Sunday, June 15, 2008

ကျွန်တော့်ရဲ့ အဖေ



ပထမဦးဆုံး ပျော်ရွှင်စရာ ကောင်းသော အဖေများနေ့ပါလို့ နှုတ်ခွန်းဆက်သချင်ပါသည်။ အားလုံးပဲ Happy Father's Day ပါ။ ယခုလို ဤနေ့ ဤအချိန်မှာ ကျရောက်လာသည့် အဖေများနေ့တွင် ဤကမ္ဘာပေါ်ရှိ ရှိရှိသမျှ အဖေများအားလုံး ပျော်ရွှင် ကျန်းမာ စိတ်ရွှင်လန်း ကြပါစေလို့ ကျွန်တော့်အိမ်မှ နှုတ်ခွန်းဆက်သ လိုက်ပါသည်။

ကျွန်တော် တစ်သက် မမေ့ နိုင်ပါဘူး ...
အားလုံးကို ကျွန်တော် မှတ်မိနေပါတယ်။
ကျွန်တော် ကြားခဲ့တာတွေ၊ မြင်ရ တွေ့ရ သင်ခဲ့ရတာတွေ
အားလုံးကျွန်တော့်ဆီ မှာ ရှိပါတယ် - အဖေ။

အကယ်လို့များ အဖေသာ မရှိခဲ့ရင် ...
ကျွန်တော်ဆိုတာ ရှိလာမှာလည်း မဟုတ်ပါဘူး။
အဖေက ကျွန်တော့်ကို ဒီအရွယ် အထိ
လူလား မြောက်အောင် ပြုစု ပျိုးထောင် ပေးခဲ့ပါတယ် - အဖေ။

အဖေကသာ ကျွန်တော် ဒါတွေကို ...
သိချင်မှ သိလိမ့်မယ်လို့ ထင်ပါမယ်။
ဒါပေမယ့် - အဖေ .. ကျွန်တော် သင်ခဲ့ မှတ်ခဲ့တာတွေ အားလုံး
ရင်ထဲ အသဲထဲမှာ သိုလှောင် သိမ်းဆည်း ထားပါတယ်။

အဖေရဲ့ အကြင်နာတွေ
အဖေရဲ့ မေတ္တာတွေ
အဖေရဲ့ စေတနာတွေ
ဒါတွေ အားလုံးကို ...
ပစ်မှား ခဲ့မိပါက သားကို ခွင့်လွှတ်ပါ။

ကျွန်တော်ကို အဖေ့ မေတ္တာရိပ် အောက်မှာ ကြီးပြင်းစေခဲ့တယ်။
ကျွန်တော်ကို အဖေ လိုလေသေး မရှိအောင် ပျိုးထောင်ပေးခဲ့တယ်။
ကျွန်တော်ကို အဖေ အစစအရာရာ သွန်သင် ဆုံးမ ပေးခဲ့တယ်။
ဒါတွေ အားလုံး ကြီးမားလှသော အဖေ့ကျေးဇူးတွေ ပါပေတည်း။

ကျွန်တော့်ကို အရာအားလုံး လိုလေသေးမရှိအောင် အတတ်နိုင်ဆုံး မေတ္တာတန်ခိုး ဖြင့် အကြင်နာ တွေ ပေးဆပ်ခဲ့သော အဖေ့ကို ဂုဏ်ပြုသော အားဖြင့် ...

ကျွန်တော် မောင်တီး တစ်ယောက် -
ကဗျာဆိုတာ လုံးလုံး နားမလည် သော်ငြား
အထက်ပါ "ကျွန်တော့်ရဲ့ အဖေ" ဆိုတဲ့ ကဗျာဆန်ဆန် ရင်တွင်းဖြစ် လေးတွေကို ယနေ့ အဖေများနေ့ တွင် တင်ဆက်လိုက်ပါသည်။

Tea

9 comments:

  1. ကို TeA...ရေ..
    ဖတ်ပြီး ဖေဖေ့ကို လွမ်းမိတယ်....ခင်လေး ဖေဖေ က မေမေ၊ ခင်လေး နဲ့ ညီမလေး ကို ခွဲသွားတာ...ခုဆို ဆယ်စုနှစ်လေး တစ်ခုတောင်ရှိ နေပြီ...တစ်ခုခု ရေးဖို့ ကြိုးစားသေးပါတယ်။ ဒါပေမဲ့ ရင်ထဲက ကြေကွဲမှု့ကိုမှီလို့.......
    (ခင်လေးငယ်)

