Thursday, October 9, 2008

အပြစ်ရှိသူ၏ နိဂုံး

ထစ်ခနဲဆို
သင့်နာမည်ပဲကောက်ကောက်တနေရဲ့ …
ငါ့ အလွမ်းတွေကလည်း အငြိုးအတေးကြီးလွန်းတယ်….
ငါသင့်ကို လွမ်းတယ်ကွယ်…
အတိတ်က ရိုးသားမှုတွေအတွက် အားနာပါးနာဖြစ်ဖြစ်
ပျော်ရွှင်မှုဟောက်ပက်ဖြစ်သွားမှုအတွက် ကိုယ်ချင်းစာနာလို့ ဖြစ်ဖြစ်
သင် တစ်ဆိတ်လောက် ၀မ်းနည်းပေးစမ်းပါ….

ကမ်းလာတဲ့လက်တစ်ဖက်ကို
သင်မလိုချင်ရင် (စိတ်လိုလက်ရ) ငြင်းဆိုနိုင်ပါရဲ့ 
ဒါပေမယ့်
လူတစ်ယောက် သင့်ရှေ့ မှာထရပ်
သူ့ ရင်ဘတ်ကို ယုံယုံကြည်ကြည်လှပ်ပြရုံနဲ့ 
ပြင်းပြင်းထန်ထန် အရေးဆိုလို့ မသင့်ပါဘူးကွယ်…
သူ့ ဘ၀တစ်လျောက်လုံး အလွင့်လွင့် အကြွေကြွေ သိမ်ငယ်သွားလိမ့်မယ်….

သင်ကငါ့ကိုပူဆာမယ်
“မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့ ”လို့ 
ငါကငါ့ကိုယ်ငါပူဆာမယ်
“ ဘယ်အင်အားနဲ့  ခံစားမှုကို ထိမ်ဝှက်ရမှာလဲ”လို့ 
ဘုရားသခင်အတွက် မာရ်နတ်ဟာရှိခဲ့တယ်…
အလင်းရောင်အတွက် အမှောင်ထုဟာရှိခဲ့တယ်…
ချစ်ခြင်းတရားအတွက် အမုန်းတရားများစွာရရှိခဲ့ရတယ်…

သတိဆိုတာကို နှာသီးဖျားမှာ တိတ်နဲ့ ကပ်
ငါ့ရူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကိုက
ဒြပ်စင်တစ်ဆ ၊ သင့်အကြောင်း နှစ်ဆ
သင်လက်ညိုးတစ်ချောင်းကွေးလိုက်တာနဲ့ 
မိုးပျံပူပေါင်းလို ၀ုန်းကနဲ ပျောက်ကွယ်
ဒီလို သင့်အတွက် လှလှပပ ခန်းခန်းနားနား
သေဆုံးရတာကိုလည်း ငါသဘောကျတယ်….

ခင်မင်လျက်
အိမွန်တာ

မှတ်ချက်.. နားမလည်ဘူးပြောမည့်သူများဒုတ်ကောက်ထားပါ...:P

7 comments:

  1. ဒီကဗျာလေးလဲ ကောင်းလှကြီးလားဝေးးး
    မှတ်ချက်..နားတော့မလည်ဘူး နားလည်သလို့ဖတ်သွားတယ်..:P
    (Corner ဒီနေ့လဲဆိုင်ပိတ်ထားတယ်ထင်တယ်)

    ReplyDelete
  2. i love the vocabs at last para :D

    သတိဆိုတာကို နှာသီးဖျားမှာ တိတ်နဲ့ ကပ်
    ငါ့ရူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကိုက
    ဒြပ်စင်တစ်ဆ ၊ သင့်အကြောင်း နှစ်ဆ
    သင်လက်ညိုးတစ်ချောင်းကွေးလိုက်တာနဲ့ 
    မိုးပျံပူပေါင်းလို ၀ုန်းကနဲ ပျောက်ကွယ်
    ဒီလို သင့်အတွက် လှလှပပ ခန်းခန်းနားနား
    သေဆုံးရတာကိုလည်း ငါသဘောကျတယ်….

    ReplyDelete
  3. သင်လက်ညိုးတစ်ချောင်းကွေးလိုက်တာနဲ့ 
    မိုးပျံပူပေါင်းလို ၀ုန်းကနဲ ပျောက်ကွယ်
    ဒီလို သင့်အတွက် လှလှပပ ခန်းခန်းနားနား
    သေဆုံးရတာကိုလည်း ငါသဘောကျတယ်….

    ဒီစာကြောင်းလေးအကြိုက်ဆုံးပဲ ညီမရေ...... :)

    ReplyDelete
  4. EIMONTAR,u poem verry good tal..

    ReplyDelete
  5. ကြီးကျယ် ခမ်းနားလှတဲ့ အချစ်ကဗျာ တစ်ပုဒ်ပါပဲ ၊၊ အဆင်ပြေ ပျော်ရွှင်ပါစေ ညီမ အိမွန်တာ ၊၊

    ReplyDelete
  6. အဲဒီလို ကဗျာရေးတတ်အောင် သင်ပေးပါလားဟင် :P

    ReplyDelete
  7. ဒီစာ ရေး တဲ့ သူ က
    သိပ် မတော် ပါ ဘူး ။ ညံ့  ပါသေး တယ် ။ ငပေါ တွေ အချစ်ရှူးနေတယ်။

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။