Photobucket

Tuesday, September 30, 2008

Basic Sport for Ladies


ASK ME စားပွဲဝိုင်း မှာ star ဆိုတဲ့သူက အောက်က မေးခွန်းလေးကို မေးသွားပါတယ်။ မေးသွားတာက မေးခွန်းက နှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းက ပြန်ဖြေရမှာ တိုတောင်းသော အဖြေနဲ့ မပြည့်စုံတာမို့ POST တစ်ခုအနေနဲ့ ပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ ကျန်တဲ့ အပိုင်းကိုတော့ တီးရဲ့ လာမယ့် ASK ME စားပွဲဝိုင်း A&Q post မှာ ထည့်သွင်းဖို့ ပို့ထားပါတယ်။ (ASK ME စားပွဲဝိုင်းအကြောင်း မသိသေးဘူး ဆိုရင်တော့ အရှေ့ဆုံးမှာ ရှိတဲ့ ASK ME စားပွဲဝိုင်းလေးကို နှိပ်ပြီး သွားလေ့လာ နိုင်ပါတယ်။)

star မေးသွားတဲ့ မေးခွန်းကတော့
မိန်းကလေးတစ်ယောက်ရှိသင့်တဲ့ခန္ဒာကိုယ် အချိုး အစားနဲ့ရှိအောင် ဘယ်လို အားကစားတွေ လုပ်သင့်ပါသလဲ ?

သေချာဖြေရမယ် ဆိုရင်တော့
မိန်းကလေးတစ်ယောက် အတွက်ရှိသင့်တဲ့ ကိုယ်ခန္ဓာအချိုးအစားရှိအောင် လုပ်ရမယ့် အားကစားကတော့ တိတိကျကျပြောလို.မရပါဘူး။ကာယကံရှင်ရဲ. လက်ရှိ အနေအထား (အရပ်အမောင်း၊ ခန္ဓာကိုယ် အချိုးအစား) အပေါ်မှာမူတည်ပါတယ်။ ၀တဲ့သူဆို ပိန်အောင် လုပ်တဲ့လေ့ကျင့်ခန်းကိုလုပ်နိုင်ပြီး၊ ပိန်တယ်ဆိုရင်တော့ ရှိသင့်တဲ့ အနေတော် ကိုယ်ခန္ဓာအချိုးအစားရအောင် လုပ်ယူတဲ့ အားကစားတွေကိုလုပ်နိုင်ပါတယ်။

အခုဖော်ပြမယ့်ကာယလေ့ကျင့်ခန်းတွေကတော့ အမေရိကန်နိုင်ငံ၊ ရူပဗေဒ ကာယကုထုံးအဖွဲ.က အကြံပေး သင်ကြားပေးတဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်း ၄ခုပဲဖြစ်ပါတယ်။ ဒါတွေကိုမှန်မှန်လုပ်ရင် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ကျနစေမှာဖြစ်ပါတယ်။



က။ မတ်တပ်ရပ်လေ့ကျင့်ခန်း
နံရံကိုကျောမှီပြီး မတ်တပ်ရပ်ပါ။ ခြေနှစ်ဘက်ကို ပခုံးနှစ်ဘက်အကွာအဝေးနဲ. အညီခွဲပြီး နံရံကနေ ၃လက်မ၊ ၆လက်မအထိခွာရပ်ပါ။ လက်နှစ်ဘက်ကိုဘေးချထားပြီး ခေါင်း၊ ပခုံး နှင့် ခါးကို နံရံနှင့် ထိထားပါ။ ပြီးရင် ၀မ်းဗိုက် belly ကြွက်သားကို ခါးအနောက်ဘက် direction အတိုင်း ဆွဲငင်ကွေးဝင် သွားအောင် ညှစ်သွင်းပါ။ အဲဒီအချိန်မှာ ခါးကိုမတ်နိုင်သမျှမတ်အောင် တံတောင်နှစ်ဘက်ကိုနံရံနဲ. ထောက်ပြီးထိန်းထားပါ။


ခ။ လည်ပင်း၊ ခေါင်းဆွဲဆန်.လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက လည်ပင်းကလည်တိုင်ကြွက်သားတွေ တောင့်တင်းသန်မာစေပါတယ်။ ပုံမှန်အတိုင်း မတ်တပ်ရပ်ပါ။ တစ်ကိုယ်လုံးရှိ ကြွက်သားတွေကို ဖြေလျော့ထားပါ။ ပခုံးနှစ်ဘက်ကိုလည်းလျော့ထားပါ။ ပြီးရင် ပခုံးနှစ်ဘက်ကို ထိန်းထားပြီး ခေါင်းကိုအပေါ်ကကြိုးနဲ.ဆွဲသလို ခေါင်းကိုအပေါ်တည့်တည့် ၅စက္ကန်. ကနေ ၁၀ စက္ကန်. အထိဆွဲဆန်.ပါ။ ပြီးရင်ပြန်ဖြေလျော့လိုက်ပါ။ တစ်နေ.ကို တစ်ကြိမ်လျှင် ၁၀ခါနှုန်းနဲ. ၃၊ ၄ ကြိမ်နေ.စဉ်လုပ်ပေးသင့်ပါတယ်။


ဂ။ ပခုံးကြွက်သားသန်စွမ်းလာရေးလေ့ကျင့်ခန်း
တည့်မတ်စွာရပ်ပါ။ လက်နှစ်ဘက်ကို ပုံမှာပြတဲ့အတိုင်း အင်္ဂလိပ်အက္ခရာ W ပုံစံဖြစ်အောင် လက်မြှောက်ပါ။ ပခုံးလက်ပြင်ကြွက်သား အားလုံးကို ဖြေလျော့ထားပါ။ တံတောင်ဆစ်နှစ်ခုကို ကျောဘက်ကပ်လို.ရသည်အထိ W ပုံစံ မြှောက်ထားတဲ့လက်နှစ်ဘက်ကို နောက်ဘက်သို.ကွေးပါ။ (၁-၂-၃) လို.စိတ်ထဲမှာ ရေတွက်ပြီး အမှတ်စဉ် (၃) ရောက်သည်အထိ လက်နှစ်ဘက်ကို နောက်ဘက်သို.ကွေးဆန်.ပါ။ ပြီးရင်ဖြေလျှော့ပါ။


ဃ။ တင်ပါးဆုံကြွက်သားလေ့ကျင့်ခန်း
ဝမ်းဗိုက်ကြွက်သားတွေကိုပါ သန်စွမ်း ကျစ်လျစ်စေမဲ. လေ့ကျင့်ခန်းပါ။ ခါတွေကိုလည်းမနာမကျင် ကျန်းမာသန်စွမ်း စေပါတယ်။ ကြမ်းပြင်ပေါ် ပက်လက်လှန်လှဲအိပ်ပါ။ ခြေနှစ်ဘက်ကို ဒူးဆစ်မှကွေးပြီး ခြေဖ၀ါးနှစ်ဘက်ကို ကြမ်းပြင်ပေါ်အပြားလိုက်ချပြီးအိပ်ပါ။ လက်နှစ်ဖက်ကို ခေါင်းအောက်မှာယှက်ထားပါ။ ပြီးရင် ကြွတက်နေတဲ့ခါးကို ကြမ်းပြင်နဲ. ထိတဲ့အထိ ဖြည်းညှင်းစွာဆွဲချထိကပ်လိုက်ပါ။ ၃ စက္ကန်. မှ ၅ စက္ကန်.အထိ ခါးကိုကြမ်းပြင် နဲ. တစ်ဖြောင့်တည်းထိကပ်ထားပါ။ ပြီးရင်နဂိုမူလအတိုင်း ခါးကိုပြန်ကြွ ဖြေလျှော့လိုက်ပါ။

ဒီလေ့ကျင့်ခန်းတွေလုပ်မယ်ဆိုရင် ခါးတုတ်ပြီးဝနေသူတွေ၊ ပခုံးသားကြီးတွေ အစ်ပြီးကြီးနေသူတွေ၊ လက်ပြင်ကြောကုန်းပြီး ခါးကိုင်းနေတဲ့သူတွေ ပူစရာမလိုတော့ပါ။

ဒီလေ့ကျင့်ခန်းတွေ အပြင် GYM ဆော့မယ်၊ တခြားလေ့ကျင့်ခန်း ( Yoga ၊ အိပ်ထမတင်၊ ရင်သား လေ့ကျင့်ခန်း) တွေကိုတွဲလုပ်မယ်၊ အာဟာရပြည့်တဲ့ အစားအစာတွေကို တွဲဖက်စားမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်မှာပါ။

ဒေါက်တာရမ်းကု


ဆက်ဖတ်ရန်...(To Continue)

ဆရာကြီးဆိုလို့


လူတစ်ယောက်သည် ကြက်တူရွေး တစ်ကောင် ၀ယ်ရန် အိမ်မွေး တိရစ္ဆာန် များရောင်းသည့် ဆိုင်ထဲသို့ ၀င်လာပြီး ဈေးစုံစမ်းသည်။

ဆိုင်ရှင် - "ကျွန်တော့်တို့ဆီမှာ ကြက်တူရွေး သုံးကောင်ရှိတယ်။ ဒီ အပြာရောင် အကောင်က ဘာသာလေးမျိုး ပြောတတ်တယ်။ ဈေးကတော့ ဒေါ်လာ ၁၀၀၀ ပဲ။ ဒီ အနီရောင် အကောင်က ဘာသာ ခြောက်မျိုး ပြောတတ်တယ်။ ဈေးကတော့ ဒေါ်လာ ၂၀၀၀။ ဒီ အ၀ါရောင် အကောင်က ၃၀၀၀၊ သူကတော့ ဘာစကားမှ မပြောတတ်ဘူး"

"ဒေါ်လာ ၃၀၀၀ ဟုတ်လား။ ဘာဖြစ်လို့ ဒီလောက် ဈေးကြီးရတာလဲ" ထိုလူက တအံ့တသြ မေးလိုက်သည်။

ဆိုင်ရှင် - "ဒီကောင် ဘာတတ်မှန်း ကျွန်တော်တို့ မသိဘူး။ ဒါပေမယ့် ဟို အပြာရောင် နဲ့ အနီရောင် နှစ်ကောင်က သူ့ကို ဆရာကြီးလို့ ခေါ်နေကြတာနဲ့ ဈေးတင်လိုက်တာ" :D

source : mmcp

ဆက်ဖတ်ရန်...(To Continue)

Monday, September 29, 2008

ပိုးဒါလီသိန်းတန်၏သီချင်းများ


ဆက်ဖတ်ရန်...(To Continue)

Sunday, September 28, 2008

ASK ME မေးချင်ရာမေး စားပွဲဝိုင်း


အခု ASK ME (မေးချင်ရာမေး) စားပွဲဝိုင်း ဆိုတဲ့ အစီအစဉ် အသစ် တစ်ခုနဲ့ အားလုံးကို မိတ်ဆက် ပေးချင် ပါတယ်။ ဒီအစီအစဉ်က ကျွန်တော့်အိမ်ရဲ့ လဘ္ဘရည်ဆိုင် (Tea Shop) မှာ စာဖတ် ပရိတ်သတ်တွေ အားလုံးကို မေးလို ရာတွေ မှန်သမျှ မေးနိုင်အောင် ရည်ရွယ် ထားတဲ့ အစီအစဉ် တစ်ခုပါ။ စာဖတ်သူတွေ မေးလိုရာ မှန်သမျှ ကို ဒီပိုစ့်ထဲမှာ မေးခွန်းကို Comment ချန်ခဲ့ပြီး လွတ်လပ်စွာ မေးနိုင် ပါတယ်။ မေးခွန်း မေးရာမှာ နာမည်ရင်း ဖြစ်စေ၊ နာမည် မသိ ဖြစ်စေ အားလုံးကို နှစ်သက် သလို မေးနိုင် ပါတယ်။ ကျွန်တော့်အိမ်မှ မေးခွန်း မှန်သမျှကို တတ်စွမ်း သရွေ့ အဖြေ ပေး သွားမည် ဖြစ်ပါသည်။

How to Leave your Question! ဘယ်လိုမေးမည်နည်း ?
အောက်ပါ အချက်နှစ်ခုကို comment ထဲတွင် ဖော်ပြစေလိုသည်။
၁။ Name (Real name or Nick name) နာမည်
၂။ Your Question မေးခွန်း

  • နိုင်ငံရေးဆိုင်ရာ မေးခွန်းများ
  • စီးပွားရေးဆိုင်ရာ မေးခွန်းများ
  • ဘာသာရေးဆိုင်ရာ မေးခွန်းများ
  • အချစ်ရေးရာ မေးခွန်းများ
  • ကျန်းမာရေး ဆိုင်ရာ မေးခွန်းများ
  • စိတ်ပညာဆိုင်ရာ မေးခွန်းများ
  • ပညာရေးဆိုင်ရာ မေးခွန်းများ
  • စာပေ၊ ကဗျာ၊ ဆောင်းပါး ဆိုင်ရာ မေးခွန်းများ
  • ဗိသုကာ၊ သိပ္ပံ၊ နည်းပညာ ဆိုင်ရာ မေးခွန်းများ
  • ဖျော်ဖြေရေး၊ အက၊ သီချင်း မေးခွန်းများ

အစရှိသည် တို့ကို ကျွန်တော့်အိမ်မှ ၀ိုင်းတော်သား များ သာမက တခြား စာရေး ဆရာများ၊ ဗဟုသုတ ကြွယ်ဝ သူများကိုပါ မေးခွန်းများ ပေးပို့ပြီး အဖြေ များကို ပုံမှန် တစ်ပတ် တစ်ခါ မေးခွန်းနှင့် တကွ ပိုစ့်တစ်ခု အနေဖြင့် ပြန်လည် ဖော်ပြပေးမည်။


