Saturday, July 19, 2008

မြန်မာ မဟုတ်သော နိုင်ငံခြားသား များသို့

အောက်ပါကောမန့်လေး တစ်ခုကို ကျွန်တော့်ရဲ့ အာဇာနည်နေ့ တို့မမေ့ ဆိုတဲ့ ပိုစ့်လေးမှာ ကိုစိုင်းဆိုသူက ရေးသွားခဲ့တာပါ။ စိတ်ဝင်စားစရာ ဖြစ်သလို ကျွန်တော်လည်း သင့်တော်သည်ဟု ယူဆပါသည်။ အားလုံး လေ့လာနိုင်စေရန် ပိုစ့်တစ်ခု အနေနှင့် ပြန်လည် တင်ဆက်လိုက်ပါသည်။



ကျွန်တော်တို့က နိုင်ငံတော် ခေါင်းဆောင်များကို ဂုဏ်ပြု နေသော်လည်း အောက်ပါ နိုင်ငံခြားသားများ ကတော့ ဘာတွေ စဉ်းစားနေမလဲ မသိဘူး။

ဖခင် ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံတော် လွတ်လပ်ရေး အတွက် ပေးဆပ်ခဲ့သော အသက်၊ နှမတော် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတော် ကောင်းစားဖို့ပေးဆပ်နေသော ရာသက်ပန်လွတ်လပ်ခွင့် တို့ကို လည့်မကြည်ဘဲ အမေရိကန်နိုင်ငံသား ခံယူပြီး နအဖ စစ်အစိုးရ သန်းရွှေနဲ့ ပူးပေါင်းနေသော Mr. Aung San Oo (မြန်မာလိုခေါ်ရန်မထိုက်တန်ပါသဖြင့်)

ဖခင်ဆရာကြီး ဒေါက်တာဦးဖေမောင်တင် ကမြန်မာနိုင်ငံသားများအား "မြန်မာစာအရေးအသားတိုးတက်စေနည်း" သင်ကြား ပေးခဲ့သော်လည်း ပြင်သစ်စာပေ၊ ပြင်သစ်ဘာသာ ကိုမှတိုးတက်စေခြင်သော ဗြိတိသျှနိုင်ငံသူ လန်ဒန်မြို့နေ Brenda (ယခင်မြန်မာ အမည်ကတော့ ဒေါ်တင်တင်မြိုင် ပါ။)

မိမိ၏အဖိုး၊ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း၊ မြန်မာနိုင်ငံသားများ သာမက အာရှတိုက်သား အားလုံးက ဂုဏ်ယူသော ဆရာကြီး ဦးသန့် ကတစ်ချိန်က
"ဟေ့ ... မြန်မာဟာ မြန်မာပဲ။
မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။
မြန်မာပြည်မှာ သေရမယ်။
အကြောင်းအမျိုးမျိုးကြောင့်
ရေမြေခြားကိုရောက်နေရပေမယ့်
တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။
အခွင့်အရေး တစ်စုံတစ်ရာကြောင့်
နိုင်ငံခြားသား လုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။" ဟုပြောခဲ့သည်ကို နားမထောင်၊ မိမိ၏ မိထွေးနိုင်ငံ အမေရိကန်ပြည်ထောင်စု ကိုသာချစ်ပါတယ် ဆိုတဲ့ ဦးသန့်၏ မြေးတော်၊ ကုလသမဂ္ဂ ၏ အမေရိကန်အရာရှိ Thant Myint-U (မြန်မာအမည်ကို ချစ်လွန်းသည် တော့မဟုတ်၊ အဖိုး ”ဦးသန့်”ဟုသော အမည်ဖြင့် လုပ်စားရန် ဖြစ်ပါသည်။)

မြန်မာနိုင်ငံ တွင်ကာလကြာရှည်စွာ နေထိုင်ခဲ့ပြီး (မြန်မာနိုင်ငံသား များကို မဆိုလိုပါ၊) ယခုနိုင်ငံခြား သားခံယူပြီးသူများ သို့မဟုတ် ခံယူရန် စိတ်အား ထက်သန်နေသူများ (မိမိကိုယ်ကို မြန်မာနိုင်ငံသား ဟုမသတ်မှတ်ခဲ့ရင်တော့ ကိစ္စ မရှိပါ။) ၊ မိမိ ကိုယ်ကို မြန်မာ လူမျိုးဟု ဖော်ပြရမှာ ရှက်နေသူများ၊ မိမိတို့၏ မြန်မာအမည်များကို အခြားလူမျိုးများသတိမထားမိစေရန် Anglicize ၊ Sinicize လုပ်နေသူများကိုသာ ပြောလိုခြင်းဖြစ်သည်။

