Photobucket

Thursday, October 30, 2008

Comics(1) မောင်တီထွင် ဗိုင်းရပ်စ်ဖမ်းပွဲ

ပထမဦးဆုံး ကာတွန်းကို ကျွန်တော်တို့ မောင်တီထွင်နဲ့ စလိုက် ကြတာ ပေါ့ဗျာ။ မောင်တီထွင် ကာတွန်းက Burmese Comics မှာ လူကြိုက် အရမ်း များသည့် ကာတွန်း တစ်ခု ဆိုလည်း လုံးဝ မမှား ပါဘူး ဗျာ။




















ဆက်ဖတ်ရန်...(To Continue)

Wednesday, October 29, 2008

Myhome16's Comics Section အားဖွင့်လှစ်ခြင်း


Section အသစ် တစ်ခုကို မိတ်ဆက်ပေးပါရစေ။ Myhome16's Comics Section ပါ။ အဲ့ဒီ Section မှာ ကျွန်တော့်အိမ် ကနေ နှစ်ပတ်ကို ကာတွန်း တစ်ပုဒ်တဲ့ တင်ပြ ပေး သွားမှာ ဖြစ်တယ်။ တစ်လကို နှစ်ပုဒ်ပါ။ နာမည်ကြီး Burmese Comics များ ဖြစ်သည့် လေးမွန် ထွေးမွန်၊ ရွှေအိ ရွှေဘွတ်၊ ပြာဂလောင် ပြာလချောင် နှင့် မောင်တီထွင် အစရှိသည့် ကာတွန်း များဖြစ်သည်။ စောင့်မျှော် အားပေး နိုင်ပါသည်။

ကျေးဇူး တင်ပါသည်။

www.myhome16.com

ဆက်ဖတ်ရန်...(To Continue)

Burmese လား? Myanmar လား? နှင့် သူတို့ နောက်ကွယ်ကအမှန်တရား


အားလုံး သတိထား မိလားတော့ မသိဘူး။ ယနေ့ ကမ္ဘာမှာ ကျွန်တော်တို့ တိုင်းပြည်က လူတွေကို ခေါ်ဆိုပုံနဲ့ ပတ်သက်လို့ Burmese (or) Myanmar ဆိုပြီး နှစ်ခုရှိ နေတယ်။ အဲ့ဒီ Issue က တိုင်းရင်းသား လူမျိုး တွေကို အငြင်း အခုန် ဖြစ်စေနိုင်တယ်။ လူတွေကို စိတ်ဝမ်းကွဲ စေနိုင်တယ်။ Myanmar ကို မြတ်နိုးစွာ လက်ခံ သုံးစွဲ နေတဲ့ တိုင်းရင်းသား အားလုံးရဲ့ စိတ်ထဲမှာ Burmese က တိုင်းရင်းသား အားလုံးကို ကိုယ်စား မပြုဘူးလို့ သတ်မှတ်ထား ကြတယ်။ ဒီအချက်က လည်း စစ်အစိုးရက လူတွေရဲ့ ခေါင်းထဲကို ရိုက်သွင်း ပေးခဲ့တာပါ။ ကျွန်တော် သိသလောက်၊ လေ့လာထား သလောက် ပြောရမယ် ဆိုရင် Myanmar ဆိုတာ လက်ရှိ စစ်အစိုးရ ခေတ်မှာ စတင် အသုံးပြုခဲ့တဲ့ နာမ် တစ်ခုပါ။ အင်္ဂလိပ်ဘာသာမှာ မရှိပါ။ ကျွန်တော်တို့ အစိုးရဟာ ပြည်သူလူထု တွေရဲ့ သဘော ဆန္ဒမရှိပဲ တိုင်းပြည်ကို ကြီးစိုးနေတဲ့ အစိုးရ ဆိုလည်း မမှား ပါဘူး။ လက်ရှိ ဒါတွေကို ထားလိုက်ပါဦး။ နိုင်ငံရေးတွေ မပြောသေးဘူး။ ကျွန်တော် ပြောပြ ချင်တဲ့ အဓိက အချက်က တော့ အင်္ဂလိပ် ဘာသာ၊ အင်္ဂလိပ် စကားမှာ စကားလုံး သုံးစွဲပုံ မရှုပ်ထွေး စေဖို့ပဲ ဖြစ်တယ်။

နံပါတ် ၁ အရေးကြီးဆုံးက အားလုံး အငြင်း အခုံ ဖြစ်နေတာက ကျွန်တော်တို့ ဘာသာ၊ ကျွန်တော်တို့ စကားမှာ မဟုတ်ပါဘူး။ ပြဿနာက တခြား ဘာသာ၊ တခြား စကားတွေမှာ၊ အဓိက English မှာ ဖြစ်နေတာပါ။ Burma ဆိုတဲ့ နာမည်က ကျွန်တော်တို့ တိုင်းပြည်က လူတွေ တီထွင်ပြီး ခေါ်ခဲ့ တာလည်း မဟုတ်ပါဘူး။ အနောက် တိုင်းသား တွေက ကျွန်တော်တို့ တိုင်းပြည်ကို Burma လို့ သတ်မှတ်ခဲ့ပြီး အဆိုပါ နိုင်ငံမှာ နေထိုင်နေတဲ့ လုမျိုးတွေ အားလုံးကို Burmese လို့ သတ်မှတ်ခဲ့ ပါတယ်။ လက်ရှိ Burmese ကို လက်ခံ သုံးစွဲ နေတဲ့ လူတွေ အားလုံးက အနောက် တိုင်းသား တွေဆီမှာ ကျွန်စိတ် ပေါက်နေလို့ လက်ခံနေတာ မဟုတ် သလို ဘာမှလည်း မဆိုင်ပါဘူး။ တကယ်တော့ အင်္ဂလိပ် ကိုလိုနီ ခေတ် မတိုင်ခင် ကထဲကိုက Burma / Burmese လို့ပဲ ခေါ်ဆို ထားကြတာပါ။ တခြား နိုင်ငံတွေရဲ့ ဥပမာတွေ ပေးရမယ် ဆိုရင် ဂျပန်နိုင်ငံကို အင်္ဂလိပ် ဘာသာမှာ တခြားတစ်ကမ္ဘာလုံးက နိုင်ငံ အများစုမှာ Japan လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ဂျပန်လို့ သိထားပါတယ်။ ဒီနာမည်ကို တစ်ချိန်က အနောက် တိုင်းသားတွေက စတင် သမုတ်ခဲ့ တာပါ။ တကယ့် သူတို့ ဂျပန် ဘာသာမှာတော့ နီဟွန်း (日本 Nihon) လို့ ခေါ်ပါတယ်။ ပြီးတော့ တရုတ်၊ တရုတ် ဘာသာမှာ တရုတ်နိုင်ငံကို ကျုံးကို(ရ်) ( 中国 Jhongguó) လို့ခေါ်ပါတယ်။ ဒါကို တစ်ကမ္ဘာလုံး နှင့် အင်္ဂလိပ်ဘသာ က China လို့ ခေါ်ကြပါတယ်။ China လို့ သိထားကြပါတယ်။ ဒီလိုပါပဲ။ အင်္ဂလိပ်ဘသာ နှင့် ကမ္ဘာတစ်ဝှမ်းမှာ ကျွန်တော်တို့ တိုင်းပြည်ကို Myanmar ဆိုပြီး မသတ်မှတ်ခဲ့ သလို သိလည်း မသိကြပါဘူး။ ကျွန်တော်တို့ နိုင်ငံကို ကမ္ဘာတစ်ဝှမ်းမှာ Burma လို့ ပဲ သိထားကြတယ်။ ဒါဟာလည်း တစ်ချိန်က အနောက်တိုင်းသားတွေ စခေါ်ခဲ့ပြီး ယခုလက်ရှိ လက်ခံ သုံးစွဲနေလို့ပဲ ဖြစ်တယ်။ Myanmar ဆိုတဲ့ နာမ်ဟာ အင်္ဂလိပ်ဘာသာမှာ လုံးဝ မရှိနေပါ။ လက်ရှိ စစ်အစိုးရကသာ အတင်းအဓမ္မ သမုတ်ခေါ်ခိုင်းနေခြင်းသာ ဖြစ်တယ်။ အဓိက နာမည်က အင်္ဂလိပ်နာမည်ပါ။ နိုင်ငံတကာ လူတွေ အားလုံး သိရမယ့် နာမည်ပါ။ ပြီးတော့ စစ်အစိုးရ သတ်မှတ် ခေါ်ဆိုနေတဲ့ Myanmar ဆိုတာကလည်း တကယ်တော့ တွေးကြည့်လိုက်ရင် အားလုံးကို လုံးဝ ကိုယ်စား မပြုပါ။ တိုင်းရင်းသားတွေနဲ့ Myanmar မြန်မာ ဆိုတာက ဘာမှ ဆက်စပ်မှု မရှိပါ။ မြန်မာ ဆိုတာ ဗမာလူမျိုးတွေ သုံးစွဲနေတဲ့ စာ ဖြစ်တယ်။ တိုင်းရင်းသားတွေနဲ့ ဘာမှ မဆိုင်ပါ။ တိုင်းရင်းသားတွေ အားလုံးက သူတို့တွေက Citizens of the Union of Burma ပါ။ သူတို့ အားလုံးက Burmese တွေပါ။ Myanmar နှင့် လုံးဝ မသက်ဆိုင်ပါ။ ကျွန်တော်က ကျွန်တော်တို့ရဲ့ ဗမာစကား နှင့် ဗမာလူမျိုးတွေ ရေးသားသုံးစွဲတဲ့ မြန်မာစာမှာ သုံးစွဲရမယ့် စကားလုံးအမှန်ကို ငြင်းခုန်နေတာ မဟုတ်ပါ။ အင်္ဂလိပ်ဘာသာနှင့် တခြား များလှစွာသော ကမ္ဘာတစ်ဝှမ်းလုံးက လူတွေ သုံးစွဲတဲ့ နာမ်အတွက်ပါ။ အဲ့ဒီ နာမ်က Burma / Burmese ပါ။

မေးခွန်းတစ်ခုရှိတယ်။ စစ်အစိုးရက ဘာလို့ Myanmar ဆိုပြီး အတင်း လုပ်နေတာလဲ? ရည်ရွယ်ချက်ကို ပြောရမယ် ဆိုရင် လူတွေကို စိတ်ဝမ်းကွဲစေချင်လို့ပဲ ဖြစ်တယ်။ လက်ရှိ တိုင်းပြည်က လူတွေ တော်တော်များများ တိုင်းရင်းသား တွေရဲ့ စိတ်ထဲမှာ Myanmar ကသာ အားလုံးကို ကိုယ်စားပြုတယ်လို့ ထင်နေကြတယ်။ ဒါကိုလည်း ဒီလိုပဲ ထင်အောင် စစ်အစိုးရက ရိုက်သွင်းပေးခဲ့တာပါ။ ဒီကြားထဲမှာ နောက်ထပ် ရှုပ်သွားတာ တစ်ခုက ဗမာစကား အသုံးအနှုန်း နှင့် အင်္ဂလိပ်စကား အသုံးအနှုန်း ရယ် တခြား ဘာသာတွေရဲ့ အသုံးအနှုန်းတွေ ကြားမှာ ရှုပ်သွားတာပါ။ ကျွန်တော်တို့ ဗမာစကားမှာ တိုင်းပြည်တစ်ခုလုံးက တိုင်းရင်းသားတွေ အားလုံးကို ကိုယ်စားပြုတဲ့ နာမ် ဆိုတာ မရှိပါဘူး။ ရှမ်းကို ရှမ်းလို့ခေါ်တယ်။ ကရင်၊ ကချင်၊ ကယား၊ အစရှိသဖြင့် မိမိ သက်ဆိုင်ရာ နာမ်တွေ ရှိကြသလို ဗမာကို ဗမာလို့ ခေါ်တယ်။ ဒါက မြန်မာစာ နဲ့ ဗမာစကားမှာ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတဲ့ နာမ် မရှိတာပါ။ ဒါပေမယ့် အင်္ဂလိပ်ဘာသာ နဲ့ ကမ္ဘာတစ်ဝှမ်းလုံး မှာတော့ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုပြီး ခေါ်တဲ့ နာမ်ရှိတယ်။ တိုင်းရင်းသား လူမျိုးတွေ အားလုံး စုစည်းထားပြီး နေထိုင်နေတဲ့ BURMA ဆိုတဲ့ နိုင်ငံက တိုင်းသူပြည်သားတွေ အားလုံးကို BURMESE လို့ ခေါ်ပါတယ်။ BURMESE ဆိုတဲ့ စကားလုံးက တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုပါတယ်။ အင်္ဂလိပ်ဘာသာမှာလည်း တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ်။ ကမ္ဘာပေါ်မှာလည်း တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ်။ တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ စစ်အစိုးရရဲ့ မိုက်ရိုင်းစွာ ရိုက်သွင်းမှုတွေကြောင့် ကိုယ်စားမပြုဘူးလို့ ထင်မှတ်နေကြတယ်။ English အသုံးအနှုန်းမှာ ဗမာလူမျိုး (တိုင်းရင်းသား တစ်စု) တွေကို BURMAN or BAMAR လို့ သတ်မှတ်ထားတယ်။ ဗမာလူမျိုးကို BURMESE လို့ ပြောရင် လုံးဝ မှားသွားပါမယ်။ Burmese ဆိုတာ အင်္ဂလိပ်ဘာသာမှာ Collective Noun တစ်ခုပါ။ သူက တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ်။ ဟုတ်တယ်။ စစ်အစိုးရက Myanmar ဆိုပြီး အတင်းအဓမ္မ သုံးစွဲခိုင်းနေတဲ့ Plan ရဲ့နောက်ကွယ်မှာ ရည်ရွယ် ချက်တွေ အများကြီးရှိတယ်။ အရေးကြီးဆုံးက လူတွေ ကိုယ်စားပြုတယ် မပြုဘူး ဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ဝမ်းတွေ ကွဲစေဖို့၊ ဒါမှသာ သူတို့ အာဏာသက် ရှည်ရှည်နဲ့ တိုင်းပြည်ကို အုပ်စိုးနိုင်ဖို့ပါ။ ပြီးတော့ သူတို့မှာ အာဏာရှိကြောင်း အားလုံးကို သိစေဖို့။ ငါတို့က ဒီလို ခေါ်တယ်ဆိုရင် ဒီလိုပဲ ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် လဲ ဖြစ်တယ်။

တကယ်တော့ တိုင်းရင်းသားတွေ အားလုံးမှာ အပြစ် မရှိပါဘူး။ ပညာရေးကို သေသေချာချာ မသင်ပေးတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ လူတွေက သေချာ စဉ်းစားနိုင်ခွင့် မရှိသလို လွတ်လပ်စွာ ရှင်းပြခွင့် ပြောဆိုခွင့်လည်း မရှိပါဘူး။ အမှန်တရားကို ဖုံးကွယ်ထားပြီး လူတွေကို Brainwash (ဦးနှောက်ဆေး) လေ့ရှိတဲ့ စစ်အစိုးရအုပ်ချုပ်နေတဲ့ တိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေဟာ တကယ်တော့ အပြစ် လုံးဝ မရှိပါဘူး။

နောက်ဆုံး ထပ်တစ်ခေါက် ပြောချင်တာက အင်္ဂလိပ်ဘာသာ အသုံးအနှုန်းမှာ Myanmar does not exist. Myanmar ဆိုတာ လုံးဝ မရှိပါ။ Our country is known as "Burma." ကျွန်တော်တို့ တိုင်းပြည်ကို အင်္ဂလိပ်ဘာသာမှာ Burma လို့ ခေါ်တယ်။ Our people, regardless of races and ethnicity, are known as "Burmese." တိုင်းပြည်မှာ နေထိုင်တဲ့ တိုင်းသူပြည်သားတွေ၊ တိုင်းရင်းသား လူမျိုးတွေ အားလုံးကို အင်္ဂလိပ်ဘာသာမှာ Burmese လို့ခေါ်တယ်။ ဒါကို မရှုပ်ထွေးစေဖို့လိုတယ်။ Myanmar ဆိုတာက အင်္ဂလိပ်ဘာသာမှာ မရှိသလို အင်္ဂလိပ်ဘာသာမှာ မှားယွင်းနေပါတယ်။ လက်ရှိ စစ်အစိုးရရဲ့ အတင်း အဓမ္မ ဖန်တီး လုပ်ဆောင်ချက်တွေကြောင့်သာ မှားယွင်းစွာ သိနေကြခြင်းဖြစ်တယ်။ ဒါကို ကျွန်တော်တို့ တိုင်းပြည်က လူတွေ သိထားဖို့ လုံးဝ လိုအပ်တယ်။ Burmese ဆိုတာ တိုင်းရင်းသား လူမျိုးတွေ အားလုံးကို ကိုယ်စားပြုတယ်ဆိုတာ သိထားဖို့ အရမ်းအရေးကြီးတယ်။ လူတွေ အမှန်တရားကို Ignore မလုပ်ကြဖို့ လိုတယ်။ အမှန်တရားကို ရင်ဆိုင်ကြပါ။ အမှန်ကို နားလည်ကြပါ။

ဒေါ်အောင်ဆန်း စုကြည် တစ်ခါက ပြောဖူးခဲ့တယ်။ "It would be difficult to dispel ignorance unless there is freedom to pursue the truth unfettered by fear." Therefore, in stead of being ignorant, we have an obligation to tell everyone the truth.