ဤ အစီအစဉ်သည် သူငယ်ချင်း အချင်းချင်း၊ စာဖတ်သူ များကြား အကြံပေး နိုင်သည့် အစီအစဉ် တစ်ခု အနေဖြင့် ရပ်တည် ရန်လည်း ရည်ရွယ် ပါသည်။ ချစ်သူနဲ့ ဒုက္ခတွေ ရောက်နေလို့ NickName တစ်ခုနဲ့ မေးခွန်းလေး ချန်ထားခဲ့ရုံနဲ့ ကောင်းမွန်သည့် အဖြေတစ်ခု အကြံတစ်ခု ကို ပြန်လည် ဖော်ပြပေး ပါမည်။ တစ်စုံတစ်ခုကို သိလိုစိတ် ပျင်းပြ နေပြီး အဖြေရှာရန် အကူအညီ လိုအပ်နေပါက စိတ်ဝင်စားစရာ လည်းကောင်း၊ မိမိသာမက တခြား စာဖတ်သူများ အားလုံးကို ဗဟုသုတ ပေးစွမ်းနိုင်မည့် မေးခွန်း ဖြစ်နေပါက ကျွန်တော်တို့သည် မှန်ကန် သင့်လျော်သော အဖြေတစ်ခုကို အတတ်နိုင်ဆုံး ပြန်လည် ဖော်ပြပါမည်။ ကျွန်တော်တို့ မဖြေစွမ်း နိုင်ပါက တခြား ဖြေစွမ်းနိုင်သူ တစ်ဦးဦး ကိုလည်း ဆက်သွယ် မေးမြန်း ပေးပါမည်။

အားလုံးကို အစဉ်လေးစားလျှက်
www.myhome16.com

ဆက်ဖတ်ရန်...(To Continue)

အစဉ်လိုက်လေးတော့ ရပါရဲ့


ခေတ်ပညာတတ် ဘိုးဘိုးကြီးက သူ့ရဲ့ အငယ်ဆုံး သမီးလေးကို အင်္ဂလိပ်စာတွေ သင်ပေးနေပါတယ်။ စာအုပ်ကို Book၊ ခံတံကို Pencil၊ မျက်စိကို Eye၊ ပါးစပ်ကို Mouth၊ ကြောင်ကို Cat၊ ခွေးကို Dog၊ မျောက်ကို Monkey၊ အဖေကို Dad၊ အမေကို Mom၊ အဘိုးကို Grandpa၊ အဘွားကို Grandma စသဖြင့်ပေါ့၊ မြေးမလေးကလဲ ချက်ချင်းပဲ မှတ်မိတယ်၊ ပြန်မေးလဲ တစ်ချက်မလွဲ အလွတ်ရတယ်။

ရုံးပိတ်ရက် တနင်္ဂနွေနေ့ တစ်နေ့မှာ ဘိုးဘိုးရဲ့ မိတ်ဆွေ ဟောင်းကြီးတွေ အိမ်ကို လာလည် ကြတယ်။ ဘိုးဘိုးက အသည်းကျော် မြေးမလေး တော်ကြောင်းကို ပွဲထုတ်ချင်တော"လာပါဦး၊ မြေးလေးရဲ့၊ ဟော့ဒီက ဦးဦးတွေက သမီး အင်္ဂလိပ်စာ တတ်တယ်ဆိုတာ မယုံကြဘူးတဲ့။ ဘိုးဘိုး သင်ထားသမျှ အကုန်ဖြေပြလိုက်စမ်း ...

ဘိုးဘိုး - ကဲ့.. စာအုပ်ကို ဘယ်လိုခေါ်လဲ
မြေးမလေး - Book

ဘိုးဘိုး - ခဲတံကို ဘာခေါ်လဲ
မြေးမလေး - Pencil

ဘိုးဘိုး - မျက်စိကိုရော
မြေးမလေး - Eye

ဘိုးဘိုး - ပါးစပ်ကိုရော ဘယ်လိုခေါ်လဲ
မြေးမလေး - Mouth

ဘိုးဘိုး - ကြောင်ကို ဘယ်လိုခေါ်လဲ
မြေးမလေး - Cat

ဘိုးဘိုး - ခွေးကို ဘယ်လိုခေါ်လဲ
မြေးမလေး - Dog

ဘိုးဘိုး - ဘိုးဘိုးကိုရော ဘယ်လိုခေါ်လဲ
မြေးမလေး - Monkey

:D

Source: mmcp

ဆက်ဖတ်ရန်...(To Continue)

Saturday, September 27, 2008

DOTS ဆိုတာ…….


ဒီအပတ် ဖော်ပြမယ့် အကြောင်း အရာကတော့ DOTS ဆိုတဲ့ ကမ္ဘာအရပ်ရပ်က တီဘီရောဂါ ဖြစ်ပွားမှု နှုန်းမြင့်တဲ့ နိုင်ငံတွေမှာ လက်ရှိ ကျင့်သုံးနေတဲ့ နည်းလမ်း အကြောင်းနဲ. တီဘီရောဂါရဲ. အကြောင်း အကျဉ်းချုပ် ပဲဖြစ်ပါတယ်။ ဘာလို. ဒီအကြောင်း ပြောရမှာလဲဆိုတော့ TB (Tuberculosis) ရောဂါဟာ WHO ရဲ. တိုက်ဖျက် ရန် ကျန်ရှိတဲ့ အရေးကြီး ရောဂါကြီး စာရင်းထဲမှာ ပါဝင်ပြီး၊ ကမ္ဘာပေါ်မှာလည်း ပပျောက် မသွားပဲ ဆက်လက် ဖြစ်ပွား လာနေလို.ပဲ ဖြစ်ပါတယ်။

ဆက်ပြီး ဖြစ်နေရတဲ့ အဓိက အကြောင်း အရင်း တွေကတော့ ခုခံအား ကျဆင်းတဲ့ AIDS ရောဂါဖြစ်တဲ့ လူနာတွေဟာ ခုခံအား ကျနေတဲ့အတွက် TB ရောဂါပိုး အလွယ်တကူ ၀င်ရောက် ဖြစ်ပွားပြီး တခြား ပတ်ဝန်းကျင် က လူတွေဆီကို ကူးစက် စေတာက တစ်ချက်၊ နောက်ပြီး TB ရောဂါကုတဲ့ အခါ အသုံးများပြီး အရေးကြီး တဲ့ဆေး တစ်ခုဖြစ်တဲ့ Isoniazid (INH) ကို TB ရောဂါပိုးတွေ ခံနိုင်ရည်ရှိလာတာ (Drug Resistance) (တစ်နည်းအား ဖြင့် ဆေးမတိုးတာ၊ ဆေးယဉ်တာကို ပြောချင်တာပါ) က တစ်ချက် ကြောင့် ပဲဖြစ်ပါတယ်။ ပိုးအကြောင်းနဲ. ဆေးအကြောင်းကို အောက်မှာဆက်ပြောပါ့မယ်။ အခု DOTS အကြောင်းအရင်ပြောပါမယ်။

DOTS (Directly Observed Treatment , Short Course) ဆိုတာ TB အဆုတ်ရောဂါကုသတဲ့ အခါမှာသုံးတဲ့ WHO ကအသိအမှတ် ပြုထားတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မြန်မာ လို ဆိုရင်တော့ “တိုက်ရိုက်ကြည့်ရှု၊ အချိန်တိုနှင့်ကု” ပါ။ မြန်မာပြည်မှာလည်းဒီနည်းကို စီမံချက်နဲ. သုံးနေပါပြီ။ ဒီနည်းကဘာလို.ပေါ်လာရတာလဲ? ဘာလုပ်တာလဲ? လို.မေးရင် ဖြေရမှာ လွယ်ပါတယ်။ အခုနက ပြောတဲ့ ဆေးမတိုးတဲ့ ကိစ္စက လူနာတွေ ဆေးမှန်မှန်သာ သောက်မယ်ဆိုရင် ဖြစ်လာစရာ အကြောင်း သိပ်မရှိပါဘူး။ အခု ဘယ်လိုဖြစ်သလဲဆိုရင် လူနာတွေက ဆေးသောက်ပြီး ရောဂါနည်းနည်း သက်သာလာပြီ ဆိုရင် ဆေးကို ရပ်ပစ်လိုက်တယ်။ ကောင်းသွားပြီပေါ့၊ တကယ်တော့ ပိုးကျန်နေသေးတာ သူတို. မသိဘူးလေ။ ကျန်တဲ့ပိုးက ဆေးဒဏ်ကို ခံနိုင်ရည် ရှိသွားပြီး ဆက်ပွားတဲ့ အခါ ရောဂါဆိုးဆိုး ရွားရွား ပြန်ဖြစ်ပါလေရော။ ဒီအခါ ခုနကဆေးနဲ. ကုဖို. ခက်ပြီး ရှုပ်ကုန်တာပေါ့။ ဒီလို ဆေးပတ်လည်အောင်မသောက်ဘဲ ပြန်ဖြစ်တဲ့ လူတွေကို Defaulter လို.ခေါ်ပါတယ်။ TB ဆေးက သိတဲ့အတိုင်း ၆လသောက်ရတော့ မသောက်ချင်ကြဘူးလေ ၊ side effect ကလည်းရှိတော့ ဆေးဒဏ် သိပ်မခံချင် ကြဘူးပေါ့။


အခုလက်ရှိမှာ Isoniazid ဆေးကို ပိုးတွေက တော်တော် ခံနိုင်ရည်ရှိကုန်ပြီ။ ဒါကြောင့် ဆေးပညာရှင်တွေက ဆေးပေါင်း ကျွေးတဲ့နည်းကို စသုံးခဲ့ကြတယ်၊ Combination Therapy လို.ခေါ်မှာပေါ့။ ဘာဆေးတွေ ကိုဘယ်လို ပေါင်းတယ်ဆိုတာလည်း အောက်မှာ ဆက်ပြောရအောင်၊ အခုထိ DOTS အကြောင်း မရောက်နိုင် သေးလို.ပါ။ အခုရောက်ပြီ။ DOTS က ပြောရမယ်ဆိုရင် ဆေးကို ထိထိရောက်ရောက် လူနာသောက် အောင် လုပ်တာပါ။ “တိုက်ရိုက်ကြည့်ရှု” ဆိုတဲ့အတိုင်း လူနာကဆေးကို supervisor တစ်ယောက်ယောက် ရှေ.မှာ သောက်ရမယ်။ supervisor ကထိုင်ကြည့်နေမယ်ပေါ့။

supervisor က ဆရာဝန် (သို.) လေ့ကျင့်ထားတဲ့ကျန်းမာရေးဝန်ထမ်း (သို.) NGO- ဥပမာ TB Elimination Campaign တွေက၀န်ထမ်းတွေ (သို.) မိသားစုဝင်တစ်ယောက်ယောက် ဖြစ်နိုင်ပါတယ်။ ဒီလိုနေ.တိုင်းသောက်မယ်ဆိုရင် ရောဂါဟာ အချိန်တန်ရင် ပျောက်မှာပဲ။ အမှန်တော့ TB ရောဂါက ကုလို.မရတာမဟုတ်ပါဘူး။ မှန်မှန်သောက်မယ်ဆိုရင် ဆေးကပိုးကိုနိုင်ပါတယ်။ ဒါပေမယ့် ပိုးတွေက resistant ရသွားတဲ့အတွက် ရိုးရိုးဆေးနဲ.တော့မရဘူး၊ combination therapy နဲ.မှရလိမ့်မယ်။ DOTS ရဲ. အဓိက ရည်ရွယ်ချက်ကတော့ ဆေးသောက်တာ မပျက်ဖို.နဲ. ပိုးတွေ ဆေးယဉ်တာ လျော့နည်းစေဖို.ပဲ ဖြစ်ပါတယ်။


TBရောဂါဟာ Mycobacterium tuberculosis ဆိုတဲ.ပိုးကြောင့် အဓိကဖြစ်ပါတယ်။ ဒီပိုးကို သတ်ဖို. ဆေးတွေ ကတော့ First line TB Drugs နဲ. Second line TB Drugs ဆိုပြီး category ၂ခုရှိပါတယ်။ First line ဆေးတွေ ကတော့ Isoniazid(INH), Rifampicin, Pyrazinamide, Ethanbutol နဲ. Streptomycin တွေပဲဖြစ်ပါတယ်။ Second line ဆေးတွေက Quinolones, Kanamycin, Capreomycin, Amikacin စတာတွေပဲဖြစ်ပါတယ်။ အဓိက ကတော့ first line drug တွေကိုပဲ သုံးတာများ ပါတယ်။ ဒီ first line ဆေးတွေကို TB ရောဂါရဲ. Category ခွဲထားတဲ့အလိုက် ပေါင်းပြီးတိုက်ပါတယ်။ အခုနောက်ပိုင်း ဆေးတစ်လုံးချင်းစီမှာပါဝင်တဲ့ ဆေးပမာဏကပိုများအောင် ဖော်စပ်ထားတဲ့အတွက် တစ်ခါသောက်ရင် ဆေးလုံးနဲနဲပဲ သောက်ဖို.လိုပါတော့တယ် ၊သောက်ရတာလည်း အပမ်းမကြီးတော့ပါဘူး၊ အရင်ကဆို TB ဆေးတစ်ခါသောက်ရင် ဆေးကလက်တစ်ဆုပ်စာ လောက်ရှိတယ်လို. ပြောကြပါတယ်။ ဒီတော့ သောက်ရတဲ့လူက ရေရှည် ဘယ်သောက်ချင်တော့မလဲ။ ဆေးတွေက အနည်းဆုံး ၆လလောက် သောက်ရပါမယ်။ ၆လပြည့်ရင် သလိပ်စစ်ရပါမယ်။ အဲ့ဒီနောက် ဓာတ်မှန်ပြန်ရိုက်ကြည့်လို. Clear ဖြစ်တယ် ဆိုရင်တော့ ဆေးရပ်လို. ရပါပြီ။ ဆေးတွေက စွမ်းပါတယ်။ မှန်မှန်သာ သောက်ဖို.လိုတာပါ။


