ပြည်ထောင်စုနေ့ ဆိုတာကလည်း ကျွန်တော်တို့ တိုင်းပြည်အတွက် အင်မတန် အရေးပါလှသော နေ့ရက်တစ်ရက်ပင် မဟုတ်ပေလော။ တိုင်းပြည် တစ်ဝှမ်းလုံးမှာ ရှိတဲ့ တိုင်းရင်းသားတွေ အားလုံးရဲ့ သွေးစည်း ညီညွတ်မှုကို တစ်ချိန်က ပင်လုံစာချုပ်ကြီးက မားမားမတ်မတ် သက်သေထူ အောင်လံလွင့်ခဲ့တယ်။ လွတ်လပ်ရေးကို ရယူ ဆွတ်ခူး ဖို့ လမ်းဖောက်ခဲ့ပြီး တိုင်းပြည် တစ်ဝှမ်း စည်းလုံးမှု ကို ထူထောင်ခဲ့တယ်။ တောင်ပေါ်နှင့် မြေပြန့် ခွဲခြားမှုမရှိ၊ လူမျိုးစုတွေ တိုင်းရင်းသားတွေ ဘယ်လိုပဲ များပြားစွာ ရှိနေပါစေ၊ အားလုံးဟာ တစ်မြေထဲနေ တစ်ရေထဲသောက် တိုင်းပြည်ကြီးရဲ့ သွေးသား တွေ ပါဆိုပြီး သစ္စာပြုခဲ့တယ်။
ဒီနေ့ဒီရက် ဒီအချိန် ဒီစက္ကန့်မှာ ကျွန်တော်တို့ တိုင်းပြည်ကြီး လွတ်လပ်မှုတွေ ပျောက်ဆုံး ကုန်ပြီလော? ညီတူညီမျှ အခွင့်အရေး မရရှိနေတဲ့ တိုင်းရင်းသား လူမျိုးစုတွေ၊ အပေါ်ယံ သာသာမျှသာ လွှမ်းထားနိုင်တဲ့ အတုအယောင် လွတ်လပ်ရေး၊ လူ့အခွင့်အရေးတွေ ပျောက်ဆုံးကုန်တဲ့ ဒီမြေ တောင်တောင်၊ ဒီကြားထဲမှာ လွဲမှားနေတဲ့ ယုံကြည်မှုတွေ၊ အသိဥာဏ်တွေ၊ အကြားအမြင်တွေ၊ ဒါတွေ အားလုံးဟာ ရင်နာစရာတွေလား နာကျည်းစရာတွေလား? ဒါမှမဟုတ် ကံကြမ္မာ၏ စေခိုင်းမှုလား? အမှားနှင့် အမှန် အားပြိုင်လိုက်တိုင်း အမှန်တရားက မားမားမတ်မတ် အောင်လံလွင့်ရမယ် ဆိုတဲ့ ခံယူချက် အမှန်တရား စွမ်းအင်က ဒီနေရာမှာ မှားယွင်းနေပြီလော? နှစ်ပေါင်းမြောက်မြားစွာ ကြာမြင့်ခဲ့တဲ့ ဒီမိုကရေစီ လျှောက်လှမ်းမှုကြီးရဲ့ အောင်မြင်မှု ပန်းတိုင်က တစ်ပေအကွာမှာလော၊ မိုင်တစ်ထောင် အကွာမှာလော? ဒီလိုနဲ့ပဲ ကြေကွဲမှုတွေ၊ နာကျည်းမှုတွေ၊ ခံရခက်တဲ့ နေ့ရက်တွေ အချိန်တွေ နာရီတွေ ကြားထဲ တိုင်းပြည်ကြီးက လူစွမ်းကောင်းတွေ သူရဲကောင်းတွေ မြောက်မြားစွာကို ဆုံးရှုံးခဲ့ပြီ။ အနာဂတ်ရဲ့ လမ်းစဉ်က မည်သို့ရှိမည်နည်း။
စည်းလုံးခြင်း ဟူသည် ဘာနှင့်မှ လဲယူလို့ မရတဲ့ အင်မတန် အစွမ်းထက်သော လက်နက် တစ်ခုပင်တည်း။ စည်းလုံးခြင်း မရှိက ဘယ်လမ်းစဉ်မှ အောင်မြင်စွာ လျှောက်လှမ်း နိုင်လိမ့်မည် မဟုတ်။ ဘယ်ပန်းတိုင်မှ ရောက်ရှိလိမ့်မည် မဟုတ်ပေ။ စည်းလုံးခြင်း မရှိပါက အရာအားလုံး သဲထဲ ရေသွန်ဆိုသလို အကျိုးရှိလိမ့်မည် မဟုတ်။ စည်းလုံးခြင်းသည် အားလုံးသော ပြည်ထောင်စု၏ သွေးသား လူမျိုးတွေ၏ ကြားခံနယ်မြေ တစ်ခုဆိုလည်း မှားမည် မဟုတ်ပေ။ လွတ်လပ်ရေး၏ အနှစ်သာရ စင်စစ်ကို ပြည်ထောင်စု တစ်ဝှမ်းလုံးရှိ ညီအစ်ကို မောင်နှမတွေ အားလုံး အမှန်စစ်စစ် ရယူ ပိုင်ဆိုင် ခံစားရမှသာလျှင် ရှင်သန်ခြင်း၏ အနှစ်သာရ တစ်ခုပင်။
