Thursday, November 27, 2008

တိမ်တွေငို တဲ့ ကမ္ဘာ

ရိုးစင်းတဲ့ ရင်ခုန်သံ အောက်မှာ
မငြိုငြင်တဲ့ အပြုမှုတွေကြောင့်
မရိုးရှင်းတဲ့ ရင်ခုန်သံ ကို
ကျွန်းတစ်ခု အဖြစ် ဖန်းဆင်းခဲ့သူက
ငါ့ဘ၀ရဲ့ အချစ် နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ်လို့
စိုးစဉ် မျှတွေးမထားခဲ့မိတာဟာ
အချစ်စစ်ခဲ့တာလား
အပြစ်ဖြစ်ခဲ့တာလား
ဆွံအံနေတဲ့ နှလုံးသားတစ်စုံကို
မင်းဝင်လို့ ခံစား ကြည့်စေချင်တယ်......

တကယ် ဆို အစွန့်ပစ်ခံ ပန်းတစ်ပွင့်မို့
စိုးရွံ့စွာ ရှက်နေမိတာ အမှန်ပါ......
ငါ့ကိုယ် ငါ အရွဲ့တိုက်လို့
ငါ့စိတ်ကို အမှောင်ချခဲ့ပေမယ့်
ရင်ခုန်သံတွေက တုန်လှုပ်နေဆဲပါ.....

ရင်ခုန်သံတွေ စည်းခြား
ကမ္ဘာတစ်ခု ကို စွန့်ခွာခဲ့ပေမယ့်
ငါ့နှလုံးအိမ်က
တိမ်တွေနဲ့ အတူလွင့်မျောကျန်ခဲ့မှန်း
ဘ၀ခြားမှသိခဲ့ရတယ်.....

2 comments:

  1. အစွန့်ပစ်ခံပန်းတစ်ပွင့်သို့
    (Dedicated to SUNSHINE)


    နွမ်းလျစမ်းပါမြဲ ပန်းကပန်းပါဘဲကွယ်
    မလန်းပေမဲ့လဲ ပန်းတွေရဲ့အသဲမှာ
    ကဗျာလေးတွေရှိနေခဲ့တယ်

    ရင်မှာအချစ်မည်ပန်း
    အကြင်နာဝတ်ရည်ခမ်းလို့
    နေအောက်မှာနွမ်းနေလဲ
    မနမ်းရဲရင်ထားခဲ့ကွယ်

    ReplyDelete
  2. ကဗျာလေးက လွမ်းရပါတယ် ဆွေးရပါတယ်

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။