
ဟုတ်ကဲ့။ အားလုံး မင်္ဂလာပါ။ ဒီနေ့ နေ့လည်ကပဲ ကျွန်တော် Custom Domain Address တစ်ခု ၀ယ်ပြီး အရင် ဘလောခ့် လိပ်စာကနေ အခု အောက် ဖော်ပြပါ လိပ်စာသစ်
http://www.myhome16.com/ ကို ပြောင်းလဲပြီး ရွှေ့လိုက် ပါတယ်။ အားလုံး အဆင်ပြေ ပြီးစီးဖို့ ၃ရက် လိုတယ် လို့တော့ ပြောပါတယ်။ ဒါပေမယ့် အခု ဖွင့်ကြည့်တော့ ဖွင့်လို့ ရနေ တာကို တွေ့ရ ပါတယ်။ ကျွန်တော် တို့ သိတဲ့ အတိုင်း Blogspot ကို မြန်မာပြည် မှာ ပိတ်ခံ ထားရ တာကြောင့် လူတွေ တော်တော် များများ ဖွင့်မရဘူး ဖြစ်နေ ပါတယ်။ Gtalk မှာလည်း လူတွေ လာပြီး ကျော်ရ ခွရတာ အဆင် မပြေကြောင်း၊ Freedom မရှိလို့ ၀င်မရတာက တစ်ကြောင်း၊ အစရှိတဲ့ အရာ တွေကြောင့် ဒီ Domain ကို လုပ်လိုက် ရတာပါ။ ကျွန်တော့် ကို Link ထားတဲ့ လူတွေလည်း ပြန်ပြီး ပြင်ဆင်ပြီး လင်ခ့်ချိတ် ပေးပါ။ အဆင် မပြေလည်း သူက အလို အလျောက် Refer လုပ်ပြီး အရင် လိပ်စာကနေ ဒီလိပ်စာကို ပို့ပေးမယ် လို့ သိရပါတယ်။ ဒါကြောင့် အခုလို လိပ်စာ အသစ်မှာ ပျော်ရွှင်စွာနဲ့ မီးရှုး မီးပန်းတွေ ဖေါက်ပြီး ဆင်နွှဲ လိုက်ရ ပါကြောင်း......
Tea
ဟေးးး
ReplyDeleteဒေါ်ကွမ်းကို ပိုင်သွားပြီ
happy blogging :)
မင်္ဂလာပါဗျာ.....
ReplyDeletecheers!!!!!
ဆက်လုပ်..တီးရေ....
ကိုနေ
www.ynp-net.info
ဝမ်းသာပါတယ်ရှင့်
ReplyDeleteHappy Blogging KO Tea!
ReplyDeleteကျေးဇူးတင်ပါ၏ ကျေးဇူးတင်ပါ၏..
ReplyDelete၀မ်းသာပါတယ်ဗျာ အခုဆို ကျော်စရာခွစရာ မလိုပဲ အလွယ်တကူလာလို့ရတာ ၀မ်းသာပါတယ်ဗျာ့
ReplyDeleteကျွန်တော် လည်း domain name ဝယ်ချင်လို့ပါ
ReplyDeleteဘယ်လိုလုပ်ရမလဲ လမ်းညွှန်ပေးစေချင်ပါတယ်။
ုဖြစ်နိုင်ရင် youngthu@gmail.com ကို အီးမေးလေး နဲ့
လှမ်းပြောပေးစေချင်ပါတယ်ခင်ဗျား...
လေးစားစွာဖြင့်
ဒေါ့ကွန်းဆိုတော့ နတ်ကွန်းနဲ့ နင်လားငါလားပေါ့...။
ReplyDeleteဒိုမိန်းဝယ်တော့ တနှစ်ကို ဘယ်လောက်ပေးရသလဲဆိုတာလေးပါ ဖော်ပြပေးပါလား။
ReplyDelete1နှစ်ကို ဒေါ်လာ၁၀ ပေးရပါတယ်ဗျာ့။ Google တို့ Yahoo တို့ ကနေ ကြိုက်သလို ၀ယ်လို့ရပါတယ်။
ReplyDeleteလိပ်စာအသစ်နဲ့ အိမ်အသစ်ကို လာသွားတယ်ဗျာ။ မီးပန်း ပပွားကတာ မြင်ရပေမယ့် ဗိုက်ဟောင်းလောင်းနဲ့ ပြန်သွားရတယ်။ အဲလို နောက်တစ်ခါ မလုပ်ပါနဲ့။ အဝေးကြီးက လာရတာလေ။ ;P
ReplyDeleteCongratulation ပါ အိမ် (၁၆) ရေ.
ReplyDeleteဒါပေါ့. ညီလေး “ပီကေ” ကို “P.K”
လောက်တော့ကျွေးသင့် တာပေါ့ :P :k
ပျော်ရွှင်ပါစေ