Friday, July 18, 2008

အာဇာနည်နေ့ တို့မမေ့

Photobucket


Photobucket

လေးစားခြင်း၊ ကြည်ညိုခြင်း . . .
နှမြောခြင်း၊ အားမရခြင်း . . .
ပူဆွေးခြင်း၊ တမ်းတခြင်း . . .
အစရှိသည့် ရသများဖြင့် ခံစားလျှက် ခုနှစ်သက္ကရာဇ် ၂၀၀၈၊ ဇူလိုင် ၁၉ ရက် တွင် ၆၁ကြိမ်မြောက် အာဇာနည်နေ့အား လေးစားစွာဖြင့် အလေးပြုလိုက်သည်။

20 comments:

  1. စာရေးသူပြောသလိုပင် ခံစား၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုပါသည်

    ReplyDelete
  2. ကျွန်တော်တို့ကနိုင်ငံတော်ခေါင်းဆောင်များကိုဂုဏ်ပြုနေသော်လည်း အောက်ပါနိုင်ငံခြားသားများ ကတော့ဘာတွေစဉ်းစားနေမလဲမသိဘူး။

    ဖခင်ဗိုလ်ချုပ်အောင်ဆန်း ကနိုင်ငံတော်လွတ်လပ်ရေးအတွက်ပေးဆပ်ခဲ့သောအသက်၊ နှမတော် ဒေါ်အောင်ဆန်းစုကြည် ကနိုင်ငံတော်ကောင်းစားဖို့ပေးဆပ်နေသောရာသက်ပန်လွတ်လပ်ခွင့် တို့ကိုလည့်မကြည်ဘဲ အမေရိကန်နိုင်ငံသား ခံယူပြီး နအဇ စစ်အစိုးရ သန်းရွှေနဲ့ ပူးပေါင်းနေသော Mr. Aung San Oo (မြန်မာလိုခေါ်ရန်မထိုက်တန်ပါသဖြင့်)

    ဖခင်ဆရာကြီးဒေါက်တာဦးဖေမောင်တင် ကမြန်မာနိုင်ငံသားများအား "မြန်မာစာအရေးအသားတိုးတက်စေနည်း" သင်ကြားပေးခဲ့သော်လည်း ပြင်သစ်စာပေ၊ ပြင်သစ်ဘာသာ ကိုမှတိုးတက်စေခြင်သော ဗြိတိသျှနိုင်ငံသူ လန်ဒန်မြို့နေ Brenda (ယခင်မြန်မာအမည်ကတော့ ဒေါ်တင်တင်မြိုင် ပါ။)

    မိမိ၏အဖိုး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း၊ မြန်မာနိုင်ငံသားများ သာမက အာရှတိုက်သားအားလုံးက ဂုဏ်ယူသော ဆရာကြီး ဦးသန့် ကတစ်ချိန်က
    "ဟေ့ ... မြန်မာဟာ မြန်မာပဲ။
    မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။
    မြန်မာပြည်မှာ သေရမယ်။
    အကြောင်းအမျိုးမျိုးကြောင့်
    ရေမြေခြားကိုရောက်နေရပေမယ့်
    တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။
    အခွင့်အရေး တစ်စုံတစ်ရာကြောင့်
    နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။" ဟုပြောခဲ့သည်ကိုနားမထောင်၊ မိမိ၏ မိထွေးနိုင်ငံ အမေရိကန်ပြည်ထောင်စု ကိုသာချစ်ပါတယ် ဆိုတဲ့ ဦးသန်း၏ မြေးတော်၊ ကုလသမဂ္ဂ ၏ အမေရိကန်အရာရှိ Thant Myint-U (မြန်မာအမည်ကိုချစ်လွန်းသည်တော့မဟုတ်၊ အဖိုး ”ဦးသန့်”ဟုသောအမည်ဖြင့်လုပ်စားရန်ဖြစ်ပါသည်။)