    ReplyDelete
  2. အဖေရဲ့ အကြင်နာတွေ
    အဖေရဲ့ မေတ္တာတွေ
    အဖေရဲ့ စေတနာတွေ
    ဒါတွေ အားလုံးကို ...
    ပစ်မှား ခဲ့မိပါက သားကို ခွင့်လွှတ်ပါ။
    စကားလုံးတိုင်းကောင်းတယ်ကွာ..
    သားသမီးတစ်ယောက်ရဲ့ခံစားချက်ကို စကားလုံးတွေက ရင်ထဲက စကားလုံးတွေအတွက် လှပစွာတန်ဆာမဆင်ပေးနိုင်ပေမယ့်...အဖေတို့မေတ္တာကို သိပ်ကိုလေးစားမိပါတယ် အဖေရယ်.....
    တီးရယ.်
    ကောင်းတယ်ဟာအားပေးတယ် ကဗျာတွေရေးပါလားကွ

    ReplyDelete
  3. ခံစားမှုလေးတွေ ဝေမျှသွားပါတယ်။
    စကားမစပ် တီး၊ ကဗျာရေးလဲ ကောင်းပါ့။

    ReplyDelete
  4. အင်း..အကိုလဲ အဖေ့ကိုသတိရတယ်.. အကိုသတိထားမိတယ် တော်တော်များများက အမေ့မေတ္တာပဲဖွဲ့ကြတယ်နော် အမှန်တော့ အဖေဆိုတာ အကိုတို့ သားယောက်ကျားလေးတွေရဲ့ စံပြပဲလေ အကိုကဗျာပါရေးပေးလိုက်တယ် :(


    အဖေဆိုတာ ..
    သားသမီးတွေကို
    လမ်းလျှောက်တတ်ခါစ အရွယ်တည်းက
    လမ်းကောင်းကောင်း လျှောက်တတ်အောင်
    တွဲကူအားပေးတဲ့သူ။
    လမ်းလျှောက်တတ်ပြန်တော့
    လမ်းမှား မရောက်ရအောင်
    ထိန်းကျောင်း ပေးတဲ့သူ။
    အဖေဆိုတာ ..
    သားသမီးတွေကို
    လောကအလယ် ၀င်ဆန့်အောင် သွန်သင်
    မကောင်းတဲ့အလုပ် ကောင်းတဲ့အလုပ်
    ခွဲခြားပြပြီး ဆုံးမပဲ့ပြင်ပေးတဲ့သူ။
    အဖေဆိုတာ ..
    ကိုယ်တစ်ယောက်တည်း အတွက် မစဉ်းစား ..
    မိသားစုရဲ့ အနာဂတ်အရေး မျှော်တွေးပြီး
    နောင်ရေး စိတ်အေးရအောင် တွေးဆ
    ကြံစည်ပေးတဲ့သူ။

    အဖေရှိတုန်းကတော့ ...
    အဖေ့ စေတနာ နားမလည်ခဲ့
    အဖေ့ ဝေဒနာ မသိချင်ယောင်ဆောင်ခဲ့
    တခါတလေ (တချို့ကိစ္စတွေ) အဖေနဲ့ စကားများခဲ့
    အဖေ ငါ့လောက်နားမလည်ပါဘူး တွေးမိခဲ့။

    အဖေမရှိတော့မှ...
    အဖေမရှိတော့မှ အဖေ့ စေတနာကို နားလည်ခဲ့
    အဖေမရှိတော့မှ အဖေ့ ဝေဒနာကို စာနာခဲ့
    အဖေမရှိတော့မှ အဖေ့ သောကတွေကို ခံစားနိုင်ခဲ့။
    အဖေ့တန်ဖိုး နားလည်ခဲ့တော့တယ် ..။

    အခက်အခဲကြုံရတိုင်း
    အဖေ ရှိရင်ကောင်းမှာပဲလို့ တမ်းတ
    အဖေ့ အကြံညဏ် ဘယ်လိုရှိမှာပါလိမ့်လို့
    မှန်းဆပြီး အဖေ့ကို လွမ်းမိပါတယ် .....

    ReplyDelete
  5. Hi ..
    I want to copy this .. I just let u know ..can I ? thank you

    ReplyDelete
  6. HAPPY FATHERS DAY TO U & UR BELOVED DAD :)

    ReplyDelete
  7. အဖေအကြောင်းကဗျာလေးတွေဖတ်ချင်နေတာ ကျေးဇူးပါဗျာ။ အဖေအကြောင်းရေးတဲ့လူသိပ်မရှိဘူးနော်။ ကျွန်တော်ကတော့မရေးတတ်လို့ပါ။ အဖေ့ကိုရော အမေ့ကိုရော အရမ်းချစ်တယ်ဗျ။

    ReplyDelete
  8. အဖေအကြောင်းရေးတဲ့သူတစ်ယောက်ရှိပါသေးတယ်
    “ဝမ်းနဲ့ကျွေးတဲ့ဖေဖေ“ ဆိုတဲ့ပို့စ်လေးကို အဖေများနေ့အတွက် ဂုဏ်ပြုရေးသားထားခြင်းဖြစ်ပါတယ်
့်ဖြစ်ရပ်မှန်ပါ

    မေတ္တာဖြင့်

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။