အမှန်တရားကို ဥပေက္ခာ ပြုထားတာထက် လူတွေ အားလုံးကို အမှန်တရားက ဘာလဲ ဆိုတာ ပြောပြဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

Tea

ဆက်ဖတ်ရန်...(To Continue)

Tuesday, October 28, 2008

Sydney Opera House


ဒီတစ်ခေါက်လည်း နှစ်ပတ်လောက် နောက်ကျသွားတယ်။ ကျွန်တော့်ရဲ့ ပို့စ်တွေကို စောင့်ဖတ်နေတဲ့ စာဖတ်သူတွေကို အရင်ဆုံး တောင်းပန်ပါရစေ။ ကျွန်တော် တစ်ကယ် မအားလို့ပါဗျာ။ အကြောင်းရင်းကတော့ အရင် အတိုင်းပါ။

ကဲ ဒီတစ်ပတ်တော့ သြစတြေးလျနိုင်ငံကို ကြွမြန်းရအောင်။ အားလုံးလည်း မျက်စိထဲမှာ သြစတြေးလျ ဆိုတာနဲ့ မျက်စိထဲ ဘာများမြင်မိမယ်ထင်လဲ။ သားပိုက်ကောင်နဲ့
ကိုအာလာဝက်ဝံတွေလား။ ဟုတ်ဘူး။ ဗိသုကာအကြောင်းနဲ့ ပတ်သက်တော့ ဘယ် အဆောက်အအုံများပြေးမြင်မိလဲ။ ဟုတ်ပါတယ်။ သြစတြေးလျမှာ ထင်ရှားတာကတော့ ဆစ်ဒ်နီ သင်္ဘောဆိပ် တံတား (Sydney Harbor Bridge) နဲ့ ဆစ်ဒ်နီ ကဇာတ်ရုံ (Sydney Opera House) တို့ဖြစ်ပါတယ်။ အရင်တစ်ခေါက်က တံတားအကြောင်းပြောပြီးပြီ ဆိုတော့ ဆစ်ဒ်နီ ကဇာတ်ရုံအကြောင်းပြောရအောင်။

ဒီ ကဇာတ်ရုံက ဆစ်ဒ်နီ ဆိပ်ကမ်းပေါ်မှာ မှေးတင်ထားတဲ့ အနုပညာ လက်ရာမြောက် ရုပ်ထုတစ်ခုလိုပါပဲ။ ရွက်လွင့်တော့မယ့် ခရုပုံသဏ္ဌာန် အမိုးကလည်း အဖြူရောင် ကြွေအုတ်ချပ်တွေကြောင့် လှပနေပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ ဒီဇိုင်းကို ဆောက်ဖို့ ဆောက်လုပ်ရေး နည်းပညာ အသစ်အဆန်းတွေ လိုပါတယ်။ ဒီ ဆစ်ဒ်နီ ကဇာတ်ရုံကို ၁၉၅၇ ခုနှစ်မှာ စတင်ဆောက်လုပ်ပါတယ်။ ပရစ်ဇ်ကာဆုရှင် နဲ့ အကဲဖြတ်ဒိုင် နာမည်ကျော် ဗိသုကာပညာရှင် ဖရန့်ဂေရီ (Frank Gehry) ရဲ့ချီးမွမ်းတဲ့ မှတ်ချက် ကဒီလိုပါ။ “ဗိသုကာပညာရှင် Utzon က သူ့ခေတ်ထက်ရှေ့အများကြီးပြေး၊ နည်းပညာတွေထက် အများကြီးရှေ့ရောက်ပြီး သူ့အချိန်သူ့အခါမှာ အင်မတန်မှာ ထူးခြားပြောင်မြှောက်လှတဲ့ လက်ရာနဲ့ ဆိုးရွားလွန်းလှသော သတင်းဌာနတွေနဲ့ အနှုတ်လက္ခာဏာဆောင်တဲ့ ကဲ့ရဲ့ဝေဖန်မှုတွေကို ကျော်လွှားပြီး တိုင်းပြည်တစ်ပြည်ရဲ့ ရုပ်ပုံလွှာကို လုံးဝပြောင်းလဲပေးနိုင်ခဲ့တယ်။ ဒါ ကျွန်တော်တို့ တစ်သက်မှာ အလွန်ပဲ ကောင်းမွန်လှတဲ့ ထိပ်တန်း ဗိသုကာလက်ရာ တစ်ခုကို ဒီကမ္ဘာပေါ် တည်ရှိစေခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းပဲ။“ တဲ့။

ဗိသုကာပညာရှင်ကတော့ သိပ်နာမည် မကျော်ကြားတဲ့ လူမသိသူမသိဖြစ်နေဆဲဖြစ်တယ့် အသက် ၃၈ နှစ်အရွယ် Jorn Utzon ဖြစ်ပါတယ်။ ဒိန်းမတ် ကိုပေဟေဂန်မှာ နေထိုင်ပြီး သူ့ရဲ့ ဗိသုကာ Diploma ကို the Royal Academy of Fine Arts, Copenhagen ကနေရရှိခဲ့ပါတယ်။ သူ့ ဇနီးနဲ့ အတူ သားသုံးယောက်ရှိပြီး ကိုပေဟေဂန် မှာပဲ ဗိသုကာ ရုံးခန်းဖွင့်ထားပါတယ်။ သား သုံးယောက်လုံး လည်း အခု အဖေ့ခြေရာနင်းပြီး အကုန် ဗိသုကာပညာရှင်တွေဖြစ်နေကြပါပြီ။

ဆစ်ဒ်နီ ကဇာတ်ရုံက တစ်ကယ်တော့ theatre complex ကြီး ဖြစ်ပြီး ခန်းမကျယ်တွေကို နာမည်ကျော် ခရုခွံအောက်မှာ တစ်ခုတည်း အဖြစ်ဆက်ထားပါတယ်။ ၁၉၇၃ မှာ ဖွင့်ပြီးကတည်းက ကမ္ဘာပေါ်မှာ အလုပ်အများဆုံး အနုပညာ စင်တာ တစ်ခု ဖြစ်လာပါတယ်။ တစ်နှစ်ကို ပရိသတ် ၂ သန်းကျော်နဲ့ ပျှမ်းမှ ပွဲပေါင်း သုံးထောင်ကျော် ကျင်းပနေပြီး ၂၄နာရီပတ်လုံး၊ ခုနစ်ရက် ပတ်လုံး ဖွင့်လှစ်ထားပြီး ခရစ်စမတ်နဲ့ good Friday တွေမှာသာ ပိတ်ပါတယ်။

Jorn Utzon က ဆစ်ဒ်နီမှာဆောက်မယ့် အမည်မသိတဲ့ ကဇာတ်ရုံ တစ်ခုအတွက် ပြိုင်ပွဲခေါ်တော့ ၀င်ပြိုင်လိုက်ပါတယ်။ နိုင်ငံပေါင်း ၃၀ကျော်ကနေ ပြိုင်ပွဲဝင် ၂၃၀ကျော်ထဲကမှ သူ့ရဲ့ အမှတ်စဉ် ၂၁၈ က Bennelong Point, Sydney မှာ ဆောက်လုပ်မယ့် အမျိုးသားကဇာတ်ရုံ အတွက် နိုင်ငံတကာ ပြိုင်ပွဲ ရဲ့ အောင်နိုင်သူအဖြစ် ရွေးခံခဲ့ရပါတယ်။ ပထမဆုံး သူ့ရဲ့ concept ကို သတင်းဌာနတွေက အဖြူရောင် အုတ်ချပ်တွေနဲ့ မိုးထားမယ့် ကွန်ကရစ် ခရုခွံသုံးခု လို့ တင်စားကြတယ်။ ပြိုင်ပွဲ ရဲ့ ရွေးချယ်ရေး အကဲဖြတ်ဒိုင်အဖွဲ့ဝင် အမေရိကန် ဗိသုကာပညာရှင် Eero Saarinen က ဆစ်ဒ်နီကို ရောက်ပြီး တခြားဒိုင်အဖွဲ့ သုံးယောက် ပယ်လိုက်တဲ့ ပုံစံတွေကို ကြည့်ပြီး Utzon ရဲ့ ဒီဇိုင်းကို စိတ်ဝင်စားပြီး ထူးခြားတယ်လို့ ကြေငြာခဲ့တယ်။ အဲ့ဒါနဲ့ နောက်ဆုံး Utzon ရဲ့ဒီဇိုင်းသာ အနိုင်ရသွားတယ်။ နှစ်တော်တော်များများ Utzon က သူ့ရဲ့ မူလ ဒီဇိုင်းတွေကို ပြောင်းလဲပြီး ကြီးမားလွန်းလှတဲ့ ခရုခွံပုံကြီးကို ဘယ်လိုဆောက်ရမလဲလို့ နည်းလမ်း ရှာရတယ်။ စမ်းသပ်ချက်တွေ အမြောက်အမြားလုပ်ပြီးနောက် စက်လုံးတွေရဲ့ ရှုပ်ထွေးတဲ့ အပိုင်းအစတွေပေါ်မူတည်ပြီး Utzon က ဒီဇိုင်းထုတ်လိုက်တယ်။

၁၉၆၄ မှာ အသင့်တပ်ဆင်ပြီးသား ကျောရိုးခုံးကြီးကို ဆောက်လုပ်ပြီး အောက်ခြေပေါ်မှာ ထောင်တယ်။ ဒီ အမိုးခုံးကြီးကိုဆောက်ရာမှာ အသစ်အဆန်း နည်းပညာတွေနဲ့ ဗိသုကာ မှတ်တိုင်ထူနိုင်အောင် ကမ္ဘာ့အကောင်းဆုံး ဆောက်လုပ်ရေး အင်ဂျင်နီယာတွေကို အသုံးချပြီး ရှုပ်ထွေးလှတဲ့ အဆင့်ကို ဆောက်ကြရတယ်။ ဒါမှ Utzon ရဲ့ အမြင်ကို အကြီးကျယ်ဆုံး ဖော်ဆောင်နိုင်မှာကိုး။

Utzon မှာ အတွင်းဒီဇိုင်းအတွက် သီးသန့် လျာထားချက်တွေရှိပေမယ့် သူဆက်ပြီး မလုပ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ၁၉၆၅ ခုနှစ်မှာ New South Wales ပြည်နယ် Liberal အစိုးရသစ်တက်လာတော့ ၀န်ကြီး Davis Hughes က Utzon ရဲ့ ဒီဇိုင်း၊ ကြာမြင့်ချိန် နဲ့ ကုန်ကျစရိတ်တွေကို မေးခွန်းထုတ်၊ ပြီးတော့ Utzon ကို ပေးရမယ့် အခကြေးငွေတွေ ဆက်မပေးပဲ ရပ်လိုက်တယ်။ နောက်တော့ Utzon လည်း ဆက်ဆံရေး မပြေလည်ပဲ chief architect ကနေ ၁၉၆၆မှာ နုတ်ထွက်သွားတယ်။

ကဲ ဒီ အရှုပ်တော်ပုံကို နောက်အပတ်ကြမှ ဆက်ပြောတော့မယ်နော်… ဒီတစ်ပတ်လည်း အလျင်အမြန် ကုန်းကောက်ရေးပြီး မြန်မြန် နိဂုံးချုပ် တင်လိုက်ရတာဆိုတော့ အချက်အလက်မပြည့်စုံရင် ခွင့်လွှတ်ပါလို့ မေတ္တာရပ်ခံပါတယ်။ တခြား အချက်အလက်တွေလည်ဆက်လက်ပြီး စုဆောင်းထားပါဦးမယ်။ သိချင်တာရှိရင်တော့ မေးလိုရာမေးမှာ သွားမေး ဒါမှမဟုတ် ကျွန်တော်မျိုး ကို အီးမေးလ်ပို့မေးနိုင်ပါတယ်။
စိတ်ဝင်တစားနဲ့ စောင့်မျှော်ဖတ်ရှုနိုင်ပါစေဗျာ။

လင်းစစ်သူ

ဆက်ဖတ်ရန်...(To Continue)

Monday, October 27, 2008

ကုပေးပါ

ပန်းခြံ တခုအတွင်းမှ ခုံတန်းတစ်ခုတွင် သမီးရည်းစား စုံတွဲ တစ်တွဲ ထိုင်နေ လေသည်။

ခုံတန်း၏ မနီးမဝေးတွင် ရေကန်တစ်ခုရှိသည်။ ရေကန်အနီးတွင် အဖိုးအို တစ်ဦး စာအုပ်ထိုင်ဖတ် နေလေသည်။ ရည်းစားနှစ်ဦး တွတ်တီး တွတ်တာ ပြောသမျှကို အဖိုးအို က ကြားနေရ လေသည်။

မိန်းကလေး က "မောင်.. ခေါင်းနည်းနည်း မူးလာတယ်"
ကောင်လေးက နဖူးလေးကို နမ်းလိုက်သည်။
ထို့နောက် "မူးသေးလားဟင်" "ဟင့်အင်း.. ပျောက်သွားပြီ"

အတန်ကြာသောအခါ .. မိန်းကလေးက
"မောင်.. ဇက်ကြောတွေ တက်လာသလိုပဲ"
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်သည်။
"ဘယ်လိုနေသေးလဲ" "အင်း.. သက်သာသွားပြီ"

ခဏကြာသောအခါ.. "မောင်.. လက်တွေကလည်း ဘယ်လိုဖြစ်နေလဲ မသိဘူး.. တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာ လက်အစုံကို တယုတယ ကိုင်တွယ်ပြီး နမ်းလိုက်သည်။

အတန်ကြာ အဖိုးအိုက ရေကန်နံဘေးမှ ထလာပြီး ပြောလေသည်။
"မောင်ရင်.. ဖြစ်နိုင်ရင် အဖိုးကိုလည်း ကုပေးပါ.. အဖိုးဒီမှာ လိပ်ခေါင်း ဖြစ်နေလို့ပါ" ဟူ၍ဖြစ်လေသည်။

:D


Source : mmcp

ဆက်ဖတ်ရန်...(To Continue)

Saturday, October 25, 2008

Monopoly ဈေးကွက်အကြောင်း

ဟုတ်ကဲ့ပါ။ Business Corner အတွက် ဒီနေ့ Monopoly Market အခြေအနေကို တစ်ပိုင်းတစ်စ ရှင်းပြချင်ပါတယ်။ Monopoly ရဲ့ အခြေခံ စနစ်တွေ အကြောင်းပါ။ အခု ပြောမယ့် Monopoly ဆိုတာ ကစားတဲ့ Game ကို ပြောတာမဟုတ်ပါ။ ဈေးကွက် Monopoly ဆိုတာ မြန်မာလို ရှင်းလင်းစွာ ဘာသာပြန်ပေးရမယ်ဆိုရင်တော့ ဈေးကွက်မှာ လက်ဝါးကြီးအုပ်ထားခြင်း လို့ပဲ ပြောချင်ပါတယ်။

Monopoly

Monopoly ဆိုတာ ဈေးကွက်တစ်ခုပါ။ ရောင်းသူတစ်ဦးထဲ ရှိသော ဈေးကွက်ကို ဆိုလိုပါတယ်။ Monopoly မှာ တစ်ဦးတစ်ခု ထဲသော အဖွဲ့အစည်းဖြစ်စေ၊ ကုမ္မဏီဖြစ်စေ၊ ထိုသူက ဈေးကွက်တစ်ခု လုံးကို သူ့ရဲ့ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုနှင့် လုံးဝ ထိန်းချုပ်ထားခြင်း ဖြစ်ပါတယ်။ သူမှ တစ်ပါး တစ်ခြား ရောင်းသူတွေလည်း ဈေးကွက်ကို ၀င်နိုင်စွမ်း မရှိကြပါဘူး။ Monopoly ဈေးကွက်မှာ အဆိုပါ ဈေးကွက်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ ရောင်းသူသည် ဈေးနှုန်းကိုလည်း အပြီးအပိုင် ကိုင်တွယ်ထားပါတယ်။ တခြား ရောင်းသူတွေက သူ့သတ်မှတ်တဲ့ ဈေးရဲ့ အရိပ်အောက်မှာသာ ရှိပါတယ်။ Monopoly ဈေးကွက်မှာ ယှဉ်ပြိုင်မှု ဆိုတာ မရှိပါဘူး။ အဆိုပါ ထိန်းချုပ်ထားတဲ့ ကုမ္မဏီကြီးကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ဈေးကွက်မှာ အင်အားပြည့်စုံတဲ့ တခြား နောက်ထပ် ကုမ္မဏီ တစ်ခု မရှိပါဘူး။ Monopoly ဈေးကွက်ရဲ့ ထိန်းချုပ်ထားသူက သူ့အတွက် အမြတ်အများဆုံးရရှိစေမယ့် ဈေးနဲ့ ထုတ်လုပ်မှုတွေကို အစဉ်အမြဲ ပြုလုပ်ပါတယ်။ တစ်ချိန်ထဲမှာ ဈေးကွက် တစ်ခုလုံးကို လက်ဝါးကြီး အုပ်ထားပါတယ်။ ဈေးကွက်ထဲမှာ အဆိုပါ ကုန်ပစ္စည်းမှ တစ်ပါး တစ်ခြား ကုမ္မဏီတွေက ထုတ်လုပ်တဲ့ အစားထိုး ကုန်ပစ္စည်းတွေ ၀န်ဆောင်မှုတွေ လုံးဝ မရှိပါဘူး။

