
    ဘယ်လိုထင်ပါသလဲ?
    နောက်အပတ် ပိုစ့်မှာ အဖြေကိုဖတ်ဖို့စောင့်နေမယ်။
    ReplyDelete
  5. အချစ်ရေးရာကို ကျွန်တော် ဖြေမှာပါ။ :)
    ဖြူရေ.. မေးခွန်းကို မှတ်ထားလိုက်ပြီ။ နောက်အပတ် ပိုစ့်မှာ ထည့်လိုက်တော့မယ်။
    ReplyDelete
  6. I want to ask a question about U.S. politics. I am just wondering about coming up presidential election in Nov 2008. What do you think who is gonna win? Do you think John is going to win or Obama is?
    ReplyDelete
  7. mae chin tar ka dote, some man feels threatened to have a gf/wife with higher education/salary than them ..so tar hote lar lote?
    Ju thungechin yeesar ka thu. ko pyaw dae deit, nin ka htet myat loon dae. Main ma a yate kho ya mhar ma lo lar bue bar nyar bar nyar neit. I can't believe that burmese man think that way or do they? I can elaborate on that later...:D
    ReplyDelete
  8. Political question by mr.curious and love question by ju will be added to coming up Q&A post.
    Thanks.
    ReplyDelete
  9. မေးမယ်နော် ကျန်းမာေ၇းနဲ့ ဆိုင်မလားတော့မသိဘူး။
    မိန်းကလေးတစ်ယောက်ရှိသင့်တဲ့ခန္ဒာကိုယ် အချိုး အစားနဲ့ရှိအောင်ဘယ်လိုအားကစားတွေလုပ်သင့်ပါသလဲ။ နောက်ပြီး ဆံပင်ကျွတ်တာကို ဘယ်လို သန်အောင်လုပ်နိုင်ပါသလဲ။ ကျေးဇူးတင်ပါတယ်။ နောက် လဲမေးပါအုံးမယ်။ တီးဝိုင်းတော်သားများအားလုံး ကျန်းမာကြပါစေ။ :D
    ReplyDelete
  10. www.royal-myanmar.com က မေးချင်ရာ မေး ကို လို လိုက်လုပ် တာလား ဟင်။ အဲ.မှာ လဲ မေးလို.ရတယ်
    ReplyDelete
  11. misterေ၇
    mister မေးချင်တဲ့နေရာမှာ စိတ်ချမ်းသာသလို မေးနိုင်ပါတယ်။ ပြောချင်တာ တစ်ခုကတော့ ဒါဟာ လိုက်လုပ်တာ မဟုတ်ပါဘူး.. ကျွန်တော့်အိမ်က သူ့ရြဲ့ စာဖတ်ပရိသတ်တွေကို အကောင်းဆုံး ဖြစ်အောင် အမြဲတမ်း အကူအညီပေးဖို့ ကြိုးစား နေတာပါ။ ကျွန်တော်တို့ အမြဲတမ်း ideas တွေ ဆန်းသစ်ပြီး အားလုံးကို အဆင်ပြေအောင် အမြဲကြိုစားနေပါတယ်။ ကျွန်တော် ဒီ အစီအစဉ်မစခင်က Royal Myanmar က ဘာတွေ လုပ်နေတယ် ဆိုတာကိုလည်း သိမထားပါဘူး။ ကျွန်တော်သိတာ တစ်ခုက ကျွန်တော်တို့ အမြဲအားထုတ်နေတာ တစ်ခုကိုပဲ သိထားပါတယ်။
    လေးစားလျှက်
    Tea
    ReplyDelete
  12. star ရေ
    ကျွန်တော် မေးခွန်းကို ဒေါက်တာရမ်းကုဆီကို mail ပို့လိုက်ပြီ။ လာမယ့် ပိုစ့်ကျရင် ဒီမေးခွန်းကို ထည့်လိုက်ပါမယ်။
    ReplyDelete
  13. ကိုတီးတို့ဘလော့ကနိုင်ငံရေးဘက်မှာ အရမ်းကိုတက်ကြွ နားလည်တယ်ဆိုတော့၊ သမီးသိချင်တာတစ်ခုမေးပါရစေရှင့်။ သမီးတို့မြန်မာပြည်ကြီးဘယ်တော့လောက်များ ဒီမိုကရေစီဆိုဒါကြီးကိုရမလဲမသိဘူးနော်၊ အဲဒါလေးကို ကိုတီးတို့အဖွဲ့ အမြင်အရဖြေပေးပါလား။
    သမီးမေးခွန်းကို မပယ်လိုက်ပါနဲ.နော်။
    လေးစားလျှက်
    ခင်ခင်
    ReplyDelete
  14. မခင်ခင်ရဲ့မေးခွန်းကိုလည်း လာမယ့် post မှာထည့်လိုက်ပါမယ်ဗျာ..
