Monday, November 24, 2008

ဂျော်နီဝါကာကြောင့် အသည်းကွဲကြသူများ

ကျမ ပိုင်ဆိုင်ခဲ့ ဖူးတဲ့ ချစ်ခြင်းတိုင်းကို လေးစားလို့ အလေးထားခဲ့ ဖူးတယ် ။ အချစ်ဆိုတဲ့ အရာကို ထိုင်ရှစ်ခိုးလို့ မကိုးကွယ်တတ်ပေမယ့် မှန်ကန်တဲ့ သဘောထားနဲ့ ပေးအပ်လို့ သခင့်ထံမှာ သစ္စာတရား ရင်ဝယ်ပိုက် လို့ ပေးဆပ်ရင်း ကျေနပ်ခဲ့သူပါ။

ကော်ဖီတစ်ခွက်လို ခါးသက်သက် အရသာရှိတဲ့ ကျမဘ၀မှာ ရင်ခုန်စရာ သံစဉ်တွေကို အချိန်ပြည့် မဖန်တီး နိုင်ခဲ့ပေမယ့် အနာဂတ် အိမ်မက် ခြေလှမ်းတွေကိုတော့ ပုံဖော်ရင်း သေချာခြင်တဲ့ အနာဂတ်ရဲ့ မိခင်၊ အနာဂတ် ဇနီးလောင်း အဖြစ် ခါးသက်သက် ကော်ဖီတစ်ခွက်ကို ကိုင်ရင်း ပုံဖော်နေခဲ့ တာ သခင် မသိခဲ့တာလား မ၇ှိခဲ့တာလား…. မာယာမပါတဲ့ ငါ့ချစ်ခြင်းမှာ ဂုဏ်ပကာသန တွေ မပါခဲ့တဲ့ ရိုးရှင်းတဲ့ အကြင်နာ ချစ်ခြင်း တွေကို နဲ့ ခစားခဲ့သူပါ။ မာန ကို တန်ဖိုး နဲ့ ဂုဏ်သိက္ခာ ဆိုတဲ့ နေရာ အတွက် လက်နက်လို့သာ သဘောထားရင်း သခင့် အပါးမှာ မာနတွေ မှေးမှိန် သွားပေမယ့် အချစ်တွေ မသေးသိမ်ခဲ့ တာ တော့ အမှန် ပါ သခင်……

ကမ္ဘာကြီးကို ဘယ်သူတွေဘဲ စခဲ့စခဲ့  ကျမ အိမ်မက်ကမ္ဘာ ရင်ခုန်သံရွာကြီးကိုတော့ သခင်ဘဲ စခဲ့တာပါ။ ပုရွတ်ဆိတ်ပေါင်းမြောက်များစွာ၊ ခြင် ပေါင်း မြောက်များစွာကို ကျမ သတ်ခဲ့ဖူးတဲ့ ကျမ ကို ပေးလိုက်တဲ့ တန်ပြန်မှုက သခင့်ကြောင့် မွေးဖွားလာတဲ့ ချစ်ခြင်းတွေသာမက သခင်ကိုယ် တိုင် မွေးဖွားခဲ့တဲ့ သစ္စာတရား ကို ဂျော်နီဝါကာ တစ်ဝက်သောက်လို့ ရိုက်ချိုးပစ်နိုင်ခဲ့တယ်နော်….. ဂျော်နီဝါကာ ဆိုတဲ့ ဟိုမရောက်ဒီမရောက် တုတ်ကောက်ကိုင်လို့ လမ်းလျှောက်နေတဲ့ လူကြီးကိုဘဲ အပြစ်တင်လိုက်ရင် ကောင်းမလားလို့ အကြိမ်ကြိမ် စဉ်းစားခဲ့ပေမယ့် ညနတ်မိမယ် လေးတွေနဲ့ ပျော်ပါး နေတဲ့ သခင့် မျက်နှာကြီးက သန်းရွှေ မျက်နှာကြီးနဲ့ တူလွန်းလှပါတယ် သခင်….