DOTS ကုထုံးက TBရောဂါဖြစ်တဲ့ နိုင်ငံတော်တော်များများမှာသုံးပြီး အောင်မြင်နေပါပြီ။ မြန်မာနိုင်ငံမှာလည်း အောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။ ဒါပေမယ့် ဆင်းရဲမှုမပပျောက်သေးသမျှ မြန်မာနိုင်ငံမှာTB ရောဂါဆက်ဖြစ်နေမှာပါပဲ။ ဒီနေ.အထိ TB ရောဂါဆေးဖိုးမတတ်နိုင်သေးတဲ့ ဝေဒနာရှင်တွေ အများအပြား ရှိပါတယ်။ NGOတွေ အဖွဲ.အစည်းတွေကဆေးတွေကို အတတ်နိုင်ဆုံးတော့ အခမဲ့ပေးကြပါတယ်။ ဒါပေမယ့် ရောဂါသည် လူဦးရေနဲ. မမျှသေးပါဘူး။ DOTS ကို မြန်မာနိုင်ငံမှာ မသုံးခင်ကလည်း ဆေးတွေ အခမဲ့ ပေးခဲ့ပါတယ်။ ဒါပေမယ့် တိုက်ရိုက်မကြည့်ရှုနိုင်တဲ့အတွက် ဆေးပုံမှန် သောက်တဲ့လူကသောက်၊ သက်သာပြီဆိုပြီး ဆေးရပ်တဲ့လူကရပ်၊ ဆေးပြန်ရောင်းစားတဲ့ သူတွေကလည်းရှိသေး၊ အဲဒါကြောင့် TB ရောဂါဖြစ်တဲ့ နှုန်းမြန်မာနိုင်ငံမှာ တော်တော်မြင့်တက်လာခဲ့တယ်။ အခု DOTS ကုထုံးစပြီး နောက်ပိုင်းမှာတော့ သိပ်မဆိုးဘူးလို.ဆိုရမယ်၊ ရောဂါဖြစ်နှုန်းသိသိသာသာကျဆင်းသွားတယ်။ အတော်အသင့် အောင်မြင်တယ်လို. ဆိုရမှာပါ။

DOTS ကုထုံး နဲ. TB ရောဂါပပျောက်အောင် လုပ်ဆောင်ဖို.က

  • နိုင်ငံရဲ. အစိုးရကပူးပေါင်းပါဝင်ဆောင်ရွက်ဖို.
  • ရောဂါရှိသူတွေအမြဲကို ရှာဖွေပြီး တိုက်ရိုက်ကြည့်ရှု ကုသဖို.
  • ဆေးပုံမှန်သောက်ဖို. ၊ သောက်ရမယ့်ဆေးကအမြဲရှိနေဖို.
  • ကုသနေစဉ်မှာ လူနာရဲ.အခြေနေ (သက်သာသလား၊ ပိုဆိုးလာသလား) စောင့်ကြည့်ဖို. လိုအပ်ပါတယ်။

အခုနောက်ပိုင်း DOTS သုံးနေရင်းက MDR-TB (Multidrug Resistant Tuberculosis) နဲ. XDR-TB (Extensively Drug Resistant Tuberculosis) စတာတွေ ထပ်ပေါ်လာပါတယ်။ MDR-TB ဆိုရင် Isoniazid နဲ. Rifampicin ကို ခံနိုင်သွားပြီ။ XDR-TB ဆိုရင်လည်း Isoniazid နဲ.Rifampicin အပြင် second line ဆေးတွေကိုပါခံနိုင်ရည်ရှိသွားပြီ။ လောလောဆယ် MDR-TB ဝေဒနာရှင်တွေကို DOTS-Plus ဆိုတဲ့ နည်းလမ်းနဲ.ကုဖို.စမ်းသပ်ဆဲဖြစ်ပါတယ်။

ဒီလို ဆေးမတိုးတဲ့ ပြဿနာတွေပေါ်လာပေမယ့်လည်း DOTS ကိုအခြေခံပြီးဆက်လက် ကုထုံးသစ်တွေ ထွက်ပေါ်လာနေမှာပဲဖြစ်ပါတယ်။ DOTS ရဲ.အသုံးဝင်မှုအပိုင်းကလျော့မကျသွားပါဘူး။
ကဲ၊ ဒီအပတ်တော့ ဒီမျှနဲ.ပဲ ရပ်ပါရစေ။ နောက်အပတ်မှာ လူတွေအတွက် အကျိုးများစေမယ့် အစားအသောက် တစ်ခုခုအကြောင်း ကို ဖော်ပြပါ့မယ်။

ဒေါက်တာရမ်းကု

ဆက်ဖတ်ရန်...(To Continue)

Saffron Revolution ရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်


စစ်အာဏာရှင် စနစ် ပြုတ်ကျရေး .. တို့အရေး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေး .. တို့အရေး
ကြားဖြတ်အစိုးရ ပေါ်ပေါက်ရေး .. တို့အရေး

ရှစ်လေးလုံး အရေးတော်ပုံမှသည် ရွှေဝါရောင် တော်လှန်ရေးအထိ
ဟေ့ .. ခွပ်ဒေါင်းသွေးနဲ့ ရဲရဲတက်၊ ရန်သူကို ဖြိုဖျက်နိုင်ရမယ် .. အိုးဝေ

နအဖရဲ့ မတရား ဖမ်းဆီးမှုတွေကို ရှုတ်ချလော့
ဟေ့ .. အမေကမွေး၊ ထောင်ကကျွေး၊ အရေးတော်ပုံ အောင်ရမယ် .. အိုးဝေ

တော်လှန်ရေးကို တော်လှန်ရေးနဲ့ တူအောင် လုပ်ကြစို့
ဟေ့ .. ညီညွတ်ရေးသည် ပထမ၊
ညီညွတ်ရေးသည် ဒုတိယ၊
ညီညွတ်ရေးသည် တတိယ .. အိုးဝေ

ငါးရောင်ခြယ်အလံ၊ ခွပ်ဒေါင်းအလံ၊ ဖက်ဆစ်တော်လှန်ရေးအလံ
အလံသုံးလက်၊ မိုးသို့တက်၊ တခဲနက် အောင်ရမယ်

ဟေ့ .. လူအချင်းချင်း၊ နှိပ်စက်ခြင်း၊ ကင်းရှင်းကြပါစေ .. အိုးဝေ
ဟေ့ .. ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ .. အိုးဝေ
ဟေ့ .. အိုး ... ဝေ

စားဝတ်နေရေး ပြေလည်ရေး .. တို့အရေး
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ရေး .. တို့အရေး
အမျိုးသား ပြန်လည် သင့်မြတ်ရေး .. တို့အရေး


အစရှိသည့် .. လူငယ်တို့၏ ရင်ဖွင့်သံများ၊ ကြေကွဲသံများ၊ အက်ကွဲသံများ၊ အင်အားအပြည့်ဖြင့် လေထုထဲမှာ ၀ဲလွင့်နေသည် ...

အချိန်က ည ၈ နာရီ ၀န်းကျင် .. အေးမြ ချမ်းခိုက်လှသော ရာသီဥတု၏ ကြားဝယ် ဖယောင်းတိုင် ကိုယ်စီ ကိုင်ကာ "စစ်အာဏာရှင် စနစ်ပျက်သုန်းရေး" "Free Burma" ဆိုင်းဘုတ်များဖြင့် ကိုယ်စီ ... စုဝေးနေကြသည် ... မကြာမီကမှ လူတွေ ကိုယ်စီ ကိုယ်စီ၊ အသင်းအဖွဲ့တွေ မိန့်ခွန်းတွေ ပြောလိုက်၊ ၀မ်းနည်းခြင်း စကားတွေ ဆိုလိုက်နှင့်၊ အချိန် အတော်ကြာ ကုန်ဆုံးခဲ့ပြီးနောက် .. ယခုအခါ လူငယ်တွေ ကြုံးဝါးသံတွေ လေထဲ ကြားနေ ရသည်။

ကြုံးဝါးသံတွေ အပြီး ... ခဏတာ ငြိမ်သက် သွားပြီး ...

တို့များရဲ့ မြန်မာပြည်ဝယ် x x x x အခွင့်အရေးက ဆိုးလှတယ်
လွတ်လပ်စွာ မနေရတယ် x x x x ကုသိုလ်က နုံချာတယ်

အစရှိတဲ့ သံချပ်သံတွေ .. လေထဲ တစ်လူ လွင့်ထူ လာပြန်သည်။ (ဟေ့ စိန်လား ဟေ့ မြလား ဟေးလာ မောင်တို့ဝါး) အစရှိသည့် .. သံချပ် စကားလုံးတွေဖြင့် ရင်ဖွင့်ခဲ့ကြသည်။

ဆီမီးဖြင့် ကျဆုံးသွားသော အာဇာနည် များအား လေးစားစွာ အလေးပြုရင်း ... ညနေခင်း တစ်ခု ကုန်ဆုံးသွားခဲ့သည်။

သြော်.. စက်တင်ဘာလ .. မနှစ်က ဒီအချိန်ဆိုရင် .. ရွှေဝါရောင် တော်လှန်ရေးကြီး .. အမိမြန်ပြည်တော်ကြီး သွေးနီတောက် ခဲ့သည် .. ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့သည် သံဃာထုကြီးကို ရက်စက်စွာ ချေမှုန်းပစ်ခဲ့သည် ..

စစ်တပ်နှင့် လူထု၊ စစ်တပ်နှင့် သံဃာထု .. ယုံကြည်ချက်တွေ လွဲမှားခဲ့ကြပြီ။ မိမိတို့ ယုံကြည်ချက် အတွက် .. မိမိတို့ နေရာမှသည် နေ၍ တိုက်ပွဲဝင် ကြပြီ .. အမိမြန်မာပြည်ကြီး မဆုံးရှုံးသင့်သော သွေးသားများ၊ အနာဂတ်ရဲ့ မျိုးဆက်များကို ဆုံးရှုံးခဲ့သည် ...

တစ်နှစ်တောင် ပြည့်ခဲ့လေပြီ ....

တစ်နှစ်တောင် ပြည့်ခဲ့လေပြီ ....

ရွှေဝါရောင် တော်လှန်ရေးကြီး .. တစ်နှစ်တောင်ပြည့်ခဲ့ပြီ။

သြော်.. ညီညွတ်ခြင်း ...
ညီညွတ်ခြင်း တစ်ခုတော့ လိုအပ်နေပြီ ..
ပြည်သူ၊ သံဃာ၊ စစ်သား၊ ကျောင်းသား အစရှိသည့် လူထုကြီး တစ်ခုလုံး ညီညွတ်ဖို့တော့ လိုအပ်နေလေပြီ ...

အေးမြ ချမ်းလွန်းလှသော လေတွေက အကျွနိုပ်အား အရှိန်အဟုန်ဖြင့် တိုက်ခိုက်ပါသော်ငြား၊ အကျွန်နိုပ်၏ ရင်တွင်းဝယ် .... ဖော်ပြရွေ့မရကုန်သော ခံစားချက်များစွာဖြင့် ...

ရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်ခြင်း အား ရင်တွင်းမှ အလေးပြု ကြည်ညို လိုက်ရ ပါတော့သည်။

Tea

ဆက်ဖတ်ရန်...(To Continue)

ရဲစခန်းသို့ဖုန်းဆက်ခြင်း


တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်။

"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ် ခင်ဗျ"

"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။

နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။

ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း ဆီသို့ ဖုန်းဆက်လိုက်သည်။

"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"

"အေး ခွဲသွားတယ်ကွ"

"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်" :D

Source : mmcp

ဆက်ဖတ်ရန်...(To Continue)

Thursday, September 25, 2008

မြန်မာအစိုးရ နှင့် မြန်မာသံရုံး ၏ ရပ်တည်မှု


ကျမ အဘိုးသည် နိုင်ငံရေးသမား တစ်ယောက် မဟုတ်သော်ငြားလည်း နိုင်ငံ၏ အရေးအခင်းတွင် ပူးပေါင်းပါဝင် ခဲ့ဖူးသော ပြည်သူ တစ်ယောက် ဖြစ်သည်။ မနက်ခင်းနဲ့ ညနေခင်းဆို ရေဒီယို တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဘိုးဘိုးကို အဘွားက " တော့် ရေဒီယိုသံ ကလည်း တဗြဲဗြဲနဲ့ နားငြီး လိုက်တာ တော် " ဆိုတဲ့ အဘွားရဲ့ ပွစိပွစိ ရန်ထောင်သံက လည်း နေ့စဉ် ၀တ္တရား မပျက် ပူညံပူညံ လုပ်ခဲ့သည်။ ကျမ သည် အဘိုးနှင့် အဘွား လက်ထဲတွင် အနေများသော အဘိုးအဘွား၏ အချစ်တော်ဖြစ်သည်။ အဘိုး ကိုလည်း ချစ်သလို အဘွား ကို လည်းချစ်သည်။ အဘိုးက အဘွား၏ ပူညံပူညံလုပ်နေသည့်အခါတိုင်း မည်သည့်အခါ မှအခြေ အတင်ပြန်မပြော သူ့ ရေဒီယိုသံ တရှဲရှဲ တဗြဲဗြဲနဲ့သာ အလုပ်ရှုပ်နေ၏။

သတင်းထူး တဲ့နေ့ များ ဆိုလျှင် တစ်အိမ်လုံးကို လက်တို့ပြီး လိုက်ပြော သလို သူ့မိတ်ဆွေ အပေါင်းအသင်း များနှင့်လည်း ဆွေးနွေး လေ့ရှိသည်။ တစ်ခါတစ်ခါ ဘိုးဘိုး ရေဒီယို နားထောင်တဲ့ အနားသွားပြီး အဘိုး ကို ဂျီကျလျှင် ကျမ ကို သူ နားထောင်ထားသော သတင်းများ ကို ပုံပြင် ကဲ့သို့ အသွင် ပြောင်းကာ အသံနေ အသံထား ဟန်ပါပါ သရုပ် ဆောင်ပြီး ပြောပြလေ့ ရှိသည်။ ထို့သို့ အဘိုးက ကျမ ကို ရှင်းပြ တိုင်း ဘွားဘွားကတော့ ထုံစံအတိုင်း" ဟို မြေးအဘိုး နှစ်ယောက် တိုးတိုး သက်သာ ပြောကြ တော်ကြာ တံခါး လာခေါက်လို့ သံတိုင်းနောက် ရောက်နေအုံးမယ် တော်တို့ အဖေ တွေက လွယ်တာ မဟုတ်ဘူး ထစ်ကနဲ ဆို ဖမ်းမယ်ဆီမယ် တကဲကဲနဲ လုပ်နေတာ " ဆိုပြီး ဆေးလိပ်ဖွာရင်း မြည်တွန်တောက်တီး လေ သည်။ အဘိုးကတော့ ထုံးစံအတိုင်း ဘာမှပြန်မပြောဘဲ " အဲဒါသူ့ ၀သီဘဲ ပြောပလေ့စေ" ဆိုတဲ့ အကြည့်နဲ့ ကျမ ကို သူနားထောင်သော သတင်းများ အကြောင်းပြောပြသည်။