    ReplyDelete
  15. I'm wondering about myanmar girls...some say that most of myanmar girls really care about money and if you are rich, it's really ezy to be a couple with them. First I didnt believe that and I tested one girl who lives in yangon and she is not a poor girl but she did care about the money as well...I'm really wondering why they do care the money?MONEY CAN MAKE ANYTHING? I reckon that's really bad for these girls...Are they always thinking to get rich guys and wanna lve in overseas and wanna go shopping there and wanna be popular that "Ohh..I've been this bloody country blur blur" . Sorry about my long questions cuz im really concerned these shitty girls..
    ReplyDelete
  16. ကျေးဇူးပါကိုတီး။ နောက်တစ်ပါတ်မျှော်နေပါ့မယ်။
    ReplyDelete
  17. Joey ရဲ့ မေးခွန်းကိုလည်း ထည့်သွင်းလိုက်ပါပြီ..
    လောလောဆယ် Star မေးသွားတဲ့မေးခွန်းက ဒေါက်တာရမ်းကုက ဖြေဆိုရာမှာ တိုတောင်းတဲ့ အဖြေပေးလို့ အဆင်မပြေတဲ့အတွက် ကျွန်တော်တို့ ပိုစ့်တစ်ခုလုပ်ပြီး အရင် ဖြေဆိုပါမယ်။
    ReplyDelete
  18. မေးချင်ရာမေး ဂုရုကြီးခင်ဗျား...
    အနော် သိချင်တာလေးတစ်ခုရှိလို့ ထပ်မေးလိုက်ပါတယ်ခင်ဗျား။
    အနော်က iPhone ကို ချင်ကာပူ မှာ တရားဝင်မရောင်းခင်ကတည်းက ခိုးပြီးသုံး (အဲ.. ဟုတ်ပေါင်) Singapore က Simlim Square က နေ ၀ယ်သုံးခဲ့ပါတယ်။
    (ချင်ကာပူမှ မူလပထမဘရာကြော်.. အဲလေ.. မူလပထမ စတင်သုံးခဲ့သူပါ .. ကြွားတာ.. ကြွားတာ... အခွင့်ရတုန်းလေး.. ကြွားရတာ..) :P
    အဲဒီအချိန်တုန်းက iPhone က ချင်ကာပူ မှာ တရားမ၀င်သေးတော့ iPhone Log ကို ဖျက် ပြီး hack လုပ်ရပါတယ်။
    အဲလို hack လုပ်တာကို အနော် ၀ယ်ခဲ့တဲ့ဆိုင်က ၀န်ထမ်းများက လုပ်ပေးပါတယ်..
    (တခါတရံ iPhone က နေ အင်ချတော လုပ်ရင်း နဲ့ hack လုပ်ထားတာက LOG ပြန်ကျ သွားရင် အဲဒီဆိုင်ကို ပြန်သွားပို့ပြီး ပြန် hack လုပ်ရပါတယ်။ hack လုပ်ခ ထပ်ပေးရပါတယ်..)
    ဟော.. အခု .. ချင်ကာပူမှာ တရားဝင်သွားပြီဆိုတော့...
    အရင်က အဲလိုမျိုး ၀ယ်ပြီး သုံးထားတဲ့ ဖုန်းတွေက အခု Hack လုပ်စရာ လိုသေးလား ..မလိုဘူးလား ဆိုတာ သိပါရစေ..
    ပြီးတော့...
    အရင်တုန်းက ဘာကြောင့် hack လုပ်ရတယ်ဆိုတာကိုလည်း သိပါရစေ..