Monopoly မှာ Natural Monopoly (သဘာဝ Monopoly) ဆိုတာ ရှိပါတယ်။ အဓိကအားဖြင့် အဆိုပါ ဈေးကွက်စနစ်တွေကို အမေရိကန် ပြည်ထောင်စုက အများသုံး ၀န်ဆောင်မှုကို ဖြည့်ဆည်းတဲ့ ကုမ္မဏီတွေမှာ တွေ့ရပါတယ်။ Natural Monopoly က ထိန်းချုပ်ထားတဲ့ ကုမ္မဏီတစ်ခုဟာ ရင်းနှီးမြှပ်နှံမှု အများကြီး လိုအပ်ပါတယ်။ Capital အရမ်းကြီးပါတယ်။ တခြား ကုမ္မဏီတစ်ခုက ဈေးကွက်ထဲ ၀င်ချင်တယ်ဆိုရင်လည်း အရမ်းကို ငွေကြေးကုန်ကျမှာ ဖြစ်သည့် အပြင် ဈေးကွက်မှာလည်း နေရာရဖို့ အရမ်းကို ခက်ခဲပါတယ်။ ပြီးတော့ နှစ်ဦးလုံးအတွက် အကျိုးအမြတ်ရှိမှာမဟုတ်ပါဘူး။ တော်ရုံတန်ရုံ အင်အားနဲ့လည်း ဈေးကွက်ထဲ ၀င်နိုင်စွမ်း မရှိပါဘူး။ Natural Monopoly တော်တော်များများက အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ အလုပ်လုပ် နေကြတာဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အစိုးရသာ ဈေးကွက်ကို ကာကွယ်မှု မပြုလုပ်ရင် ဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှုမရှိလို့ အဆိုပါ ဈေးကွက်ကို တစ်ဦးတည်း လက်ဝါးကြီး အုပ်ထားတဲ့ ကုမ္မဏီရဲ့ မတရား ဈေးကိုင်တွယ်မှုကို အများပြည်သူတွေ ဒုက္ခရောက်မှာ စိုးရိမ်ရပါမယ်။

နောက်ပြီး Legal Monopoly ဆိုတာ လည်း ရှိပါသေးတယ်။ သူ့ကို Limited Monopoly လို့လည်း ခေါ်ပါတယ်။ သူ့ကို အစိုးရတွေက copyright, patent or trademark အနေနှင့် ဈေးကွက်မှာ အဆိုပါ ကုမ္မဏီတွေကို တရားဥပဒေနှင့် ကာကွယ်ပေးထားပြီး တခြား ကုမ္မဏီတွေကို ဆင်တူကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ခွင့် မပေးထားပါဘူး။ ဒါဟာ ဈေးကွက်ရဲ့ တီထွင်နိုင်စွမ်း၊ အားထုတ်ခဲ့သူရဲ့ အချိန်နှင့် အားထုတ်မှု စတာတွေကို အားပေး အလေးထားတာကြောင့်လဲ ဖြစ်ပါတယ်။ ဥပမာ Microsoft ကုမ္မဏီအတွက် သူ့ရဲ့ Windows software တွေကို အစိုးရက တရားဥပဒေနဲ့ ကာကွယ်ပေးထားလို့ သူက ဈေးကွက်မှာ အလိုအလျောက် Monopoly နေရာကို ရရှိသွားပါတယ်။ သူနဲ့ တူတဲ့ software တွေ program တွေကို ထုတ်လုပ်နိုင်ခြင်း မရှိတာထက် ထုတ်လုပ်နိုင်ခွင့် မရှိပါဘူး။

မြန်မာပြည်နဲ့ ဆက်စပ်ရမယ် ဆိုရင်လည်း မြန်မာပြည်က ဈေးကွက်တွေ စက်မှုနယ်ပယ်တွေကို Monopoly လုပ်ထားတာ တွေ့ရပါမယ်။ အဓိက ကတော့ အစိုးရရဲ့ ထိန်းချုပ်မှုပါပဲ။ Central Government ကနေ တိုင်းပြည်ရဲ့ စီးပွားရေး တော်တော်များများကို တိုက်ရိုက်နည်းလမ်းဖြစ်စေ၊ သွယ်ဝိုက်သည့် နည်းလမ်းဖြင့် ဖြစ်စေ ထိန်းချုပ်ထားပါတယ်။ အများပြည်သူတွေရဲ့ နေ့စဉ် လိုအပ်ချက်တွေဖြစ်တဲ့ ရေ၊ မီး စတဲ့ ၀န်ဆောင်မှုတွေကို အစိုးရက Monopoly လက်ဝါးကြီး အုပ်ထားပါတယ်။ ထို ၀န်ဆောင်မှုကို လုံးဝ မကျေမနပ် ဖြစ်နေကြတဲ့ ပြည်သူတွေဟာ ဈေးကွက်ထဲမှာ တခြား ၀န်ဆောင်မှုကို ပြောင်းလဲသုံးစွဲဖို့ တခြား ၀န်ဆောင်မှု တစ်ခု မရှိသလို ဘယ်ကုမ္မဏီကမှလည်း ဈေးကွက်ထဲ မ၀င်နိုင်ပါဘူး။ ပြီးတော့ အများသုံး ရထားတွေ၊ ဘတ်စ်ကားတွေ၊ စတာတွေကိုလည်း Monopoly အသွင်ရောက်နေတာကို တွေ့ရပါတယ်။ ပြီးတော့ Media ရုပ်မြင်သံကြားတွေလည်း အစိုးရက ထိန်းချုပ်ထားပါတယ်။ ဒါတွေအပြင် တခြားသော ဈေးကွက်တွေမှာလည်း အစိုးရက သွယ်ဝိုက်သော နည်းလမ်းတွေနဲ့ ထိန်းချုပ်ထားပါတယ်။ အစိုးရက ဈေးကွက်မှာ လုပ်ချင်တိုင်း လုပ်လို့ရပါတယ်။ ၃ရက်အတွင်း City Mart တွေ အားလုံးကို သိမ်းလိုက်ပြီး ဦးတေဇရဲ့ ထူးကုမ္မဏီ ကို ပေးလိုက်လည်း ရပါတယ်။ ၁ရက်တွင်း ရိုးမဘဏ်ကို ကမ္ဘောဇဘဏ်ဖြစ်အောင် လုပ်ချင်လည်း သူလုပ်နိုင်ပါတယ်။ တရားဥပဒေရဲ့ အပြီးအပိုင် ကာကွယ်မှုတွေ မရှိတဲ့ တိုင်းပြည်မှာ အန္တရယ်ကတော့ ကြီးမားပါတယ်။ ဒါကြောင့်လည်း အကြီးစား ကုမ္မဏီတွေ အများစုဟာ မြန်မာပြည်မှာ အစိုးရရဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်အောင် လုပ်ထားပြီး တစ်ခုခု ဖြစ်လာရင် ရင်ဆိုင်နိုင်စွမ်းရှိအောင် ပြင်ဆင်ထားကြပါတယ်။

ဟုတ်ကဲ့။ ဒီလောက်ဆိုရင် Monopoly ရဲ့ အခြေခံ အချက်အလက်တွေလည်း စုံလင်လောက်ပြီလို့ ထင်ပါတယ်။

လေးစားလျှက်
Tea

ဆက်ဖတ်ရန်...(To Continue)

Thursday, October 23, 2008

သိုးမည်းတစ်ယောက်၏ဖွင့်ဟ၀န်ခံချက်

အပြင်ကိုမထွက်ပါနဲ့ 
ရန်ကုန်နဲ့ အနီးတစ်ဝိုက်မှာ
အလွမ်းမိုးတွေ သိပ်သည်းဆများချိန်မို့ 
နာရီတစ်ချို့ တောင်
မဆီမဆိုင် တိတ်တဆိတ်
အလိုက်တသိ ငိုညည်းကြတယ် ....

လျော့ရဲတဲ့ တမ်းတမှုတွေ ခေါင်းထောင်လို့ 
မျှော်လင့်ချက် အသက်ဆက်ကြိုးတွေ တင်းချိန်တိုင်း
ငါ့ဇာတ်ကြိုးကို ငါပြန်ဆွဲလှည့်
စိတ်စေရာတွေကို ကြိုးဆွဲချသတ်ပစ်ရင်း
လွမ်းတဲ့အခါ
တစ်ခါက ချစ်ဖူးတဲ့ ရင်ခွင်ဝေးကို
တေးစပ်သီဆိုခွင့်တော့ ရချင်ပါရဲ့ ....

မှန်ကွဲတစ်ချပ်လို ဘ၀ကို
အကောင်းအတိုင်း ပြန်ဖြစ်စေဖို့ 
အိပ်မက်တွေနဲ့ ဆက်ရင်း
နင့်အတွက်တော့ အေးစက်ထုံထိုင်း
သိုးမည်းတစ်ယောက်ပေမယ့်
စိတ်ရဲ့ စေခိုင်းရာ တွယ်ရာမဲ့ ကောင်းကင်အောက်မှာတော့
ငါဟာ လမ်းပျောက်တဲ့ အညတရဆန်ဆန် လူသားတစ်ယောက်ပေါ့....

လက်မပြရဲလို့  ကျောခိုင်းခဲ့ပေမယ့်
့လှမ်းခေါ်လေမလားလို့  အကြိမ်ကြိမ်နားစွင့်
ဒီအတိတ်ဟောင်းတွေကိုပဲ တယုတယပိုက်ထွေး
ဝေခွဲလို့ မရနိုင်အောင် ငါကိုယ်တိုင်တွေဝေလွန်းပါတယ်..
ဒီလိုနဲ့ 
ခုနှစ်များကိုဖြတ်သန်း
ရာစုများကိုချိုးနှိမ်
ငါလည်းအလွမ်းတွေကို အကြိမ်ကြိမ်မျိုချခဲ့ရ.....


မှတ်ချက်၊ ၊ မရမကရေးထားခြင်းဖြစ်သည်...:)

ဆက်ဖတ်ရန်...(To Continue)

Tuesday, October 21, 2008

Cloud Computing


ကွန်ပျူတာလောကတွင်ပြောင်းလည်းနေမှုများ

ယခု Microsoft ရဲ့ Windows အောက်ကျွှန်တော်တို့နေလာခဲ့တာဟာနှစ်ပေါင်းနှစ်ဆယ်မျှရှိပါပြီ။ Microsoft word, Microsoft Excel, Microsoft PowerPoint, Microsoft, Microsoft နဲ့ တစ်နေ့တစ်နေ့ ဆက်ဆံနေရတာလည်း မနည်းပါဘူး။ ဗမာပြည်မှာတော့ hack လုပ်ထားတဲ့ version တွယ်သုံးလုပ်ရလို့အဆင်ပြေတာပေါ့။ ဒါပေမဲ့ တခြားနိုင်ငံမှာနေရင်တော့ဒီလောက်မလွယ်ပါဘူး။ အနည်းဆုံးပိုက်ဆံ ဒေါ်လာ ၂၀၀ ပေးပြီးမှသာထို software များသုံးခွင့်ရမှာဖြစ်ပါတယ်။ တခြားရွယ်းခြယ်စရာsoftware လည်းတဲ့မရှိပါဘူး။ ဒါပေမဲ့အခုနောက်ပိုင်းတွင် Cloud Computing ပေါ်လာတာနဲ့အမျှ software မျှနဲ့ Desktop ပေါ်တွင် လုပ်ဆောင်နိုင်သောအခြားစွမ်းရည်များကို internet မှတစ်ဆင့်လုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီ post ကတော့နည်းနည်း technical terms တွေပိုပါပါတယ်။ ကွန်ပျုတာနည်းပညာနဲ့ပတ်သက်တဲ့ post ဖြစ်ပါတယ်။


Cloud Computing ကိုဗမာလိုတိုက်ရိုက်ဘာသာပြန်ရင်တော့

တိမ်လွှာတွက်ချက်ခြင်းနည်းပညာလို့တော့အဓိပ္ပယ်ရပါတယ်။ Cloud ဆိုတာတော့ internet ကိုဖော်ပြတဲ့အသုံးအနှုန်း တစ်ခုဖြစ်ပါတယ်။ Cloud computing တွင် ရှုပ်ထွေးလှသော ကွန်ပျုတာဆောဝလ်ဆောက်လုပ်ပုံကို အပြင်လူသိစရာမလိုဘဲနဲ့ သုံးနိုင်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ယင်သည် information technology နဲ့ပတ်သက်သော လုပ်ငန်းများကို internet ကနေတစ်ဆင့် service အနေနဲ့ လုပ်ဆောင်ပေးနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ information technology သည်တစ်ခြား software အသစ်၊ လုပ်ကိုင်ပုံနည်းပညာအသစ်တီထွင်ခြင်း ဒါမှမဟုတ် လူတစ်အသစ် ထပ်လေ့ကျင့်ပေးရန်မလိုအပ်ဘဲ အမြဲတမ် ၄င်း၏လုပ်ဆောင်နိုင်စွမ်းကိုတိုးမြင့်နေနိုင်အောင် လုပ်ဆောင်နေရပါတယ်။ Cloud Computing တွင်subcription based သို့မဟုတ် pay-per-use service ကို internet ပေါ်တွင်အကုန် တင်ထားခြင်း ဖြင့် IT ၏လုပ်ဆောင်နိုင်စွမ်းကိုတိုးမြှင့်ပေးပါတယ်။ အခုလက်ရှိ cloud computing technology ကတော့ အစဘဲရှိပါသေးတယ်။ software service ကို အင်တာနက်ပေါ်ကနေတစ်ဆင့် service ပေးသူအနည်းငယ်သာရှိသေးသော်လည်း application အပြည့်အစုံ၊ ဥပမာ google doc လိုမျိုး စာရိုက်တဲ့ software၊ data သိုလှောင်သော service မှ spam filering ဖြစ်သောမလိုအပ်သော စာများကို စစ်ထုတ်သော service များပါဝင်ပါတယ်။ Cloud computing ကိုအဓိကအားဖြင့်အောက်ပါအစိတ်အပိုင်းများအဖြစ်ခွဲထုတ်၍ရပါတယ်။


SaaS (software as a service)

ဒီ cloud computing အစိတ်အပိုင်းကတော့ multitenant architecture နဲ့ ဆော့ဝယ်လ် application တစ်ခုကို သုံးစွဲသူ ထောင်ပေါင်းများစွာထံသို့ brower (firefox, internet explore, chrome etc) မှတစ်ဆင့် အသုံးပြုနိုင်အောင်လုပ်ဆောင်ပေးပါတယ်။ သုံးစွဲသူအနေနဲ့ပြောရရင် ၄င်းတို့သည် server ပေါ်တွင် ရင်းနှီးမြှူပ်နှံခွင့်လည်းမလို တလို software အတွက် license လည်း ၀ယ်ယူဖို့မလိုအပ်ပါဘူး။ provider ဘက်ကနေကြည့်ပြီးပြောလျှင်လည်း ၄င်းတို့သည် application တစ်ခုကိုသာထိန်းရတဲ့အတွက် ကုန်ကျစရိတ်လည်းအလွန်ပင်နည်းပါတယ်။ salesforce.com ဟာဆိုရင်အခုလက်ရှိတွင် နာမည်အကြီးဆုံး enterprise application provider ဖြစ်ပြီး တစ်ခြားကုမ္ပဏီများတေှာ့workday ပါဝင်ပါတယ်။ ဒီ application များထဲတွင် Google Apps နဲ့ Zoho Office တို့လည်းပါဝင်ပါတယ်။ Microsoft ၏ Word နဲ့ PowerPoint ကိုအပြိုင်သုံးစွဲသူများကို attract လုပ်နေကြပါတယ်။


Utility Computing

Utility computing ကတော့ ကွန်ပြူတာနဲ့ပတ်သက်တဲ့ resources များ( data စုဆောင်းခြင်းနည်းပညာ၊ တွက်ချက်ခြင်းနည်းပညာ)ကိုလျှပ်စစ်မီတာခ၊ ရေမီတာခစသည့် နေ့စဉ်သုံး စွဲမှုများကဲ့သို့ သုံးလျှင်သုံးတလို ပိုက်ဆံပေးဆောင်ရသောစနစ်ဖြစ်ပါတယ်။ ပါဘဲ။ ဒီနည်းပညာဟာတော့အသစ်အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ Amazon.com, Sun, IBM နှင့် တခြား storage နှင့် virtual servers ကိုပေးဆောင်နိုင်သော ကုမ္ပဏီများက ပိုမိုတိုးတက်လာအောင်လုပ်ဆောင်လျှက်ရှိပါတယ်။ သည်နည်းပညာကြောင့် memory, I/O, storage နှင့်အခြားတွက်ချက်မှုနည်းပညာများကို network ပေါ်တွင်virtualized resource အနေဖြင့်ရရှိနိုင်မှာဖြစ်ပါတယ်။


Web Service

SaaS ကဲ့သို့ပင် web service provider တို့သည် software တည်ဆောက်သူများ internet မှတစ်ဆင့် လုပ်ဆောင်နိုင်သော API(application programming interface, အတိုချုံးပြောရလျှင်တော့ ယင်းသည် software တည်ဆောက်ရာတွင်အသုံးပြုသေား နည်းလမ်းများပင်ဖြစ်သည်) ကို ပေးဆောင်နေပါသည်။ တချို့ provider များ၊ ဥပမာအားဖြင့် Strike Iron and Xignite တို့သည် စီးပွားရေးနဲ့ပတ်သက်သော service များပေးနေပြီး Google Map, လုပ်ခပေးဆောင်သောစနစ်၊ US စာပို့စနစ်၊ credit card မှတ်တမ်း တင်သော service စသည် serice တိုလည်း ပါ့ဝင်ပါသည်။