တစ်ခါတစ်ရံ တော့ အဘိုးပြောသော သတင်းများကို စိတ်ဝင်တစား နားထောင်ပေမယ့် တစ်ခါတစ်ရံတော့ နားထောင်ရင် နဲ့ အိပ်ပျော်သွားသည်။ ကျမ အရွယ်ရောက်လာသည့်အထိ အဘိုးသည် ရေဒီယို နားထောင်ခြင်းက အဆက် မပြတ် ခဲ့သလို အဘွားကလဲ ပူညံပူညံ အပြောမပြတ်ခဲ့။ "တော်တို့ အဘိုး ကတော့ ဒီမိုကရေစီ ရရှိရေး ဒို့အရေး လို့ အော် ဆန္ဒပြတာ နှစ်တွေကြာပြီ ခုထိမရသေးဘူး ကျုပ်ကတော့ ရေဒီယိုသံက နားငြီးလွန်းလို့ ပူညံပူညံ ဆန္ဒပြလာတာ ခုထိမအောင်မြင်သေးဘူး " ဆိုပြီး အဘွားပြောလိုက်တဲ့ နေ့ က ဘိုးဘိုးမျက်နှာက သိသိသာသာ ပျက်သွားတာကို ကျမ သတိထားလိုက်မိသည်။ ထို့အတွက် ကြောင့် ဘိုးဘိုး မွေးနေ့တွင် ကျမက မှတ်မှတ်ရရ ရေဒီယို ကောင်းကောင်းတစ်လုံးနဲ့ နားကြပ်ကလေးကို ၀ယ်ပြီး လက်ဆောင်ပေးသော အခါ အဘိုးက နှစ်လိုအားရပြုံးပြီး "ဟဲ့ မြကြည် နင်ငါ့ကို ဒီနေ့က စပြီး ပူညံပူညံ နဲ့ ဆန္ဒပြ စရာမလိုတော့ဘူး နင့်မြေးက ငါ့ကို နားကျပ် ပါဝယ်ပြီး မွေးနေ့ လက်ဆောင်ပေးတယ် နင် ဆန္ဒ တွေတော့ အောင်မြင်ပြီ ငါ့ဆန္ဒတော့ ဘယ်တော့များမှ အောင်မြင်မလဲ မသိဘူး" ဆိုပြီး အဘွားကို ပြောရင်း ကျမ ကို ကျေးဇူးတင် စကားဆိုသော ဘိုးဘိုး မျက်နှာ ဘိုးဘိုး စကားလုံးများကို ကျမ ယနေ့ထက်တိုင် ကြားယောင် နေမိသည်။

တစ်ခါတစ်ရံကျမ မေးသော မေးခွန်းများကိုလည်း ဂရုတစိုက်နဲ့ လေးလေးစားစား ပြန်ဖြေ သည့် အတွက် အမြဲကျေနပ်ခဲ့သည်။ "ဘိုးဘိုး လူတွေက အဲဒီလောက် သန်းရွှေကြီးကို မုန်းတာ ဘာလို့ သွားမသတ်ကြတာလဲ ဟင် … မကျေနပ်တဲ့လူတွေ စုပြီး သွားသတ်လိုက်ကြတာ မဟုတ်ဘဲနဲ့ "လို့ ကျမ က ပြောတော့ "ငါ့မြေးရယ် လမ်းဘေးက ခွေးနဲ့လူ မယှဉ်ရဘူးကွယ့် ခွေးဆိုတော့ ခွေးလိုဘဲ အူပြတတ်တယ် ခွေးအလုပ်ဘဲ လုပ်တတ်တယ် ခွေးလိုဘဲ အုပ်ချုပ် တတ်မှာပေါ့ အဲတော့ လူတွေလဲ အဲဒီခွေးကို ရိုက်ထုတ်ဘို့ ကြိုးစား ကြပါတာဘဲ ခက်တာ က ဒီခွေးတွေက လက်နက်ရှိတယ် ခွေးဆိုတော့ ခွေးဦးနှောက်နဲ့ လက်နက်ကို လက်သရမ်းပြီး လုပ်ချင်တိုင်း လုပ်ပစ်ချင်တိုင်း ပစ်နေတော့ လူတွေလဲ ရသလောက်ဘဲ တိုးနိုင်တော့တာပေါ့ ငါ့မြေးရယ်" ဆိုပြီး မာန်ပါပါ နဲ့ ပြောပြနေတဲ့ အဘိုးရဲ့ အသံနေအသံထားကို ကျမ ယနေ့ ထက်တိုင် ကြားယောင် နေမိ ပါသေးသည်။ သာမန်ပြည်သူ တစ်ယောက် ဖြစ်သော ကျမ အဘိုး၏ ကလေး တစ်ယောက် အပေါ် လေးလေးစားစား ဖြေသော အဖြေစကား အတွက် ကျေနပ် မိသည်။

ကျမ သည် နိုင်ငံရေး သမား တစ်ယောက် မဟုတ်သလို နိုင်ငံရေးနှင့် ပတ်သတ်လျှင်လည်း အစွန်းရောက်ပြီး သူများယောင်လို့ လိုက်ယောင်ခဲ့သူ တစ်ယောက် မဟုတ်ခဲ့ချေ။အဘိုးနှင့် အနေနီးလို့ လားတော့ မပြောတတ် နိုင်ငံ၏ အရေးကို စိတ်ဝင်စားသူ တစ်ယောက် ဖြစ်ခဲ့သလို ကိုယ့်ကိုယ်ပိုင် အယူအဆ ယုံကြည့်ချက်ဖြင့်သာ ရပ်တည်ခဲ့သည်။ ကျမ အဘိုး သည် ကျမ ငယ်စဉ် က တည်းက သတင်း များစွာ ကို ကျမ ကို ပြောပြခဲ့ဖူး သည် မှတ်မိသည့် အကြောင်း အရာ များ ရှိသလို မမှတ်မိသည့် အကြောင်းအရာများ လည်းရှိသည်။ ကျမ နှစ်သက်သော အကြောင်းအရာ တစ်ခုကို အနည်းငယ် ဝေမျှချင်မိသည် .. အဲဒီအချိန်က ကျမ အသက် ခပ်ငယ်ငယ်ပင် ရှိပါသေးသည်။ ခုနှစ် အတိအကျကိုတော့ ကျမ မမှတ်မိ ဖီလစ်ပိုင် အမျိုးသမီး တစ်ဦးသည် မလေးရှား နိုင်ငံသို့ တရားမ၀င် သွားရောက် ကာ အိမ်ဖော် အဖြစ် လုပ်ကိုင်ခဲ့သည်။ သူမ ၏ အလုပ်ရှင် က မလေးရှားကုလားဖြစ်သည်။ ထို အလုပ်ရှင် အိမ်ရှင် ကုလားက ဖိလစ်ပိုင် အမျိုးသမီး အိမ်ဖော် ကို မုဒိန်းကျင့်လိုက်၏ ထို အခါ ဖိလစ်ပိုင် နိုင်ငံတွင် ပွတ်လော ရိုက်သွားလေ၏ မလေးရှား အစိုးရကလည်း ထိုကိစ္စ ဖြေရှင်းပေး ရန်ခေါင်းရှောင်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ထိုမုဒိန်းကျင့် ခံရသော ဖိလစ်ပိုင် အမျိုးသမီးသည် မလေးရှား နိုင်ငံသို့ တရားမ၀င် လာရောက်ပြီး အလုပ်လုပ် သောကြောင့် ဟု ဆိုသော အကြောင်း ပြချက်ဖြင့်သာ ခေါင်းရှောင်နေခဲ့သလို သူ့ ၏ နိုင်ငံသားဖြစ်သော မလေးရှား ကုလားကို လဲ အရေးယူခြင်းမပြုလုပ် ခဲ့ပါ။ ဖိလစ်ပိုင် အစိုးရက ထိုကိစ္စ အတွက် အဆက်မပြတ် ဖိအားပေး တောင်းဆိုခဲ့သော် လည်း မလေးရှား အစိုးရက မလိုက်လျောခဲ့ပေ။ နောက်ဆုံးတွင် ဖီလစ်ပိုင် အစိုးရက ထိုကိစ္စ အတွက် မလေးရှားအစိုးရ အနေနဲ့ ဖြေရှင်း မပေးနိုင်လျှင် သူ့ တို့ နိုင်ငံသား သူ့တို့လူမျိုး မတရား ညှင်းပန်း နှိပ်စက်ခံရမှု အတွက် စစ်ရေး အရ ပင် ရင် ဆိုင် ဖြေရှင်း သွားရန် အဆင်သင့်ရှိကြောင်း စစ်ရေး အရပါ ခြိမ်းခြောက် တောင်းဆိုခဲ့ဖူးသည်" ဖိလစ်ပိုင် အစိုးရ၏ သူ့လူမျိုး သူ့နိုင်ငံသား အတွက် ရပ်တည်ပေးမှု ကာကွယ် ပေးမှု အတွက် ထိုဖြစ်ရပ်ပေါ် အခြေံ၍ လေးစားခဲ့ ဖူးသည်။သူ၏ နိုင်ငံသား တစ်ဦး သူများနိုင်ငံမှာ တရားမ၀င် ၀င်ေ၇ာက်ပြီး အလုပ်လုပ်သော သူတစ်ယောက်မတရား အနိုင်ကျင့် စော်ကားသော ကိစ္စ အတွက် စစ်ရေး အရပါ ခြိမ်းခြောက်ပြီး အကာကွယ် ပေးခဲ့ ဖူးသည့် ကျမ အဘိုးပြောပြသော ဖြစ်ရပ်ကြောင့် ကျမ ရင်ထဲတွင် ဖိလစ်ပိုင် အစိုးရအပေါ်လေးစားခဲ့မိသည်။

ကျမတို့ အစိုးရ ၏ ရပ်တည်မှုကိုတော့ လူကြီးမင်းတို့ ကိုယ်တိုင်သာ သုံးသပ်စေလိုသည်။

မ၀င်းဝင်းမော်ဆိုသော အသက် (၃၆)နှစ်အရွယ် မြန်မာ အမျိုးသမီးတစ်ယောက် သည် မလေးရှား နိုင်ငံသို့ တရားဝင် မြန်မာငွေကျပ် ၁၂ သိန်း တိတိ ၀န်ဆောင်ခ ပေးကာ မလေးရှား နိုင်ငံတွင် မတရား သဖြင့် အချိုး အချောင်ရှာသော မလေးရှားမှ အလုပ်ရှင် နှင့် ကတုံးပေါ် ထိပ်ကွက် အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား ကိုယ့်လူမျိုးအချင်းချင်း အပေါ်ကို မတရားသဖြင့် ပွဲခယူပြီး ခဲ့သော ပွဲစား တို့ ကောင်းမှုကြောင့် မလေးရှားနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင် လျက်ရှိရာ ။ လုပ်ခအား မတရားခေါင်းပုံဖြတ်မှုအတွက် မ၀င်းဝင်မော်က ဦးဆောင်ပြီး တောင်းဆိုမှု ကြောင့် မြန်မာနိုင်ငံ သို့ ပြန်ပို့မည် ဟုသော အကြောင်းပြချက်နှင့် နှစ်ထပ်တိုက် ပေါ်တွင် ပိတ်လှောင် ထားခြင်းကို ခံခဲ့ရသောကြောင့် နောက်တစ်နေ့ ညနေ မှာဘဲ အသက်နှင့် အရှက်ကို ကာကွယ်ရန် နှစ်ထပ်တိုက် ပေါ်မှ ခုန်ချသောကြောင့် အတွင်းခါး ပင်မရိုး ကျိုး ကျေသွားခဲ့သည် (http://burmatoday.net/article2005/071123_ma_win_win_maw.swf အဲဒီမှာ အသေစိတ်ကို သွားရောက်ဖတ်ရှုနိုင်ပါတယ် ဘားမားတူဒေးက နေဘဲ ကိုးကား ထားပါတယ်)

ထိုသို့ မ၀င်ဝင်းမော် ဆေးရုံတတ် ပြီး ဆေးကုသမှု ခံယူနေစဉ် သူမ၏ ဗီဇာသက်တမ်း ကုန်ဆုံး သွားသောကြောင့် (over stay ) အဖြစ်ရောက်ရှိ သွားပါသည်။ သူမ၏ ကျန်မာ ရေး အခြေနေ အတွက် အဖွဲ့အစည်း အချို့ မှ တတ်အား သမျှ ၀ိုင်းဝန်းကုသပေးခြင်း နောက်ဆုံး ခရစ်ယာန် အဖွဲ့အစည်း တစ်ခု၏ အကူအညီဖြင့် သူမ၏ ကျန်မာရေးက အရှင်း ပျောက်သွား သော်လည်း သူမ၏ အခြေအနေနှင့် မလေးရှား နိုင်ငံတွင် ဆက်လက် ၍ အလုပ်လုပ် ကိုင်ရန် အဆင် မပြေသောကြောင့် မလေးရှားနိုင်ငံမှ တိတ်တဆိတ်ထွက်ခွာ ရင်း ပျောက်ကွယ်သွား သော မြန်မာ အမျိုးသမီး တစ်ဦး ဖြစ်သော မ၀င်းဝင်းမော်ကို မြန်မာသံရုံး မြန်မာ အစိုးရက မည်သည့် အကူအညီ မည့်သည့် အထောက်အပံ့ မည်သို့သော ရပ်တည်ချက် များနဲ့ ကာကွယ်ပေးခဲ့သနည်း ????????