    ကျေးဇူးတင်စွာဖြင့်
    ကိုဖြိုး
    ReplyDelete
  19. star ရေ
    ဒေါက်တာက star ရဲ့ မေးခွန်းကို ပြန်ဖြေပေးပြီးသွားပါပြီ... ဒီကိုသြွးပြီး ကြည့်လိုက်နော်
    http://www.myhome16.com/2008/09/blog-post_6550.html
    ကျန်တဲ့ ဒုတိယအပိုင်းကို လာမည့် ASK ME စားပွဲဝိုင်းရဲ့ A&Q ပိုစ့်မှာထည့်လိုက်ပါမယ်။
    ReplyDelete
  20. ကိုဖြိုးရေ.. စာရင်းထဲသွင်းထားလိုက်ပြီဗျာ..
    ReplyDelete
  21. ယူနီကုဒ်နဲ့ မြန်မာလိုရေးထားတဲ့ဘလော့တွေကို ဖောင့်အင်စတောလုပ်စရာမလိုဘဲဖတ်လို့ ရတဲ့ဆိုဒ်တွေရှိပါတယ် ဥပမာ
    http://lovetoeternal.blogspot.com/
    http://www.khitpyaing.org/
    အဲဒါဖောင့်အင်စတောလုပ်စရာမလိုဘဲဖတ်လို့ ရအောင် text တွေကို select လုပ်လို့ ရအောင်ဘယ်လိုလုပ်သလဲသိချင်ပါတယ်
    ReplyDelete
  22. ကိုဝေရဲ့မေးခွန်းကိုလည်း ထည့်ထားလိုက်ပါတယ်။
    ReplyDelete
  23. မေးချင်တာကတော့
    လူတွေကလေ၊ အသဲကွဲပြီးရင်ပေါ့ အသဲအသန်ခံစားနေကြရတယ်။ သေတော့မလို၊ အသက်ပဲထွက်တော့မလို၊ ဖြစ်နေတာမှ စုံနေတာပဲ
    ဒါပေမယ့်လေ
    နည်းနည်းလည်းကြာရော နောက်တစ်ယောက်နဲ့တွေ့သွားရော အဆင်တွေပြေသွားရော
    အရင်ကပြောတော့ တစ်ယောက်မှတစ်ယောက်ပါတဲ့ ဒီတစ်ယောက်မရရင်သေရပါမယ်တဲ့ စုံနေတာပါပဲ ဒါပေမယ့် နောက်ဆုံးကျတော့ ဒုံရင်းပါပဲလေ။
    လူတွေအားလုံးဒီလိုပဲလား?
    ReplyDelete
  24. We have no idea how you all look like especially and I'm kind of curious to put a face behind the posts. Would u mind posting the blogger pics or share with a few of us by having us join a private forum if you are worried to post the pics publicly.
    ReplyDelete
  25. ကျွန်တော့မေးခွန်းကိုဖြေကြားပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်
    ReplyDelete
  26. Hi Ko Tea, This is Joshua. I want to ask you one question. Normally, I'm smoker. I use to smoke 3days/pack. I knew that this is not a good habit. SO, my question is, " How to pervent for bad health" for smoker. I means like myanmar medicine. or English medicine. Please don not tell "Don't Be Smoke" . I'm smoking but on the other hand , I want to take some medicine for good health. Especially for Lungs and liver . Please kindly be reply to me. I'm representitive for all my friends. Thanks you.
    ReplyDelete
  27. To satsu,
    It's impossible for most of the bloggers including everyone at www.myhome16.com to share personal information. I am sorry, but it is the way it is.
    To Joshua,
    Your question will be answered at ASK ME Part 3.
    To သိလိုသူ,
    မေးခွန်းကို ASK ME Part 3 သို့ ထည့်လိုက်ပါမည်။
    အားလုံးကိုလေးစားလျှက်
    ReplyDelete
  28. လွန်ခဲ့တဲ့ တလက iPodTouch 32 GB တလုံး ၀ယ်ခဲ့ပါတယ်။ နောက်တော့ FreeWare တွေ download ပါတယ်။ အားလုံး ၆၀ လောက်ရှိမယ်။ အဲထဲက တခု install လုပ်ပြီး run ကြည့်တာ hang သွားပါတယ်။ reset ပြန်လုပ်လို့လည်း မရတော့ပါ။ ပြန်လုပ်တိုင်း Apple icon လေးပေါ်နေတာကနေ မတက်တော့ပါ။ Any help will be highly appreciated.