Platform as a service

SaaS ၏နောက်ပုံစံတစ်မျိုးပါဘဲ။ ဒီ ၀န်ဆောင်မှုဟာ software တည်ဆောက်ရာတွင်လိုအပ်သော platform ကို ဆော့ဝယ်လ်တည်ဆောက်သူများထံ ၀န်ဆောင်မှုတစ်မျိုးအနေဖြင့် ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ယင်းကဲ့သို့ လုပ်လိုက်ခြင်းဖြင့် ဆော့ဝယ်လ်တည်ဆောက်သူများသည် ဆော့ဝယ်လ်များကိုတည်ဆောက်ပြီးသွားချိန်တွင် cloud computing မှတစ်ဆင့်အသုံးပြုနိုင်သော ဆော့ဝယ်လ်သုံးရန်အတွက်လိုအပ်သော infrastructure ရယူနိုင်ပြီး သုံးစွဲသူများထံသို့ အင်တာနက်မှတစ်ဆင့် ပို့ဆောင်ပေးနိုင်မည်ဖြစ်ပါတယ်။ Salesforce.com ၏ Force.com, Coghead နဲ့ Google App Engine တို့သည်အခုလိုမျိုး ၀န်ဆောင်မှုများကိုပေးဆောင်နေပြီဖြစ်ပါတယ်။ ဆော့ဝယ်လ်အသေးစားတည်ဆောက်သူများအတွက်တော့Yahoo Pipes နှင့် Dapper.net တို့က could-based mashup platform များကိုဝန်ဆောင်မှုပေးဆောင်နေသည်။


MSP(managed service providers)

Cloud computing ၏ရှေးအကျဆုံးလုပ်ငန်းတစ်ခုကတော့ သာမန်သူအတွက်မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ လုပ်ငန်းများဆောင်ရွက်ဖို့ application များကိုဝန်ဆောင်တဲ့လုပ်ငန်းပင်ဖြစ်ပါတယ်။ email များကို virus scanning လုပ်ပေးတဲ့ ၀န်ဆောင်မှု၊ application တွေကို ထိန်းသိမ်းသော လုပ်ငန်းစသည်တို့ပါဝင်ပါတယ်။ တခြားဝန်ဆောင်မှုများကတော့ CenterBeam ကလုပ်ဆောင်ပေးသော desktop ကိုစီမံသောလုပ်ငန်း တို့ပါဝင်ပါတယ်။

အခုလက်ရှိအခြေအနေအရတော့ cloud computing လို့ပြောမဲ့အစား sky computing လို့ပြောတာတော့ပိုမှန်ပါတယ်။ ပါဖြစ်လို့လဲဆိုတော့ လက်ရှိတွင် စီပွားရေးလုပ်ငန်းများသည် သူတို့လိုခြင်သော ၀န်ဆောင်မှုများကို internet မှတစ်ဆင့်သီးသန့်နေရာတစ်ခုထဲမှရယူခြင်းမဟုတ်ဘဲ နေရာပေါင်းစုံများမှရယူနေရပါတယ်။ ဒါကြောင့်မလို့ “တိမ်” တစ်ခုတည်းရှိရမည့်အစား တိမ်ငယ်များပေါင်းပြီးမှ အဖွဲ့အစီးတစ်ခုလိုဖြစ်နေပါတယ်။ နောက်ကျရင်တော့ cloud computing ဟာပိုမိုအောင်မြင်လာမှာဖြစ်ပြီး desktop environment ကိုပင်လိုအပ်တော့မှာမဟုတ်ပါဘူ။ (ဖြစ်နိုင်ခြေတော့ရှိတယ်)


ဆက်ဖတ်ရန်...(To Continue)

Monday, October 20, 2008

ASK ME စားပွဲဝိုင်း အမှတ် (၄)

ဟုတ်ကဲ့ပါ။ ကောင်လေး ဆိုတဲ့ ကောင်လေး တစ်ယောက်က ကျွန်တော့်အိမ်က ကောင်မလေး ၃ယောက် ဖြစ်တဲ့ မေသူ၊ ပေဖူး နှင့် အိတာ တို့ကို တူညီတဲ့ မေးခွန်း တစ်ခု မေးသွားပါတယ်။ ကျွန်တော် ကောင်မလေး ၃ယောက်လုံးဆီကို အဆိုပါ မေးခွန်းလေးကို ပို့ပေးပြီး ဖြေခိုင်းလိုက်ပါတယ်။ အခု မေးခွန်းနှင့်တစ်ကွ သူတို့ ၃ဦးရဲ့ အဖြေကိုပါ စုစည်းပြီး ASK ME စားပွဲဝိုင်း အမှတ် (၄) အနေနှင့် တင်ဆက်ပေးလိုက်ပါတယ်။ ဆက်လက်ပြီး ASK ME စားပွဲဝိုင်း မှာ မေးခွန်းတွေ မေးမယ် ဆိုရင် ဤနေရာ ကို နှိပ်ပြီး သွားရောက် မေးမြန်းနိုင်ပါကြောင်း . . .


ကောင်လေး မေးသွား တဲ့ အချစ်ဆိုင်ရာ မေးခွန်း
ကောင်လေး said...
မိန်းကလေးတစ်ယောက်အတွက် ဘယ်လိုယောက်ျားမျိုးက Perfect ဖြစ်စေမယ်ထင်လဲ? ထောင့်ပေါင်းစုံကနေ ဖြေပေးစေချင်ပါတယ်။
Myhome16 က မမေသူ၊ မပေဖူး၊ မအိတာ တို့ ၃ယောက်လုံးကို ဖြေစေချင်ပါတယ်။


မေသူပိုင်၏ အဖြေ
အဲဒီ မေးခွန်းအတိုင်းသာ ဖြေရမယ်ဆိုရယ် ဘယ်လို ယောကျာင်္းမျိုးက မှ မိန်းကလေးတွေအတွက်
Perfectမဖြစ်ပါဘူး။ ယောကျာင်္းလေးတွေ အတွက် လည်း ထိုနည်း၎င်းပါဘဲ။
အခုချိန်မှာ ကောင်လေးက မိန်းကလေးတစ်ယောက်ရဲ့ ထင်မြင်ယူဆချက်ကို မေးလို့ကျမ အယူအဆတိုင်းဘဲဖြေပါမယ်။
မိမိရဲ့ခန္ဓာကိုယ်မှာတောင် မိမိကိုယ်တိုင် ပိုင်ဆိုင်တဲ့ လက်တစ်စုံမှာရှိနေတဲ့ လက်ချောင်းလေးတွေတောင် အတိုအ၇ှည်မညီကြပါဘူး။
No one is perfect ဆိုတဲ့စကားပုံကလည်း ရှိပြီသားပါ perfectဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ရပြီဆိုရင် အဲဒီ ယောကျာင်္းလေးတစ်ယောက်ရဲ့ဘ၀က အတော်လေး ပျင်းခြောက်ခြောက်နိုင်မယ်လို့ကျမ မြင်ပါတယ်
တစ်ယောက်နဲ့တစ်ယောက် လစ်ဟင်းနေတဲ့ကွပ်လပ်လေးတွေကိုဖြည့်ဆည်းရင်း နာလည်းမှုဆိုတဲအရာကို ဖန်တီးခဲ့ကြပါတယ်။အဲလို တစ်ယောက်ကို တစ်ယောက်နားလည်မှုပေး တစ်ဦးလိုအပ်ချက်ကို တစ်ဦးဖြည့်ဆည်းပေးနေရတာကိုက ချစ်သူ တွေအတွက် အနှစ်သာရ တစ်ခုလို့ကျမ ခံစားမိပါတယ်
အဲလို လိုအပ်ချက်ကွပ်လပ်တွေသာမ၇ှိဘူးဆိုရင် နားလည်မှု ကြင်နာမှု အားပေးမှု နှစ်သိမ့်မှုတွေက ရှိလာနိုင်စရာအကြောင်းမရှိပါဘူး ။အဲဒီလိုအပ်ချက် ကွက်လပ်တွေကြောင့်သာ
နားလည်မှု ၊ကြင်နာမှု ။အားပေးမှု နှစ်သိမ့်မှုတွေ ဖြစ်ပေါ်လာတာပါ။
ကျမ အတွက်က တော့ ကျမ ချစ်သူရဲ့ လိုအပ်ချက် ကွပ်လပ်လေးတွေကို ဖြည့်ဆည်းခွင့်ရနေတာကိုက ကျမ အတွက် ကောင်းချီးတစ်ခုလို့ခံစားနေမိတယ်
မေသူ


ပေဖူးလွှာ၏ အဖြေ
perfect ကြီးတော့ ဘယ်ရမလဲ
ဒါက တကယ့် လူ့ဘ၀လေ။ fairy tale တွေထဲကလို prince charming တော့ ဘယ်ရှိမလဲနော်။
ယောကျာ်းလေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်အတွက် perfect ဖြစ်တိုင်း နောက်တစ်ယောက်ကတော့ perfect ဖြစ်တယ်လို့ ထင်ချင်မှ ထင်မယ်လေ။
ပေဖူးအတွက်တော့ perfect ယောကျာ်းဆိုတာ balance relationship တစ်ခုကို ပေးနိုင်မယ့် လူတစ်ယောက်ကို perfect လို့ ထင်ပါတယ်။
အစစ အရာရာမှာ ကိုယ့်ထက်မညံ့ဘူး။ အစစ အရာရာဆိုတာ Academically, Financially, Physically, Mentally အကုန်ပါပါတယ်။
ကိုယ့်ထက် ကျိကျိတက် အရမ်းချမ်းသာနေတဲ့ billionaire တစ်ယောက်ကို မလိုချင်သလို အထက်တန်းကျောင်းတောင် မပြီးတဲ့ ယောကျာ်းတစ်ယောက်ကိုလဲ မစဉ်းစားပါဘူး။
ပညာရေးမှာ ထူးချွှန်တဲ့ ယောကျာ်းတစ်ယောက်ကို လိုချင်ပေမဲ့ library မှာပဲ တနေကုန် စာထိုင်ဖတ်နေတဲ့ စာဂျပိုးဆိုရင်လဲ sorry ပဲ။
ကိုယ့်ယုံကြည်မှုကို လိုက်ယုံစရာလဲ မလိုပါဘူး။ နားလည်ပေးနိုင်ရင် တော်ပြီ။
ပြီးတော့ ကိုယ်က တစ်ဆယ်ဖိုးလောက် ချစ်ရင် သူက တစ်ဆယ်ဖိုး ပြန်ချစ်နိုင်ရမယ်။ ငါးကျပ်ဖိုးလောက်ပဲ ချစ်တာ မလိုချင်သလို တစ်ရာဖိုး ပြန်ချစ်ဖို့လဲ မလိုပါဘူး။
ပေဖူးအတွက်ကတော့ အဲလောက်ဆို လုံလောက်ပါပြီ။
သိပ်မတောင်းဆိုပါဘူး။ အဟိ :P
ပေဖူးလွှာ


အိမွန်တာ၏ အဖြေ
Perfect ဖြစ်စေနိုင်တဲ့ အချက်တွေကတော့ လူပေါ်မှာမူတည်မယ်လို့ ယူဆမိပါတယ်...
အိတာအတွက်ကတော့
(၁)၊၊ ကိုယ်က ချစ်ခင်ယုံကြည်နိုင်ရမယ်..
(၂)၊၊ ကိုယ့်ကို ချစ်ချစ်ခင်ခင်ရှိရမယ်...
(၃)၊၊ နားလည်မှုရှိရမယ်...(ဒါကိုတော့ အိမွန်တာ တန်ဖိုးထားတယ်)
(၄)၊၊ သင့်တင့်တဲ့ရုပ်ရည် ရှိရမယ်...(ကိုယ့်ဘေးနားမှာ ရပ်မယ့်သူက ကြည့်ပျော်ရှူပျော်ရှိသင့်တယ်လေ :P လောဘ လောဘ)
(၅)၊၊ သင့်တင့်တဲ့ မာနနဲ့  ကိုယ်ပိုင်ရည်တည်မှုရှိရမယ်..(

ဆိုလိုတာက သိပ်ပြီး ဒူးထောက်နေတာမျိုးမကြိုက်ဘူး အရာရာမှာ )
(၆)၊၊ မှန်ကန်စွာ အရာရာမှာ မျှမျှတတ တွေးခေါ်နိုင်သူဖြစ်ရမယ် ( စာအုပ်တွေ ဘာတွေ ဖတ်တယ်ဆိုရင် ပိုကောင်းတယ်)
(၇)၊၊ ပြီးတော့ ကိုယ်က မသိရင်တောင် ကိုယ့်ကိုရှင်းပြနိုင်တဲ့လူမျိုးကို သဘောကျတယ် (ဆိုလိုတာက ကိုယ့်ထက်တော်ရင် အတိုင်းထက်အလွန်ပေါ့)
(၈)၊၊ နောက်ဆုံးအနေနဲ့  စာပေ၀ါသနာပါရင် ပိုချစ်ခင်မိမယ်ထင်တာပဲ (ဒါဟာ အိမွန်တာအတွက်ပဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်)
ရေးပေးပြီးသွားပြီနော် ... အမေက မေးရင်တောင် ပြောတာမဟုတ်ဘူး. (:P)
လောဘကြီးတယ်ထင်ရင်လည်း ထင်ပလိုက် ထင်ပလိုက် ...:)
အိမွန်တာ


အားလုံးကို လေးစားလျှက်
www.myhome16.com

ဆက်ဖတ်ရန်...(To Continue)

Saturday, October 18, 2008

Quotes (အခန်း - ၁) အချစ်

ကျွန်တော်က Quotes လေးတွေကို စုဆောင်းရတာ ၀ါသနာပါတယ်။ ကောင်းတဲ့ Quotes လေးတွေကို သိမ်းထားလေ့ရှိတယ်။ ဒီနေ့တော့ အချစ် Quotes ၉ ခု ကို အားလုံးနဲ့ မျှဝေလို့ရအောင် ဘာသာပြန်ပြီး တင်ပေးလိုက်တယ်။



" The greatest pain that comes with love is loving someone you can't have." Unknown
အချစ်ရဲ့အကြီးမားဆုံး နာကျင်မှုတစ်ခုက သင်မပိုင်ဆိုင်သော လူတစ်ယောက်ကို ချစ်မိခြင်းပါပဲ။


" Hearts live by being wounded." Oscar Wilde
အသဲနှလုံးတွေဆိုတာ နာကျင်ခံရခြင်းတွေနဲ့ ရှင်သန်နေကြတယ်။


" Do you love me because I am beautiful,
or am I beautiful because you love me?" Cinderella
လှလို့ချစ်တာလား .. ချစ်လို့ လှတာလား ..


" When you are in love and you get hurt, it’s like a cut... it will heal, but there will always be a scar " Unknown
သင်အချစ်တစ်ခုရရှိတယ်.. ထိုအချစ်ကြောင့် နာကျင်ခဲ့တယ်..
ထိုနာကျင်မှုဟာ ဒဏ်ရာတစ်ခုလိုပါပဲ..
ဒဏ်ရာက သက်သာပျောက်သွားလိမ့်မယ်..
ဒါပေမယ့် အမာရွတ် တစ်ခုတော့ ကျန်ခဲ့လိမ့်မယ်..


" In true love the smallest distance is too great, and the greatest distance can be bridged." Hans Nouwens
အချစ်စစ်တစ်ခုမှာ သေးငယ်လွန်းတဲ့ ဝေးကွာမှုတစ်ခုက အရမ်းကြီးမားလွန်းတယ်။
ဒါပေမယ့် ကြီးမားလွန်းတဲ့ ဝေးကွာမှုတစ်ခု ပေါင်းကူးလို့ ရနိုင်တယ်။


" Love is missing someone whenever you're apart, but somehow feeling warm inside because you're close in heart." Kay Knudsen
အချစ်ဆိုတာ သင်တစ်စုံတစ်ယောက်နဲ့ ဝေးကွာနေချိန်မှာ လွမ်းနေရခြင်းပါ။ ဒါပေမယ့် ရင်ထဲမှာ နီးစပ်နေတော့ ပူနွေးခြင်း တစ်ခုကို ခံစားနေရတယ်။


" If I know what love is, it is because of you." Herman Hesse
အကယ်၍များ အချစ်က ဘာလဲဆိုတာ ငါသိခဲ့ရင် ... အားလုံးဟာ မင်းကြောင့်ပါပဲ။


" The hottest love has the coldest end." Socrates
အလှပဆုံးအချစ်မှာ အချမ်းအေးဆုံး လမ်းဆုံးတစ်ခုရှိတယ်။


" It takes a couple seconds to say Hello, but forever to say Goodbye." Anonymous
Hello လို့ပြောဖို့ စက္ကန့်အနည်းငယ်သာ ကြာပေမယ့် Goodbye လို့ပြောဖို့ ထာဝရကြာတယ်။


With Love,
Tea

ဆက်ဖတ်ရန်...(To Continue)

Business Corner အား ဖွင့်လှစ်ခြင်း


နောက်အပတ်က စပြီးတော့ စီးပွားရေး လောကကြီး နှင့် ပတ်သက်နေတဲ့ အကြောင်း အရာတွေ (Business Related Materials) တွေကို တစ်ပတ်ကို ပိုစ့် တစ်ခု နှင့် ဆောင်းပါး တွေကို ကျွန်တော် Tea က နေ တင်ဆက် ပေးသွားပါမယ်။ ဒီ Corner မှာ Business အကြောင်းတွေ၊ Economics အကြောင်း တွေကို တင်ပြ ဆွေးနွေး သွားပါမယ်။ Global World Economic နှင့် Business ဆိုင်ရာ Internationally Recognized လုပ်တဲ့ Theory တွေ၊ လက်တွေ့ဖြစ်ရပ်တွေ၊ ကိစ္စတွေ၊ အကြောင်း အရာတွေ၊ Company အကြောင်း တွေကို အတတ်နိုင်ဆုံး တင်ပြ သွားပါမည်။

အားလုံးကို လေးစားလျှက်
Tea

ဆက်ဖတ်ရန်...(To Continue)

Friday, October 17, 2008

ဆရာဝန်နှင့် ခပ်မိုက်မိုက် ကောင်မလေး

This following joke contains some material which may seem offensive for some people. If you will be offended by materials relating with sexual content, please don't read it. Thank you.

