
ခင်ပွန်းက ဇနီးကို ရေးလိုက်တဲ့ စာလေးပါ။
အချစ်ရေ
ဒီလတော့ ကို လစာငွေ မပို့ပေးနိုင်လို့ အနမ်း ၁၀၀ကို ဒီစာနဲ့ အတူ ပို့လိုက်တယ်နော်။ မင်းဟာ မောင့်အတွက် အချစ်ဆုံးပါကွယ်။
မင်းရဲ့ အချစ်ဆုံး ခင်ပွန်း
မောင်
ရက်အနည်းငယ်ကြာသောအခါ ဇနီးက သူ့ခင်ပွန်းသည်ထံ စာပြန်လိုက်သည်။
မောင်ရေ
မောင့် အနမ်း ၁၀၀ အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ တဆက်တည်း ခင့်ရဲ့ ဒီလ အသုံးစရိတ်လေးကိုလည်း ပြောပါရစေနော်။
၁။ တလစာ နွားနို့အတွက် နွားနို့လာပို့နေသူနဲ့ အနမ်း ၂ခု သဘောတူလိုက်တယ် မောင်။
၂။ မီးပြင်သမား အတွက် အနမ်း ၇ခု သဘောတူလိုက်တယ် မောင်။
၃။ ကျွန်မတို့ အိမ်ရှင်ကလည်း နေ့တိုင်းလာပြီး အိမ်လခအတွက် အနမ်း၂ခု ၃ခု ယူလေ့ရှိတယ်မောင်။
၎။ စတိုးဆိုင် ပိုင်ရှင်ကတော့ အနမ်းတွေကို လက်မခံလို့ တခြား ဟာလေးတွေပဲ ပေးလိုက်တယ်မောင်။
၅။ တခြား အသုံး စရိတ်လေးတွေ အတွက်တော့ အနမ်း ၄၀လောက် သုံးလိုက်တယ်မောင်။
အရမ်း စိုးရိမ်မနေပါနဲ့မောင်။ ဒီလ အတွက် မောင်ပေးထားတဲ့ အနမ်းတွေထဲက အနမ်း ၃၅ခုလောက် ကျန်ပါသေးတယ်။ ဒီလတော့ ဒီ အနမ်း ၃၅ခု ကို ကုန်အောင် သုံးဖြစ်မယ်ထင်တယ်။ နောက်လအတွက်တော့ ဒီလိုပဲ ဆက်သွားသင့်လားဆိုတာ အကြံပေးပါဦးမောင်။
အချစ်ဆုံးဇနီး
Reference: This Joke is from MMCupid forum.
ha ha ha :D thats cool
ReplyDeleteဟား ဟား.......
ReplyDeleteကောင်းရော...မှတ်ကရောပေါ့နော်...ဟိ ဟိ
ဝေ...
ReplyDelete“အနန်း” ကတော့
“ရှမ်းမကြီး” ဝေ့..:P
အဲ့ဒါနဲ့ ပဲနောက်လ တောင်မကူးပဲ
ReplyDeleteပိုက်ဆံမရရအောင်ပို့ ပေးတော့မယ်နဲ့ တူတယ်။
ကျွန်တော်လို လူမျိုးဆိုရင်ပေါ့
:)
တစ်လောကလုံးမှာ ပိုင်တာဆိုလို့ ဒီအနမ်းလေးတွေပဲ
ရှိတာကိုသူများကို ခွဲပေးရမယ်ဆိုရင်တော့သေမှာပဲ
:P
ကျောချမ်းသွားတယ်ဗျာ.....
ReplyDeleteဝင်းဇော်
ကြောက်ချာကြီး.........ဟီးးးးးးးးးးး
ReplyDeleteတော်လိုက်တဲ့ မိန်းမ။ :P
ReplyDeleteခင်ပွန်းသည် ပို့ပေးလိုက်တဲ့အနမ်းတွေကို လောက်အောင်သုံးနိုင်တာ ကပဲ ချီးကျုးစရာ တစ်ခုပါ ၊၊
ReplyDeleteတော်ပါပေတယ်..တော်ပါပေတယ် ....ဟီး
အလုပ်ပြောင်းရင်တောင်ကောင်းမလားမသိဘူး ကိုတီး ရာ စတိုးဆိုင်လေးဘာလေးဖွင့်မလားလို့ ၊ အဟေးဟေး ၊ ခင်ဗျားလဲ လ္ဘက်ရည် ကို အဲဒီဈေးနဲ့ရောင်းပါလား ။ အဟေးဟေး
ReplyDelete