    ReplyDelete
  29. What does that "16" means in "MyHome16" ?
    ReplyDelete
  30. အခုလက်ရှိ ကျွန်တော်တို့ တိုင်းပြည်ကို U.K ရဲ့ ကိုလိုနီအောက်မှာ ရှိနေတာထက် လက်ရှိ စစ်အစိုးရက အုပ်ချုပ်နေတာက ဘယ်တစ်ခုက ပိုပြီး ကောင်းမွန်မည်ဟု ထင်ပါသနည်း။ ဘာကြောင့်နည်း။
    ReplyDelete
  31. မိန်းကလေးတစ်ယောက်အတွက် ဘယ်လိုယောက်ျားမျိုးက Perfect ဖြစ်စေမယ်ထင်လဲ?
    ထောင့်ပေါင်းစုံကနေ ဖြေပေးစေချင်ပါတယ်။
    Myhome16 က မမေသူ၊ မပေဖူး၊ မအိတာ တို့ ၃ယောက်လုံးကို ဖြေစေချင်ပါတယ်။
    ReplyDelete
  32. Just want to put a question that what do you think of an old saying that says "Every country has the government it deserves".We(burmese) normally complaint that currently ruling military junta is the worst government ever in this 21st century.There is no doubt that they really are but that is not the point.The point is Do we really deserve Democracy ?????Don't get offended, I was just trying to point out from the different perspective.Just sitting down at the corner and keep insist telling people that I want Democracy won't get us anything.I want our people to work even harder than ever to achieve our goal.I hope you all have the ability to read between the lines and would get my point that what I am trying to say.And kindly respond to my question.
    Regards
    Patriot
    ReplyDelete
  33. Hi Tea....
    My name is Tom. I want to ask you some question. If you can, pls help me. I'm not very good with computer. My computer had already got virus, and I tried to install anti- virus software, but it didn't work. So what I'm soppose to do. I also couldn't install flash player after my computer was attacked by virus. I also couldn't find run box in start menu. I will really appreciate for your help. Thanks.
    ReplyDelete
  34. လူတစ်ယောက် အရမ်းစိတ်ရှုပ်ပြီး စိတ်ဓါတ်ကျနေပြီဆိုရင် ကျန်းမာရေးအရ ဘာလုပ်သင့်လဲဆိုတာ ဖြေပေးပါနော်..။
    ReplyDelete
  35. Same question to four of you guys from myhome16.
    What type of "girl" make u think perfect??
    I am so looking forward to your answers.
    ReplyDelete
  36. ကျွန်တော်မေးချင်တာလေးတစ်ခုရှိလို့ပါ။
    ဟမ်းဖုန်းတွေကနေအင်တာနက်ကြည့်တာကို
    မြန်မာနိုင်ငံမှာလည်းရနေပြီလို့ပြောပါတယ်။
    အဲဒီအကြောင်းသိချင်လို့ပြည့်ပြည့်စုံစုံလေးပြောပြပေးပါခင်ဗျာ။
    ဟုတ်ပါသလား။ ၀န်ဆောင်ခတွေကကောဘယ်လိုရှိပါသလဲသိချင်ပါတယ်။
    ReplyDelete
  37. ဒေါက်တာရမ်းကု ကြီးရေ ကူညီပါဦး ဂျို့ အရမ်းထိုးနေပါတယ်၊ သုံးရက်လောက်ရှိပါပြီ၊
    ဘာကြောင့် ဖြစ်ရတာရယ် ဘယ်လို ကုစားရတယ်ဆိုတာလေးကို အမြန်ဆုံးပြောကြားပေးပါဗျာ
    PreOfficer
    ReplyDelete
  38. ကျွန်တော်သိချင်တာက လူတစ်ယောက်ဟာသာမာန် အချိန်မှာ ချွေးမထွက်ပဲ ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် မှချွေးထွက်တာပါ..ရေလောင်းထားသလိုအလွန်ထွက်တာပါ အပြင်မှာရာသီ ကမိုးအေးပြီးရွာနေရင်လည်းဖြစ်တာပါပဲ. ညတိုင်းပါ.နေခင်းဘက် air-con ထဲမှာ နေလို့ဖြစ်တာ လားဟင်....ကျွန်တော်အလုပ်က engineer ပါ...singapore မှာပါ.ကိုယ်ကိုယ်ကိုသာမာန် မဟုတ်သလို ခံစားရနေလို့ပါ။
    လေးစားစွာဖြင့်
    ReplyDelete
  39. ကျွန်တော့်အိမ်ဝိုင်းတော်သားများ အားလုံး မင်္ဂလာပါဗျာ။
    ကျွန်တော်မသိတာလေးလည်း တစ်ခုမေးရဦးမယ်။ အင်တာနက်မှာ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတို့၊ မြန်မာစာသဒါဆိုင်ရာတွေ လေ့လာဖို့ပြုစုပြီးတင်ထားတာလေးများရှိရင် အညွှန်းလေးတဆိတ်လောက်ဖြေကြားပေးပါဦးဗျ။
    ReplyDelete
  40. this's for ask me စားပွဲဝိုင်း, is brain drain a problem for myanmar now?
