Wednesday, September 24, 2008

မြန်မာ Live Show အကများ - အပိုင်း (၁)


စာမရေးတာလဲ ကြာပေါ့။ ကျောင်းဖွင့်စမှာ ကိစ္စလေးတွေ မလည်ရှုပ်နေလို့ စာရေးဖို့ နေနေသာသာ အသက်ရှင်ကျန်ရစ်တာတောင် ကံကောင်းတယ်လို့ ပြောရမယ်။ အဟွတ်။ တီးရေ ကူညီတာတွေ ကျေးဇူးနော်။ ;)
ဒီနေ့တော့ အကအမျိုးအစားပေါင်းမြောက်များစွာ ရေးလာခဲ့ပြီး ခေါင်းစဉ်အကြီးကြီး တစ်ခုကျန်နေတာ သတိရလို့ touch on လုပ်လိုက်ပါတယ်။ ခေါင်းစဉ်ထဲက မှန်းမိပါပြီ။ ဟုတ်တယ်ဟုတ်။ ရန်ကုန် စင်တင်တေးဂီတ live show ပွဲမှာ ကတဲ့ အနောက်တိုင်း အကတွေပဲ ဖြစ်ပါတယ်။ Youtube မှာ မွှေရင်းနဲ့ collection လေးလုပ်ထားတယ်ပေါ့။ အားလုံး သိပြီးသားသီချင်းတွေပါ။ ပေဖူးကတော့ အပိုင်း(၁)၊ အပိုင်း(၂) ခွဲရေးဖို့ စီစဉ်ထားပါတယ်။ အကောင်းလေးတွေနဲ့ပဲ စလိုက်ရအောင်။ အပိုင်း(၂)ကျမှပဲ ဝေဖန်ရေးပေါ့။ ဒီအဆိုတော်တွေနဲ့ သိရင်လဲ personally မယူဘဲ ဖတ်၊ ကြည့်၊ နားထောင်လိုက်ကြရအောင်။

Rebecca Win – ငါတော့ မှားပြီ
ခေတ်သစ် modern အကဆိုရင်တော့ အဆိုတော်တွေထဲမှာ ရေဗက္ကာဝင်းကို အကြိုက်ဆုံးပါပဲ။ အသံအားကောင်းသလို အကတွေကိုလဲ လိုက်နိုင်ပါတယ်။ သူကတော့ များသောအားဖြင့် Uranium ယူရေနီယမ်အကအဖွဲ့နဲ့ တွဲကပါတယ်။ သူ့သီချင်းအသစ်တွေတော့ ရှိမှာပေါ့နော်။ ပိုကောင်းတဲ့ အကတွေပေါ့။ ဒါပေမဲ့ ပေဖူးလွှာက ရန်ကုန်မှာ နေတည်းက ဗမာ့ခေတ်ပေါ်ဂီတဆို တစ်နှစ်လောက် ခေတ်နောက်ကျနေတာ။ Acid အဖွဲ့ထွက်တုန်းကဆို အဲဒီနှစ်သင်္ကြန်ရောက်မှ သိတာ။ သူငယ်ချင်းတွေ အကုန်လုံးက လိုက်ဆိုနေတာ ပေဖူးက ငုတ်တုတ်။ ဟား ဟား။
ထားပါတော့လေ။ သီချင်းလေးကို ပြန်သွားမယ်။ အသံအား မကျသလို အကကလဲ ၉၀ရာခိုင်နှုန်း perfect ပဲ။ တချို့နေရာလေးတွေမှာ sync မညီတာကလွဲလို့ Rebecca Win ဟာ ပေဖူးလေးစားတဲ့ ဗမာအဆိုတော် တစ်ယောက်ပါ။ အဲ…ဒါပေမဲ့ သူလဲ လွဲတတ်တယ်နော်။ သူ့ရဲ့ chaos သီချင်းတစ်ပုဒ်ကို အပိုင်း(၂)မှာ တင်ဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် “မှားသွားပြီ” သီချင်းဟာ ပေဖူးရဲ့ playlist ထဲက တစ်ပုဒ်ပေါ့နော်။



