
ဒီနှစ် ချစ်သူများနေ့ Valentine Day မှာ ထူးထူးခြားခြားလေး ဖြစ်သွားအောင် Myhome16က မောင်နှမတွေ အားလုံး အတူတူ ပိုစ့်လေး တစ်ခု လုပ်ပြီး တင်ဆက်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒီနှစ် ချစ်သူများနေ့က Myhome16 က မောင်နှမ ၇ယောက်လုံးအတွက် သိပ်ပြီး ရင်ခုန်စရာ ကောင်းတဲ့ ချစ်သူများနေ့ မဟုတ်နေဘူး။ ချစ်သူနဲ့ ဝေးတဲ့လူက ဝေးနေတယ်။ အတိတ်က ချစ်သူကြောင့် အခုထိ မပျော်နိုင်တဲ့ လူတွေလည်း ရှိတယ်။ ဒီကြားထဲမှာ Imaginary အချစ်ပိုင်ရှင်ကလည်း တစ်မျိုး။ ပိုဆိုးတာက ထမင်းငတ်တဲ့လူကလည်း ရှိသေးတယ်။ နောက်ထပ် ချစ်သူများနေ့ကို ရင်မခုန်ပါဘူးဆိုတဲ့ လူကလည်း ရှိတယ်။ ဒီလိုနဲ့ ခံစားချက်တွေ က တစ်ဦးနဲ့ တစ်ဦး မတူနေပေမယ့် အားလုံးကို ခြုံပြီး ပြောရရင် ယခုနှစ် Myhome16 ရဲ့ Valentine Day ခံစားချက်ကတော့ ....

အတိတ်ကို ပြန်လှည့်ကြည့်တိုင်း ငါမင်းကိုသတိရတဲ့ သွေးနွေးနွေးလေး စီးဆင်းတယ်။
ပန်းတွေ တစ်ရာသီပြီး တစ်ရာသီ ဖူးပွင့် ဝေဆာခဲ့ပေမယ့်
ရင်ထဲက ပန်းတစ်ပွင့်ကတော့ ဖူးပွင့်မလာခဲ့ဘူး။
တစ်ကြိမ်တစ်ခါ မက်ဖူးတဲ့ အိပ်မက်ဆိုပေမယ့် အခါခါနစ်မွန်းခဲ့ပေါ့...

ချစ်သူများနေ့မှာ ချစ်သူနဲ့ အတူမရှိနေပေမယ့် အရင်က အတူရှိနေခဲ့တဲ့ ချစ်သူများနေ့ကို သတိရမိတယ်။ ချစ်သူနဲ့ ကွေကွင်းရခြင်း ဆိုတဲ့ ဆင်းရဲဒုက္ခကို ဘယ်တော့မှ မခံစားရဖို့ ဆုတောင်း တတ်ပေမယ့် ဆုတောင်းက မပြည့်သေးဘူး။ လွယ်လွယ်နဲ့ သတိမရအောင် အမြဲ ကြိုးစားနေပေမယ့် မအောင်မြင်သေးဘူး။ ရင်ထဲမှာ အတိတ်ရဲ့ နွေးထွေးမှုတွေ၊ ပစ္စုပန်ရဲ့ ခါးသီးမှုတွေ၊ အနာဂတ်ရဲ့ အေးချမ်းမှုတွေက ရောထွေး စီးဆင်းနေတယ်။ ကိုယ့်ဘ၀မှာ နာရီတိုင်း မိနစ်တိုင်း ဆုံးဖြတ်ချက်တွေ ခံယူချက်တွေနဲ့ အနာဂတ်ခရီးအတွက် အားနဲ့အင်နဲ့ လျှောက်လှမ်းနေတဲ့ အဓိက အကြောင်းတစ်ခုက မင်းပဲ ဆိုလည်း မှားမယ် မထင်ဘူး။