ဖိလစ်ပိုင် အစိုးရသည် သူနိုင်ငံသား သူ့လူမျိုးတိုင်း တပါးမှာ တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင် သူကိုပင် စစ်ရေးအရ ခြိမ်းခြောက်ပြီး အကာကွယ် ပေးခဲ့ဖူးသည်။ ကျမ တို့ မြန်မာနိုင်ငံသား မြန်မာ အမျိုးသမီး တစ်ဦး မလေးရှားနိုင်ငံတွင် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်သော သူမ၏ မတရားမှု ကိစ္စ အတွက် မြန်မာသံရုံး မြန်မာ အစိုးရမည်သို့ အကာကွယ် ပေးခဲ့သနည်း ။ ကျမ တို့ နိုင်ငံ၏ မြန်မာသံရုံး သည် ကျမ တို့ လိုပြည်ပရောက် လူငယ်များထံမှာ အခွန်ကောက်ခံရ အတွက်သာ တည်ရှိ နေခြင်းလား????? ကျမတို့ နိုင်ငံသားတွေ မတရား အနိုင်ကျင့်ခံ နေရချိန်မှာ သူတို့မျက်လုံးတွေ နားတွေ ကန်းခြင် ယောင်ဆောင် နေကြချင်း အတွက် သံရုံးရှိရာ အရပ်ကို တံတွေး ပင်လှည့် မထွေးချင်ပါ။

ကျမ တို့မြန်မာနိုင်ငံသား များအတွက် မြန်မာ သံရုံးသည် အခွန် ကောက်ခံရန်အတွက်သာ ဟု ဆိုင်ဘုတ်ပင် သွားချိတ် ပေးလိုက်ချင်ပါသည်။

ဒီဘ၀ ဒီအမျှနဲ့ ဘဲ ဒီလို အစိုးရ ၀ဋ်တွေ ကြေပါစေလို့ တောင်းဆုခြွေလျက်
မေသူ

ကျမ သည် ရင်ထဲမှ ပေါက်ကွဲချင်နေသည့် ခံစားချက် သံရုံးနှင့် ပတ်သတ် သည့် အတွေ့အကြုံ တစ်ချို့ ကို ဝေမျှ ချင်ပါသေးသည်။ သို့သော် ကျမ သူငယ်ချင်း၏ အကြောင်း တစ်ခု မပြီးစီးေ သးသောကြောင့် ကျမ သူငယ်ချင်းကို မထိခိုက်စေလိုသော ဆန္ဒကြောင့် ထိုပေါက်ကွဲ လုနီးပါး ဗုံးတစ်လုံးကို ဆက်လက် သိမ်းဆည်း ထားပါသေးသည်။ ထိုပေါက်ကွဲလုဗုံးတစ်လုံးအား နောင်တွင် ဖော်ပြပါမည်။


p.s မ၀င်းဝင်းမော်နှင့် ပတ်သတ်သော သတင်း တစ်ချို့အတွက် ဘားမားတူဒေးနှင့် မလေးရှား မှ ကျမ၏ အစ်ကို ကိုမြတ်မင်းအား ကျေးဇူးတင် ရှိပါသည်။

ဆက်ဖတ်ရန်...(To Continue)

မာမာအေး၏သီချင်းများ


ဆက်ဖတ်ရန်...(To Continue)

အင်ဂျင်နီးယားရင်းအံ့ဖွယ်- A380 (အပိုင်း- ၂)

ဒီနေ့.တော့အရင်တစ်ခေါက်က မပြီးဆုံးသေးတဲ့ဇတ်လမ်းကိုဆက်လက်တင်ပြပါမယ်။ အင်ဂျင်နဲ့ ထုတ်လုပ်ပုံ အကြောင်းပြောပြီးပြီဆိုတော့ ဒီတစ်ခေါက် တော့ A380 ၏အတွင်းပိုင်းတည်ဆောက်ထားပုံ အကြောင်းအဓိက ရှင်းလင်းသွားပါမယ်။ အင်ဂျင်နီးယားရင်းအံ့ဖွယ်- A380 (အပိုင်း- ၁) အကြောင်း မသိသေးရင်လည်း အရင် သွားဖတ်လိုက်ပါဦးနော်။ ပြီးမှ ဒီအပိုင်း - ၂ လေယာဉ် အတွင်းပိုင်း အကြောင်းကို လာဖတ်ပေါ့။ အပိုင်း - ၁ ဖတ်ပြီးတဲ့ လူတွေကလည်း အပိုင်း - ၂ ကို တစ်ခါထဲ ဖတ်နိုင်ပါတယ်။


အတွင်းပိုင်းဖွဲ့စည်းထားပုံ


A380 ကို အဓိက အမျိုးအစား နှစ်မျိုး -
၁။ 3-class configuration and
၂။ single-class economy configuration ဟူ၍ ခွဲခြားလို့ရပါတယ်။

ဒီမှာတော့ 3- class configuration အကြောင်းပြောပြလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ single-class economy configuration မှာ ရိုးရိုးတန်းဘဲရှိလို့ ဘာမှထူးထူးခြားခြားမရှိပါဘူး။ 3-class configuration မှာတော့ သင်ငွေဘယ်လောက်ဖြုန်းနိုင်လဲပေါ်မူတည်ပြီး အဆင့် ၃ ဆင့်ခွဲခြားထားပါတယ်။ (ကျွှန်တော်ကတော့ ရိုးရိုးတန်းတောင် မနည်း ကြိုးစားစီးနေရတယ်) ယင်း အဆင့်သုံးဆင့်ကတော့ ပထမတန်း၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ဖြစ်ကြပါတယ်။ Airbus ၃၈၀ ကတော့ ၂၁ ရာစုထွက် လေယာဉ်နဲ့ အညီ ရှေး လေယာဉ်တွေထက် လေယာဉ် အတွင်း ဧရိရာ ၅၀ ရာခိုင်နှန်း ပိုပြီး ကျယ်ဝန်း ပါတယ်။ A380 က နေရာကျယ်ကျယ် နှင့် သက်တောင့် သက်သာ နေရမှု၊ လေယာဉ် အတွင်း အပန်းဖြေသော နေရာ၊ Bar ၊ duty-free shops နဲ့ Beauty Salon တို့ကို ခရီးသည်တွေ အတွက် ထားရှိ ထားပါတယ်။ Virginia Atlantic ရဲ့ အထက်တန်း မှာဆို Bar ရှိယုံတင်မက၊ နောက်ကျလျှင် Casino ကို လေယာဉ်ပေါ် တောင် တင်မယ်လို့ ပြောပါတယ်။

Airbus ၏အဓိကပြိုင်ဘက်တွေတက် သုံးပုံပုံတစ်ပုံ နေရာပို၍ ပေးနိုင်ခြင်းနဲ့ အညီ ခရီးသည်များအတွက် အကြောဆန့်နိုင်သော ခုံများကိုထားရှိသည်။


ပထမအထပ်တွင် ဆိုင်ခန်းများ၊ ဘား၊ စားသောက်ဆိုင် နှင့် Casino ထားရှိထားသည်။



ပထမတန်းနဲ့ အထက်တန်း A380 လက်မှတ်ဝယ်သူများသည် အခြားလေယဉ်မှာထက် ပိုမိုဇိမ်ခံနိုင်မည်ဖြစ်သည်။


ပထမတန်းတွင် ကိုယ်ပိုင် နှစ်ယောက်အိပ်ကုတင်မက gym ပါရှိသည်။



A380 ၏အထပ်နှစ်ထပ်ကိုဆက်ထားသော လှေကား ကိုတွေရပုံ။



A380 ပေါ်ရှိ သီးသန့်အိပ်ခန်း။


တချို့လေယဉ် Airline များသည် ပိုနေသောနေရာများတွင် Casino နှင့် အိပ်ခန်းများထားရှိကြသည်။


တာရှည်ခရီးသွားသူများအတွက် A380 သည် အကောင်းဆုံး ပေစွမ်းနိုင်သည်။


ခရီးသည်အတွက် Bar နှင့် socializing area ကိုတွေ့ရပုံ။


Boeing 747 နဲ့ယှဉ်ရင် A380 ဟာ ခရီးသည် အရေအတွက် သယ်ဆောင်နိုင်နှုန်းနှင့် ခရီသွား စရိတ် သက်သာမှုမှာ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။ ထို့ပြင် ထိုင်ခုံနေရာ လည်း ပိုကျယ်ကာ အသုံးအဆောင် ပစ္စည်းများလည်း Boeing 747 ထက် ပိုမို သာလွန်ပါတယ်။ A380 ၏ ခရီးသည် ၅၅၅ ယောက် သယ်ဆောင် နိုင်နှုန်းဟာ Boeing 747 ၏ ခရီးသည် သယ်ဆောင်နိုင်နှုန်းထက် ၃၅% ပိုပြီး လေယာဉ် အတွင်း ကိုယ်ထည် ကလည်း ၅၀% ပိုကျယ်ပါတယ်။ အကယ်၍ ခရီးသည် ၈၅၃ ယောက် ဆံ့သော single-class configuration ကို ကြည့်လျှင်တော့ ခရီးသည် အရေအတွက် နှစ်ဆ နီးပါး ပို၍ သာလွန်တာကို တွေ့ရှိ ရပါတယ်။



တိတိကျကျပြောရလျှင်တော့ ရိုးရိုးတန်း ထိုင်ခုံတွေဟာ ၁ လက်မနီးပါးပို၍ ကျယ်ပါတယ်။ ပထမတန်း ထိုင်ခုံတွေကို ကုတင် အတွက် ပြောင်းလို့ရပါတယ်။ လေယာဉ် ကုမ္ပဏီ အများစုဟာ ဇိမ်ခံလေယဉ်ထက် efficiency ကောင်းသော လေယဉ်ကိုပိုကြိုက် ခြင်းနဲ့အညီ A380 က နည်းပညာသစ်မြောက်များစွာကို အသုံးပြုပြီး ယင်း အချက်နှစ်ချက်လုံးကို ဆန်ချိန်မှီအောင် အကောင်းဆုံး ဖြစ်အောင် တည်ဆောက် ထားပါတယ်။

သိပံ္ပမောင်ပိန်

ဆက်ဖတ်ရန်...(To Continue)

Wednesday, September 24, 2008

မြန်မာ Live Show အကများ - အပိုင်း (၁)


စာမရေးတာလဲ ကြာပေါ့။ ကျောင်းဖွင့်စမှာ ကိစ္စလေးတွေ မလည်ရှုပ်နေလို့ စာရေးဖို့ နေနေသာသာ အသက်ရှင်ကျန်ရစ်တာတောင် ကံကောင်းတယ်လို့ ပြောရမယ်။ အဟွတ်။ တီးရေ ကူညီတာတွေ ကျေးဇူးနော်။ ;)
ဒီနေ့တော့ အကအမျိုးအစားပေါင်းမြောက်များစွာ ရေးလာခဲ့ပြီး ခေါင်းစဉ်အကြီးကြီး တစ်ခုကျန်နေတာ သတိရလို့ touch on လုပ်လိုက်ပါတယ်။ ခေါင်းစဉ်ထဲက မှန်းမိပါပြီ။ ဟုတ်တယ်ဟုတ်။ ရန်ကုန် စင်တင်တေးဂီတ live show ပွဲမှာ ကတဲ့ အနောက်တိုင်း အကတွေပဲ ဖြစ်ပါတယ်။ Youtube မှာ မွှေရင်းနဲ့ collection လေးလုပ်ထားတယ်ပေါ့။ အားလုံး သိပြီးသားသီချင်းတွေပါ။ ပေဖူးကတော့ အပိုင်း(၁)၊ အပိုင်း(၂) ခွဲရေးဖို့ စီစဉ်ထားပါတယ်။ အကောင်းလေးတွေနဲ့ပဲ စလိုက်ရအောင်။ အပိုင်း(၂)ကျမှပဲ ဝေဖန်ရေးပေါ့။ ဒီအဆိုတော်တွေနဲ့ သိရင်လဲ personally မယူဘဲ ဖတ်၊ ကြည့်၊ နားထောင်လိုက်ကြရအောင်။

Rebecca Win – ငါတော့ မှားပြီ
ခေတ်သစ် modern အကဆိုရင်တော့ အဆိုတော်တွေထဲမှာ ရေဗက္ကာဝင်းကို အကြိုက်ဆုံးပါပဲ။ အသံအားကောင်းသလို အကတွေကိုလဲ လိုက်နိုင်ပါတယ်။ သူကတော့ များသောအားဖြင့် Uranium ယူရေနီယမ်အကအဖွဲ့နဲ့ တွဲကပါတယ်။ သူ့သီချင်းအသစ်တွေတော့ ရှိမှာပေါ့နော်။ ပိုကောင်းတဲ့ အကတွေပေါ့။ ဒါပေမဲ့ ပေဖူးလွှာက ရန်ကုန်မှာ နေတည်းက ဗမာ့ခေတ်ပေါ်ဂီတဆို တစ်နှစ်လောက် ခေတ်နောက်ကျနေတာ။ Acid အဖွဲ့ထွက်တုန်းကဆို အဲဒီနှစ်သင်္ကြန်ရောက်မှ သိတာ။ သူငယ်ချင်းတွေ အကုန်လုံးက လိုက်ဆိုနေတာ ပေဖူးက ငုတ်တုတ်။ ဟား ဟား။
ထားပါတော့လေ။ သီချင်းလေးကို ပြန်သွားမယ်။ အသံအား မကျသလို အကကလဲ ၉၀ရာခိုင်နှုန်း perfect ပဲ။ တချို့နေရာလေးတွေမှာ sync မညီတာကလွဲလို့ Rebecca Win ဟာ ပေဖူးလေးစားတဲ့ ဗမာအဆိုတော် တစ်ယောက်ပါ။ အဲ…ဒါပေမဲ့ သူလဲ လွဲတတ်တယ်နော်။ သူ့ရဲ့ chaos သီချင်းတစ်ပုဒ်ကို အပိုင်း(၂)မှာ တင်ဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် “မှားသွားပြီ” သီချင်းဟာ ပေဖူးရဲ့ playlist ထဲက တစ်ပုဒ်ပေါ့နော်။



ရဲလေး ft. ရေဗက္က၀င်း - On the Stage
ဒါကတော့ Live Show မဟုတ်ပါဘူး။ Rebecca Win လဲ ပါဘူး။ ရဲလေးနဲ့ မိုးဟေကို သရုပ်ဆောင်ထားတာပါ။ သီချင်းကတော့ ဘာညာဘာညာအကြောင်းလေးပေါ့။ ဖြစ်တတ်တဲ့ အကြောင်လေးတွေပေါ့။ အဟိ။ မိုးဟေကိုက သေချာတော့ က, မသွားဘူးဗျ။ ဂျင်းဘောင်းဘီကျပ်နေတယ်လို့ ယူဆရတယ်။ ဒါပေမဲ့ သူ camera ကို ပေးတဲ့ angle တွေ တော်တော်ကောင်းတယ်။ သီချင်းလေးက မြူးမြူကြွကြွလေးဆိုတော့ မဆိုးပါဘူး။