အသက် ၂၀ခန့် ခပ်မိုက်မိုက် ကောင်မလေးတစ်ယောက် ဆရာဝန်နဲ့ လာဆွေးနွေးပါတယ်..

ကောင်မလေး : ဆရာ .. ကျမရည်းစားကို အရမ်းစိတ်ဆိုးတာပဲ.. သူ့ကို ကျမ မျိုးစစစ် လို့ပဲ ခေါ်သင့်တယ်။ သူအရမ်းကို လွန်တာပဲ.. တကယ်ပါပဲ..

ဆရာဝန် : ဟင်း .. အဲ့ဒါ အရမ်းကို ရင့်သီးတဲ့ စကားလုံးပဲကွယ့်.. ဒါပေမယ့် မင်းမှာ အကြောင်းပြချက်လေးတော့ ရှိမှာပေါ့လေ.. ငါကူညီနိုင်အောင် အဲ့ဒီ အကြောင်းလေး ပြောပါဦး ...

ကောင်မလေး : ဟုတ်ကဲ့ဆရာ .. ဟိုတစ်ညကပေါ့.. ကျမတို့ ကမ်းခြေတစ်ခုမှာ ကားရပ်ထားပြီး နေတုန်းက အဲ့ဒီမှာ လူကလည်း ပြတ်တယ်လေ.. အဲ့ဒီအချိန်မှာ သူက ကျမလက်ကို ကိုင်လိုက်တယ်..

ဆရာဝန် :မင်းလက်ကို သူက ဒီလို ကိုင်လိုက်တာလား ?

ကောင်မလေး : ဟုတ်တယ် ဆရာ.. ခုဆရာ ကိုင်ထားသလိုပဲ..

ဆရာဝန် : အဲ့ဒါကြောင့်ပဲ ဆိုရင်တော့ မျိုးမစစ်လို့ မခေါ်သင့်ပါဘူးကွယ်.. အဲ့ဒါက မင်းနဲ့ မဝေးချင်ဘူးဆိုတဲ့ သဘောလေ။

ကောင်မလေး : ပြီးတော့ .. သူက ကျမနားတိုးလာပြီး ကျမကို ဖက်လိုက်တယ်..

ဆရာဝန် : ဒီလိုလား

ကောင်မလေး : ဟုတ်တယ် ဆရာ.. ဆရာ လုပ်သလိုပဲ..

ဆရာဝန် : ဒါလည်း မျိုးမစစ်လို့ မခေါ်ပါဘူးကွယ်.. မင်းနဲ့ အနားမှာ ထာဝရနေချင်တယ်လို့ ဆိုတာလေ..

ကောင်မလေး : ပြီးတော့ ကျမကို နမ်းတယ်..

ဆရာဝန် : ဒီလိုလား?

ကောင်မလေး : ဟုတ် ဆရာ.. ဆရာ ခုနမ်းတဲ့ အတိုင်းပဲ..

ဆရာဝန် : အဲ့လိုနမ်းတာနဲ့ မျိုးမစစ်လို့ ပြင်းပြင်းထန်ထန် မခေါ်သင့်ပါဘူးကွယ်.. မင်းကို ကြင်နာတဲ့ အပြုအမူပါ..

ကောင်မလေး : ပြီးတော့ သူ ကျမ အင်္ကျီထဲ လက်ထည့်လိုက်တယ် .. ဆရာ..

ဆရာဝန် : ဒီလိုလေးလား

ကောင်မလေး : ဟုတ်.. ဆရာ အဲ့လိုပါပဲ..

ဆရာဝန် : ဒါလည်း မျိုးမစစ်တဲ့ လုပ်ရပ်မဟုတ်ပါဘူးကွယ်.. မင်းကို ကာကွယ်ချင်တဲ့ သဘောပါ။

ကောင်မလေး : ပြီးတော့ သူ ကျမ အ၀တ်အစားတွေကို ဖြည်းဖြည်းချင်း ချွတ်လိုက်တယ်..

ဆရာဝန် : မင်းငြင်းသေးလား

ကောင်မလေး : ဟင့်အင်း.. ကျမ သူ့ကို ချစ်တော့ သူ့သဘောအတိုင်းပါပဲ..

ဆရာဝန် : မင်း အ၀တ်အစားတွေကို ဒီလို ချွတ်လိုက်တာလား..

ကောင်မလေး : ဟုတ်တယ် ဆရာ.. ခုလို အ၀တ်အစားမဲ့သွားတဲ့ တိုင်အောင်ပါပဲ..

ဆရာဝန် : ခုထိ သူ့ကို မျိုးမစစ်လို့ ခေါ်စရာ အကြောင်း မရှိသေးဘူးကွယ်.. ဘာလို့လဲဆိုတော့ သူက မင်းရဲ့ ကိုယ်လုံးကို စူးစမ်းချင်လို့ပဲလေ..

ကောင်မလေး : ပြီးတော့ သူ ကျမကို နမ်းပြီး ကျမနဲက ချစ်တင်းနှောတယ်... ............... ........................

ဆရာဝန် : ခုငါတို့ လုပ်နေသလိုမျိုး သူလုပ်တာလား..

ကောင်မလေး : အင်း.. ခုလို အတိအကျပါပဲ ဆရာရယ်...

ဆရာဝန် : မျိုးမစစ်လို့ မခေါ်သင့်ပါဘူးကွယ်.. သူ့အတွက် မင်းရှိဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပဲလေ..

ကောင်မလေး : ဒါပေမယ့် .. သူက သူ့မှာ အေအိုင်ဒီအက်စ် ရှိနေတယ်လို့ ကျမကို ပြောလိုက်ုတယ်လေ..

အပြင်ဘက်က လူနာတွေနဲ့ ဆေးခန်းဝန်ထမ်းတွေ ဆရာဝန်ရဲ့ စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရတယ်..

ဆရာဝန် : မျိုးမစစ်!!!!@#$%##@#%^*

Source : mmcp

ဆက်ဖတ်ရန်...(To Continue)

ASK ME စားပွဲဝိုင်း အမှတ် (၃)


အခု ASK ME စားပွဲဝိုင်း ရဲ့ အမှတ် (၃) မှာ မေးခွန်း ၅ခုရဲ့ အဖြေကို ဖော်ပြသွားပါမယ်။ မေးခွန်း အသစ်တွေ ဆက်မေးချင်တယ် ဆိုရင်တော့ ဒီနေရာ ကို သွားပြီး မေးမြန်းနိုင်ပါတယ်။


အချစ်ရေးရာ မေးခွန်း

သိလိုသူ ၏ မေးခွန်း
မေးချင်တာကတော့ လူတွေကလေ၊ အသဲကွဲပြီးရင်ပေါ့ အသဲအသန်ခံစားနေကြရတယ်။ သေတော့မလို၊ အသက်ပဲထွက်တော့မလို၊ ဖြစ်နေတာမှ စုံနေတာပဲ ဒါပေမယ့်လေ နည်းနည်းလည်းကြာရော နောက်တစ်ယောက်နဲ့တွေ့သွားရော အဆင်တွေပြေသွားရော အရင်ကပြောတော့ တစ်ယောက်မှတစ်ယောက်ပါတဲ့ ဒီတစ်ယောက်မရရင်သေရပါမယ်တဲ့ စုံနေတာပါပဲ ဒါပေမယ့် နောက်ဆုံးကျတော့ ဒုံရင်းပါပဲလေ။ လူတွေအားလုံးဒီလိုပဲလား?
ကျွန်တော် ပြောချင်တာက အဓိက ပြဿနာက “အချိန်” ပါပဲ။ လူတွေ တစ်ဦးတစ်ယောက်သော ချစ်သူကြောင့် အသဲကွဲလို့ ပြင်းပြင်း ထန်ထန် ခံစားနေရရင် လိုအပ်နေတာ တစ်ခုပဲ ရှိတယ်။ အချိန်ပါ။ အချိန် အတိုင်းအတာ တစ်ခု ပြီးဆုံးသွားရင် လူအများစုဟာ သက်သာ လာကြပါတယ်။ ဘယ်လောက်ပဲ ကြီးပြင်းတဲ့ ခံစားချက်တွေ ဖြစ်နေပါစေ၊ အချိန်တစ်ခု ရှိမယ်ဆိုပါက သက်သာလာမှာပါ။ ဒါဟာ လူတော်တော်များများ အတွက် မှန်ပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေ ကျတော့ အချိန်အလွန်ကြာသွားသော်လည်း ကွဲနေတဲ့ အသဲက ဆက်မရတော့ပဲ ကွဲပြီးရင်း ကွဲနေတာ သေရာပါ ပါပဲ။ ဒီလိုမျိုးက ရှားပါတယ်။ တော်တော်များများဟာ အချိန်တစ်ခုပြီးဆုံးသွားရင် ဘ၀သစ်မှာ ပြန်လည် ရှင်သန်လာပါတယ်။ ကျွန်တော်လည်း လူအများကြီးနဲ့ ကြုံတွေ့ဖူးပါတယ်။ အချစ်ပြဿနာတွေ တက်တဲ့လူတွေပါ။ သူတို့တွေ အားလုံးဟာ အချိန်တစ်ခုအပြီးမှာ သက်သာသွားပြီး အဆင်ပြေသွားကြပါတယ်။ အင်း… နောက်တစ်ယေက် ဆိုတဲ့ အကြောင်းကို ရှင်းရမယ် ဆိုရင်တော့ အချစ်ဦးဟာ လူတော်တော် များများ အဖို့ အဖြစ်အသဲဆုံးပါ။ အချစ်ဦးလို့ ဆိုရရင် ကိုယ့်ဘက်က နှစ်နှစ်ကာကာ ချစ်နေတဲ့ အချစ်ဦးကို သာ ဆိုလိုခြင်း ဖြစ်တယ်။ လူတွေက သူတို့ အရမ်းကို ချစ်ရတဲ့ အချစ်တစ်ခုကြောင့် ကြီးကျယ်တဲ့ အသဲကွဲ ဝေဒနာကို ခံစားပြီးသွားရင် … အချိန်၏ ကုစားမှုကြောင့် ပြန်လည် ကောင်းမွန်သွားပါက နောင်အချိန်ကျရင် နောက်အချစ်သစ်တစ်ခုနှင့် ထပ်တွေ့ပါက လူအများစုဟာ ထို အချစ်ကို လက်ခံကြပါတယ်။ လူတွေက အသဲကွဲပြီးတော့ ပိုပြီး ရင့်ကျက်သွားပါတယ်။ အသဲက အရင်တစ်ကြိမ်က ကွဲဖူးပြီးပြီ ဆိုတော့ လူတွေ ကျင့်သားရသွားတယ် ပြောပြော၊ ရင့်ကျက်တယ်ပဲ ပြောပြော လူတွေက နောက်တစ်ယောက်ကိုတော့ အရင်တစ်ယောက်လောက် ခံစားရမှာ မပူတော့ဖူးပေါ့။ ဒါဟာလဲ အများစုကို ပြောတာပါ။ ကိစ္စတိုင်းမှာ exception ဆိုတာ ရှိလို့ ကျွန်တော် သေချာတော့ မပြောရဲပါ။ ဒါပေမယ့် ကျွန်တော့် အမြင် နှင့် လေ့လာမှုတွေ အရတော့ လူ ၁၀၀ ယောက်မှာ ၉၉ ယောက် က အတိတ်က အသဲကွဲခဲ့ပြီးသော်လည်း အချိန်က ကုစားပြီးသွားရင် အချစ်သစ်တစ်ခုနဲ့ တွေ့လာရင် ထိုအချစ်ကို လက်ခံကြပါတယ်။
Tea



နိုင်ငံရေးဆိုင်ရာ မေးခွန်း

အေကေ ၏ မေးခွန်း
အခုလက်ရှိ ကျွန်တော်တို့ တိုင်းပြည်ကို U.K ရဲ့ ကိုလိုနီအောက်မှာ ရှိနေတာထက် လက်ရှိ စစ်အစိုးရက အုပ်ချုပ်နေတာက ဘယ်တစ်ခုက ပိုပြီး ကောင်းမွန်မည်ဟု ထင်ပါသနည်း။ ဘာကြောင့်နည်း။
ဘယ်တစ်ခုကမှ မကောင်းပါဘူးဗျာ။ ကိုလိုနီအောက်မှာရှိတော့ မလွတ်လပ်ဘူးဆိုတဲ့ သဘောပေါ့။ လက်ရှိစစ်အစိုးရက အားလုံး သိထားတဲ့ အတိုင်း ပြည်သူပြည်သားတွေကို ဘာမှ ဂရုစိုက်တာမှ မဟုတ်တာ။ တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာ အာဏာဆိုတာက ကိုလိုနီရော စစ်အစိုးရတင်မက ဘယ်သူ့လက်ထဲမှာမှ မရှိသင့်ပဲ တိုင်းသူပြည်သားတွေရဲ့ လက်ထဲမှာ ရှိသင့်တာပါ။ ဒီတစ်ချက်ထဲကြောင့် ဘယ်တစ်ခုရဲ့အောက်မှာမှ မကောင်းပါဘူးလို့ အဖြေပေးချင်ပါတယ်။ ဒါပေမယ့် အေကေက အဆိုးနှစ်ခုထဲက တစ်ခုကို ရွေးစေချင်တယ်ဆို၇င် ကျွန်တော်က U.K ကို ရွေးမိပါလိမ့်မယ်။ လက်ရှိစစ်အစိုးရရဲ့ ပြည်သူပြည်သားတွေကို နည်းနည်းမှ ဂရုမစိုက်ပဲ တိုင်းပြည်ကို ချွတ်ခြုံကျအောင် လုပ်နေတဲ့ ဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် ဗြိတိသျှကိုလိုနီကမှ ပြည်သူပြည်သား တွေရဲ့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ စားဝတ်နေရေး၊ သွားလာဆက်သွယ်ရေး။ ရေ၊ မီး စတာတွေကို စုံလင် ပြည့်စုံအောင် ပေးပါလိမ့်မည်။ ဥပမာ ဟောင်ကောင်ကိုပဲ ကြည့်ကြပါဆို့။ ဗြိတိသျှ ကိုလိုနီအောက်မှ ၉၉နှစ် တိုင်တိုင် ရှိလာခဲ့တာပါ။ ဒါဟာ ကျွန်ခံချင်တာ မခံချင်တာနဲ့တော့ ဘာမှ မဆိုင်ပါဘူး။ ဗြိတိသျှကလည်း သူအုပ်စိုးသွားတဲ့ အချိန်မှာ ကောင်းအောင် လုပ်ပေးသွားခဲ့ပါတယ်။ တကယ်တော့ အခြေအနေတစ်ခုမှာ ပြည်သူပြည်သားတွေ အကျိုးအမြတ်ရဖို့ က အဓိကပါ။ အချုပ်အခြာ အာဏာက ပြည်သူပြည်သားတွေရဲ့ လက်ထဲမှာသာ ရှိသင့်ပါတယ်။ အခုလို ဦးသန်းရွှေကြီး အုပ်စိုးနေပြီး တိုင်းပြည် ဒုက္ခရောက်နေတာကတော့ ဗြိတိသျှ ကိုလိုနီထက်ကိုပင် ပိုမို ဆိုးရွားနေပါကြောင်း …
Tea



နည်းပညာဆိုင်ရာ မေးခွန်း

အောင်သာငယ် ၏ မေးခွန်း
လွန်ခဲ့တဲ့ တလက iPodTouch 32 GB တလုံး ၀ယ်ခဲ့ပါတယ်။ နောက်တော့ FreeWare တွေ download ပါတယ်။ အားလုံး ၆၀ လောက်ရှိမယ်။ အဲထဲက တခု install လုပ်ပြီး run ကြည့်တာ hang သွားပါတယ်။ reset ပြန်လုပ်လို့လည်း မရတော့ပါ။ ပြန်လုပ်တိုင်း Apple icon လေးပေါ်နေတာကနေ မတက်တော့ပါ။ Any help will be highly appreciated.
I am sorry but I think you just need to go to Apple Store together with your warranty. Staffs are very helpful. They will help you for sure.
သိပ္ပံမောင်ပိန်