ခွေးမသောက်တဲ့ အရည်တွေကို သခင် သောက်တတ်မှန်းသိပေ မယ့် ခွေးတစ်ကောင်လိုသစ္စာ ရှိလိမ့်မယ်လို့ ဘဲ ယုံကြည်ခဲ့ မိတယ်..။ love is blind လို့ ဟိုလူကြီးက ပြောသွားပေမယ့် ကျမ ချစ်ခြင်းမှာ ပါဝါ ၁၅၀၀ပါတဲ့ မျက်မှန် တစ်လက်ရှိခဲ့တာ သခင်မသိခဲ့လေသလား။ အတိတ် ဘ၀ က သခင့် မဒီတွေနဲ့ အိပ်စက်ခဲ့တာ သိပေမယ့်။ အတိတ် ကို အတိတ်မှာထားလို့ အနာဂတ်နဲ့ ယခုလက်ရှိအချိန်ကိုသာ ဦးတည်လို့ ခြေလှမ်းသစ်တွေ စတင်ခဲ့ပါတယ် သခင်….. တကယ်ဆို သခင် ရိုက်ချိုးခဲ့တာ သစ္စာတရား သာ မက နှစ်ဖတ်အသိုင်းဝိုင်းရဲ့ ဂုဏ်သိက္ခာ ကို Golden Gate တံတားပေါ်ကနေ သခင် ရူးနှမ်းနှမ်းနဲ့ ကန်ချပစ်ခဲ့တယ်…. အုတ်မြစ်တွေအသေချလို့ အိမ်မက်တွေကို ဖတ်တွယ် အနာဂတ်ကို မှန်းဆ လို့ တည်ဆောက်ခဲ့တဲ့ ကျမ ချစ်ခြင်းတွေက စူနာမိလှိုင်း ကြောင့်နဲ့လဲ မပါသွားသလို နာဂစ်နဲ့လဲမပျက်စီးခဲ့ပါဘဲ သခင်သောက်ခဲ့တဲ့ ဂျော်နီဝါကာနဲ့ မှ ပါသွားတာကြောင့် ရင်နာမိတာ အမှန်ဘဲ သခင်....

တကယ်ဆို သခင့်ကိုဘဲ စိတ်နာရ မလား ဂျော်နီဝါကာကိုဘဲ စိတ်နာရမလား ကျမ စိတ်တွေေ၀၀ါးဆဲပါ သခင်. အပြင်ထွက်လို့ ဂျော်နီဝါကာ ကြေငြာ ဆိုင်းဘုတ်တွေမြင်တိုင်း သခင့်ကို စိတ်နာသလို အဲဒီ ဆိုင်းဘုတ်ကိုဘဲ ခဲနဲ့ ထုပစ်ချင်ခဲ့ မိတာကြောင့် အခန်း အောင်းလို့ နေခဲ့မိတယ်… ဂျော်နီဝါကာသောက်လို့ ရူးနှမ်း နှမ်းလုပ်ရက်တွေကို လုပ်ခဲ့တဲ့ သခင့်ကို အကြောင်းကို တွေးရင် သခင်လို ဘဲ လို ခပ်ဆင်ဆင် လူကြီး တွေကိုလည်း သတိရ လိုက်မိသေးတယ် သခင်။ သန်းရွှေ တစ်ယောက် ရူးနှမ်းနှမ်းတွေ လုပ်နေတာ ဘယ် သေနာတွေက ဂျော်နီဝါကာ လက်ဆောင်သွား ပေးမှန်းမှမသိတာ….

