Tuesday, September 2, 2008

နေညိုချိန်

အိမ်ပြန်ချိန်ဆိုတာ
ဘယ်တော့မှန်းမသိပေမယ့်
အိမ်ပြန်ရမယ်ဆိုတဲ့အသိနဲ့ကြည်နူးခဲ့တယ်။


အနာဂတ်ဆိုတာ
မရေရာပေမယ့်
စိတ်ကူးနဲ့မှန်း ပုံဖော်ပျော်ခဲ့တယ်။

မျှော်လင့်ချက်ဆိုတာ
မသေချာပေမယ့်
လေထဲတိုက်အိမ်ဆောက် ကျေနပ်ဖူးတယ်၊၊

ဘ၀အတွက်အဖော်ဆိုတာ
မရေရာပေမယ့်
သူ့လက်ကိုတင်းတင်းဆုတ် ရင်ခုန်ခဲ့ဖူးတယ်။

မချိုးချင်တဲ့ အကွေ့တစ်ခုမှာ
မလိုချင်ဘဲရခဲ့တဲ့ ကံတရားကြောင့်

အိမ်ပြန်ချိန်တွေေ၀၀ါးခဲ့ပြီ။
အနာဂတ်တွေလည်း မသေချာတော့။
မျှော်လင့်ချက်ဆိုတာလည်း ဖတ်လို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ခုလို
တင်းတင်းဆုတ်ဆုတ်ထားတဲ့ လက်တွေလည်း ပြေလျော့ခဲ့ပေါ့။

ဟိုး...တောင်ထိပ်မှာ
နေညိုသွားခဲ့ပြီပဲ။


ခင်မင်လျက်
အိမွန်တာ

မှတ်ချက်၊၊ ၊၊ ဒီတစ်ခါလည်းနေညိုပြန်ပြီလို့ ထင်မှာပဲနော် ...ဟဲဟဲ

4 comments:

  1. ကောင်းလိုက်တဲ့ကဗျာ
    အဓိပ္ပါယ်ရှိတယ်ဗျာ..


    အိမ်ပြန်ချိန်တွေေ၀၀ါးခဲ့ပြီ။
    အနာဂတ်တွေလည်း မသေချာတော့။
    မျှော်လင့်ချက်ဆိုတာလည်း ဖတ်လို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ခုလို
    တင်းတင်းဆုတ်ဆုတ်ထားတဲ့ လက်တွေလည်း ပြေလျော့ခဲ့ပေါ့။

    မျှော်လင့်ချက်ဆိုတာ
    မသေချာပေမယ့်
    လေထဲတိုက်အိမ်ဆောက် ကျေနပ်ဖူးတယ်

    အိမ်ပြန်ချိန်ဆိုတာ
    ဘယ်တော့မှန်းမသိပေမယ့်
    အိမ်ပြန်ရမယ်ဆိုတဲ့အသိနဲ့ကြည်နူးခဲ့တယ်။


    အနာဂတ်ဆိုတာ
    မရေရာပေမယ့်
    စိတ်ကူးနဲ့မှန်း ပုံဖော်ပျော်ခဲ့တယ်

    ReplyDelete
  2. ညိုပြန်ပဟ
    ဒေါ်အိတာနော် ရှင်လုပ်တာ အလွမ်းဓါတ်ခံတွေ ပြန်ပြန်ရောက်လာတယ်။ အဟင့်

    ReplyDelete
  3. ကဗျာလေးအားခံစားဖတ်ရူသွားပါတယ်..ကဗျာရေးထားတာလေးကြိုက်တယ်...။ နေ၀င်ပြီး နေပြန်ထွက်လာမှာပေါ့..:)

    ReplyDelete
  4. ငြိမ်းချမ်းပါစေဗျာ ဒေါ်ကြီး အိတာ ၊၊

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။