ရဲလေး ft. ရေဗက္က၀င်း - On the Stage
ဒါကတော့ Live Show မဟုတ်ပါဘူး။ Rebecca Win လဲ ပါဘူး။ ရဲလေးနဲ့ မိုးဟေကို သရုပ်ဆောင်ထားတာပါ။ သီချင်းကတော့ ဘာညာဘာညာအကြောင်းလေးပေါ့။ ဖြစ်တတ်တဲ့ အကြောင်လေးတွေပေါ့။ အဟိ။ မိုးဟေကိုက သေချာတော့ က, မသွားဘူးဗျ။ ဂျင်းဘောင်းဘီကျပ်နေတယ်လို့ ယူဆရတယ်။ ဒါပေမဲ့ သူ camera ကို ပေးတဲ့ angle တွေ တော်တော်ကောင်းတယ်။ သီချင်းလေးက မြူးမြူကြွကြွလေးဆိုတော့ မဆိုးပါဘူး။


ဆေးကျောင်းသား
Blueberry ကို စသိတာ ဒီသီချင်းလေးနဲ့ပါ။ အားလုံးပဲ ဘယ်သီချင်းနဲ့ စသိလဲတော့ မသိဘူး။ သူတို့ နောက်ခံဆိုထားတာ မဟုတ်ဘဲ တကယ်ဆိုထားတာဆိုရင်တော့ လေးစားစရာပါ။ ကကွက်တွေက တကယ်မောတဲ့ အကွက်တွေ ပါပါတယ်။ ထွန်းသစ်စ အနုပညာရှင်လေးတွေ အနေနဲ့တော့ တော်တော်လေးကို impression ပါပါတယ်။ ပရိသတ်တွေကလဲ Blueberry ဆိုပြီး သိသွားစေတာပေါ့။ တချို့နေရာတွေမှာ ကကွက်တွေ မြန်လွန်းတော့ sloppy ဖြစ်သွားတာကလွဲရင် special ပါပဲရှင်။



တင့်တင့်ထွန်း
အကတွေ အကြောင်း ပြောရင်တော့ တင့်တင့်ထွန်းဆိုတာ မပါမဖြစ်ပါ။ သူက ဆရာမကြီးလေး။ အဟိ။ ဒီ live show လေးက ကြာခဲ့ပါပြီ။ အကကွက်တွေကတော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ show ပြီးတော့ အသံ quality အတွက် dubbing ပြန်လုပ်တာကိုတော့ မကြိုက်ဘူး။ ဒါပေမဲ့ တင့်တင့်ထွန်းဆိုတာတော့ legendary ပဲ။ အသက် ၄၀ ကျော်တာတောင် နောက်ပေါက်တွေ လိုက်မမီတဲ့ ဆရာမကြီးပေါ့။