မောင်အေး စခဲ့တဲ့ ရုရှားမြန်မာ နူးကလီးယားပရောဂျက်ကြီးမှာလည်း ဗော်ဂါ နဲ့စခဲ့တယ်လို့ သတင်း သဲ့သဲ့ ကြားခဲ့ဖူးတယ် ဒါကို ဟိုသေနာကြီးက ရေဗူးပေါက်တာ မလိုချင်ဘူး ရေ ပါတာဘဲလိုချင်တယ်လို့ သွေးရူးသွေးတမ်း အော်ဟစ်နေသေးတယ်… ကျော်ဆန်းပြောတဲ့ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတာ မီဒီယာ သမားတွေကိုလဲ အရက် တိုက်မယ်လို့ ပြောတာများလား.. ဒါဆိုလဲ သူတို့က ကျေအေးမှာပါ ဒီမိုကရေစီ တိုက်ပွဲ အတွက် တိုက်ပွဲဝင်ဖို့ အစည်းဝေး လုပ်တိုင်း နောက်ဆုံးတော့ ဒီမိုကရေစီစားပွဲပေါ်မှာ အရက်ပုလင်းခွံ၊ ဘီယာပုလင်ခွံတွေသာ ပွစာကျဲလို့ နိုင်ငံေ၇းသမား တစ်ချို့လဲ အရက်နာကျပြီး ဗိုက်ပူလာတယ်။ သြော်……. နောက်ဆုံးတော့လည်း ဒီမိုကရေစီတိုက်ပွဲရဲ့ အဆုံးသတ်မှာ ပြည်ပရောက်နိုင်ငံရေးသမား တစ်ချို့ ဗိုက်ပူပူနဲ့ ဘဲ ဆုတွေ တစ်ဆုပြီး တစ်ဆု ကိုယ်စားယူပေး နေကြတာပါလား လို့ သဘောပေါက်လိုက်တယ်။

ဒီမိုကရေစီ တိုက်ပွဲဝင် နေသူတွေ အစွန့်ရှည်ရှည်နဲ့ ရပ်တည်ဘို့ ပရိုပို ဆယ်လေး တင်လိုက် စတိတ်မန့်လေးတွေနဲ့ ချွေးသိပ်ရင်းနဲ့ အိပ်စက်ခဲ့တာ အနှစ်နှစ်ဆယ်တောင် ကျော်နေပါပြီ သခင်… စတိတ်မန့် တွေ ပေါင်းချုပ်ထုတ်ပြီး ရောင်းစား ရင်တောင် Global Crise အတွက် Recover ဖြစ်မလားမသိ.. ဂျော်နီဝါကာရယ် ခင်ဗျားကို ဒင်းတို့တွေ အသည်းစွဲလို့ ကျမ အသည်းသာမက ကျမ တို့ တိုင်းသူပြည်သား တွေပါ အသည်းကွဲခဲ့ရ နေကြရပါပြီ ...

ဂျော်နီရေ ခင်ဗျားကြီးလမ်းလျှောက်နေသမျှ ကျုပ်တို့ အသည်းတွေကွဲနေရအုံးမှာပါ......

လေးစားသင့်သူများကိုလျက်
မေသူ

ps. ဘာရယ်မဟုတ်ဘူး ပျင်းခြောက်ခြောက်ဖြစ်နေလို့ အော်ဟစ်ကြည့်တာလေ ။ ဆရာတီးကလည်း ပို့စ်မတင်တာ ကြာလို့ ဆဲလှပြီ

13 comments:

  1. ဒီမှာတော့ နာမည်ကျော် brand တွေကို နောက်ပြောင်ပြီး ထုတ်တဲ့တီရှပ်တွေရှိတယ်။ အဲဒီက Johnnie Walked လို့တပ်ထားတဲ့ တီရှပ်မှာ အဲဒီလူကြီးက ဘီးတပ်ကုလားထိုင် (Wheel Chair) ကြီးနဲ့ သွားနေလေရဲ့...။

    ReplyDelete
  2. ခံစားချက်တွေပြင်းနေတာကို လက်တွေ့ခံစားရပါတယ် စိတ်တော့မကောင်းမိပါဘူး ၀မ်းနည်းပါတယ်

    ReplyDelete
  3. This comment has been removed by a blog administrator.

    ReplyDelete
  4. လန်းတယ်ဟေ့ မိုက်ပါဘေ့မေသူ

    ReplyDelete
  5. ဒါနဲ့ကြုံလို့ပြောရဦးမယ်နော်
    မေသူပျောက်နေတာကြာပေါ့
    အရင်ကလိုဆောင်းပါးလေးတွေလုပ်ဦးလေ

    ReplyDelete
  6. တစ်ကယ်ပြင်းတဲ့သံစဉ်တွေပါပဲ...

