
ဟုတ်ကဲ့။ ကျွန်တော်အခုပဲ MyHome16 ရဲ့ Multi-distributors News Box ကို Blog ရဲ့ အပေါ်ပိုင်းနားမှာ ထားပြီး ဖွင့်လှစ်လိုက်ပါပြီ။ ဤ သတင်း Center တွင် စာဖတ်သူများပါ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ပြီး သတင်းများကို အားလုံးနှင့် မျှဝေနိုင်စေရန် ရည်ရွယ်ပြီး ထည့်သွင်း ပေးလိုက်ခြင်း ဖြစ်သည်။ ကျွန်တော့်အိမ်မှ အိမ်သူ အိမ်သား များတင်မက တခြားသော သတင်း အထွေထွေကို စိတ်ဝင်စားသည့် ကျွန်တော့်အိမ်၏ စာဖတ်ပရိသတ် များပါ ပါဝင် နိုင်ရင်လည်း ရည်ရွယ် ထားပါသည်။ ယခု လက်ရှိ ဤသတင်း Center ကို လူတိုင်း လွတ်လပ်စွာ ရေးသားနိုင်ရန် ဖွင့်ပေးထားပါသည်။ နောက်ပိုင်းတွင် Group တစ်ခု ဖွဲ့ပြီး User names များ Passwords များဖြင့် အဖွဲ့ဝင်များကို ပေးကာ News Group သတင်းထောက် အဖွဲ့တစ်ခု ဖွဲ့စည်း သွားမည် ဖြစ်ပါသည်။ မြန်မာ စာဖတ်သူများ အားလုံး မြန်မာ့သတင်းများ ပါမက ကမ္ဘာ့သတင်းများပါ ရင်းနှီး ကျွမ်းဝင်စေရန် အဓိက ရည်ရွယ်ပါသည်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်၏ စိတ်ပါ ၀င်စားဖွယ် ကောင်းသော သတင်းများ ကို စုစည်း သွားခြင်းဖြင့် စုပေါင်းလိုက်သော အခါ စုံလင် ကောင်းမွန်လှသော သတင်း Center တစ်ခုကို ဖန်တီး နိုင်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့သည် မိမိတို့ တစ်ဦးတည်းဖြင့် ပြီးပြည့်စုံသော အရာတစ်ခုကို ဖန်တီး နိုင်လိမ့်မည် မဟုတ်ချေ။ စည်းလုံးမှုသည် အင်အား တစ်ခုဖြစ်သည်။
စာဖတ်သူအားလုံး၏ သတင်းများကိုလည်း စောင့်ဆိုင်းနေမည် ဖြစ်ကြောင်း ...
လေးစားလျှက်
Tea
No comments:
Post a Comment
ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။