အာဇာနည်နေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ မြန်မာပြည်ကို ချစ်ကြသလို အထက် ဖော်ပြပါ နိုင်ငံခြားသား ပုဂ္ဂိုလ်ကြီးများလည်း သူတို့ နိုင်ငံသားခံယူထားသော နိုင်ငံများကို ချစ်နိုင်ကြပါစေ ဟု ဆုတောင်းလျှက်


စိုင်း
(မြန်မာနိုင်ငံသား)

19 comments:

  1. ဟုတ်ကဲ့ပါရှင့်
    ကျွန်မလည်းပဲဒီလိုလူတွေကိုအရမ်းမုန်းပါတယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ်မလုပ်ပဲ
    ထားပါတော့ စိတ်ကုန်တယ်

    ReplyDelete
  2. ဒီအကြောင်းကို ကျွန်တော်လည်း ရင်ထဲမှာ ရှိနေတာကြပါ။ တစ်ချို့သော သူတွေ က မြန်မာနိုင်ငံသား ဖြစ်ရတာကို မြတ်နိုးခြင်း တွယ်တာခြင်း မရှိပဲနှင့် တခြား အခွင့်အရေးများ၊ ရပိုင်ခွင့်များကြောင့် မိမိတို့၏ MYANMAR or BURMESE citizenship များကို ပျော်ရွှင်စွာ နှင့် စွန့်လွှတ်တတ်ကြပါသည်။

    အမေရိကန် PASSPORT ကြီးတွေနဲ့ "ဒို့အရေး ဒို့အရေး" ဆိုပြီး မြန်မာအစိုးရကို ကြိမ်ဆဲတိုင်းထွာ နေသူများလဲ ရှိပါတယ်။

    တစ်ခုရှိတာက သူတို့မှာ RIGHT မရှိပါဘူး။ သူတို့က မြန်မာ citizen ကို မလိုလားလို့ မနှစ်သက်လို့ စွန့်ခဲ့ကြပြီးပြီ။ ဒါတွေ ပြီးသွားမှ လာပြီး ..... (နားလည်မယ်လို့ ထင်ပါတယ်)

    ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဘယ်ခေတ်ကမှ DUAL CITIZENSHIP ကို လက်မခံခဲ့ပါဘူး။ တစ်ခြား နိုင်ငံသား ဖြစ်သွားခဲ့ရင် မြန်မာနိုင်ငံသားကို ဆုံးရှုံးသွားမည် ဖြစ်ပါသည်။

    တစ်ခြား နိုင်ငံရဲ့ တရားရုံးတစ်ခု မှာ ၄င်းနိုင်ငံကို ထာဝရ သစ္စာရှိပါမည်ဟု သစ္စာဆို (Allegiace) ကို လုပ်ပြီးသွားမှ အခုလို လုပ်တာတော့ မကောင်းပါဘူး။

    အကယ်လို့များ ထိုကဲ့သို့ လူတွေက သူတို့ ရဲ့ ယခု လက်ရှိ နိုင်ငံကိုလည်း မချစ်တတ်နေရင် မြန်မာလူမျိုးတွေ သစ္စာတရား ကင်းမဲ့သော လူများလို့ ပြောခံရပါလိမ့်မည်။

    ဥပမာ - တရုတ်ပြည်မှ အမေရိကန်ကို ရောက်လာခဲ့သော တရုတ်လူမျိုး Elaine Chao (Secretary of Labor) ဆိုရင် အမေရိကန် အပေါ်မှာသာ သစ္စာရှိပြီး တရုတ်ကို လုံးဝ စိတ်ထဲ မထည့်ထားသူပါ။

    ဒိန်းမတ်မှ လက်ရှိ လွှတ်တော် အမတ် တာဝန် ထမ်းဆောင်နေသော စီးရီးယား (အာရပ်လူမျိုး) Naser Khader သည်လည်း ဒိန်းမတ်ကိုသာလျှင် သစ္စာရှိသူဖြစ်သည်။

    ကျွန်တော်ပြောချင်တာက သစ္စာဆိုပြီးမှ... ....

    ကျွန်တော်သိသော တော်တော် နာမည်ကြီး သော သူတွေ ရှိပါတယ်.. နာမည်တော့ မဖော်လိုပါဘူး။

    သူတို့က အမေရိကန် ပတ်စပုတ် ကြီးတွေ၊ ဗြိတိသျှ ပတ်စပုတ် ကြီးတွေနဲ့ .... မြန်မာနိုင်ငံကို ချစ်နေကြတာတွေပေါ...

