Sunday, September 7, 2008

ကိန္နရာအလွမ်း


နင့်အပြုံးတစ်ခုကို
ဓာတ်ပုံတစ်ပုံလို ရိုက်ယူထုတ်ကြည့်ရင်း
အနာဂတ်တွေလည်း
အီကွေတာဖြတ်သွားတောင်
မခမ်းတော့မယ့် စမ်းချောင်းလို
စိမ်းလန်းခဲ့ရပြီ….
ငါ့အသံတိတ် စကားကို နင့်မျက်လုံးနဲ့ ထွင်းဖောက်မြင်သိပါစေ….


နင့်နာမည် သုံးလုံးထဲကို
ဂါထာတစ်ပုဒ်လိုရွတ်ဆိုရေးချရင်း
ပစ္စုပ္ပန်တွေလည်း
ဖွဲ့ နွဲ့ စရာမရှိလောက်အောင်
အလဟသ
အိုမင်းခဲ့ရပြီ…….
ငါ့ရင်ခတ်သံကို နင့် နှလုံးသားနဲ့  ခံစားနားလည်သိပါစေ….


နင့်စကားသံ တစ်သံကို
တေးသံသာတစ်ခုလို နားယောင်ကြားမိရင်း
အတိတ်တွေလည်း
တစ်ဆင့်ပြီးတစ်ဆင့်ပြိုလဲ
အလွမ်းပန်းတွေလည်း လှိုင်အောင်
ဖွေးဖွေးလှုပ် ပွင့်ခဲ့ရပြီ….
ငါ့နှလုံးခုန်သံကို နင့်နားနဲ့ ဆတ်ဆတ်ကြားသိပါစေ….



ခင်မင်လျက်
အိမွန်တာ


မှတ်ချက်၊၊ ၊၊ လွမ်းပြန်ပြီဝေးးးးးးးးး :)

5 comments:

  1. တာတာနော်...
    ငိုချင်ရဲ့ လက်တို့ လာလာလုပ်တယ်နော်..
    အ ဟင့်...ရွှတ်...

    ReplyDelete
  2. အလွမ်းလေးတွေ ဖတ်သွားတယ်..ကဗျာလေးက good ထနေတယ်..:)

    နှစ်ခြိုက်လျက်
    ..

    ReplyDelete
  3. ei tar ka lwan lite gyi bae lwan nay tal :D

    ReplyDelete
  4. thu myar co a tae kwal dae poems lay dwal lae write par ohn

    ReplyDelete
  5. ဟုတ်ကဲ့ရေးပါ့မယ်...:)

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။