Friday, August 1, 2008

ချစ်သူရဲ့ကဗျာ



ချစ်မိပြီဆိုမှတော့
ဘယ်လိုမှမုန်းမေ့မရ
ကိုယ်က တစ်ပင်တိုင်ရှူံးနိမ့်ခဲ့ရပြီ..
ကြင်သူမကြည်ဖြူတဲ့နောက်
အိပ်မက်တွေစွန့် လွှတ်
တိမ်းညွှတ်မိသောစိတ်ကိုထိန်း
ခပ်စိမ်းစိမ်းပဲနေပါတော့မယ်ကွယ်….


မုန်းမေ့မရပြီဆိုမှတော့
ဘယ်လိုမှ စိတ်ဖြေမရ
ကိုယ်က အထီးကျန်ဆန်ရူးခဲ့ရပြီ…
ကြင်သူအတွက် အနှစ်ခုနှစ်ရာမငိုကြွေးနိုင်ပေမယ့်
အခြေအနေသင့်ချိန်တိုင်း
မြေကြီးခောတ်မှာတောင်
ပန်းတွေပွင့်ဖူးပါတယ်ကွယ်….


တမ်းတလွမ်းမိပြီဆိုမှတော့
မကျေနပ်ချက် ကုဋေကုဋာနဲ့
ကိုယ်က တခါတလေ ရယ် ...
တခါတလေ ငို အရူုးုဖြစ်ခဲ့ရပြီ…
ကြင်သူအတွက် ဟန်ဆောင်အပြုံး
ကြိုးစားရယူမှုတိုင်းကို
ခံစားနားလည်သိပေးပါကွယ်….

ဝမ်းနည်းကြေကွဲခြင်းတွေနဲ့
ဝမ်းမြောက်ရွှင်လန်းခြင်းတွေကြားမှာ
တိုတောင်းသော ပြန်တွေးခြင်းဆိုတဲ့
ခနတဖြုတ်အလွမ်းလေးနဲ့ ပဲဖြစ်ဖြစ်
တို့ စိတ်ထဲမှာ အချင်းချင်းတော့
နောက်ဆုံးအကြိမ်ဖြစ်ဖြစ်
ပြန်လည်တမ်းတသတိရစေချင်ပါတယ်ကွယ်…



မှတ်ချက်၊၊ ၊၊ဒီအပတ်တော့အလွမ်းလေးပဲတင်ဆက်ပေးလိုက်ပါတယ်…
မျက်ရည်တွေကျမနေကြနဲ့ ဦးနော် …
နှပ်ရည်တွေနဲ့ တီးတွေရောကုန်မယ်နော် …

4 comments:

  1. "ချစ်သူရဲ့ကဗျာ" အလွမ်းကဗျာလေးကောင်းတယ်..:D ဒီကဗျာလေးလဲ ကြိုက်သွားပြီး၊အရမ်းးး အောက်ကသုံးပိုဒ်ပိုကောင်းတယ်..
    ကြိုက်လွန်းလို့ ကူးသွားပြီဗျို့

    နပ်ရည်နဲ့ဆို နို့ဆီမလိုတော့ဘူးပေါ့..:)နော်တီးးး

    ReplyDelete
  2. ငိုချင်နေတာကို နော်။ ဒီကဗျာဖတ်တဲ့နေ့မှပဲ မိုးအုံ့နေရတယ်လို့။ :( :(

    ReplyDelete
  3. နို့ဆီဖိုး သက်သာတယ်.. မဆိုးဘူး.. အကြွေးလာသောက်နေတဲ့သူတွေ များနေတာနဲ့.. :P ဟတ်ဟတ်..

    အိတာရေ.. The poem is really nice! :P

    ReplyDelete
  4. ကဗျာချာမ မအိတာ .. အလွမ်းကဗျာတွေရေးနေတယ်ဆိုတော့..ဟက် ဟက်..တိနေဒယ်နော် ..တိနေဒယ် :P

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။