    ဒီလောက်ပဲ ပြောချင်ပါတယ်။

    လေးစားချစ်ခင်လျှက်
    Tea

    ReplyDelete
  3. ဒီလိုတွေ ဖြစ်ကုန်တာ စိတ်မကောင်းစရာပါ။ ဒါမျိုးတွေက နိုင်ငံခြားမှတင် မဟုတ်ပါဘူး။ ပြည်တွင်းမှာလဲ ဖြစ်နေပါတယ်။ တို့ဗမာဘုရင်သွေးတွေ YIEC မှာ ကျောင်းတက်ပြီး ဗမာစာစီစာကုံးတောင် မရေးတတ်တော့ပါဘူး။ ကိုယ်တွေ့ပါ။ တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။

    မှတ်ချက်။ ။နိုင်ငံခြားမှာမွေးတဲ့ ဗမာလူမျိုးများအကြောင်းနဲ့ ပတ်သတ်ပြီး ကိုစိုင်းနဲ့ Gtalk မှာ တခါဆွေးနွေးဖူးပါတယ်။ အသိအမှတ်ရစရာ တော်တော်ရခဲ့အတွက် အဲဒီ Chat History ကို ပြန်ရှာနေပါတယ်။ ရှာတွေ့ရင်တော့ နည်းနည်းတည်းဖြတ် ကိုစိုင်းကို ခွင့်တောင်းပြီး တင်ပေးပါ့မယ်။ Hopefully I could find it!!!

    ReplyDelete
  4. အင်းနိုင်ငံသားခံယူဖို့ တော့မစဉ်းစားမိပါဘူး...

    ReplyDelete
  5. လျော်ကန် သင့်မြတ် ပါပေတယ် ဗျာ ... စာ တိုသော်လည်း သေချာ ဖတ်ရှု ဆင်ခြင် တွေး သွားပါကြောင်း ...

    ReplyDelete
  6. လေးစားခြင်း၊ ကြည်ညိုခြင်း . . .
    နှမြောခြင်း၊ အားမရခြင်း . . .
    ပူဆွေးခြင်း၊ တမ်းတခြင်း . . .
    အစရှိသည့် ရသများဖြင့် ခံစားလျှက် ခုနှစ်သက္ကရာဇ် ၂၀၀၈၊ ဇူလိုင် ၁၉ ရက် တွင် ၆၁ကြိမ်မြောက် အာဇာနည်နေ့အား လေးစားစွာဖြင့် အလေးပြုလိုက်သည်။
    ကျနော်လဲ အမြဲတမ်း ထပ်တူထပ်မျှ ပါပဲ ဗျာ။

    ReplyDelete
  7. အလွန်ကောင်းသော ခံယူချက်နှင့် စာသားများ ဖြစ်ပါသည်။

    ReplyDelete
  8. ကျွန်တော်သိပ်မသိဘူးဗျာ ပို့စ်အသစ်ကိုမျှော်နေပါမယ်...
    ဘယ်နေရာပဲရောက်နေပါစေ မြန်မာပြည်တော့ပြန်မှပဲ။

    ReplyDelete
  9. အခုမှစဉ်းစားမိးပါတယ်။ မှန်ကန်ပါတယ်ရှင့်

    ReplyDelete
  10. Can you tell me what must i do to comment in Myanmar font without disturbing present Win and Academy font systems
    thanks

    ReplyDelete
  11. မှန်လိုက်လေခြင်း
    မှန်လိုက်လေဖြင်း
    မှန်လိုက်လေခြင်း

    ReplyDelete
  12. ဟုတ်ပါ့ဗျာ ဒီလိုလူတွေကိုတော့ ပြောနေရင် ကျက်သရေး သုံးပါတယ်ဗျာ စိတ်ပျက်ဖို့ကောင်းတယ် ဆန်ကုန်မြေလေးတွေ

    ReplyDelete
  13. သန်.မြင်.ဦးတို.ဘာတို.ကမြန်မာပြည်နဲ.မဆိုင်ဘူးဆိုရင်လည်းမဆိုင်တော.ဘူးလို.သာထားလိုက် ပေါ.ကွာ..မင်းတို.ကိုစိုင်းဆိုတာက ကိုယ်ရေးကိုယ်တာနဲ.နွယ်ပြီးချချင်နေတာလားမှမသိတာ မြန်မာပြည်ကကောင်တွေက သန်.မြင်.ဦးဆိုတာသိမှမသိတာ...