အထွေထွေ မေးခွန်း

Law Shay ၏ မေးခွန်း
What does that "16" means in "MyHome16" ?
ဟုတ်ကဲ့ပါ။ MyHome16 က ဟိုးအရင်တုန်းက ကျွန်တော် တစ်ယောက်ထဲ စရေးဖြစ်တဲ့ ဘလောခ့်လေး တစ်ခုပါ။ နောက်ပိုင်းကြာတော့ မေသူရောက်လာတယ်။ လင်းစစ်သူရောက်လာတယ်။ တဖြေးဖြေးနဲ့ အခုဆို ၇ယောက် ရှိသွားပါပြီ။ ကျွန်တော် တစ်ယောက်ထဲ စခဲ့တုန်းက ကျွန်တော်ရဲ့ စိတ်ခံစားချက်တွေ၊ အထင်အမြင် အယူအဆတွေ သိုလှောင် သိမ်းဆည်းထားဖို့ အိမ်လေးတစ်လုံးလို အမည်ပြုမယ်လို့ ရည်ရွယ်ပြီး Myhome ကျွန်တော့်အိမ် ဆိုတဲ့ နာမည်ကို ကျွန်တော် ရွေးဖြစ်ခဲ့တယ်။ အိမ်ဆိုတော့ အိမ်နံပါတ်လေး ရှိသင့်တယ်လို့ ခံစားချက်နဲ့ ကျွန်တော် နံပါတ် တစ်မျိုး ထည့်မယ်ဆိုပြီး ရည်ရွယ်ကာ ကျွန်တော် ၁၆ ကို ရွေးဖြစ်ခဲ့တယ်။ နံပါတ် ၁၆က ကျွန်တော့်အတွက် အလွန် အရေးပါတဲ့ နံပါတ် တစ်ခုပါ။ Lucky နံပါတ်ပဲပြောပြော အကြိုက်ဆုံး နံပါတ်ပဲပြောပြော ကျွန်တော် ငယ်စဉ်တောင်ကျေး ကလေးဘ၀ထဲက ဤနံပါတ်လေးကို ကြိုက်နှစ်သက်စွာ အသုံးပြုလာတာ ယနေ့ထိတိုင်ပါပဲဗျာ။
Tea



ကျန်းမာရေး ဆိုင်ရာ မေးခွန်း

Anonymous ၏ မေးခွန်း
This is Joshua. I want to ask you one question. Normally, I'm smoker. I use to smoke 3days/pack. I knew that this is not a good habit. SO, my question is, " How to pervent for bad health" for smoker. I means like myanmar medicine. or English medicine. Please don not tell "Don't Be Smoke" . I'm smoking but on the other hand , I want to take some medicine for good health. Especially for Lungs and liver . Please kindly be reply to me. I'm representitive for all my friends. Thanks you.
ကို Joshua ရဲ.အမေးကို ဖြေရမယ်ဆိုရင် ဆေးလိပ်သောက်နေရင်း တစ်ဖက်ကလည်း ရောဂါမရအောင် သောက်တဲ့ဆေးဆိုတာ မရှိပါဘူး။ မြန်မာတိုင်းရင်းဆေးမှာရှိမရှိတော့ ကျွန်တော်လည်းမသိပါဘူး။ ဆေးလိပ်မှာပါဝင်တဲ့ ပစ္စည်းတွေဟာ (carcinogen) ကင်ဆာရောဂါကိုဖြစ်စေတဲ့ ပစ္စည်းတွေဖြစ်လို. လူ.ကိုယ်ခန္ဓာအတွက် ဆိုးကျိုးတွေသာဖြစ်လာမှာ ဖြစ်တယ်။ နှစ်နဲ ချီပြီးသာသောက်မယ်ဆိုရင် အဆုတ်နဲ. လေပြွန်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပါးစောင်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာအိမ်ကင်ဆာ စတဲ့ ကင်ဆာရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ခြေထောက်တွေ ပုပ်ပြီး ဖြတ်ရတဲ့အထိလည်းဖြစ်တတ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါအပါအ၀င် တစ်ခြား နှလုံးရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖြည်းဖြည်းစီ လျော့သောက်ပြီး ဖြတ်သင့်တယ် လို.အကြံပြုချင်တယ်။ မဖြတ်နိုင်ရင်တော့ ကျန်းမာရေးများများလိုက်စားပါ။ လမ်းများများလျှောက်ပါ။ ကိုယ်ကာယလေ့ကျင့်ခန်း၊ အပြေးလေ့ကျင့်ခန်းတွေ လုပ်ပါ။ ဒါမှ အဆုတ်အားကောင်းလာပြီး ဆေးလိပ်ကြောင့် အဆုတ် အပျက်အစီးနည်းမှာပါ။ အစားအသောက် ချင့်ချိန်စားပါ။ (အဆီလျော့စားပါ)။ ဒါမှ နှလုံးသွေးကြောမကျဉ်းမှာပါ။ အကောင်းဆုံးကတော့ အတတ်နိုင်ဆုံးနည်းနိုင်သမျှ နည်းအောင်သောက်ပါ လို.ပဲပြောချင်ပါတယ်။
ဒေါက်တာရမ်းကု

အားလုံးကို လေးစားလျှက်
www.myhome16.com


ဆက်ဖတ်ရန်...(To Continue)

Wednesday, October 15, 2008

Sushi လိပ်စားကြမယ်။

Post မတင်တာကြာလို့ ပေဖူးလွှာကို မှတ်မိကြသေးရဲ့လား မသိဘူး။ မမှတ်မိလောက်တော့ဘူး ထင်တယ်။ အဟင့်... မမှတ်မိလဲ နေပေါ့။ :P

ဒီနေ့တော့ အကကော ဟာသကော အားကစားအကြောင်းကော မရေးတော့ဘူး။ ပေဖူးတို့ ကျောင်းကိုးရက်ပိတ်ထားတယ်လေ။ အားရပါးရအိပ်၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဟင်းချက်စား၊ ရှော့ပင်ထွက် ကိုယ့်ဘာသာာကိုယ်တော့ ဟုတ်နေတာပဲ။ Fall Break မရှိသော အိမ်က ဘလော့ဂါများ မုဒိတာပွားကြပါကုန်သော်ဝ်။ ^.^

ဆူရှီလေ။ ကြိုက်တဲ့သူတွေကတော့ အရမ်းကြိုက်ကြတယ်။ မကြိုက်တဲ့သူတွေကတော့ အနံ့တောင် ခံလို့မရဘူး။ ပေဖူးကတော့ အသားစိမ်း၊ ငါးစိမ်းစားမရတဲ့ အတွက် Cooked Sushi ဆိုရင်တော့ အသေကြိုက်တယ်။ အဲဒီတော့လဲ Burmese Version ဆူရှီကို အိမ်မှာပဲ လိပ်စားလိုက်တယ်။ မဆိုးပါဘူး။ roommate တွေလဲ အားပေးကြတယ်ဆိုတော့ အောင်မြင်တယ်လို့ပဲ ဆိုရမှာပေါ့နော်။

လိုအပ်သော ပစ္စည်းများ နှင့် ရနိုင်သော နေရာများ
ရေညှိလိပ် (salted ကို မ၀ယ်မိစေရန်။ ရိုးရိုးရေညှိအချပ်များ)
ကက်ဥ သုံးလုံး (ခေါက်ကြော်ဖို့ပါ။ လူအရေအတွက်ကို ကြည့်ပြီး အနည်းနဲ့ အများပေါ့)
Sausage (ပုဇွန် sausage နဲ့ ကြက်သား sausageကို သုံးပါတယ်။ Grilled chicken ရလဲ သုံးပေါ့။ ပုဇွန် အခွံခွာ ပြုတ်/ကြော်ပြီးသားလဲ သုံးရင်ရပါတယ်)
သခွားသီး တစ်လုံး
သဘောင်္သီး (ကြိုက်ရင်တော့ ထည့်ပေါ့။ ပေဖူးကတော့ အလုပ်ရှုပ်လို့ မထည့်တော့ဘူး)
ထမင်းဖြူ တပန်းကန်
ဆီ အနည်းငယ်
Soy Sauce.


ပြင်ဆင်ပုံ
- ကြက်ဥကို ခေါက်ပြီး အပြားလိုက်ကြော်ထားပါ။
- Sausage အပြားလိုက် လှီးပြီး မီးအေးအေးနဲ့ ကြော်ထားပါ။
- သခွားသီး အခွံခွာပြီး အရှည်လိုက်လေးတွေ လှီးထားပါ။
- ထမင်းဖြူကို ဆီနည်းနည်းလေး စမ်းပြီး ပူအောင် နွှေးထားပါ။

အောက်က ပုံတွေကတော့ အစာတွေကို လိပ်လက်စ လှမ်းရိုက်ထားတာပါ။

အစက ရိုက်ဖို့ မေ့သွားလို့ တ၀က်တပျက်နဲ့ပေါ့
ဒါကတော့ ကြော်ထားတဲ့ Shrimp, Chicken Sausage နဲ့ သခွားသီးတွေ။


- ကြက်ဥခေါက်ကြော်နဲ့ ရေညှိတွေ။ အဲဒီ ကိုရီးယားတံဆိပ်မဆိုးဘူး။ မှတ်ထားပြီး ရှာဝယ်ပေါ့။


စလိပ်ပြီ။
ပေဖူးကတော့ ကိုရီးယားဆိုင်က ဆူရှိလိပ်တဲ့ ၀ါးယင်းလိပ်လေး ၀ယ်ထားလိုက်တယ်။ အဲဒါမရှိလဲ လိပ်လို့ ဖြစ်ပါတယ်။ ကိုယ်တို့ ရန်ကုန်မှာတုန်းက ဒီလိုပဲ လိပ်တာပဲ။ :P

- ရေညှိရွက် ခင်းပါ
- ထမင်း ဆီလူးပြီးသား လက်တစ်ဆုပ်စာလောက်လေးကို အလယ်လောက်မှာ ဖြန့်ခင်းပေးပါ။
- ပြီးရင် အသားထည့်၊ ကြက်ဥခေါက်ကြော်ထည့်၊ သခွားသီးနဲ့ သဘောင်္သီးတွေထည့်ပါ။
ပုံထဲက အတိုင်းပေါ့။

ပြီးရင် အစတစ်ဖက်ကနေလိပ်ပါ။ ရေညှိနဲ့ အစာတွေက လွယ်လွယ်ပဲ ကပ်သွားပါတယ်။ တခြားတစ်ဖက်ကို လိပ်လိုက်ပါ။ ရေညှိ ရေညှိချင်း ကပ်ဖို့ရာတော့ လက်အားသုံးပြီး ဖိလိုက်ပါ။


လိပ်ပြီးသားလေးပေါ့


ပြီးရင်တော့ ဓါးနဲ့ အနေတော်လေးတွေ ဖြတ်။ ဓါးမထက်ရင်တော့ ကပ်ကြေးနဲ့ ညှပ်ပါ။
အဆင်သင့်ဖြစ်ရင်တော့ Soy Sauce လေးတို့ပြီး စားနိုင်ပါပြီ။
ရေနွေးကြမ်းလေးပါ အဆင်သင့်ပြင်ထားနော်။ ရှယ်ပဲ။


ဒီပုံကတော့ ပေဖူးရဲ့ ရှုပ်ပွနေတဲ့ စာရေးစားပွဲပေါ်မှာ ရုပ်ရှင်ကြည့်ရင်းစားဖို့။

အားလုံးပဲ ပျော်ရွှင်ကြပါစေ။
ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

Tuesday, October 14, 2008

တမ်းတလွမ်းဆွတ်မိသော သီတင်းကျွတ် လပြည့်နေ့


အတိတ်က ...

ပတ်ဝန်းကျင်မှာ ဖယောင်းတိုင်ပေါင်း ရာချီပြီး ထွန်းညှိထားသည်။ လေပြေလေအေးလေး တစ်ဝေ့ဝေ့ တိုက်ခတ်နေသည်။ ကောင်းကင်ပြင်မှာလည်း လမင်းသော်တာ ထွန်းတောက်နေသည်မှာ ကြည်နူးစရာပင်။ ဘေးပတ်ဝန်းကျင်မှ ဗျောက်အိုးသံတွေ၊ မီးရှုးမီးပန်းသံတွေ ကြားနေရသည်။ ကောင်းကင် တစ်ပြင်လုံး၌လည်း မီးပုံးပျံများ စည်ကားနေလေသည်။ အကျွနိုပ်၏ လက်ထဲမှာလည်း ထွန်းညှိလက်စ ဖယောင်းတိုင်လေး ကိုင်ထားရင်း မြတ်စွာဘုရား ကြွချီလာသည်ကို ကြည်ညိုစွာဖြင့် ပူဇော် ကန်တော့ ကြိုဆိုခဲ့ပါသည်။

လက်ရှိအချိန် ...
အကျွနိုပ် ပတ်ဝန်းကျင်ဝယ် ရာချီထွန်းထားသော ဖယောင်းတိုင်များလည်း မရှိတော့ပြီ။ ကောင်းကင်ပေါ်မှာလည်း ထွန်းတောက်နေသော လမင်းရှိသော်ငြား တစ်ကိုယ်တည်း အထီးဆန်နေပြီး အပေါင်းအဖော်ပြုဖို့ မီးပုံးပျံများ မရှိတော့ပြီ။ ပတ်ဝန်းကျင်မှာလည်း မီးရှူး မီးပန်းသံ မပြောနှင့် .. အပ်ကျသံ ပင် မကြားရအောင် တိတ်ဆိတ် ငြိမ်သက်လျှက်ရှိသည်။ လက်ထဲမှာလည်း ဖယောင်းတိုင် မရှိတော့ပြီ။ မြတ်စွာ ဘုရား လူ့ပြည်သို့ ကြွချီလာမည်ကို အကျွနိုပ်၏ စိတ်ထဲမှာ စိတ် ဖယောင်းတိုင် တစ်တိုင် ကိုသာ ထွန်းညှိပြီး ကြည်ညိုစွာဖြင့် ဤနှစ် သီတင်းကျွတ် လပြည့်နေ့ကို ပူဇော် ကန်တော့ မိပါတော့သည်။


သီတင်းကျွတ်ဆိုတာ . . .

  • သီတင်းကျွတ်လသည် မြန်မာ့ ၁၂လ ရာသီတွင် သတ္တမမြောက်လ၊ ၀ါတွင်းကာလ၏ နောက်ဆုံးလ။
  • ရာသီခွင်သည် တူရာသီ။ ရာသီပန်းသည် ကြာဖြူပန်း (Nymphaea Lotus)။
  • ရှေးမြန်မာကျောက်စာတွေမှာ သီတင်းကျွတ်လကို သန္တူလ ဟုရေးထိုးကြသည်။
  • ပညာရှိတွေက သီတင်းကျွတ်လကို ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့ စုဝေးသော မိုးကာလ ဟု သမုတ်ကြသည်။
  • သီတင်းကျွတ်လသည် တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော စပါးများ သန်စွမ်းသော ကာလ ဖြစ်သည်။
  • သီတင်းကျွတ်လ မီးထွန်းပွဲတော်သည် ၁၂ရာသီပွဲတော်တွေထဲမှာ ထင်ရှားသော ပွဲတော်တစ်ခု ဖြစ်သည်။
  • ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် သတ္တမမြောက်ဝါကို နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော
  • သန္တုဿီတနတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။
  • သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်းများဖြင့် စီခြယ်ထားသော ရတနာ စောင်းတန်းဖြင့် လူ့ပြည်သို့  ပြန်လည် ဆင်းသက် ကြွမြန်း တော်မူသည်။
  • ဤသည်ကို ပြည်သူပြည်သား အပေါင်းတို့က ဆီမီးများ၊ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ မီးပန်းများ မီးရှူးများ ပစ်လွှတ်ကြသည်။ နတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုပူဇော်သည့် အနေဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင်ကြသည်။ (ဒီအကြောင်းရင်း တွေကြောင့် မီးရှူး မီးပန်းတွေ မီးပုံးတွေ ပြုလုပ်ကြသည်ကို လူကြီးလူငယ် တွေ နားလည်ဖို့လိုသည်။)
  • သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန် နှင့် သွန်သင်ဆုံးမရန် တောင်းပန်သောကြောင့် သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ ဟုလည်း ခေါ်သည်။
  • မြတ်စွာဘုရား၏ အဆုံးအမတွေကြောင့် မြန်မာလူမျိုးတို့သည်လည်း မိမိတို့ထက် အသက်ကြီးသူ၊ ပိုမို မြင့်မြတ်သူ၊ ရိုသေထိုက်သူ တွေကို ကိုယ်ရော စိတ်ပါ ပြစ်မှားမိခဲ့ပါက ခွင့်လွှတ်ကြရန် မိမိတို့ တတ်အားသရွေ့ ကြည်ညိုစွာ ကန်တော့ လေ့ရှိသည်။
  • လူတွေ မာန်မာနမှ ခ၀ါချကာ မေတ္တာတရား ပွားပြီး ယဉ်ကျေးသိမ်မွေ့သော စိတ်နေစိတ်ထားကို သက်သေပြုနေသော အချိန်တစ်ခုပင်တည်း။

အခုလို မင်္ဂလာရှိသော အချိန်အခါ သမယမှာ ဤကမ္ဘာမြေပေါ်ရှိ လူသား အပေါင်း စိတ်၏ ချမ်းသာခြင်း နှင့် ကိုယ်၏ ကျန်းမာခြင်းတို့ကို ရရှိ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း ပို့သရင်း . . .

