
တစ်နေ့သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေးတိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရလေသည်။
ထိုဆိုင်သို့ ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေးတစ်ကောင်သည် ထိုမိန်းမကြီးအား
(((( အင်မတန်ရုပ်ဆိုးလိုက်တာဗျာ ))))
မိန်းမကြီးခမျာ ဒေါသထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။
နောက်နေ့တစ်ခါ ထပ်မံဖြတ်ကျော်ရပြန်သည်။ ထုံးစံအတိုင်းပင် ကြက်တူရေး သည်
(((( ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီးဗျာ ... ))))
ထိုမိန်းမကြီး အကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင်အား အကြိုးအကြောင်း ပြောပြပြီး နောက်တစ်ခါ ထပ်မံပြောမည် ဆိုပါက ကြက်တူရွေးကိုလည်း သတ်ပစ်မည်။ ဆိုင်ရှင်ကိုလည်း တရားစွဲမည် ဖြစ်ကြောင်း ပြောပြပြီး ဆိုင်မှ ထွက်ခွာသွားလေသည်။
နောက်နေ့တွင် ထိုမိန်းမကြီး ဆိုင်ရှေ့မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေး က ။ ။ ဟိုအမကြီး
မိန်းမကြီး ။ ။ ဘာတုန်း
ကြက်တူရွေး ။ ။ ဟဲ... ဟဲ.. ခင်ဗျားကို ကျုပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ ....
:D
Source : mmcp
No comments:
Post a Comment
ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။