Saturday, November 1, 2008
Happy Halloween 2008!
Halloween ဆိုတာ သမိုင်းက Ancient Gaels တို့ရဲ့ အဆိုအရ ရှင်သန်ခြင်း ကမ္ဘာ နှင့် သေဆုံးခြင်း တို့ နှစ်ခု ဆုံကြတဲ့ ကြားခံနယ် တစ်ခု (နေ့ရက်တစ်ခု) လို့ သိကြပါတယ်။ အခုခေတ် ကြီးမှာတော့ Halloween ဆိုတာ National Holiday တစ်ခုပါ။ သူ့ကို အမြဲတမ်း အောက်တိုဘာ ၃၁ (အောက်တိုဘာ ရဲ့ နောက်ဆုံးနေ့) မှာ ကျင်းပ လေ့ရှိပါတယ်။ Trick-or-treating (ကလေးငယ်တွေက ၀တ်စုံတွေ ဆင်မြန်းပြီး ရပ်ကွက်ထဲမှာ ချိုချဉ် လိုက်တောင်းခြင်း)၊ သရဲအိမ် များ သွားခြင်း၊ သရဲ ၀တ်စုံများ၊ အခြား ထူးဆန်းသော ၀တ်စုံများ ၀တ်ဆင်ပြီး ပါတီ များ ကျင်းပခြင်း၊ နှင့် သရဲကားများ ကြည့်ခြင်း အစရှိတဲ့ အရာတွေကို ပြုလုပ်လေ့ ရှိကြပါတယ်။ Irish နှင့် Scottish Immigrants တွေက အဆိုပါ ဓလေ့ ထုံးလမ်း စဉ်လာတွေကို North America ကို ၁၉ရာစုမှ စပြီး သယ်ဆောင် လာတာဖြစ်တယ်။ အခြား အနောက်နိုင်ငံတွေ ကလည်း Halloween day ကို ၂၀ရာစု မှ စပြီး ကျင်းပလေ့ ရှိကြတယ်။ အဓိက အနောက်နိုင်ငံတွေမှာ ကျင်းပတာပါ။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ အိုင်ရာလန်၊ အင်္ဂလန် နှင့် နယူးဇီလန် အစရှိတဲ့ နိုင်ငံတွေမှာ အဓိက ကျင်းပ ကြပါတယ်။
Happy Halloween ပါလို့ ကျွန်တော့်အိမ်မှ အားလုံးကို နှုတ်ခွန်း ဆက်သလိုက်ပါတယ်။
www.myhome16.com
Happy Halloween ပါ .. ..
ReplyDelete