အမိမြန်မာမြေကို လွမ်းဆွတ်တမ်းတလျှက် . . .
Tea

ဆက်ဖတ်ရန်...(To Continue)

Monday, October 13, 2008

Golden Gate Bridge


မင်္ဂလာပါ။ ကျွန်တော်လည်း နှစ်ပတ်လုံး mid-term စာမေးပွဲတွေ ပရောဂျက်တွေနဲ့ ရှုပ်နေတာ ဘာမှ မရေးဖြစ်ဘူး ဖြစ်သွားတယ်။ တောင်းပန်ပါတယ်။ တောင်းပန်ပေါင်းလည်းများပြီ။ တီးတောင်မှ ကယ် မင်းပရောဂျက်ကိုပဲ ရေးပြီးတင်ပါတော့တဲ့။ နည်းနည်း ဘုလာပုံပဲ။ အဲ့တော့ ဒီတစ်ပတ်မဖြစ်မနေပြီးအောင် တင်မယ်ဆိုတာတောင် တစ်ရက်နောက်ကျသွားပြန်ပြီ။ ဒီ တစ်ပတ်လည်း mid-term ပရောဂျက်ပြီးသွားလို့ သုံးရက်လောက်နားနေလိုက်တာ စာတောင် မလုပ်ဖြစ်လိုက်ဘူး။ ကဲ… ကျွန်တော်ပြောထားခဲ့တယ့် ရှေးဟောင်းဗိသုကာကို နောက်မှပြောတော့မယ်။ တော်တော်များများ မရေးဘူးလား မေးနေတဲ့ Golden Gate တံတား အကြောင်း ပြောပြပါမယ်။ ကျွန်တော်လက်ရှိနေနေတယ့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ အထင်ကရ landmark တစ်ခုပေါ့။

မြန်မာလိုပြန်ရင်တော့ ရွှေဝင်ပေါက် တံတား လို့ ပြန်ရမယ်ထင်တယ်။ ကြားရတာ တောနာမည် ကြနေတာပဲနော်။ အင်္ဂလိပ်လိုသုံးတာပဲ ကောင်းမယ် ထင်တယ်။ ဘာလို့ Golden Gate Bridge လို့ ခေါ်လဲဆိုတော့ ဆန်ဖရန်စ္စစကို ပင်လယ်အော် ရဲ့ ပစိဖိတ်သမုဒ္ဒရာကို ထွက်ပေါက်ဖြစ်တဲ့ Golden Gate ပေါ်မှာ ဆောက်ထားလို့ပဲ။ အရောင်ကို တင်စားမည့်တာမဟုတ်ပါ။ ဒီတံတားက ဆန်ဖရန်စ္စစကို ကျွန်းစွယ်ရဲ့ မြောက်ဖက်ဖျားကနေ ဆန်ဖရန်စစ္စကိုမြို့နဲ့ မြောက်ဖက်မှာရှိတဲ့ မရင်း ခရိုင်နဲ့ ဆက်သွယ်ပေးထားတာပါ။ ၁၉၃၇ခုနှစ်မှာ ဆောက်ပြီးတော့ ဒီတံတားက ကမ္ဘာပေါ်မှာ အရှည်ဆုံး ကြိုးတံတား တစ်စင်းပေါ့။ အခုတော့ ကျော်တက်ကုန်ပြီ။ လက်ရှိ အရှည်ဆုံး ကြိုးတံတားက မြန်မာပြည် အဲ့ဟုတ်ပါဘူး မှားလို့ ဂျပန်ပြည် မှာရှိတဲ့ Akashi-Kaikyō Bridge ပဲဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာတော့ နယူးယောက်က Verrazano-Narrows Bridge ပြီးရင် Golden Gate Bridge က ဒုတိယ အရှည်ဆုံးအဖြစ် ရှိနေဆဲပါ။

တံတားမဆောက်ခင် ကတော့ လူတွေက သမ္ဗာန်တွေ သင်္ဘောတွေနဲ့ ကူးတို့ရတာပေါ့။ အမေရိကန်ရဲ့ အကြီးဆုံးမြို့တစ်မြို့ဖြစ်ပေမယ့် ဖယ်ရီတွေနဲ့ သွားနေကြရသေးတော့ အိမ်နီးချင်း ခရိုင်တွေနဲ့ ဆက်သွယ်သွားလာရဲ့ နှောင့်နှေးနေသေးတယ်လေ။ ပညာရှင်တော်တော်များများက ဒီ ပေ ၆၀၀၀ကျော် ရှည်လျားတဲ့ ရေလက်ကြားကို ဖြတ်ဆောက်ဖို့ရာ လေကလည်းကြမ်း ရေကလည်းကြမ်းနဲ့ အနက်ဆုံးနေရာက ပေ ၃၃၅ ပေ ရှိတော့ မဆောက်နိုင်ဘူးလို့ ခန့်မှန်းကြတယ်။ ဆောက်ရင်လည်း တစ်နာရီ ပျမ်းမျှ မိုင် ၆၀နှုန်းနဲ့ တိုက်နေတယ့် လေနဲ့ ကန်းသွားလောက်အောင် ပိတ်မှောင်နေတဲ့ မြူတွေနဲ့တော့ အလုပ်မဖြစ်နိုင်ဘူးတဲ့။

တံတားဆောက်ဖို့ရာ ကြံစည်နေတာကတော့ အဆန်းမဟုတ်ပါဘူး။ အင်ဂျင်နီယာကျောင်းသား James Wilkins ရေးက ၁၉၁၆ ကတည်းက San Francisco Bulletin မှာ ဆောင်းပါးရေးပြီး တံတားဆောက်ဖို့ လျာထားတင်ပြဖူးပါတယ်။ မြို့တော် အင်ဂျင်နီယာတွေ ခန့်မှန်းချက်အရ ဒေါ်လာ ၁၀၀ မီလီလျံ ကုန်မှာ ဖြစ်တဲ့အတွက် အဲ့ဒီ ခောတ်အခါအရ လုံးဝ မဖြစ်နိုင်တဲ့ ပမာဏပါ။ Joseph Strauss ဆိုတဲ့ အင်မတန် စိတ်ကူးကြီးတဲ့ အင်ဂျင်နီယာကတော့ ဆောက်လုပ်နိုင်မယ်လို့ တုံ့ပြန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ မူလ ပထမ ဒီဇိုင်းက တော်တော်များများ အကျည်းတန်တယ်လို့ယူဆ ခံရတယ့် အတွက် ပယ်ချခံရပါတယ်။ ဘယ်လိုလဲတော့ ကျွန်တော်လည်း မသိပါ။ ဖတ်ရသလောက် ကမ်းတစ်ဖက်တစ်ချက်မှာ ကြီးမားလွန်းလှတဲ့ cantilever တစ်ခုဆီနဲ့ အလယ်က ကြိုးနဲပ ဆွဲထားမယ့် အပိုင်းနဲ့ ပါတယ့်။ လှမလှတော့ စာဖတ်သူတွေလည်း မြင်ယောင်ကြည့်ကြပေါ့။ ဒါပေမယ့် ဒေသ အာဏာပိုင်တွေကတော့ Strauss ကို ပြင်ဆင်ရေးဆွဲစေပြီး တစ်ခြား ပရောဂျက် အကြံပေး ပညာရှင်တွေနဲ့ တိုင်ပင်ဖို့ လက်ခံခိုင်းပါတယ်။ Strauss လည်း ဆယ်စုနှစ်တစ်ခုလုံး ထောက်ခံမှုရဖို့ မြောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ကို မဲဆွယ်နေရတယ်လေ။ တော်တော်များများ အဖွဲ့အစည်းတွေရဲ့ အတိုက်အခံတွေလည်း ကြုံတွေ့ရတယ်။ စစ် အုပ်ချုပ်ရေးဌာန (Deparment of War) ကလည်း တံတားကြောင့် သင်္ဘောတွေ အသွားအလာ ကို လာစွက်ဖက်မှာ ကြောက်နေတယ်။ ဟုတ်တော့လည်း ဟုတ်သား။ အရေးပေါ် စစ်ဖြစ်ခါမှ စစ်သင်္ဘောကြီးတွေ ၀င်မရ ထွက်မရ ဖြစ်နေမှာစိုးရတာပေါ့။ အလုပ်သမား သမဂ္ဂကလည်း ဒေသခံလူတွေအတွက် တံတားဆောက်ဖို့ အလုပ် အာမခံချက်ကို တောင်းဆိုတယ်။ တောင်ပစိဖိတ် ရထား ကုမ္ပဏီကလည်း သူရဲ့ ဖယ်ရီတွေ ထိခိုက်မှာစိုးတော့ ဒီ ပရောဂျက်ကို တရားစွဲရော။ ကား စက်ရုံတွေကတော့ တံတားဆောက် လမ်းဖောက်တာ သဘောကျတော့ ထောက်ခံတယ်။ ဒီမိုကရေစီလေ။ လုပ်ချင်တိုင်းလုပ်လို့ ဆောက်ချင်တိုင်းဆောက်လို့ ဘယ်ရမလဲ။ နိုင်ငံတော်ရဲ့ စေတနာနဲ့ ဆောက်မယ်ဆိုလည်း မရဘူး။ သူ့ဟာသူ ဘယ်လောက် စေတနာရှိရှိ၊ ဒေသခံတွေ သဘောတူမှ ဆောက်ခွင့်ရမှာ။

Strauss က အင်ဂျင်နီယာချုပ်ဖြစ်ပေမယ့် တာဝန်တော်တော်များများက တစ်ခြား အင်ဂျင်နီယာနဲ့ ဗိသုကာ ပညာရှင်တွေ ပေါ်မှာပါ။ သိပ်ပြီးတော့ နာမည်မသိတဲ့ ဗိသုကာ ပညာရှင် ဖြစ်တဲ့ Irving Morrow က ဒီ Golden Gate Bridge ကို ဒီဇိုင်းဆွဲတာပါ။ သူ့ကိုဒီဇိုင်းဆွဲဖို့ မငှားခင်ကတည်းက ၁၉၁၉ ခုနှစ်မှာ တံတားကို ကဗျာဆန်ဆန် ရေးခဲ့ဖူးပါတယ်။ ကြိုးစားပြီးဘာသာပြန်ပေးထားပါတယ်။ ‘ သေးသွယ်လှတဲ့ ရေလက်ကြားကို ကြာညောင်းလှသော ရွှေရောင် နေ့လယ်ခင်းမှာ ပင်လယ်ပြာက သယ်ဆောင်လာတဲ့ လေပြေလေညင်းက နူးနူးညံ့ညံ့နဲ့ လှုံဆော်နေတယ်။ တစ်ကယ်တော့ ညနေချမ်း အချိန်က ချစ်စရာအကောင်းဆုံးပဲလေ။ အသက်ရှုရပ်သွားလောက်တဲ့ တစ်ခဏတာ လေးမှာ မှိန်မှိန်လေး လင်းနေတဲ့ မျဉ်းကြောင်းပမာ မီးခိုးရောင်တောင်တန်းလေးနဲ့ပေါ့။’ အင်္ဂလိပ်လိုလည်း ခံစားလို့ရအောင် ထည့်ပေးလိုက်မယ်။ "The narrow strait is caressed by breezes from the blue bay throughout the long golden afternoon, but perhaps it is loveliest at the cool end of the day when, for a few breathless moments, faint afterglows transfigure the gray line of hills." Morrow က အသေးစိတ် ဒီဇိုင်းတွေလည်း အကုန် သူပဲဆွဲပေးခဲ့တယ်။ ကြိုး၊ လမ်းလျှောက်လက်ရန်း နဲ့ တံတားပေါ်က လမ်းမီးတိုင်တွေကအစ သီးသန့် ဒီဇိုင်းတွေပါ။ ဒီဇိုင်းကောင်းတစ်ခုထွက်ဖို့ဆိုတာ အသေးစိတ်က အစ ကိုယ်ပိုင်ဖြစ်မှ overall က ထူးခြားမှာ။ ဆောက်ချင်ရာဆောက် ဟိုမီးတပ် ဒီမီးတပ်ဆိုရင် အလှကို ဖန်တီးတာမဟုတ်ပဲ အလှဆင်တာ ဖြစ်သွားလိမ့်မယ်။ စုစုပေါင်း ဒီဇိုင်းက လည်း သူ့ ရဲ့ theme နဲ့ လိုက်မှလည်း ဖြစ်တာကိုး။ ကျွန်တော့် ကောလိပ်က ဆရာပြောပါတယ်။ မင်းတို့လုပ်နေတာတွေက အလှဆင်တာတွေ သိပ်များနေတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဟိုပိစီ ဒီပိစီလေးတွေ ဘာမှန်းမသိ ညာမှန်းမသိ လျှောက်တပ်ထားလို့တဲ့။ လှတယ် ချစ်စရာကောင်းတယ်ဆိုတိုင်း လျှောက်တပ်နေလို့ မဖြစ်ဘူး။ ကိုယ်ဆွဲနေတယ် ဒီဇိုင်းနဲ့ လိုက်လျောညီထွေ ဖြစ်အုံးမှတဲ့။ ကျွန်တော် သင်ရတာကို ပြန်ဝေမျှတာပါ။ ဆက်ပြောရအောင်။ Morrow က ဒေါင်လိုက် တိုင်ကို Art Deco Style သုံးထားပါတယ်။ (Art Deco ဆိုတာ ၁၉၂၅ နဲ့ ၁၉၃၉ ခုနှစ်ကြားက လှုပ်ရှားမှုပါ။ ဂျီသြမေထျီ နဲ့ သင်္ချာ တွေကို အခြေခံ ဆွဲထားတဲ့ ဒီဇိုင်းပါ။) ဒီဇိုင်းက ပင်လယ်ဝမှာ အလင်းရောင်နဲ့ အထင်အရှားကို မြင်တွေ့ရပါတယ်။ ဂန္တ၀င်ဆန်တဲ့ လှုပ်ရှားမှုတွေ အရိပ်တွေက လူတွေကို တံတားတစ်စင်း လမ်းတစ်ခုထက် အနုပညာမြောက်တဲ့ ရုပ်ထုတစ်ခုလို ထင်ယောင်စေနိုင်ပါတယ်။ Morrow ကပဲ တံတားကို နိုင်ငံတကာ လိမ္မော်ရောင် သုတ်ဖို့ အကြံပေးတာပါ။ အစကတော့ တံတားအာဏာပိုင်တွေက ဆေးက ဆားငန်ရေ တွေပါတယ့် ရာသီဥတုကြောင့် မခံနိုင်သလိုနဲ့ အရောင်ကို ပျက်ရယ်ပြုပါတယ်။ နောက်တော့ Morrow က ဆားငန်ရေခံနိုင်တဲ့ ဆေးကို ရှာတွေ့တော့ အာဏာပိုင်တွေ လက်ခံလိုက်ပါတယ်။ ဒါကြောင့် စိုပြည် တောက်ပတဲ့ လိမ္မော်ရင့်ရင့် အရောင်လိုကြောင့် တံတားကလည်း ထူးခြားသွားတာပေါ့။ တော်တော်များများတံတား ရှာကြည့်ကြပါ။ အရောင်တောက်တောက် တံတားတွေ ရှားပါတယ်။ အခုတော့ ကြက်သွေးပုတ်ရောင် ဖြစ်နေတယ်။ ဒါပေမယ့် လှပဆဲပါ။ အဓိကတော့ မြူကျလွန်းတဲ့အတွက် ပင်လယ်ကူးသင်္ဘောတွေဝင်ရာမှာ ထင်ရှားအောင်လို့ပါ။ စစ်ဖက်ကလည်း သူတို့ မြင်ကွင်းကို သိသာအောင် အ၀ါနဲ့ အနက်ကြားသုတ်ဖို့ တင်ပြပါသေးတယ်။ နောက်တော့ ဒီလိမ္မော်ရောင်ကိုပဲ သုံးဖြစ်သွားတာပါ။ International orange ကို စပ်ကြည့်ချင်သူများကတော့ PMS code 173 ဒါမှမဟုတ် CMYK အရောင်အချိုး C= Cyan: 0%, M =Magenta: 69%, Y =Yellow: 100%, K = Black: 6% သုံးပြီး ကြည့်ကြပါ။

ဒီဇိုင်းကို မှတ်တမ်းတင်ရမှာ လည်း အငြင်းပွားမှုတွေရှိခဲ့တယ်။ အကြီးတန်း အင်ဂျင်နီယာ Charles Alton Ellis က structural design အတွက်တာဝန်ယူခဲ့တယ်။ တံတားဆောက်ဖို့ အတွက် စက်မှုပိုင်းနဲ့ နည်းပညာပိုင်း တွေမှာ အများကြီးဆောင်ရွက်ခဲ့ပေမယ့် သူ့တစ်သက်မှာ မှတ်တမ်းမတင်ခံခဲ့ရရှာဘူးလေ။ ၁၉၃၁ မှာ တော့ Strauss က သူ့ကို အလုပ်ထုတ်ခဲ့တယ်။ အကြောင်းပြချက်ကတော့ နာမည်ကျော် အင်ဂျင်နီယာ Leon Moisseiff နဲ့ ကြေးနန်းအဆက်အသွယ် လုပ်လွန်းတဲ့အတွက် ကုန်ကြစရိတ်ထောင်းလွန်းလို့ ဆိုပဲ။ ကိုယ့်ကျိုးမြှင့်တင်ဖို့နဲ့ နာမည်ကြောင့် Strauss က တစ်ခြားသူတွေရဲ့ အားထုတ်မှုတွေကို နှိမ့်ချပြီး သူကသာ ဒီ တံတားအတွက် အရေးပါဆုံးလူပါလို့ သူ့ဟာသူ မှတ်တမ်းတင်ခဲ့တယ်။ တစ်ကယ်တော့ တခြား ဗိသုကာပညာရှင်တွေ အင်ဂျင်နီယာတွေ အားလုံးက ပိုပြီး တာဝန်ကြီးခဲ့တာပါ။ နောက်တော်တော်ကြာမှ ဒီဇိုင်း အသင်း တစ်ခုလုံးကို ကောင်းကောင်း အသိအမှတ်ပြုခံရတာပါ။ မေ ၂၀၀၇ မှ Golden Gate Bridge မြို့နယ် က စာတမ်းထုတ်ပြီး ၇၀ နှစ်လောက် ကြာခဲ့တယ့် ဒီတံတားရဲ့ အစွမ်းအစ ကို အဓိက အသိအမှတ်ပြုမှု ရရှိထိုက်သူက Ellis ဖြစ်တယ်လို့ကြေငြာခဲ့ပါတယ်။ ဒီဇိုင်းဆွဲပေးခဲ့တော့ ဗိသုကာပညာရှင် Morrow ကတော့ ဘယ်ရောက်သွားလဲ မသိတော့ပါဘူး။ ကျွန်တော့်အထင်တော့ သူ့ကို consultant architect အနေနဲ့ပဲ ဆွဲပေးခဲ့တာထင် ပါတယ်။ နှစ်ကလည်း ၇၀ကျော်ပြီဆိုတော့ မှတ်တမ်းမှတ်ရာတွေလည်း ပျောက်လုနီးနီးပေါ့။


