Sunday, August 10, 2008

ခေတ်သစ်ရည်းစားစာ

တစ်နေ့ တစ်နေ့
ငေးကြည့်ယုံလေးနဲ့တော့
ရင်ထဲကအချစ်တွေ ဘယ်အချိန်ထိ
ခေါက်ထားရမှာလဲ ကောင်မလေးရယ်
တကယ်တော့ နှလုံးသားဟာ
အမှည့်လွန်သစ်သီးတစ်လုံးလို
နင်သာကောက်ယူစားသုံးမယ်ဆိုရင်
ကြွေချင်နေတာကြာပါပြီ
ဒါပေမယ့်
အေးစက်စက်မင်းမျက်ဝန်းတွေကြောင့်
ခံစားချက်တွေတောင့်တင်းခဲ့တယ်
ဖွင့်အန်ပြောပြဖို့
စကားလုံးတွေ ပျောက်ဆုံးခဲ့တယ်
ဘယ်အချိန်မှ ရောက်လာမလဲမသိပေမယ့်
ငါ့ဘူတာရုံလေးကတော့
မျော်လင့်ခြင်း များစွာနဲ့

လည်တစ်ဆန့်ဆန့်ပေါ့
ကောင်မလေးရယ်

သက်ကောင်းစံ

ဒီကဗျာလေးသည် ကိုသက်ကောင်းစံမှ ကျွန်တော့်အိမ်မှာ တင်ပေးရန် ပေးပို့လာသော ကဗျာလေး ဖြစ်ပါသည်။

4 comments:

  1. ကောင်းပါ၏ နောက်ထပ်ကဗျာများလဲစောင့်နေပါမည်ဆက်ရေးပါ ကိုသက်ကောင်းစံ တီ: ကလဲထပ်တင်ပေးပါဦးနော် ကျေးဇူးပါ

    ReplyDelete
  2. ရည်းစားစာ ဘယ်လိုရေးရမလဲ စဉ်းစားလို့မရတာနဲ့အတော်ဘဲ ဖြစ်သွားတယ်။ ရည်းစားစာ ကော်ပီယူသွားတယ်နော်

    ReplyDelete
  3. very romance.... i encourage him to write more and more poems.. kha..
    (^_^)

    ReplyDelete
  4. အရမ်းကောင်းတဲ့ ကဗျာလေးပါ...............
    ရင်ထဲကခံစားချက်လေးများလားပဲ......
    ကောင်းတယ်.....

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။