    မြန်မာနိုင်ငံ တွင်ကာလကြာရှည်စွာ နေထိုင်ခဲ့ပြီး (မြန်မာနိုင်ငံသားများကို မဆိုလိုပါ၊) ယခုနိုင်ငံခြားသားခံယူပြီးသူများ သို့မဟုတ် ခံယူရန် စိတ်အားထက်သန်နေသူများ (မိမိကိုယ်ကို မြန်မာနိုင်ငံသား ဟုမသတ်မှတ်ခဲ့ရင်တော့ ကိစ္စ မရှိပါ။) ၊ မိမိ ကိုယ်ကို မြန်မာ လူမျိုးဟုဖော်ပြရမှာ ရှက်နေသူများ၊ မိမိတို့၏ မြန်မာအမည်များကိုအခြားလူမျိုးများသတိမထားမိစေရန် Anglicize ၊ Sinicize လုပ်နေသူများ။

    ReplyDelete
  3. အပေါ်က ကိုစိုင်းရဲ့ ကောမန့်က မှန်နေသလို စိတ်ဝင်စားစရာကောင်းသည့် အတွက် နောက်နေ့ကျရင် ပိုစ့်တစ်ခုလုပ်ပြီး မျှဝေပါဦးမည်။

    လေးစားလျှက်

    ReplyDelete
  4. အလေးပြုသွားပါတယ်ရှင့်

    ReplyDelete
  5. အလေးပြုသွားပါတယ်ရှင့်

    ReplyDelete
  6. လေးစားခြင်း၊ ကြည်ညိုခြင်း . . .
    နှမြောခြင်း၊ အားမရခြင်း . . .
    ပူဆွေးခြင်း၊ တမ်းတခြင်း . . .
    အစရှိသည့် ရသများဖြင့် ခံစားလျှက် ခုနှစ်သက္ကရာဇ် ၂၀၀၈၊ ဇူလိုင် ၁၉ ရက် တွင် ၆၁ကြိမ်မြောက် အာဇာနည်နေ့အား လေးစားစွာဖြင့် အလေးပြုလိုက်သည်။

    (စကားမတတ်လို့ တီးရဲ့စကားကိုပဲယူသုံးပြီး အလေးပြုလိုက်ါပတယ်)

    ReplyDelete
  7. ဟုတ်ကဲ့......
    အလေးပြုသွားပါတယ်ရှင့်....
    ပြောချင်တဲ့စကားတွေဘယ်လိုပြောရမှန်းမသိတော့လို့
    အလေးပြုပြီးပဲပြန်သွားပါတယ်......

    ReplyDelete
  8. ကလင်တန်ရှုံးလို့ စိတ်ပျက်တယ်ဆိုတဲ့ ရေပေါ်ဆီ လဒူလေး...ပေါ်ပင်တွေ သိတ်မလုပ်နဲ့ ..မင်းတနေ့ ယူအက်စ် က မြန်မာပြည်ကိုပြန်ပြီး တိုင်းပြည်အတွက်လုပ်မလား...ယူအက်စ်ကို ပထွေးတော် မလားဆိုတာ စောင့်ကြည့်မယ်ကွ...လောလောဆယ်တော့ အသံကောင်းဟစ်နေဦးပေါ့ကွာ...။ အေး...ပညာစုံလို့ကိုယ့်နိုင်ငံကိုယ်ပြန်ပြီး တိုးတက်ရာတိုးတက်ကြောင်းလုပ်တယ် ဆိုရင်တော့ မင်းကို အပြင်မှာလာတွေ့ပြိး တောင်းပန်ဂုဏ်ပြုမယ်ကွ...မှတ်ထား...။