ဆေးကျောင်းသား
Blueberry ကို စသိတာ ဒီသီချင်းလေးနဲ့ပါ။ အားလုံးပဲ ဘယ်သီချင်းနဲ့ စသိလဲတော့ မသိဘူး။ သူတို့ နောက်ခံဆိုထားတာ မဟုတ်ဘဲ တကယ်ဆိုထားတာဆိုရင်တော့ လေးစားစရာပါ။ ကကွက်တွေက တကယ်မောတဲ့ အကွက်တွေ ပါပါတယ်။ ထွန်းသစ်စ အနုပညာရှင်လေးတွေ အနေနဲ့တော့ တော်တော်လေးကို impression ပါပါတယ်။ ပရိသတ်တွေကလဲ Blueberry ဆိုပြီး သိသွားစေတာပေါ့။ တချို့နေရာတွေမှာ ကကွက်တွေ မြန်လွန်းတော့ sloppy ဖြစ်သွားတာကလွဲရင် special ပါပဲရှင်။



တင့်တင့်ထွန်း
အကတွေ အကြောင်း ပြောရင်တော့ တင့်တင့်ထွန်းဆိုတာ မပါမဖြစ်ပါ။ သူက ဆရာမကြီးလေး။ အဟိ။ ဒီ live show လေးက ကြာခဲ့ပါပြီ။ အကကွက်တွေကတော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ show ပြီးတော့ အသံ quality အတွက် dubbing ပြန်လုပ်တာကိုတော့ မကြိုက်ဘူး။ ဒါပေမဲ့ တင့်တင့်ထွန်းဆိုတာတော့ legendary ပဲ။ အသက် ၄၀ ကျော်တာတောင် နောက်ပေါက်တွေ လိုက်မမီတဲ့ ဆရာမကြီးပေါ့။


ကောင်းမြတ်လေး
ဟိုတစ်ခေါက်က အင်တာဗျုးတစ်ခုမှာ ကောင်းမြတ်လေးပြောတာကို သဘောကျမိတယ်။ ကျနော်က အကနောက်ခံထည့်တယ်ဆိုတာ ကိုယ့်သီချင်း ပိုပြီး ကြွလာစေချင်လို့။ ကျနော့်ကတော့ လိုက်ကလို့ အသံ ကွာလတီကျတာ လုံးဝအဖြစ်မခံဘူးတဲ့။ သူတကယ် live show တွေမှာ အသံ ဘယ်လိုနေလဲတော့ မသိပါ။ (ပေဖူးလွှာ ရန်ကုန်မှာတုန်းက show ဆို တစ်ပွဲမှ မရောက်လိုက်ဘူး။ မယုံမရှိနဲ့ တကယ်။ အမေကတောင် သွားချင်ရင် သွားပါ။ ပိုက်ဆံပေးပါ့မယ်တဲ့။ ပိုက်ဆံတော့ ယူလိုက်တယ်။ ရှိုးတော့ မရောက်လိုက်ဘူး။ အဟိ)
သူ့ dancer group က တော်တော်ကောင်းပါတယ်။ sync လဲ မဆိုးဘူး။ ကကွက် choreography တွေလဲ ကောင်းတယ်။ အသံကတော့ ဗမာရှိုးတွေရဲ့ ထုံးစံအတိုင်း နောက်က ပြန်ထပ်ထားတဲ့ အတွက် စတူဒီယိုထဲမှာ ဆိုတဲ့ အသံ ကွာလတီအတိုင်းပေါ့။ ပေဖူး ဘာလို့ ဒါတွေ ပြောလဲဆိုတော့ နောက်တင်မယ့် အပိုင်း(၂)မှာ ဗရုတ်သုက္ခပေါင်း မြောက်မြားစွာကို စိတ်မကောင်းစွာ ထိုင်ကြည့်ခဲ့ရလို့ ပါပဲ။


နောက်တစ်ပါတ် အပိုင်း(၂) ဆက်မယ်နော်
ပျော်ရွှင်ကြပါစေ
ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

Tuesday, September 23, 2008

သုံးရက်ကျမှ


နိုင်ငံတကာ အမျိုးသမီး ညီလာခံတစ်ခု ကျင်းပသည်။ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး အများအပြား တက်ရောက်ကြသည်။

အမေရိကန် အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကိုပြောပြသည်။
"ကျွန်မ ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကို ပြောလိုက်တယ်။ ကျွန်မ သန့်ရှင်းရေး မလုပ်နိုင်ဘူး၊ အိမ်မရှင်းနိုင်ဘူးလို့။ အဲ့ဒီနောက် သူ့ကို တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သူပုံးတစ်ပုံးနဲ့ ပြန်ရောက်လာတယ်။ ပုံးထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က သန့်ရှင်းရေး လုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်"

အင်္ဂလိပ် အမျိုးသမီး အလှည့်ရောက်လာသည်။
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ ထမင်း မချက်နိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူးလို့။ တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သေတ္တာတစ်လုံးနဲ့ ပြန်ရောက်လာတယ်။ သေတ္တာထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်။

မြန်မာအမျိုးသမီး အလှည့်သို့ ရောက်လာရာ ...
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ တံမြက်စည်း မလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်ပေးနိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူး။ တစ်ရက် မမြင်ရဘူး။ နှစ်ရက်မမြင်ရဘူး။ အဲ့.. သုံးရက်မြောက်နေ့မှာ ဘယ်ဖက် မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်" :D :D :D

Source : mmcp

ဆက်ဖတ်ရန်...(To Continue)

Monday, September 22, 2008

အရေးကြီးသောအရာတစ်ခု

Something Important
Photo Info : A snap mobile-camera shot of a sticky note artwork that I made.

ဆက်ဖတ်ရန်...(To Continue)

ဘ၀ = အခက်အခဲ


ဘ၀ ဆိုတာ အခက်အခဲ

"ဘ၀ဆို တာ အခက်အခဲ" ဆိုတာ အမြဲတမ်း မှန်ကန် နေတဲ့ အမှန်တရား ပင်တည်း။ ကျွန်တော်တို့ တတွေ ဤအမှန်တရား ကိုသာ မြင်နိုင်မယ် နားလည် နိုင်မယ် ဆိုရင် ကျွန်တော်တို့ ဘ၀ ရှေ့ရေး အတွက် အများကြီး ပိုပြီး အထောက် အကူ ရရှိပါ လိမ့်မယ်။ [ဘ၀ = အခက်အခဲ] ဆိုတဲ့ သဘော တရားကို အပြည့်အ၀ လက်ခံ ယုံကြည် နိုင်ပြီ ဆိုရင်၊ "ကျွန်တော်တို့ရဲ့ ဘ၀ဟာ ခက်ခဲလှပါတယ်" ဆိုတဲ့ နိယာမက ကျွန်တော်တို့ကို ဆက်လက်ပြီး ဒုက္ခ ပေးနေမှာ မဟုတ်တော့ ပါဘူး။

လူ တော်တော် များများက "ဘ၀ ဆိုတာ အခက်အခဲ" ဆိုတဲ့ ရိုးရှင်း လှတဲ့ အမှန် တရားကို မြင်နိုင်စွမ်း မရှိကြပါဘူး။ တကယ်တော့ လူတွေဟာ ဒီ အမှန် တရားကို မမြင်နိုင်တဲ့ အပြင် သူတို့ရဲ့ ဘ၀တွေကို အပြစ် ပြောကြပါတယ်။ ငြီးညူ ကြပါတယ်။ လူတွေဟာ သူတို့ရဲ့ ဘ၀မှာ ကြုံတွေ့ နေရတဲ့ အခက် အခဲတွေ၊ ပြဿနာတွေ၊ နာကြည်းချက်တွေ၊ အစ ရှိတာ တွေက သူတို့ရဲ့ ဘ၀ကို မရောက်သင့်ပဲ ရောက်လာကြတယ်၊ မဖြစ်သင့်ပဲ ဖြစ်လာကြတယ်၊ ဆိုပြီး သူတို့ရဲ့ ဘ၀၊ မိသားစု၊ ပညာရေး၊ အချစ်ရေး၊ တိုင်းပြည်၊ လူမျိုး တွေအတွက် ငြီးညူကြတယ်၊ အပြစ် ပြောလေ့ ရှိကြပါတယ်။ မိမိ ကိုယ်ကို အပြစ်တင်ကြပါတယ်၊ ဒါ့အပြင် တစ်ခြားသူတွေကို အပြစ်ပြောကြပါတယ်။ တကယ်တော့ ဘ၀ဆိုတာ ပြဿနာရထားတွဲကြီး တစ်တွဲပါ။ ဒီပြဿနာတွေကို ဒီလိုပဲ အပြစ်တင်နေရင်း ဘ၀ကြီးကို အဓိပ္ပာယ် ကင်းမဲ့စွာ ဖြတ်သန်း ချင်ပါသလား ? ဒါမှမဟုတ် [ဘ၀ = အခက်အခဲ] ဆိုတဲ့ သဘော တရားကို လက်ခံပြီး ရင်ဆိုင် ဖြေရှင်း ချင်ပါသလား ?

ဘ၀ကို ဘယ်အရာက ခက်ခဲအောင် လုပ်နေသလဲဆိုတော့ ပြဿနာကို ရင်ဆိုင် ဖြေရှင်း နိုင်စွမ်း မရှိခြင်း က ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပြဿနာဆိုတဲ့ အရာတွေက ကျွန်တော်တို့ လူသားတွေကို စိတ်ရှုပ်ထွေးမှုတွေ၊ စိတ်မကောင်းမှုတွေ၊ စိတ်နာကျင်မှုတွေ၊ အထီးကျန်ဆန်မှုတွေ၊ ဒေါသတွေ၊ ကြောက်ရွံ့မှုတွေ၊ စိတ်ညစ်မှုတွေ၊ စိတ်မငြိမ်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ အစရှိတဲ့ အင်မတန် ဆိုးလှတဲ့ ခံစားချက်တွေကို ခံစားစေပါတယ်။ ကျွန်တော်တို့ရဲ့ ဘ၀၊ ကျွန်တော်တို့ရဲ့ စိတ် တွေကို တစ်စုံတစ်ခုက ထိခိုက် စေပြီ ဆိုရင် အဲ့ဒီ တစ်စုံတစ်ခုကို ကျွန်တော်တို့ ပြဿနာလို့ သတ်မှတ် ကြပါတယ်။ ဘ၀မှာ တစ်ကယ်တော့ ဘာဆို ဘာမှ မတည်မြဲပါဘူး။ အမြဲတမ်း ပျော်ရွှင်မှုတွေနဲ့ မတွေ့ကြုံနိုင်သလို အမြဲတမ်း နာကျင်တာတွေပဲ မရှိနိုင်ပါဘူး။

အခက်အခဲဆိုတာ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်း ကြားမှာ ရှိနေတဲ့ ကြားခံနယ်မြေ ဖြစ်တဲ့ ဆက်သွယ်ပေးမယ့် တံတား တစ်ခုဆိုလည်း မမှားပါဘူး။ ကျွန်တော်တို့ ဘ၀မှ ရှိတဲ့ ပြဿနာတွေ အခက်အခဲတွေက ကျွန်တော်တို့တွေရဲ့ သတ္တိ နဲ့ အသိဥာဏ် စွမ်းရည် တွေကို ရှင်သန် လာအောင် ပျိုးထောင် ပေးပါတယ်။ အခက်အခဲ တစ်ခု ပြီးသွားတိုင်း ပြီးသွားတိုင်း ကျွန်တော်တို့တတွေ ဘ၀မှာ သင်ခန်းစာတွေ ရရှိကြပါတယ်။ ကျွန်တော်တို့တတွေ ပိုပြီး ပိုပြီး ရင့်ကျက်လာကြပါတယ်။ ကျွန်တော်တို့လူတွေရဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းအား ဆိုတဲ့ အရာနဲ့ ဒီပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းလာရင်း၊ ဒီပြဿနာတွေ ထဲမှာ တစ်စနဲ့ တစ်စ ဘ၀ရဲ့ သင်ခန်းစာတွေကို သင်ယူလာရင်း သင်ယူလာရင်း ဘ၀မှာ ရှင်သန်တတ်မယ် ဆိုရင်၊ ပိုပြီး ရင့်ကျက် လာတတ်မယ် ဆိုရင်၊ ပြဿနာဆိုတဲ့ အရာဟာ ဘ၀မှာ ကြောက်စရာ တစ်ခု၊ မကောင်းတဲ့အရာ တစ်ခုလို့ သတ်မှတ်မှာ မဟုတ်တော့ပါဘူး။

ပြဿနာဆိုတဲ့ အရာကို ရှောင်ပုန်း တာထက် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းတာက အကျိုး အများကြီးရှိပါတယ်။ ပြဿနာတစ်ခုကို ခေါင်းရှောင် နေရုံနဲ့တော့ အဲ့ဒီ ပြဿနာက ပြီးသွားလိမ့်မှာ မဟုတ်ပါဘူး။ အဲ့လို ရှောင်နေမယ့် အစား ရင်ဆိုင်လိုက်ပြီး အဲ့ဒီ ပြဿနာထဲက သင်ခန်းစာလေးတွေကို ယူတတ်လာမယ် ဆိုရင် ဘ၀မှာ ပြဿနာဟာ ပြဿနာထက် ဘ၀ရဲ့ ပဲ့တင်လမ်းပြပေးတဲ့ အရာဖြစ်လာပါ လိမ့်မယ်။

ကျွန်တော်တို့ တော်တော်များများဟာ ဒီရိုးရှင်းလှတဲ့ သဘောတရားလေးကို နားမလည် ကြပါဘူး။ နာကျင်မှုကို ကြောက်တတ်တဲ့ ကျွန်တော်တို့ လူသားတွေရဲ့ ပင်ကိုယ် စိတ်ဓာတ်က ကျွန်တော်တို့ တွေကို ဒုက္ခပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ အများအားဖြင့် အချိန်ဆွဲလေ့ရှိပါတယ်။ ပြဿနာတွေ၊ နာကျင်မှုတွေကို ဒီလိုနဲ့ ရှောင်ပုန်းပြီး လျစ်လျူရှုထားလိုက်တာနဲ့ သူတို့ တစ်ချိန်မှာ ကျွန်တော်တို့ ဆီကနေ ထွက်သွားလိမ့်မည် ဟူသော မျှော်လင့်ချက်တွေနဲ့ ရင်ဆိုင်နေကြပါတယ်။ ဒီပြဿနာ ဆိုတဲ့ အရာတွေ မရှိပါဘူး ဆိုပြီး အတင်း မေ့ဖို့ ကြိုးစားလေ့ရှိပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ဒီလို ပြုမူခြင်းတွေဟာ ထူးမလာပါဘူး။ အဆုံးမှာတော့ ဒီပြဿနာတွေဟာ ပိုပြီး ကြီးထွား လာပါတယ်။ လွယ်လွယ်ကူကူနဲ့ ဖြေရှင်းရမယ့် ပြဿနာတစ်ခုကို ကြီးထွားလာအောင် မွေးမြူရင်းနဲ့ တစ်ချိန်ကျရင် ပိုပြီး နာကျင် ခံစားရမှာက မိမိတို့ကိုယ်တိုင်ပင် ဖြစ်ပါတယ်။