Golden Gate တံတားနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို တွေ့ရှိရသလောက် အောက်မှာ ဖော်ပြထားပါတယ်။
ပင်မတံတားအရှည်- ၄၂၀၀ ပေ (main span length ဆိုတာ ကြိုးဆွဲထားတဲ့ တိုင်နှစ်တိုင် ရဲ့ ကြားထဲက အရှည်ပါ။) အစ အဆုံးမဟုတ်ပါဘူး။ အစ အဆုံး က ၈၉၈၁ပေ ရှည်တယ်။
ဖြောင့်တန်းကျနေတယ့် ကြိုးတွေက သေးသွယ်တယ် လို့ ထင်ရပေမယ့် လုံးပတ်က ၃ပေ ၅လက်မ ရှိတယ်။ တစ်မျှင်ထဲမဟုတ်ဘူးနော်။ ကြိုးသေးသေးလေးတွေ စုပေါင်းပြီး အကြီးကြီးဖြစ်နေတာ။
ကား ခြောက်လမ်းသွား ဖြစ်ပါတယ်။ လေးနှစ်ကျော် ကြာ ဆောက်လုပ်ပြီး တံတားပေါ် သွားလာခွင့်ကို မေ ၂၈ ၁၉၃၇ မှာ စတင်ဖွင့်လှစ်ပါတယ်။ မေ ၂၇မှာ ဖွင့်ပွဲအပြီးမှာပါ။ တံတားကို စုစုပေါင်း ၃ခါ အသွားအလာပိတ်ဖူးပါတယ်။ သုံးခါလုံး လေတိုက်နှုန်း ပျင်းလွန်းလို့ပါ။
ယနေ့ ဒီလို တံတားမျိုးဆောက်မယ်ဆိုရင် ဒေါ်လာ ၁.၃ ဘီလီယံလောက် ကုန်ကျမှာပါ။
တံတားကခံညားပါတယ်။ ဒါပေမယ့် ဒီနေရာဟာ ကမ္ဘာပေါ်မှာ ကိုယ့်ဟာကိုယ်သေကြောင်း ကြံစည်မှု ဖြစ်ပွားတဲ့ အများဆုံးနေရာပါ။ တံတားပေါ်ကခုန်ချရင် ရေပြင်ကနေ အမြင့် က ၂၄၅ပေ လောက်ရှိတာမို့ ရေပြင်နဲ့ ရိုက်မိရင် လူကိုသေစေလောက်ပါတယ်။ ကျွန်တော်တို့တောင် ရေကူဒိုင်ပင် ၁၀ ပေလောက်တောင် အကျ မတော်ရင် ဖတ်ကနဲ အောင့်သွားတာပဲ မဟုတ်လား။ ပြုတ်ကျရင် အရိုးကျိုးတာ ဒါမှမဟုတ် အတွင်းဒဏ်ရာရပြီး ကယ်မိရင်တောင် သေနိုင်ချေရှိပါသေးတယ်။ ရေက ၈ ဒီဂရီ စင်ဒီဂရိတ်လောက် အေးပြီး ငမန်းဖြူတွေလည်း တစ်ခါတစ်ရံ တံတားအောက်မှာ တွေ့ရပါတယ်တယ့်။ သေကြောင်းကြံဖို့ နေရာ ပေးနေတာ မဟုတ်ဘူးနော်။ သေကြောင်းကြံတာက ၀ဋ်မကျွတ်ဘူး။ ဒါပေမယ့် မပူပါနဲ့။ နောက်ပိုင်းကြံချင်ရင် တောင် ကြံလို့ မရတော့ဘူး။ အခု သေကြောင်းကြံစည်မှု ကာကွယ်ရေး စကာတွေ တံတားအောက် မှာ အပြည့်တပ်ထားဖို့ စီစဉ်နေပြီ။ အစကတော့ အရေးပေါ်ခေါ်နိုင်တဲ့ တယ်လီဖုန်းတွေပဲထားထားတယ်။ ည ဆိုရင် လမ်းလျှောက်ခွင့် ပိတ်ထားတယ်။ စက်ဘီးသမားတွေကိုတော့ ဖြတ်ခွင့်ပေးပေမယ့် အသံမြည်တဲ့ အဝေးထိန်း တံခါးဝတွေထဲ ၀င်ထွက်ပေးရတယ်။ စကာတပ်ဆင်ဖို့က ငွေကြေးကုန်ကြမှု၊ တံတား အလှပျက်မှာစိုးရိမ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ကန့်ကွက်မှုတွေ (ပင်လယ်ငှက်တွေ ဖြတ်သန်းမှုကို စကာတွေက ပိတ်ဆို့သလိုဖြစ်ပြီး ငှက်တွေ စကာကို မမြင်ရင် ညှပ်သေကုန်လို့ဆိုပဲ) ကြောင့် နှောင့်နှေးနေရတာပါ။ ဟင်းဟင်း ကျွန်တော်ပြောပြလို့ အဲ့နေရာမှာ သတ်သေမိပါတယ်ဆိုပြီးတော့ တရားစွဲဖို့ မကြံစည်နဲ့။ ကျွန်တော်မျိုး လင်းစစ်သူ တာဝန်မယူပါ။



ဘာပဲ ဖြစ်ဖြစ် ဒီလိုလှပပြီး သမိုင်းတွင် နာမည်ကျော်တဲ့ Golden Gate တံတားကြီးက အံမခန်းပါပဲ။ ညနေဆည်းဆာအချိန်မှာ တံတားပေါ်လမ်းလျှောက်ရတယ့် အရသာကလည်း romantic ဖြစ်လှပါတယ်။ ပိစိဖိတ်သမုဒ္ဒရာ ကြီးကို မှေးတင်လို့ နွေးထွေးတဲ့ တံတားအရောင်နဲ့ ဖြန်းပက်လိုက်တဲ့ ညနေခင်း နေလုံးကြီးရဲ့ ရှက်သွေးဖြာမှုတွေက လည်း ပနံသင့်သလို အေးမြတဲ့ လေညင်းတွေကလည်း လန်းဆန်းစေလို့ အင်မတန်မှ လှပတဲ့နေရာဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ တံတားဖွင့်တော့ စန်ဖရန်စစ္စကို ခရော်နစ်ကယ်လ်က ဒေါ်လာ ၃၅ သန်းတန် သံမဏိ စောင်းကြီးလို့ တင်စားခဲ့တယ်။ ကျွန်တော်လည်း အားရင် သူငယ်ချင်းတွေလာရင် သွားလည် ဖြစ်ပါတယ်။ စာဖတ်သူတွေလည်း အခွင့်ကြုံရင် ၀င်လည်ကြပါလို့။

လင်းစစ်သူ

မှတ်ချက်။ ။ သိလိုတာရှိရင် မေးမြန်းနိုင်ပါတယ်။ အတတ်နိုင်ဆုံး စုံအောင်ရေးထားပေမယ့် မစုံလင်ရင် ခွင့်လွှတ်ပါဗျာ။

Reference: Wikipedia, www.goldengatebridge.org

ဆက်ဖတ်ရန်...(To Continue)

မေသူရဲ့ အချစ်ဆိုသည်မှာ


ရင်ခုန်တတ်စ အရွယ် သို့ အချစ်ကို စူစမ်းဘို့ စတင်တဲ့ အချိန်မှာ ရင်မှာ တိတ်တခိုးမွေးဖွားခဲ့ဖူး တယ်….. အရွယ် ရောက်လို့ အချစ်ကို ရှာ ဖွေနေချိန်မှာ ဘဲ ကိုယ့်ကို ရှာဖွေနေတဲ့သူနဲ့ တွေ့ချိန်မှာ အချစ်ဆို တာ ဘာလဲ
ဆိုပြီး ပုံဖော်ကြည့်ခဲ့ပြန်တယ်.... ပေါ့ပေါ့ပါးပါးနဲ့ အချစ် ကို တန်ဖိုးမထားခဲ့ဘဲ နဲနဲလေး လာကျောတယ် ထင်လို့ အချစ် ဆို တာကို ပက် ပက် စက်စက် ကျောခိုင်းခဲ့ဖူးတယ်…. တည်ငြိမ် တဲ့ အချိန်မှာ ချစ်သူ တစ်ယောက် ကို မထင်မှတ်ဘဲ တွေ့ ရှိခဲ့ ပေမယ့် ကွယ်ရာ မှာ အပျော် သဘော ပျင်းလို့ ပါဆို ပြီး တရုတ်မ တစ်ယောက်နဲ့ ခြေရှုပ်လို့ အချစ်ကို ရွံ့ရှာခဲ့ဖူးတယ်။

တကယ် ဆို အချစ်ဆို တဲ့ အရာ ကြီးက Right time မှာ Right person ကို ဖန်းတီး ပေးပေမယ့် အချစ်ဆိုတာကြီး ကို မထီ မဲ့မြင် ပြုံးပြရင် ရှောင် ပုန်းရင်း က နှစ်နှစ်ကျော် အကြာ မှာ "ဘွား "ကတည်း ပေါ်လာပြန်ပေမယ့် အချစ် ဆို တာ ကို တိတ် တခိုးမွေးဖွားခဲ့ ဘူးတယ်……

အချစ် ဆို တာကို စူးစမ်းခဲ့ဘူးတယ်…
အချစ်ဆိုတာကို စမ်းသပ်ခဲ့ဘူးတယ်….
မာန အတွက်နဲ့ ပက် ပက် စက်စက် ကျောခိုင်းခဲ့ ဘူးတယ်….
သစ္စာ တရားကို ထိခိုက်လို့ ရွံ့ရှာခဲ့ဘူးတယ်....
ဆို တဲ့ ခံစားချက်တွေကြောင့် တကယ့် စစ်မှန်တဲ့ ချစ်ခြင်းနဲ့ ချစ်တတ်သူကို တွေ့တဲ့ အခါမှာ တွေဝေ ခဲ့ဘူးတယ်။

တွေဝေ နေခြင်းကို ချစ်သော ချစ်သူက စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေရင်
ကျမ ရဲ့ ချစ်ခြင်း တွေကို တိတ် တဆိတ် လှိုက်စားသွားခဲ့ရင်း က ဘ၀ လက် တွဲ ဖော် အဖြစ် ချစ်ခြင်းကို ဗဟိုပြုပြီး နှလုံးသားနဲ့ ခံစားပြီး ဦးနှောက်နဲ့ဆုံးဖြတ်ခဲ့တယ်…

ကျမ ရဲ့ အချစ် ဖန်ဆင်းရှင် သခင် ကြီးက ကျမ နဲ့ မတူညီတဲ့ စရိုက်တွေ ကြားမှာ အချစ်ဆိုတာကို ခံစား နားလည်တတ်အောင် သွန်သင်ခဲ့တယ်….. ကျမ ထက် အသက် အနည်းငယ် ကြီးပေမယ့် သူ့ရဲ့ စိတ်ရှည်တဲ့ ပင်ကို စရိုက်ကြောင့် ကျမ ရဲ့ စိတ်လိုက် မာန်ပါ လုပ်ခဲ့တဲ့ အမှားတွေကို စိတ်အေးအေး ထားပြီး စိတ်ရှည်ရှည်နဲ့ ရှင်းပြရင်း ခွင့်လွှတ်နားလည်ပေးခဲ့တဲ့ သူ… ကျမ မိသားစု အပေါ်မှာ ကျမ ထက် ပိုပြီး နားလည်မှု ပေးနိုင်တဲ့သူ..

သူ့ကို လေးစားပြီး အားထားသလို ကျမ ကို လည်း လေးစားပြီး အားပေးခဲ့တဲ့သူ… ကျမ က စိတ် ဆိုးပြီ ဘီယာပုလင်းခွံ့နဲ့ ကောက်ရိုက် လို့ သုံးချက် ချုပ် လိုက်ရချိန်မှာ တောင်ကျမ က ရိုက်ပြီး စိတ်မကောင်း ဖြစ်နေမှာဆိုးလို့ "အရိုးကွဲ မှ အသည်းစွဲတာ" လေကွာဆိုပြီး ကျမ မျက်နှာ ညှိုးငယ်မှာ ကို မလိုလားဘဲ ဝေဒနာကို ကြိတ်မှိတ်ခံစားခဲ့တဲ့သူ…

ဘာသာမတူတဲ့ချစ်သူ ကို ချစ်မိတာကြောင့် တနင်္ဂနွေနေ့ တိုင်း ဘုရားကျောင်းသွားမယ် ဆို အကြို အပို့ လုပ်ပေးတဲ့သူ…. ဘာသာမတူပေမယ့် ရင်ခုန်သံတွေထပ်တူကြနေတယ် အကြင်နာတွေ လှိုင်းဂရက်ထနေအောင် ချစ်ကြတဲ့ ချစ်သူနှစ်ဦးကြားမှာ ချစ်ခြင်း ကြောင့် နားလည်ခြင်းဆို တာတွေ ပေါက်ဖွားလာခဲ့တယ် နားလည်မှုကြောင့် တစ်ဦး အမှားကို တစ်ဦးဖေးမ ရင်က ခွင့်လွှတ် နိုင်ခဲ့ကြတယ်…

To love =è To Understand===è To Forgive ဆိုပြီး မွေးဖွားခဲ့ကြတယ်… စစ်မှန်တဲ့မေတ္တာတရား စစ်မှန်တဲ့ အကြင်နာ မြတ်နိုးမှု ယုယ မှုတွေကို စစ်မှန်တဲ့ ချစ်သူတစ်ယောက်ကို ဘ၀ လက်တွဲ ဖော် အဖြစ် ရွေးချယ်းပြီး ချစ် ခြင်းတွေကို အုတ်မြစ်ချ ခွင့်ပေးခဲ့တဲ့မိဘနှစ်ပါးကို ကျေးဇူး တင်မိတယ်။

ကျမ ချစ်သော ကျမ ကို ချစ်သော ချစ်သူကို ပိုင်ဆိုင်နေရချိန်မှာ တစ်ချိန်က အချစ်ဆိုတဲ့ အရာတွေကို ပြန်တွေးကြည့်တိုင်း အရင် က ကျမ ရူးသွပ်မှုတွေအတွက် ပြုံးမိတယ်……

မာနတွေနဲ့ဖုံးလွှမ်းခြင်း ၊စိတ်မရှည်ခြင်း ၊ကမ်းခြေမှာ တစ်ယောက်ထဲ ကားပတ်မောင်းရင်း အော်ဟစ်ခဲ့ခြင်း၊ အလွမ်းလိုလို အဆွေး လိုလို နဲ့ မှိုင်တွေတွေဖြစ်ခြင်း စတဲ့ အချက်တွေနဲ့ ရူးသွပ်ခဲ့ဖူးပေမယ့် …

စစ်မှန်တဲ့ချစ်ခြင်းရဲ့နောက်ကွယ်မှာ ခိုင်မှာတဲ့ ချစ်ခြင်းတွေကို အုတ်မြစ်ချလို့ တည်ဆောက်ခဲ့တဲ့ အချစ်အိမ်လေးဟာ စူနာမီဆိုတဲ့ လှိုင်လုံးကြီးလာလို့လဲ ပျက်စီးသွားမှာ မဟုတ်သလို နာဂစ်ဆိုတဲ့ မုန်းတိုင်းကြီးလာလို့လဲ လွင့်စင်သွားမှာ မဟုတ်ပါဘူး….....

တစ်ချိန်က ကျမရဲ့ အချစ်ဆိုတဲ့ အိမ်ကလေးမှာ သော့မခတ်ထားပေမယ့် အခုချိန်မှာ အချစ်ဆိုတဲ့ အရာကို ကျမရဲ့ အနက်ရှိုင်းဆုံး နှလုံးသားရဲ့ တစ်နေရာက တံခါးပေါက်မှာ သော့ခတ်ထားပါတယ် သူ့ကို ပေးထားတဲ့ချစ်ခြင်းမျိုး ခံစားချက်မျိုးကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ပေးမှာမဟုတ်သလို ကျမရဲ့ချစ်ခြင်းတံခါးရဲ့ သော့ကို ကိုင်ဆောင်ထားသူဟာ ကျမရဲ့ လက်တွဲဖော် အချစ်ဖန်တီးရှင်သခင်ကြီး တစ်ဦးတည်းသာ ပိုင်ဆိုင်ပြီး သူ့အတွက် ထာဝရ ၇ှင်သန်နေမယ့် အချစ်သစ်ပင်ကြီးကို ဂ၇ုတစိုက်နဲ့ ပြုစုပျိုးထောင်သွားမှာပါ…….

ဂန္တ၀င်အနမ်းနဲ့ ထာစဉ်လွမ်းနေမယ့်
မေသူ

Ps…Dream မက်မက် ကနေTag တဲ့အတွက် အမှတ်တရအနေနဲ့ရေးလိုက်တာပါ…

ဆက်ဖတ်ရန်...(To Continue)