ဖေဖော်ဝါရီရောက်ရင် ရင်ခုန်မိတယ်။ ဒါပေမယ့် Valentine's day ကြောင့် ရင်ခုန်တာ မဟုတ်ဘူး။ ဖေဖော်ဝါရီလက ငါ့တို့ ရဲ့ လွတ်လတ်ရေး ဖခင်ကြီး မွေးနေ့မို့ အသိအမှတ် ပြုဂုဏ်ယူမိတယ်။ ကမ္ဘာမြေပေါ် သူရဲကောင်း တစ်ယောက် ပေါ်ထွန်းခဲ့လို့ ကျေနပ်မှု တွေကြောင့် ဖေဖော်ဝါရီကို ရင်ခုန်တယ်။ နောက်တစ်ယောက်က ဘယ်တုန်းက မှ တိုင်းပြည် အပေါ် လူမျိုး အပေါ် မှာငဲ့ညှာ မစဉ်းစား ခဲ့တဲ့ လူယုတ်မာ သန်းရွှေ မွေးနေ့အတွက် ဒေါသ ဖြစ်မိတယ်။ နောက်တစ်ယောက်က ကျေးဇူးရှင် အနန္တဂိုဏ်ဝင် ဖေဖေ က လည်း ကျမ ဘ၀ရဲ့ သူရဲကောင်း တစ်ယောက် အဖြစ် ရှင်သန်ခဲ့တဲ့လ။

အော်….အချစ်……ကိုယ့်ကို ပျော်ရွှင်အောင် လုပ်တာလည်းမင်း၊
ကိုယ့် နှလုံးသားကို ဒဏ်ရာရအောင်လုပ်တာလည်းမင်း၊
မင်းဟာ တစ်ခါတစ်ရံ ပန်းဖူး ပန်းငုံလေးလို ချစ်စရာကောင်းသလို
တစ်ခါတစ်လေတော့လည်း နာဂစ်(စ)မုန်တိုင်းလို ၀င်မွှေတတ်တယ်နော်…
မင်းကိုတစ်ခါတစ်လေ ငါစိတ်ကုန်လွန်းလို.ရှောင်ပြေးသွားချင်ပေမယ့်လည်း
မင်းက ငါ့ကို နွယ်ပင်လို ပြန်ပြီး ရစ်ပတ်ပြန်တယ်……
အော်……ငါကလည်း ပုထုဇဉ်လူသား တစ်ယောက် ပေကိုး….

သြော်... ချစ်တယ်. ချစ်တယ်. ချစ်တယ်. အရမ်းချစ်တယ်.. အလွန်ချစ်တယ်.. သေမတတ်ချစ်တယ်. ချစ်တယ်. ချစ်တယ်. ချစ်တယ်. သြော်... ကောင်း၏။
ကျုပ်အချစ်က မဟာတံတိုင်းထက် ခိုင်မြဲတယ်။ ထိုင်ပေ ၁၀၁ တာဝါထက်မြှင့်တယ်။ ဘေဘီလုံ ဥယျာဉ်ထက် အေးမြတယ်။ လေဘာတီရုပ်ထုလို လွတ်လပ်မှုတွေ သယ်ဆောင် ပေးမယ်။ အိမ်ဖြူတော်ထက်လည်း ဖြူစင်တယ်။ ဘယ်ဟာနဲ့မှ နှိုင်းလို့မရအောင် မင်းကို ချစ်တယ်။ ကျုပ်ဘယ်လောက် ချစ်နေနေ... ခက်တာက မင်းက အိပ်မက်ထဲကချစ်သူ ဖြစ်နေတော့...