ဒီလိုနဲ့ အခက်အခဲတွေ အခါခါ ကျော်ဖြတ်ရင်း ကျော်ဖြတ်ရင်း အဆုံးပန်းတိုင် အောင်မြင်ခြင်းကို ရောက်ရှိစေဖို့ ဒီ "စည်းလုံးခြင်း" ဆိုတဲ့ လက်နက်က ဦးဆောင် လမ်းပြ သွားမည်။ အားလုံး စည်းလုံးဖို့ လိုသည်။ ညီညွတ်ကြဖို့ လိုသည်။ စည်းလုံးခြင်း မရှိပဲနှင့် လွတ်လပ်ရေးဆိုတာ မပေါက်ဖွားနိုင်။ ညီညွတ်ကြကုန်လော့ စည်းလုံးကြကုန်လော့။
စည်းလုံးခြင်းသည် အနာဂတ် အမိမြေအတွက် အင်အားတစ်ခု ပင်တည်း။
၆၂နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုလျှက်
www.myhome16.com
Unity is the Strength!
ReplyDeleteUnity is the Strength!
Unity is the Strength!
Unity is the Strength!
Unity is the Strength!
Unity is the Strength!
Unity is the Strength!
Unity is the Strength!
Unity is the Strength!
Unity is the Strength!
Unity is the Strength!
Unity is the Strength!
Unity is the Strength!
Unity is the Strength!
Unity is the Strength!
Unity is the Strength!
Wish Burma will be with freedom in near Future!
ReplyDeleteနန်း
This comment has been removed by the author.
ReplyDeleteရင်နှင့်အမျှခံစားရပါတယ်
ReplyDeleteအမြဲတမ်းလည်းဆုတောင်းပေးနေပါတယ်
လွတ်လပ်မှုကိုရရှိပါစေ
ရင်ထဲဝယ်ပြည်ထောင်စုနေ့ကို အလေးပြုလျှက်
မစုစုအောင်ရေ ..
ReplyDeleteဒါကတော့ ကျွန်တော်တို့ အားလုံး တူညီစွာ ခံစားနေရတာပါ။
အားလုံးကလည်း ကောင်းစေချင်ပါတယ်..
အားလုံးရဲ့ ဆုတောင်းတွေ ပြည့်ပါစေသား။
Tea
ဘယ်သူခွဲခွဲ ဒို့မကွဲ
ReplyDeleteတိုင်းပြည်အတွက်လိုအပ်နေသော တစ်စုံတစ်ခု
အဟောင်းတွေကိုပါပြန်ဖတ်သွားတယ် Good!
ကျေးဇူးပါ eom.
ReplyDeleteစည်းလုံးခြင်းသည် အင်အားပင် မဟုတ်ပေလော :)
သွေးချင်းမောင်နှမများ စည်းလုံးခြင်းသည်အင်အား
ReplyDeleteစည်လုံးခြင်းအတွက် အမြဲတမ်း သီချင်းတစ်ပုဒ်ရှိနေမယ်
ဟေ့ ဒို့သွေးချင်းညီအစ်အိုများ စည်းလုံးခြင်းသည်အင်အား
စည်းလုံးခြင်းအတွက် အမြဲတမ်းရှိနေမယ်......
ဟေ့
ဟေ့
ဟေ့ ....