Tuesday, December 2, 2008

ကျောင်းတက်နေတယ်ဆိုရင် အပိုင်း(၅)


ကျောင်းတက်နေတယ်ဆိုရင် ဆိုတဲ့ ဟာသပို့စ်လေးတွေကို မတင်တာ တော်တော်လေးကို ကြာပေါ့နော်။ ဘာဖြစ်လို့ မတင်ဖြစ်လဲဆိုရင် အရှေ့က အပိုင်းလေးပိုင်းမှာ ဖြစ်တဲ့အတိုင်းကို ကျောင်းဖွင့်ထဲကကို ဗရုတ်သုတ်ခနိုင်နေတာလေ။ အခုမှာပဲ စာမေးပွဲကြီးနီးပြီဆိုတော့ နည်းနည်းအားနေ…. အဲလေ Home Study Time တွေ ပိုများလာတော့လဲ ပေဖူးလွှာတို့ စာရေးဖြစ်ပြီပေါ့နော်။ အဟိ…..

မရယ်(ရီ)ရသေးတဲ့ လူတွေ အတွက်ကော ပြန်ရီချင်တဲ့ စာဖတ်သူတွေ အဆင်ပြေသွားအောင် အရှေ့က အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃)အပိုင်း(၄) တို့ကို လင့်ခ်ချိတ်ပေးလိုက်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးပါ။ နိုင်ငံရပ်ခြား ရပ်ဝေးမှာ မိဘနဲ့ ခွဲပြီး ကျောင်းတက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်တတ်တဲ့ အကြောင်းလေးတွေကို စာတစ်ကြောင်း ဟာသအဖြစ်ပြောင်းပြီး ဘာသာပြန်ထားတာပါ။ ကိုယ်နဲ့ ကိုက်သွားရင်တော့ ကျိတ်ပြီး ရီလိုက်ပေါ့နော်။ အဟိ။ တစ်ပိုင်းကို ဆယ်ကြောင်းနှုန်းနဲ့ ကိုယ်တိုင်ရေးတန်ရေး၊ ဘာသာပြန်စရာရှိပြန်ပေါ့နော်။ အားပေးခဲ့ကြတဲ့ စာဖတ်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါဧ။်။

၁။ ကြက်ဥကို Microwave ထဲ တမင်ဖြစ်ဖြစ်၊ မသိလို့ပဲ ဖြစ်ဖြစ် ထည့်ပြုတ်တဲ့ ကျောင်းသား ငါးယောက်ထက်မနည်း တွေ့ဖူးပြီ။

၂။ ကိုယ့်bodyမှာ ပွန်းပဲ့ရာတွေ ရှိနေတယ်။ ဘယ်နေရာမှာ ချော်လဲလို့ ဘယ်နား ခြစ်မိမှန်းလဲ မမှတ်မိတော့ဘူး။

၃။ နွေကျောင်းပိတ်လို့ အမေ့အိမ်ပြန်တယ်။ ကျောင်းပြန်ဖွင့်လို့ ပြန်သွားရတော့မယ့်အချိန်တွေဟာ ပထမနှစ်လိုပဲ သစ်လွင်နုပျိုနေဆဲပါ။

၎။ ဒေါ်လာ၁၅၀၀အထက်မှာ တန်တဲ့ Laptop ပေါ်မှာ sandwich တွေ တင်လိုတင်၊ မုန့်ကျွှတ်အမှုန့်တွေ ကျလိုကျ။


၅။ Energy Drink တွေဟာ ကိုယ့်ရဲ့ မခွဲမခွာ သူငယ်ချင်းအသစ်တွေပေါ့။

၆။ Grocery Store တွေမှာ free sample food တွေ လိုက်စားတာ အကျင့်ဖြစ်နေပြီ။

၇။ Noun နာမ်စာလုံးတွေ ဖြစ်တဲ့ “Google” တို့ “Wikipedia” တို့ ဆိုတာ ကောလိပ်မှာ Action Verb တွေ ဖြစ်လာတယ်။

၈။ ရေခဲသေတ္တာထဲနှစ်ပေါင်းများစွာ သိုလှောင်ထားတဲ့ အစာနဲ့ မင်းညီအငယ်ဆုံးနဲ့ ဘယ်သူအသက်ပိုကြီးလဲ???? :D

၉။ Cell Phone ထဲက တချို့နံပါတ်ပိုင်ရှင်နာမည်တွေက “Sketchy Steve”, “Barbie Doll” နဲ့ “Alcohol Dude” ဆိုပဲ။

၁၀။ Cell phone text ရိုက်တာက Keyboard မှာ Type ရိုက်တာထက် ပိုမြန်နေမလားပဲ။

ကဲ ဒီတစ်ခေါက်ကော ဘယ်သူတွေ ဘယ်နှစ်ခုအမှန်ထိသွားလဲ။ 
ပျော်ရွှင်ကြပါစေ။
ပေဖူးလွှာ

7 comments:

  1. energy drink ဆိုတာကြီးတော့မှန်သွားပြီပေဖူးရေ...

    ReplyDelete
  2. hee this time 80% true

    ReplyDelete
  3. ၄။ ဒေါ်လာ၁၅၀၀အထက်မှာ တန်တဲ့ Laptop ပေါ်မှာ sandwich တွေ တင်လိုတင်၊ မုန့်ကျွှတ်အမှုန့်တွေ ကျလိုကျ။

    ReplyDelete
  4. ကိုယ့်bodyမှာ ပွန်းပဲ့ရာတွေ ရှိနေတယ်။ ဘယ်နား ချော်လဲလို့ ဘယ်နားမှာ ခြစ်မိမှန်းလဲ မမှတ်မိတော့ဘူး။

    ReplyDelete
  5. ၁၀။ Cell phone text ရိုက်တာက Keyboard မှာ Type ရိုက်တာထက် ပိုမြန်နေမလားပဲ။

    + ၁၀ = 50%

    ReplyDelete
  6. 4,5,7,9 are true for me....ha ha...

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။