ပြဿနာကို ရှောင်တိန်းရမယ် ဆိုတဲ့ မှားယွင်းစွာ နားလည်ထားတဲ့ သဘောတရားက ကျွန်တော်တို့ လူသားတွေရဲ့ ပြဿနာတစ်ခုပါ။ ဒီလိုမဖြစ်ရအောင် ဘ၀မှာ ပြဿနာဆိုတာ တွေ့လာတိုင်း၊ သူတို့ကို ရန်သူသဖွယ် သတ်မှတ်ပြီး ကွေကွင်း ရှောင်ပြေးနေတာထက် "ဒါဟာ ငါ့ဘ၀အတွက် ငါ့ရဲ့ စိတ်ကို ရှင်သန် ရင့်ကျက်စေမယ့် အရာ တစ်ခု" လို့ သတ်မှတ်ပြီး ပြဿနာတွေကို သူငယ်ချင်းသဖွယ် ရင်ဆိုင် တတ်မယ် ဆိုရင် ကျွန်တော်တို့ရဲ့ ရှုပ်ထွေး ခက်ခဲ ပြီး စိတ်ညစ်စရာတွေနဲ့ ပြည့်နေတတ်တဲ့ ဘ၀ဟာ အင်မတန် တိုးတောင်း လှသော အချိန်လေး အတွင်းမှာတင် အလွန် သာယာလှပပြီး အမြဲတမ်း သင်ယူစရာတွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀တစ်ခု အဖြစ် ပြောင်းလဲ သွားမှာ မလွဲသေချာ မှန်ကန်ကြောင်း ကျွန်တော်ယုံကြည် မိပါသည်။

လူသားတွေ ပြဿနာကို ရှောင်ပုန်းခြင်းမှ ကင်းဝေးကြပါစေ။
Tea

ဆက်ဖတ်ရန်...(To Continue)

Gtalk ဦးတည်ချက် ၄ ရပ်



မှတ်ချက် - မြန်မာအစိုးရကို အားကျသဖြင့်

၁။ အီစီကလီ စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး

၂။ Chatting ကို အခြေခံ၍ အခြား ဖွန်ကြောင်ခြင်း ကဏ္ဏများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး

၃။ ပြည်တွင်း ပြည်ပမှ ရုပ်ရည်ရှိသော လူများအား ဖိတ်ခေါ် (Invite) ၍ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး

၎။ ဖြစ်ပေါ်လာသည့် ဆက်ဆံရေးနှင့် အညီ ခေတ်မှီ၍ ရင်ခုန်ဖွယ်ကောင်းသော ဇာတ်လမ်းများ ဆက်လက်ဖန်တီးရေး


Source : mmcp

ဆက်ဖတ်ရန်...(To Continue)

Sunday, September 21, 2008

The Pritzker Architecture Prize


ဒီတစ်ပတ်တော့ ဗိသုကာလောကရဲ့ နိုဗယ်လ်ဆုလို့ သတ်မှတ်ထားတဲ့ ပရစ်ဇ်ကာဆု အကြောင်းကိုပြောပြမယ်။ ဆုချီးမြှင့်တယ်ဆိုတာ လူတွေရဲ့ စိတ်အားထက်သန်မှု ကြိုးစားအားထုတ်မှုတွေကို မြှင့်တင်ပေးစေတယ်။ အဲ့အတွက်တင်မကပဲ လူတွေရဲ့ ထူးချွန်မှု၊ ကိုယ်ထက်သန်ရာအပေါ် စိတ်အားလူအား နှစ်မြုပ်နိုင်ပြီး ထူးထူးခြားခြားစွမ်းဆောင်နိုင်မှုတွေကို လေးစားလို့ အသိအမှတ်ပြုတဲ့ သဘောအတွက်ဆိုလဲ ဟုတ်ပါတယ်။

ဒီ ပရစ်ဇ်ကာဆု ရဲ့ ရည်ရွယ်ချက်ကတော့ တစ်နှစ်တစ်ခါ သက်ရှိထင်ရှားရှိနေတဲ့ ဗိသုကာပညာရှင် တစ်ယောက်ကို ၄င်းရဲ့ ပင်ကိုယ်အရည်အချင်း၊ အတွေးအမြင်တွေအားလုံး နှလုံးအစုံနှစ်မြုပ် ပေါင်းစပ်ထားတဲ့ ဗိသုကာပညာနဲ့  လူသားတွေရဲ့ အကျိုး၊ သဘာဝပတ်ဝန်းကျင်အကျိုးအတွက် အစဉ်အမြဲ ထူးထူးခြားခြား ထင်ထင်ရှားရှား စွမ်းဆောင် ဆောက်လုပ်နိုင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဖြစ်ပါတယ်။


ချီကာဂို အခြေစိုက် The Hyatt Foundation ကနေပြီး ၁၉၇၉ခုနှစ်မှာ ဒီဆုကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒီဆုကို ဗိသုကာလောကရဲ့ သြဇာအရှိဆုံး အခန်းအနားဆုံးဆု သို့မဟုတ် ဗိသုကာနိုဗယ်လ်ဆု လို့ သမုတ်ကြတယ်။ ဒီဆု က ပရစ်ဇ်ကာမိသားဆု ကိုအစွဲပြုခေါ်ထားတာပါ။ သူတို့မိသားစုက ပညာရေး၊ လူမှုရေး၊ ဆေးပညာ၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှု တွေအတွက် အစဉ် ထောက်ပံ့ပေးသူတွေ အဖြစ် နာမည်ရှိပါတယ်။ ဒီဆုကို ဂျေး အေ ပရစ်ဇ်ကာ (Jay A. Pritzker) က သူ့ဇနီး စင်ဒီ (Cindy) နဲ့ အတူ ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ သူကတော့ ၁၉၉၉ ဇန်န၀ါရီ ၂၃ မှာ ကွယ်လွန်သွားပါတယ်။ သူ့ရဲ့သားအကြီးဆုံးဖြစ်တဲ့ သောမတ်စ် ဂျေ. ပရစ်ဇ်ကာ (Thomas) က Hyatt Foundation ရဲ့ ဥက္ကဌ ဖြစ်လာပါတယ်။

တွမ် ပရစ်ဇ်ကာ က ဒီလိုပြောပါတယ်။ ချီကာဂိုသားတွေအတွက် ကျွန်တော်တို့မိသားစု ဗိသုကာပညာကို အထူးသတိပြုမိတာ မဆန်းပါဘူး။ ကျွန်တော်တို့မြို့က မိုးမျှော်တိုက်တွေ မွေးဖွားရာ၊ သမိုင်းဝင် ဗိသုကာပညာရှင်တွေ ဒီဇိုင်းဆွဲ ဆောက်လုပ်တဲ့ အဆောက်အအုံတွေနဲ့ ပြည့်နှက်ရာနေရာဖြစ်လို့ပါပဲ။ ချီကာဂိုရဲ့ ဗိသုကာ က ကျွန်တော်တို့ကို ဗိသုကာလောကရဲ့ အထင်ရှားဆုံးနေရာသို့ ပို့ဆောင်ပေးသလို ကျွန်တော်တို့ ဆောက်လုပ်နေတဲ့ ဟိုတယ်တွေကလဲ ဗိသုကာ ပညာရဲ့ လူသားတွေ နေထိုင်လုပ်ရှားမှုတွေအပေါ် သက်ရောက်စေမှုကို သတိပြုမိစေပါတယ်။ ဒါကြောင့်မလို့ ၁၉၇၈ခုနှစ်မှာ ကျွန်တော်တို့တွေ သက်ရှိထင်ရှားရှိနေတဲ့ ဗိသုကာပညာရှင်တွေကို အသိအမှတ်ပြုဖို့ အကြံအစည်နဲ့ တုံ့ပြန်နိုင်ခဲ့ပါတယ်။ ကျွန်တော့် အဖေနဲ့ အမေ (ဂျေးနှင့်စင်ဒီ ပရစ်ဇ်ကာ) က အဓိပ္ပါယ်ရှိလှတဲ့ ဆုကို ချီးမြှင့်တဲ့အတွက် လူထုရဲ့ အဆောက်အအုံတွေရဲ့ ဗိသုကာလက်ရာတွေကို ပိုမို ကျယ်ပြန့်စွာ သတိပြုမိနိုင်တဲ့အပြင် ဗိသုကာပညာရှင်တွေ ကိုယ်တိုင်လည်း တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကို ပိုမို မြှင့်တင်နိုင်စေတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်လည်း ကျွန်တော့်မိသားစုရဲ့ အစဉ်အလာကို ဆက်လက်သယ်ယူခွင့်ရလို့ အလွန် ဂုဏ်ယူမိပါတယ်။ ကဲ စာဖတ်ပရိသတ်လည်း ဒီမိသားစုရဲ့ ဗိသုကာကို လေးစားတန်ဖိုးထားတဲ့ အကြောင်းသိလောက်ရောပေါ့။

ဆုချီးမြှင့်တဲ့ လုပ်ငန်းစဉ်နဲ့ ဆုလဒ်တွေ တော်တော်များများက နိုဗယ်ဆုရဲ့ ပုံစံကို အတုယူထားပါတယ်။ ပရစ်ဇ်ကာ ဗိသုကာဆုရှင်တွေက ဒေါ်လာ ၁၀၀ ၀၀၀၊ အသိအမှတ်ပြု လက်မှတ်နဲ့ ၁၉၈၇ ကတည်းက ချီးမြှင့်တဲ့ ကြေးပြားဆုတံဆိပ်ကို ရရှိပါတယ်။

ဆုကို နိုင်ငံတကာမှ အစိုးရ ခေါင်းဆောင်တွေ၊ စာရေးဆရာ၊ ဝေဖန်ရေးဆရာ၊ ပညာရေးသမား၊ ဗိသုကာပညာရှင်၊ ဗိသုကာ အစည်းအရုံးတွေ၊ စက်မှုလုပ်ငန်းရှင်တွေစတဲ့ မည်သူမဆို ကြီးကျယ်ခန်းနားတဲ့ ဗိသုကာ ကို ပိုမို တိုးတက်အောင် စွမ်းဆောင်နိုင်တဲ့ သူတိုင်းရရှိနိုင်တယ်။ မည်သည့်နိုင်ငံသား မည်သည့်လူမျိုးမဆို မည်သည့် ယုံကြည်ချက်ရှိရှိ ခွဲခြားမှုမရှိပဲ ချီးမြှင့်ပါတယ်။

နာမည် တင်သွင်းခြင်း လုပ်ငန်းစဉ်ကို နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလမှာ ပိတ်ပါတယ်။ အဲ့လ နောက်ပိုင်း တင်သွင်းလာတဲ့ သူတွေကို နောက်နှစ်ထဲမှာထည့်ပါတယ်။ ယခုချိန်ထိ အမည်တင်သွင်းသူပေါင်း ၅၀၀ ကျော်ရှိပြီး နိုင်ငံပေါင်း ၄၇နိုင်ငံရှိပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ နိုင်ငံတကာ အမှတ်ပေးဒိုင်တွေက လျှို့ဝှက်မဲပေးစနစ်နဲ့ အသေးစိတ်မဲခွဲ ဆုံးဖြတ်ပါတယ်။

ကြေး ဆုတံဆိပ်ကို ချီကာဂိုရဲ့ နာမည်ကျော် ဗိသုကာပညာရှင် မိုးမျှော်တိုက်တွေရဲ့ဖခင် Louis H. Sullivan ရေးဆွဲထားတာပါ။ ဆုတံဆိပ်ရဲ့ တစ်ဖက်မှာ ပရစ်ဇ်ကာဆုရှင်နာမည်ကို ကဗ္ဗည်းထိုးဖို့ နေရာ ထားရှိပါတယ်။ နောက်တစ်ဖက်မှာတော့ တည်တံ့ခိုင်မာမှု၊ အသုံးဝင်မှု၊ ၀မ်းမြောက်စေမှု (firmness, commodity, delight) လို့ ရေးထိုးထားတယ်။ Henry Wotton ရဲ့ quote ဖြစ်တဲ့ “ အကျိုးရလဒ်က အကောင်းဆုံးဆောက်လုပ်နိုင်ဖို့။ အကောင်းဆုံး ဆောက်လုပ်နိုင်မှုဟုဆိုရာ ဤအခြေနေ သုံးခုပေါ်မူတည်တယ်။ အသုံးဝင်မှု၊ ခိုင်မာမှု၊ ၀မ်းမြောက်စေမှုတွေ။” ကနေ နုတ်ယူသုံးဆွဲထားတာပါ။
ခုနှစ်အလိုက် ဆုရရှိသူတွေရဲ့စာရင်းကို အောက်မှာဖော်ပြထားပါတယ်။ စာဖတ်သူတွေ စိတ်ဝင်စားရင် ဂူဂဲလ်လိုက်ကြ ပေါ့ဗျာ။ အောက်ပါပုံစံ အတိုင်း ရေးထားပါတယ်။
ခုနှစ်
ဆုရရှိသူအမည်၊ နိုင်ငံ
ဆုချီးမြှင့်ရာ နေရာ
1979
Philip Johnson of the United States
presented at Dumbarton Oaks, Washington, DC

1980
Luis Barragán of Mexico
presented at Dumbarton Oaks, Washington, DC

1981
James Stirling of Great Britain
presented at the National Building Museum, Washington, D.C.

1982
Kevin Roche of the United States
presented at The Art Institute, Chicago, Illinois

1983
Ieoh Ming Pei of the United States
presented at The Metropolitan Museum of Art, New York, New York

1984
Richard Meier of the United States
presented at the National Gallery of Art, Washington, DC

1985
Hans Hollein of Austria
presented at the Huntington Library, Art Collections and Botanical Gardens, San Marino, California