    ReplyDelete
  9. ဒီလိုနေ့မှာ လာပြီး ပြဿနာရှာမနေနဲ့။
    ကလင်တန်နဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ဘူး။ စကားကို ရီးတီးယားတား လာပြောမနေနဲ့။
    လူတွေ ဒီအချိန်မှာ စိတ်မကောင်းစွာနဲ့ အလေးပြုနေချိန်မှာ လာမဟောင်နေနဲ့။ ကြားလား။ ကိုယ့်ဘာသာကိုယ် ဆင်ခြင်ဖို့ ပြောချင်တယ်။ အမှားနှင့် အမှန်ကို မြင်အောင် မြင်တတ်မှ တစ်ပါးသူကို ဝေဖန်ပါ။ မိမိတစ်ယောက်ထဲကသာ မြန်မာပြည်ကို ချစ်ပါပြီလို့ မသတ်မှတ်ထားနဲ့။ သူများကို လိုက်မစော်ကားနဲ့။ သူများ အကြောင်း မသိပဲနဲ့ ပုတ်ခတ်မနေနဲ့။ လူဆိုတာ စကားကို ဆင်ခြင်ပြောပြီး အမှန်ဆိုအမှန် အမှားဆိုအမှားလို့ ပြောရတယ်။ စိတ်ပျက်စရာတွေ သိပ်မလုပ်နဲ့။

    ReplyDelete
  10. အင်းတီးရေ...၀မ်းနည်းစရာပိုကောင်းသွားသလိုပဲ...:(

    ReplyDelete
  11. ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုပါသည်

    ReplyDelete
  12. ညီလေးရေ.

    ကျဆုံးလေ ပြီးသော “အာဇာနည်”

    ခေါင်းဆောင်ကြီးများအား

    ဝမ်းနည်းစွာ အလေးပြုအပ်ပါသည်။


    သြော်. အရေးထဲ ဒီလိုနေ့ မျိုးမှာ.

    သနပ်ခါး ဘဲကြားလူး ယောင်းမခါးကြားထိုးပီး

    ထမိန်ကြားထဲက လက်ဝါးထောင်ပြ နေတဲ့

    Anonymous ဂဏန်းကောင်တွေကြောင့်

    " Martyr day" ရဲ့ “ Moral ” အောက်တယ်.

    Comment တင်ပေးတာတောင်လွန်လှပီ

    ကိုယ်ကိုတိုင်လည်း အဖြစ်မရှိ သူများလိုက်ခြေထိုး

    သေတောင် မကျွတ်တဲ့ လူမျိုး

    ( Page ကုန် Web လေး) အခြောက်မ များသို့



    Anonymous တွေရဲ့ ခေါင်းကိုင် “အဖေ”

    ရန်သူ

    p.s...Sai ရဲ့  Comment လေးလဲ စဉ်းစားစရာပါဘဲ.

    ReplyDelete
  13. အာဇာနည်နေ့တွင် ကျဆုံးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်များကို အလေးပြုအပ်ပါသည်။

    ReplyDelete
  14. အာဇာနည် ခေါင်းဆောင်များကို ဤနေရာမှ လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။ လူမသိ သူမသိ၊ မထင်မရှား တိုင်းပြည်အတွက် အသက်စွန့်ကာ၊ ဗြိတိသျှ လက်၊ ဂျပန်လက်မှ လွှတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့သော ရဲဘော်များ အားလုံးကိုလည်း ဂုဏ်ပြုခြင်း အထိမ်းအမှတ်နှင့် အလေးပြုလိုက်ပါ၏။

    ReplyDelete
  15. အလေးပြုဖို့လာတာ နောက်ကျသွာူလို့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်အပေါင်းကို လေးစားခြင်း၊ နှမြောခြင်းများစွာနဲ့ အလေးပြုပါတယ်။

    ဒီလို ရှားပါးတဲ့ ရာဇ၀င်တွေကို ခေတ်လူငယ်တွေသိအောင် များများ ပြောပြပေးဖို့လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင် ဘာမှမလုပ်လိုက်ရပေမယ့် ကိုတီးကို ကျေးဇူးအများကြီးတင်ပါတယ်။

    ReplyDelete
  16. အလေးပြုပါ၏။
    အလေးပြုပါ၏။
    အလေးပြုပါ၏။
    အလေးပြုပါ၏။
    အလေးပြုပါ၏။

    ReplyDelete
  17. ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်များကို နက်နဲကစွာ အလေးပြုသွားသည်။

    ReplyDelete
  18. ကိုစိုင်းပြောသွားတဲ့ အကြောင်းကလဲ စဉ်းစားစရာပဲ

    ReplyDelete
  19. Thanks for ur post.

    always......

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။