Saturday, July 26, 2008

မင်္ဂလာဆောင်တွေမှာ...........


စာမေးပွဲတွင်းကြီးဆိုတော့ စာလဲ ကောင်းကောင်းမရေးနိုင်ဘူး။ :( :( ဒါပေမဲ့ ပေဖူးလွှာ နှစ်သက်တဲ့ ရယ်စရာVideoလေးတစ်ချို့ကို ပြန်တင်ပေးလိုက်ပါတယ်။

တစ်သက်မှာ တစ်ခါပဲ မင်္ဂလာဆောင်ကြတာပါတဲ့။ သတို့သား၊ သတို့သမီးအပါအ၀င် နှစ်ဖက်သော ဆွေမျိုးမိဘတွေကလဲ မင်္ဂလာဆောင်အခမ်းအနားကို အကောင်းဆုံး၊ Romantic အဖြစ်ဆုံး၊ အခမ်းအနားဆုံးဖြစ်အောင် စီစဉ်ကြပါတယ်။ တကယ့်ကို လှပတဲ့ အခမ်းအနားတွေပါ။ အမှားမရှိအောင် ထောင်စေ့ထားတဲ့ကြားက မဟုတ်က ဟုတ်ကတွေ ဖြစ်တတ်ပါတယ်။ ဒီVideoတွေ အားလုံးက မင်္ဂလာဆောင်တွေမှာ ဖြစ်တဲ့ အမှားမှား အယွင်းယွင်းတွေ အကြောင်းပါ။ အားရပါးရ ရီကြပေါ့နော်။

ပေဖူးကြုံဖူးတဲ့ မင်္ဂလာဆောင်ရီစရာတစ်ခုကတော့ မင်္ဂလာမဆောင်ခင်တစ်ည သတို့သမီး မာကလာသီးကိုက်လိုက်တာ ရှေ့သွားပဲ့ သွားတာပါပဲ။ ညတွင်းချင်းကြီးဆိုတော့ ဘာမှ လုပ်မရတော့ဘူး။ ဘယ်တတ်နိုင်မလဲ နောက်နေ့မင်္ဂလာဆောင်ကျ သွားမပေါ်အောင် ပြုံးပေါ့။ သတို့သမီးကိုယ်တိုင်က ဟက်ဟက်ပက်ပက်မပြုံးတော့ ဘယ်အပျိုရံ၊ ပန်းကြဲတဲ့ မိန်းကလေးကမှ သွားပေါ်အောင် ပြုံးမရတော့ပါဘူး။ ပြုံးရင် ကိုယ်ကပဲ သတို့သမီးကို ကျော်ပြီး ပျော်နေသလိုလို။ ထွက်လာတဲ့ ဓါတ်ပုံတွေ စဉ်းစားသာ ကြည့်ပေတော့၊ အကုန်လုံးတည်တည်ကြီးတွေ၊ သတို့သမီးကလဲ သွားပဲ့လို့ တညလုံး ငိုထားတာ မျက်လုံးကြီးတွေ ယောင်လို့။ ~.~


မင်္ဂလာဆောင်တွေမှာ ကလေးတွေကလဲ တစ်ပြသနာပါပဲ။ ကလေးဆိုတာမျိုးက သူလုပ်ချင်ရာ လုပ်တာကိုး။
ဒီကြားထဲ ပန်းစည်းလုတဲ့ အပျိုရံတွေကလဲ တမှောင့်။ သတို့သားကို နှိပ်စက်ချင်တဲ့ လူတွေကလဲ တပုံတပင်။


ကျန်သေးတယ်။ ဆက်ကြည့်သွားဦး။


မင်္ဂလာဆောင်မှာ များသောအားဖြင့် ပြသနာကတော့ သတို့သမီးရဲ့ အကျီင်္တွေပါပဲ။ မိန်းကလေးဆိုတော့ လှချင်တာပေါ့နော်။ အဲဒီမှာတင် ဖြူဖြူဖွေးဖွေးဝတ်စုံဖားဖားကြီးကို သတို့သားမနိုင်တာကနေပြီး ပြသနာစတာပါပဲ။ :)



ခရစ်ယာန်ဘုရားကျောင်းမှာ လက်ထပ်မယ့်သူများ သတိထားရန်။



ရှန်ပိန်ပုလင်းတွေ ဖောက်ချင်ဦးလေ။



ဖြစ်တတ်ပါတယ်။ :D



ဒါကတော့ Special. ရီရတာ မျက်ရည်တောင်ထွက်တယ်။



နောက်မှပဲ ပို့စ်ရှည်ရှည်ရေးတော့မယ်။
ပေဖူးလွှာ



5 comments:

  1. ပေဖူးရေ...
    အဟေးးး.. ရီ(ရယ်) ရတယ်ဟ..
    ပျော်စရာကြီး.. အမှတ်တရလည်း ဖြစ်တာပေါ့နော့်
    သွားတုကြီး ကျွတ်သွားတာတော့ ဆိုးတယ်ကွာ..
    :P

    ReplyDelete
  2. :) ကလေးတွေက အဆိုးဆုံးပဲ.. ဟတ်ဟတ်..

    မင်္ဂလာဆောင်နေတုန်း သတို့သမီးကို ချန်ပြီး သွားဖက်နမ်းတဲ့ ကိုယ်တော်ကလည်း.. တရားလွန်တယ်။

    ReplyDelete
  3. မပေဖူးရေ
    ရှာရှာကြံကြံကိုရှာတတ်ပါပေတယ်
    ရီလိုက်ရတာ ချယ်ရီတော့အူနာနေပြီ

    ReplyDelete
  4. ပေဖူး ရေ.. ရယ်စရာ လေးတွေလာကြည့်သွားတယ်၊၊
    ကြိုက်ပါတယ်၊၊ ရယ်ရလွန်းလို့ ဗိုက်အောင့်တယ်ဂျ ၊၊.. :)

    ReplyDelete
  5. hee hee that is funny. bite taung ount tal

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။