
လူတစ်ယောက်သည် ကြက်တူရွေး တစ်ကောင် ၀ယ်ရန် အိမ်မွေး တိရစ္ဆာန် များရောင်းသည့် ဆိုင်ထဲသို့ ၀င်လာပြီး ဈေးစုံစမ်းသည်။
ဆိုင်ရှင် - "ကျွန်တော့်တို့ဆီမှာ ကြက်တူရွေး သုံးကောင်ရှိတယ်။ ဒီ အပြာရောင် အကောင်က ဘာသာလေးမျိုး ပြောတတ်တယ်။ ဈေးကတော့ ဒေါ်လာ ၁၀၀၀ ပဲ။ ဒီ အနီရောင် အကောင်က ဘာသာ ခြောက်မျိုး ပြောတတ်တယ်။ ဈေးကတော့ ဒေါ်လာ ၂၀၀၀။ ဒီ အ၀ါရောင် အကောင်က ၃၀၀၀၊ သူကတော့ ဘာစကားမှ မပြောတတ်ဘူး"
"ဒေါ်လာ ၃၀၀၀ ဟုတ်လား။ ဘာဖြစ်လို့ ဒီလောက် ဈေးကြီးရတာလဲ" ထိုလူက တအံ့တသြ မေးလိုက်သည်။
ဆိုင်ရှင် - "ဒီကောင် ဘာတတ်မှန်း ကျွန်တော်တို့ မသိဘူး။ ဒါပေမယ့် ဟို အပြာရောင် နဲ့ အနီရောင် နှစ်ကောင်က သူ့ကို ဆရာကြီးလို့ ခေါ်နေကြတာနဲ့ ဈေးတင်လိုက်တာ" :D
source : mmcp
ဟားဟားဟား..
ReplyDeleteဟုတ်တယ်၊ အဲဒီလိုမျိုးတွေ ဖြစ်တတ်တယ်။
အော် ဒါ့ကြောင့် တိတ်တိတ်နေ ထောင်တန်လို့ ရှေးစကားရှိတာကိုး။
ReplyDeleteအ တဲ့လူဆိုရင် သိန်းတန်ဖြစ်မှာ သေချာတယ်။ ( အဆိုတော် မဟုတ်ဘူးနော်)
:)))
ဟားဟား .. ကောင်းရောဗျာ ၊၊ လုပ်ချက်က ၊၊
ReplyDelete