    ReplyDelete
  14. သွေ:စက်ရေ
    မြန်မာပြည်က လူတွေ အဲဒီလူတွေအကြောင်းမသိလို့ရေး ထားတာပေါ့။ အားလုံးကသူတို့အကြောင်းတွေသိနေရင်ကျွန်တော်ကအပင်ပန်းခံပြီးရေးနေပါ့မလား။ ကျွန်တော်ရေးတဲ့စာကလဲ "လူ" တွေဖတ်ဖို့ပါ။ မြန်မာပြည်က "အကောင်" တွေကလည်းစာမဖတ်တတ်ပါဘူးခင်ဗျား။ ပြီးတော့ကိုယ်ရေးကိုယ်တာဆိုတာဘာကိုဆိုလိုတယ်ဆိုတာကောခင်ဗျားသိပါသလား။ ဘာမှမသိဘဲနဲ့တော့ လာမကြောင်ပါနဲ့ဗျာ။

    ReplyDelete
  15. hello ko sai,
    naing gan yey..yey dal so yin..thu myar goe ma poke khat ya bu lay. thu pyaw dar lal fyt naing dar par bae. blogger so dar ga online mhar ko yaung phyout pee yey nay kya dar pae. 100% yone ya loe lar

    ReplyDelete
  16. Well, Since there is no such thing as right or wrong, I wouldn't say anything but if you ask me I'd say its not their fault... and there is no one to be blame...that is where "compromise" comes in... My believe is that as long as they take themselves as Myanmar its fine, honestly speaking I m not in Myanmar as well, and I m not planning to going back... It is not that I don't love my country.. it is that they left me with no choice... so, what would you say then...

    ReplyDelete
  17. ဘယ်အရာမှ အလကားမရဘူးဆိုတာ ယုံရင် သို့မဟုတ် ရွေးကောက်ပွဲအနိုင်ရပါတီရဲ့ အခြေခံဥပဒေမူကြမ်းကို ဖတ်ဖူးရင် ရင်နာနာနဲ့ အခွင့်အရေးအဆုံးရှုံးခံကြရတဲ့ မသေကောင်းမပျောက်ကောင်းများကို နားလည်မှာပါ။ မရလို့ မလိုချင်သူထက် ရပြီးနိုင်ငံအတွက် အသုံးချနေသူတွေက ပိုမြင့်မြတ်ပါလိမ့်မယ်

    ReplyDelete
  18. နိုင်ငံသား ခံယူကြတာနဲ့ ပါတ်သက်ပြီး စိတ်မကောင်းပါ ဘူး။ သူ တို့ တွေ လည်း မြန်မာနိုင်ငံသား အဖြစ်ဂုဏ်ယူဝင့်ကြွားပြီး နေချင်ကြ သူ တွေများ မှာ ပါ။ မဖြစ်သာလွန်းလို့ နိုင်ငံသားဘ၀စွန့် လွတ်သွားတယ်လို့  မှတ် ပါတယ်။ စစ်အစိုးရ ရဲ့ နိုင်ငံသား တွေ အပေါ် ဖိနှိပ် မှူကြောင့် နိုင်ငံသားကောင်းတွေ လွင့် စင် ကုန် ကြတာပါပဲ။ ဦးအောင်ဆန်းဦးတော့ မပါဘူး ပေါ့ ဗျာ။ ဗိုလ်မင်းရောင် က စတဲ့  မျိုးရိုး ဂုဏ်ကို မှ မထောက် ၊ နိုင် ငံကို ကျောခိုင်းဝံ့ တယ်။(ဦးတပ်ခေါ်တာက မျိုးရိုးကောင်းလို့ ပါ) အံ့သြစရာပဲ ။ တစ်ခြားလူများကို တော့မပြောလို ပါဘူး ။ တိုင်းပြည် ဒီမိုကရေစီရရင်တော့ ပြန်လာကြမှာပေါ့ ဗျာ...

    ReplyDelete
  19. Tea, မြန်မာနိုင်ငံက တချိန်တခါကမှ dual citizenshipကို လက်မခံခဲ့ဘူးဆိုတာမှားပါတယ်။ ၁၈၈၆-၁၉၆၀ပတ်၀န်းကျင်ထိ မြန်မာနိုင်ငံသားအပြင် အခြားနိုင်ငံသားတခုမက ကိုင်ဆောင်ခွင့်ရှိခဲ့ပါတယ်။

    ReplyDelete

ဟုတ္ကဲ့ဗ်။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။