ကောင်းမြတ်လေး
ဟိုတစ်ခေါက်က အင်တာဗျုးတစ်ခုမှာ ကောင်းမြတ်လေးပြောတာကို သဘောကျမိတယ်။ ကျနော်က အကနောက်ခံထည့်တယ်ဆိုတာ ကိုယ့်သီချင်း ပိုပြီး ကြွလာစေချင်လို့။ ကျနော့်ကတော့ လိုက်ကလို့ အသံ ကွာလတီကျတာ လုံးဝအဖြစ်မခံဘူးတဲ့။ သူတကယ် live show တွေမှာ အသံ ဘယ်လိုနေလဲတော့ မသိပါ။ (ပေဖူးလွှာ ရန်ကုန်မှာတုန်းက show ဆို တစ်ပွဲမှ မရောက်လိုက်ဘူး။ မယုံမရှိနဲ့ တကယ်။ အမေကတောင် သွားချင်ရင် သွားပါ။ ပိုက်ဆံပေးပါ့မယ်တဲ့။ ပိုက်ဆံတော့ ယူလိုက်တယ်။ ရှိုးတော့ မရောက်လိုက်ဘူး။ အဟိ)
သူ့ dancer group က တော်တော်ကောင်းပါတယ်။ sync လဲ မဆိုးဘူး။ ကကွက် choreography တွေလဲ ကောင်းတယ်။ အသံကတော့ ဗမာရှိုးတွေရဲ့ ထုံးစံအတိုင်း နောက်က ပြန်ထပ်ထားတဲ့ အတွက် စတူဒီယိုထဲမှာ ဆိုတဲ့ အသံ ကွာလတီအတိုင်းပေါ့။ ပေဖူး ဘာလို့ ဒါတွေ ပြောလဲဆိုတော့ နောက်တင်မယ့် အပိုင်း(၂)မှာ ဗရုတ်သုက္ခပေါင်း မြောက်မြားစွာကို စိတ်မကောင်းစွာ ထိုင်ကြည့်ခဲ့ရလို့ ပါပဲ။


နောက်တစ်ပါတ် အပိုင်း(၂) ဆက်မယ်နော်
ပျော်ရွှင်ကြပါစေ
ပေဖူးလွှာ

4 comments:

  1.ိdance floor ကိုတွေ့လို့ အပြေးလာတာ ပေဖူးရေ ၊၊ ကျနော်က dance floor fan လေ၊၊ ဟဲ ဟဲ
    မြန်မာ live show လည်းကောင်းတယ် ၊၊ အပိုင်း ၂ ကိုလည်း စောင့်နေပါတယ် ၊၊

    ခင်မင်စွာဖြင့် ..

    ReplyDelete
  2. ရဲလေး ft. ရေဗက္က၀င်း - On the Stage

    ဒီတစ်ခုတော့တော်တော်ကြိုက်တယ်

    ReplyDelete
  3. ပထမဦးဆုံးပြောချင်တာက အက QuaLITY ကို ဆိုနေရင်း ကနေပါက .. Quality မကျစေချင်ရင် .. ဖြစ်နိုင်ရင် microphone ကို လက်က ကိုင်စရာမလိုပဲ မျက်နှာပေါ်မှာ ချိတ်ထားလို့ရတဲ့ microphone လေးတော့ သုံးပေါ့နော်..

    အခုမှ သေချာကြည့်မိတယ်။ ကောင်းမြတ်က အဲ့လိုမျိုး ကိရိယာတောင် မသုံးထားဘူး။

    Rebecca Win နဲ့ Blueberry တို့က တစ်နေရာထဲမှာ ကပြီးဆိုခဲ့တာပါ။ Blueberry တို့အလှဗည့်မှာ အဲ့ဒီကိရိယာကို မသုံးနိုင်ဘူး။ ဖြစ်နိုင်ချေရှိတာက Rebecca Win က ကိုယ်တိုင် အိမ်က ယူလာတာဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်က Live Show တွေမှာ အဲ့ဒီ Facility ကို မစီစဉ်ပေးထားလောက်ဘူး။ နောက်တစ်ခုစြဖ်နိုင်တာက အဲ့ဒါ တစ်ခုပဲ ရှိလို့ သုံးယောက် တူတူ မသုံးနိုင်ဘူး။ အင်း.. မိုက်ကြီးတကားကားကို လက်က ကိုင်ပြီး သီချင်းလည်းဆို ကလည်းက ဆိုရင် သီချင်း Quality ကောင်းအောင် အနောက်က ကက်ဆက်နဲ့ဖွင့်ထားပေးမှ ပဲ အဆင်ပြေမယ်။

    ReplyDelete
  4. ပေဖူးရေမရောက်ဖူးဘူးဆိုရင်တစ်ခါလောက်တော့သွားကြည့်ပါဦး

    ^_^

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။