    Remark by Tea: this question was pasted from cbox to this main place. The question was asked by braindrain.
    ReplyDelete
  41. အချစ်ကို အဓိပ္ပာယ် ဖွင့်ပေးပါ
    ReplyDelete
  42. ဟုတ်ကဲ့။ အမေရိကန်ပညာရေး ပိုစ့်လေးဖတ်ပြီး မေးခွန်းလေး ပေါ်လာလို့မေးချင်တာပါ။ အမေရိကန်ပညာရေးနဲ့ မြန်မာပြည်က ပညာရေးနဲ့ဘာများ ကွာခြားပါသလဲ?
    ReplyDelete
  43. Dear Members of Myhome16 blog, let me ask you a question! I am your blog's daily fan. Then, I am a pre-med student at a New York City college and I want to know what is the best major for me. In fact, I already think of what should I major, but I just wanna know your idea. I w'll wait for your answer. Thank you!
    ReplyDelete
  44. Anybody from SINGAPORE???
    I would like to ask a question concerning what it takes to invite a friend to visit Singapore for a week or two?
    I'm not from sg and I am visiting singapore. I don't have a problem to visit there but, I would also like to invite a friend from Myanmar to come visit Singapore while I am there. I was wondering what are the requirements for that person providing that that person already has a passport and worked in singapore. Any info would be appreciated as I'm not familiar with sg imm. laws.
    thanks!!!
    Hope to hear from u soonnnn
    ReplyDelete
  45. ကျွန်တော့် အိမ် ကို ကျွန်တော့် ကဗျာလေးတွေပို့ ချင်လို့ 
    ပါ......ဘယ်လိုပို့ ရမယ်ဆိုတာလေးသိချင်လို့ 
    ကျေးဇူးပြုပြီး....
    ReplyDelete
  46. ကိုတီးရဲ့ SAT-I အကြောင်းကို ဖတ်ပြီး ဗဟုသုတတွေအများကြီးရသလို US မှာစာဖတ်ဖို့ စိတ်ကူးရှိတဲ့ ကျမအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ ဖြစ်နိုင်ရာ SAT-II အကြောင်းကိုပါ အတတ်နိုင်ဆုံး ပြောပြစေချင်တယ်။ ကျေးဇူး။
    ReplyDelete
  47. If access denied but I can see & read.
    kyaw tar khwa tar
    ReplyDelete
  48. အရမ်းတော့ကြာနေပါပြီ..ငယ်ငယ်တုန်းက နားထောင်ခဲ့ဘူးတဲ့ သီချင်းလေးပါ..မြန်မာနိုင်ငံအကြောင်းရေးထားတဲ့..."ရတနာမြေ"ဆိုတဲ့ သီချင်းလေး နားထောင်ချင်လို့ လိုက်ရှာနေတာ..အခုထိ မတွေ့သေးဘူး..ဘယ်မှာရှာလို့ ရနိုင်မလဲ ဟင်..? yin minn thwin
    ReplyDelete
  49. ကိုသင့်June 6, 2009 at 1:30 PM
    ကျနော်လည်း တခုလောက်ဝင်မေးချင်ပါတယ်.. လက်ရှိနိုင်ငံရေးအခြေအနေဟာ ဦးသန်းရွှေ နဲ့  မိသားစုရဲ့  ကိုယ်လွှတ်ရုံးနိုင်ဖို့ လား.. အချိန်ဆွဲရုံသတ်သတ်လား ဆိုတာ ဘယ်လိုများမြင်ပါသလဲ..
    ReplyDelete
ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။