သတိရနေတယ်။ ဘာတွေ ဘယ်လိုပဲ ပြောင်းနေပါစေ။ ရှင် ကျမကို ဘယ်လိုပဲ ရက်စက်ခဲ့ပါစေ ရှင့်ကိုပဲ အမြဲတမ်းတမ်းတတချစ်နေမယ်။ ဘယ်သူ ဘယ်ဝါဆီက ကဒ်တွေ ပန်းစည်းတွေ ချောကလက်တွေပဲ ရနေရနေ အားလုံးဟာ ဆေးမရေးရသေးတဲ့ ပိတ်သားပြင်လို ခံစားချက်မရှိ ဗလာနတ္တိဖြစ်နေတာလေ။ ဒီနေ့ ဒီအချိန်မှာ ကျမ တစ်ကိုယ်တည်းသမား ဖြစ်နေလို့ ၀မ်းမနည်းပါဘူး။ ရှင့်ဘေးနားမှာ ကျမမရှိဘဲ ရှင်တစ်ယောက်တည်း အထီးကျန်နေတာကိုပဲ စိတ်မကောင်း ဖြစ်မိတယ်။

အချစ်ဆိုတာမျက်စိမပါဘူးလို ကျွှန်တော်ယုံကြည်ပါတယ်။ မျက်စိမပါသောအချစ်ကလည်းကြာကြာခံမှာ မဟုတ်ပါဘူး။ ကျွှန်တော်ကတော့ ၁၅၀၀အချစ်ဆိုတဲ့ အရာ သွင်ပြင် မရှိသော အရာလို့မြင်တယ်။ ကိုင်လို့မရပေမဲ့အေးချမ်းမှု ပေးနိုင်တယ်။ အေးချမ်း ပေမဲ့ရင်ကိုပူလောင်စေတယ်။ စိတ်ကိုလှည့်စားနိုင်ပြီး လူ၏စိတ်ကို အလိုလိုပျော်အောင်လုပ်နိုင်တယ်။ ကျွှန်တော့်အတွက်တော့ အကောင်းဆုံးအချစ်ကတော့ အချင်းချင်းနာလည်မှုပေးရှိချင်းပါဘဲ။ ဒါမှကြာရှည်တည်မြဲမှာပါ။ ဒီ Valentine day ကတော့ ကျွှန်တော် ထမင်ငတ်တဲ့နေ့ပါဘဲ။
2009 ဖေဖော်ဝါရီ ၁၄မှာ ကျရောက်လာသော ချစ်သူများနေ့မှာ အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေလို့ Myhome16 Family မှာ ဆုမွန်ကောင်း ပို့သလိုက်ပါသည်။www.myhome16.com
မိုင်ဟုမ်းက ဗန်လတိုင်းမှာ ဘယ်လိုတွေဖြစ်နေကြတာတုန်း :D
ReplyDeleteသြော် ဒါနဲ့ လင်းစစ်သူက ဒါလေးပါ ထည့်ပေးပါဆိုလို့ ထည့်ပေးလိုက်တယ်နော်
ReplyDeleteလင်းစစ်သူရဲ့ဒုတိယအပိုင်း
ကျွန်တော့်အတွက်တော့ ထူးမခြားနား သာမာန် နေ့ပါပဲ။ ဒါပေမယ့် သူငယ်ချင်း အတွဲတွေ အချစ်ကဲနေကြတာတွေ့ တော့ ပျော်ရွှင်မှုပီတိတွေ ဖြာဝေမိပါ၏။ ပျော်ရွှင်စရာ လူလွတ်နေ့ပါဗျာ။
မပေဖူးနဲ့မအိတာကခပ်ဆင်ဆင်ပဲနော်
ReplyDeleteမမေသူ့ကိုတော့လေးစားသွားပြီ
ချစ်သူနဲ့ကွေကွင်းတာကအရမ်းခံရခက်တယ်ဆိုတာ နားလည်ပါတယ်
ReplyDeleteခံစားချက်လေးတွေ ဖတ်ရှုသွားပါတယ်
ReplyDeleteခံစားချက်တွေကိုဖတ်သွားပါတယ်
ReplyDeleteHappy Belated Valentine ပါ မိုင်ဟုမ်း