    ReplyDelete
  7. ပြင်းတယ် ပြင်းတယ် မိုက်လဲမိုက်တယ် အားပေးလျှက်ပါ

    ReplyDelete
  8. ပေဖူးတို့ကတော့ ဆရာတီးဆဲတာ ရိုးသွားပြီ။

    မမေသူ အသည်းတွေ စွတ်မကွဲနဲ့ ဒီပုံအတိုင်းဆို ဗမာပြည်က တော်တော်အသည်းကွဲရဦးမှာ။ :(

    ReplyDelete
  9. ဟားဟား... နိုင်ငံရေးနဲ့ အချစ်ရေးတွေ တော်တော်ပြင်းထန်နေတယ်နော်... ဟိဟိ
    တီတီမေတူ အရေးအသားက ပျင်းလို့ရေးလိုက်တာပဲတော်တော်တယ်
    လန်ထွက်နေတာပဲ။
    မအားလို့ အရောက်နောက်ကျပေမယ့် စာဖတ်ရတာ အရသာရှိတွားတယ် တီတီရေ။

    စိတ်သောကတွေကို အဝေးဆုံးထိ လွင့်ပစ်လိုက်ပါ။
    လောကကြီးကိုဟားတိုက်ပီးသာ ရယ်ပစ်လိုက်ပါ။
    တီတီမေတူပျော်ရွှင်ခြင်းသုခ တွေ ရရှိလာပါစေလို့ ဆုတောင်းပါတယ်

    ReplyDelete
  10. ပေဖူးခွာ
    လုပ်စရာရှိတာတွေ သွားလုပ်ရမ်း
    :P

    ReplyDelete
  11. မေသူ
    လောကမှာ အရိုးရှင်းဆုံး အချက်တစ်ခုရှိတယ်။ ဘယ်သူ့ကိုမှ မယုံရပါဘူး။ ကိုယ်က အယုံကြည်ရဆုံး လူကတောင် တစ်ချိန်ကျရင် ကိုယ့်ကို ပြန်ပြီး မထင်ထားတာတွေ ပြုမူလိမ့်မယ်ဆိုတာ ဖြစ်နိုင်ချေ အများကြီးရှိပါတယ်။ လောကမှာလူတွေက အချစ်ရဲ့သားကောင်တွေ ဖြစ်နေတာပါ။ အချစ်ရဲ့ အရိပ်အောက်မှာ လူတွေဟာ လွတ်လပ်မှုကို ရယူတတ်ဖို့လိုတယ်။ လူတွေ အချစ်ရဲ့တန်ဖိုးကို နားလည်ဖို့လိုတယ်။
    ဒီလောကမှာ လူတွေ မရှားပါဘူး။ မကောင်းတဲ့လူတစ်ယောက်ကို ဆုံးရှုံးသွားရလို့ နစ်နာမှုတစ်ခု မရှိသွားပါဘူး။ တစ်ချိန်ကျရင် အချိန်ရဲ့ ကုစားမှုကြောင့် ပြန်လည် ကောင်းမွန်အဆင်ပြေလာမှာပါ။
    လူကောင်းတွေ အတွက် ဒီလောကကြီးမှာ လူကောင်းတွေ ရှိနေပါတယ်။ လူကောင်းတွေ မရှားပါဘူး။ အဲ့ဒီလိုပဲ တစ်ဖက်မှာလည်း လူဆိုးတွေ ပေါနေတယ်ဆိုတာ မမေ့ပါနဲ့။

    အားလုံး အစဉ်ပြေပါစေ။
    Tea

    ReplyDelete
  12. မမေသူတို့ ဟိုလူကြီးတွေနဲ့ နှိုင်းလိုက်တာ
    ဂျော်နီဝါကားကို အရက်မပြောနဲ့ လျက်ဆားတောင် စားချင်စိတ် ပျောက်တယ်။ :(

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။