Friday, August 8, 2008
နှစ်ထောင့်ရှစ်ခုနှစ်အရောက် ရှစ်လေးလုံး
မမေ့နိုင်စရာတွေထဲက တနေ့
နှစ်နှစ်ဆယ့်တိုင်ခဲ့ပြီ
ဝမ်းနည်းရမှလား..
ဒေါသထွက်ရမှလား..
အတိတ်ပုံရိပ်တွေ ဆွေးမြေ့စရာ
လာသမျှကို မမှု ရင်ဘောင်တန်းခဲ့ကြ
တို့များရဲ့ ရဲဘော်တွေ
ပေါင်းစည်းမှုနဲ့ စိတ်ဓာတ်
ပီတိဖြစ်ခြင်းနဲ့ အတူ
လုပ်ရက်နဲ့ ရက်စက်မှုက
ကမ္ဘာတွင်သည်
'ခေါင်းကိုငုံ့၊ လက်ကိုမြှောက်
အံတုသူမရှိစေရ'
ဒါဟာဒင်းတို့ရဲ့ဆောင်ပုဒ်လား
အာဏာကို ခုတုံးလုပ် ကြိုက်သလိုဖိနှိပ်လဲ
စိတ်ဓာတ်ကို ချိုးနှိမ့်လို့မရခဲ့
တစ်ယောက်လဲရင် တစ်ယောက်ထ
လက်တို့စရာမလို ခံယူချက်ကအပြည့်
ချွေးနဲ့သွေး မြေမှခရလဲ
ဟစ်ကြွေးလျက်ပဲ..
"ဗိုလ်ချူပ်ပေးတဲ့ လွတ်လပ်ရေး၊ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး"
သုည
မှတ်ချက်။ ကိုသုညမှ ၈.၈.၈၈ အတွက် ကျွန်တော့်အိမ်၌ သုံး၇န် ရေးပေးထားသော အထက်ပါ ကဗျာလေးကို တင်ဆက်ပေးလိုက်သည်။
5 comments:
  1. ကဗျာက တိုပြီး ထိထိမိမိရှိပါတယ်။
    ကိုသုညကို ကျေးဇူးတင်ပါသည်။
    ReplyDelete
  2. ကဗျာလေး ကောင်းပါ၏ သိမ်:ထားခွင့်ပြုပါရန် :) ရေးသားသူကိုသုည နှင့် တီ: ထံခွင့်တောင်းပါသည်
    ReplyDelete
  3. ဗိုလ်ချုပ်ပေးတဲ့ လွတ်လပ်ရေး ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး။
    ကောင်းလိုက်တဲ့ စာသားလေး။ ရင်နှင့် အမျှ ခံစားရပါတယ်။ ပေဖူးကတော့ ဒီလို နိုင်ငံရေး စာကောင်းပေမွန်တွေ မရေးတတ်တော့ သူများရေးတာပဲ ဖတ်နေရတယ်။
    ကိုသုညကို ကြိုဆိုပါတယ်နော်။ အိမ်မှာ တင်ထားတဲ့ ကဗျာအတွက် ကျေးဇူးလဲ တင်ပါတယ်။
    ReplyDelete
  4. အာဏ ဖြစ်နေတယ် ကဗျာဆိုတာ စကားလုံးလွတ်လပ်ခွင့်ရှိလို့ နရီပျက်မှာစိုးလို့ စကားလုံးအားကောင်းအောင်လို့ဆိုရင် ကျွန်တော်မှားပါတယ် စာရိုက်တာမှားတယ်ဆိုရင် ကဗျာကောင်းလေးအတွက် ပြင်လိုက်ပါ
    ReplyDelete
  5. ကျွန်တော် ကိုသုညရဲ့ကဗျာကို စာလုံးပေါင်းပြင်လိုက်ကြောင်း.. ကိုသုညကို အသိပေးအပ်ပါသည်။
    ကိုမျိုးဝင်းဇော်ကိုလည်း ကျေးဇူးတင်ပါသည်။
    ReplyDelete
ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။