1986
Gottfried Boehm of Germany
presented at Goldsmiths' Hall, London, England

1987
Kenzo Tange of Japan
presented at the Kimbell Art Museum, Fort Worth, Texas

1988
Gordon Bunshaft of the United States
and Oscar Niemeyer of Brazil
presented at The Art Institute, Chicago, Illinois

1989
Frank O. Gehry of the United States
presented at Todaiji Buddhist Temple, Nara, Japan

1990
Aldo Rossi of Italy
presented at Palazzo Grassi, Venice, Italy

1991
Robert Venturi of the United States
presented at Palacio de Iturbide, Mexico City, Mexico

1992
Alvaro Siza of Portugal
presented at the Harold Washington Library Center, Chicago, Illinois

1993
Fumihiko Maki of Japan
presented at Prague Castle, Czech Republic

1994
Christian de Portzamparc of France
presented at The Commons, Columbus, lndiana

1995
Tadao Ando of Japan
presented at the Grand Trianon and Chateau of Versailles, France

1996
Rafael Moneo of Spain
presented at the construction site of The Getty Center, Los Angeles, California

1997
Sverre Fehn of Norway
presented at the construction site of The Guggenheim Museum, Bilbao, Spain

1998
Renzo Piano of Italy
presented at The White House, Washington, D.C.

1999
Sir Norman Foster of the United Kingdom
presented at the Altes Museum, Berlin, Germany

2000
Rem Koolhaas of The Netherlands
presented at the Jerusalem Archaeological Park, Israel

2001
Jacques Herzog and Pierre de Meuron of Switzerland
presented at Thomas Jefferson's Monticello, Virginia

2002
Glenn Murcutt of Australia
presented at Michelangelo's Campidoglio, Rome, Italy

2003
Jørn Utzon of Denmark
presented at The Royal Academy of Fine Arts of San Fernando

2004
Zaha Hadid of the United Kingdom
presented at the State Hermitage Museum of St. Petersburg, Russia.

2005
Thom Mayne of the United States
presented at the Jay Pritzker Pavillion of Chicago's
Millennium Park.

2006
Paulo Mendez da Rocha of Brazil
presented at the Dolmabahçe Palace of Istanbul, Turkey.

2007
Richard Rogers of the United Kingdom
presented at the The Banqueting House of London, England.

၂၀၀၈ ခုနှစ်အတွက် ပရစ်ဇ်ကာဆုရှင်ကတော့ ပြင်သစ်နိုင်ငံမှ Jean Nouvel ဖြစ်ပါတယ်။ ၀ါရှင်တန် ဒီစီ မှာ ချီးမြှင့်ခဲ့ပါတယ်။
အထက်ပါအကြောင်းအရာများကို www.pritzkerprize.com ကနေနုတ်ယူ ဘာသာပြန်ထားပါတယ်။ အဲ့ဒီ့ ၀က်ဆိုက်မှာ ဆုချီးမြှင့်ပွဲအခမ်းအနားတွေ ရဲ့ ဗီဒီယိုတွေ ကြည့်လို့ရသလို ပရစ်ဇ်ကာဆုရှင်တွေ အကြောင်းလည်း ဖတ်လို့ရပါတယ်။
စာဖတ်သူတွေ လည်း ဗိသုကာအကြောင်းပိုမို စိတ်ဝင်စားပြီး တန်ဖိုးထားတတ်လာနိုင်ပါစေလို့ ဆုတောင်းရင်း ဒီတစ်ပတ်တော့ ဒီတွင် ရပ်ပါရစေ။ နောက်အပတ်အတွက် သမိုင်းကို ပြန်လှန်လို့ သမိုင်းခေတ်တစ်ခေတ်ရဲ့ ဗိသုကာ အကြောင်းကို တင်ပြမှာဖြစ်ပါတယ်။ စောင့်မျှော်ဖတ်ရှုကြပါလို့။

လင်းစစ်သူ

ဆက်ဖတ်ရန်...(To Continue)

MSG နှင့် Chinese Restaurant Syndrome

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျန်းမာတော်မူကြပါစ? ၊ အားလုံးနဲ.မတွေ.ရတာတောင်ကြာပြီ။ လင်းစစ်သူ ပြောသလို ကျွန်တော့်ကိုရောမှတ်မိကြပါသေးရဲ.လား၊ စာမေးပွဲက နှိပ်စက်နေလို. Post မတင်နိုင်တာ တော်တော်ကြာသွားတယ်။ တောင်းပန်ပါရစေ။


အခုအပတ် ကျွန်တော် ဆွေးနွေးမယ့် အကြောင်းကတော့ Chinese Restaurant Syndrome ဆိုတဲ့ ရောဂါ အကြောင်းပါ။ ဒီရောဂါတော့ ဟင်းခတ်အချိုမှုန်. (သို.) MSG (Monosodium Glutamate) အရမ်း စားရင် ရတတ်တဲ့ ရောဂါပါ။ ဘာလို.နာမည် ဆန်းဆန်း Chinese Restaurant Syndrome လို.ခေါ်လည်း ဆိုတော့ တရုတ် စားသောက်ဆိုင် တွေက MSG သုံးတာ များတော့ ဒီတရုတ်ဆိုင်တွေမှာ စားသောက်ပြီးရင် ၊ ဒါမှမဟုတ် တစ်ချို. တရုတ် အစားအစာတွေ စားပြီးရင် ဒီရောဂါရဲ. လက္ခဏာလေးတွေ ပေါ်လာတတ်လို.ပဲ ဖြစ်ပါတယ်။ တစ်ချို. ဖြစ်ဖူးတဲ့ သူတွေ ရှိရင် ရှိမှာပါ။ တရုတ် အစားအစာတွေ ချည်းမှာပဲ MSG ပါတာတော့ မဟုတ်ပါဘူး။ MSG ပါတဲ့ အစားအသောက် တွေက အများကြီးပါ။ ပြီးရင် အောက်မှာ MSG ပါတဲ့ အစား အသောက်တွေ အကြောင်း ဆက် ဆွေးနွေး တာပေါ့။ အခုတော့ ရောဂါ လက္ခဏာတွေ အကြောင်း အရင် ပြောပါမယ်။ ရောဂါ လက္ခဏာတွေက ခဏပဲ ဖြစ်တတ်ပြီး ပြီးရင် ဘာဆေး၊ ဘာကုသမှုမှမယူဘဲ ပြန်ပျောက် သွားတတ်ပါတယ် ၊ အသေးစား symptoms လေး တွေပေါ့။


ဖြစ်တတ်တဲ့ရောဂါရဲ. လက္ခဏာတွေကတော့

· ခေါင်းမူး၊ ခေါင်းကိုက်မယ်

· ရင်ဘတ်နည်းနည်းအောင့်မယ်

· ရင်ထဲမှာတစ်လှပ်လှပ်ဖြစ်လာမယ်

· ချွေးစေးတွေပြန်လာမယ်

· ပူထူပြီး မျက်နှာတွေရဲလာမယ်

· ရင်ပူမယ်

· သိသိသာသာရေငတ်လာမယ်

· နှုံးပြီး နွမ်းနယ်လာမယ်။

ဒီရောဂါ လက္ခဏာတွေ ဖြစ်တဲ့အခါ ကြာတဲ့ အချိန်နဲ. ရောဂါ လက္ခဏာရဲ. အတိမ်အနက် ကတော့ စားလိုက်တဲ့ MSG အနည်းအများ ပေါ်မှာပဲ မူတည်ပါတယ်။ ရောဂါ လက္ခဏာ တွေဟာ MSG စားသုံးပြီး ၃၀-၆၀ မိနစ် အတွင်းမှာ ပြနိုင်ပြီး ဘာဆေးမှ မသောက်ဘဲ ၂ နာရီနဲ. ၃နာရီ အတွင်းမှာ ပြန်ပျောက် သွားနိုင်ပါတယ်။ ဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်မှာ MSG များတဲ့ အစာစား လိုက်ရင် ပိုပြီး စုပ်ယူမှု လွယ်ကူစေပြီး သွေးထဲကို များများ ရောက်စေပါတယ် ၊ Chinese restaurant syndrome ရဲ. Symptoms တွေ အလွယ်တကူ ပြနိုင်ပါတယ်။ ဒါကြောင့်၊ တခြား အစာတစ်ခုခု စားပြီးမှ MSG ပါတဲ့ အစာစားရင် MSG ကို ခန္ဓာကိုယ်က စုပ်ယူမှု နည်းစေတယ်လို. ဆိုပါတယ်။

MSG ၀င်လာတဲ့ အခါ ကိုက်ခန္ဓာကိုယ်ရဲ. ဇီဝဖြစ်စဉ် တွေနဲ. အရေးအကြီးဆုံး ကိုယ်ခန္ဓာရဲ. အဖွဲ.အစည်း System ကြီးတွေ ဘယ်လို အပြောင်းအလဲ ဖြစ်လာတယ်ဆိုတာ ကြည့်ကြရအောင်။

မှတ်ချက်။ ။ ဒီရောဂါလက္ခဏာတွေအားလုံးဖြစ်မယ်လို.မဆိုလိုပါ။ MSG ကိုအများကြီးနှစ်ရှည်လများစားမှသာ ဒီရောဂါ လက္ခဏာတွေထဲက တစ်ချို. ပဲဖြစ်မှာပါ။ လူတစ်ဦးချင်းစီရဲ.အခြေနေပေါ်မှာလည်းမူတည်ပါသေးတယ်။


Brain and Nervous System (ဦးနှောက် နှင့်အာရုံကြောအဖွဲ.အစည်း)
MSG ဟာ ကြာကြာသာမှီဝဲစားသုံးမယ်ဆိုရင် ဦးနှောက်ကအာရုံကြောတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။ MSG မှာပါဝင်တဲ့ Glutamate ကများများစားမိရင် ဦးနှောက်က (oligodendrocyte) လို.ခေါ်တဲ့ nerve cell ငယ် လေးတွေကို အရမ်းလှုံ.ဆော်ပေးပြီး ကြာရင် အဲဒီ nerve cell တွေကို သေတဲ့အထိ ဖြစ်စေပါတယ်။ အာရုံကြောတွေဟာ Myelin ဆိုတဲ့အလွှာအုပ်ထားမှ ရရှိလာတဲ့ ပြင်ပက လှုံ.ဆော်မှုတွေကို ဦးနှောက်ကို အမြန်သတင်းပေးပို. ပြီး တုံ.ပြန်မှုတစ်ခုခုလုပ်နိုင်မှာပါ။ ခုဏကသေသွားတဲ့ oligodendrocyte တွေက Myelin ကိုထုတ်လုပ်ပေးတာလေ။ အခု Myelin တွေမထုတ်နိုင်တော့ဘူးဆိုတော့ nerve ရဲ. Conductance ကျတယ်လို.ပြောရမှာပေါ့။ ဒီအခါမှာလူတွေက ထုံထုံထိုင်းထိုင်းလေးလေးလံလံတွေဖြစ်ကုန်တာပဲ။ နားမှာရှိတဲ့ အကြားအာရုံ cell တွေလည်း Glutamate ရဲ. လှုံ.ဆော်မှုကို တော်တော်လေးခံရတဲ့အတွက် နားအူတာဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ဓာတ်ခွဲခန်းမှာ တိရစ္ဆာန်တွေကို MSG နဲ.စမ်းသပ်တဲ့အခါ တိရစ္ဆာန်တွေရဲ.မျက်လုံးက မြင်လွှာ (retina) ဟာ MSG ကြောင့်ပျက်စီးတာတွေ.ရပါတယ်။ လူတွေမှာလည်းအလားတူပဲဖြစ်နိုင်ပါတယ်။


Cardiovascular System (နှလုံး နှင့်သွေးကြော အဖွဲ.အစည်း)
MSG က သွေးပေါင်ချိန် Blood Pressure ကိုတက်စေပါတယ်။ နှလုံးခုန်နှုန်းမြန်စေပြီး ခုန်နှုန်းမမှန်ဖြစ်စေနိုင်ပါတယ်။ နှလုံးအောင့်ရောဂါ (Angina) နဲ. သွေးတိုးရောဂါအတွက် သုံးတဲ့ ဆေး (Calcium Channel Blocker) ရဲ. အာနိသင်ကို MSG ကကျစေတယ်လို.ဆိုပါတယ်။ Glutamate က သွေးကြောတွေရဲ.အရွယ်အစားကို ကျဉ်းစေပါတယ်။ ဦးနှောက်က သွေးကြောတွေကိုပါ ကျဉ်းတဲ့အတွက် အပေါ်မှာဖော်ပြခဲ့တဲ့ ခေါင်းကိုက်တာကိုဖြစ်စေနိုင်တာပါ။


Respiratory System (အသက်ရှူလမ်းကြောင်းအဖွဲ.အစည်း)
တချို.သောလူတွေမှာ MSG ကြောင့်ပန်းနာရင်ကြပ် Asthma ရောဂါကို ယာယီပိုဆိုးစေတယ်လို. Johns Hopkins တက္ကသိုလ်ရဲ. သုတေသနပြုလုပ်ချက်အရသိရပါတယ်။


Digestive System (အစာခြေအဖွဲ.အစည်း)
MSG ဟာ သည်းခြေရည် (bile) ဖြစ်ပေါ်တာကို ကျဆင်းစေပါတယ်။ Bile ကစားလိုက်တဲ့အဆီ Fat တွေကို ချေဖျက်ပြီးအူတွေကနေ စုပ်ယူဖို.လုပ်ပေးပါတယ်။ သူမရှိတဲ့အခါကျတော့ အဆီတွေကိုမစုပ်ယူတော့ဘဲ ဒီအတိုင်း အူတွေကနေ အပြင်ကိုဝမ်းထဲကနေစွန်.ပစ်တဲ့အတွက် Fatty Diarrhoea (သို.) Steatorrhoea (၀မ်းထဲမှာအဆီတွေပါလာတဲ့ condition) ဖြစ်နိုင်ပါတယ်။ Glutamate တွေရှိနေတဲ့အတွက်ကြောင့် ဆီးချိုရောဂါကိုပိုဆိုးစေမှာဖြစ်ပါတယ်။



ဒီရောဂါ လက္ခဏာတွေ မဖြစ်အောင် ဘယ်လိုဆင်ခြင်မယ် ဘယ်လိုအစားအစာတွေကို ရွေးချယ်စားသုံးမယ် ဆိုတာကို ဆက်ဆွေးနွေးကြည့်ရအောင်။ MSG ပါတဲ့အစားအသောက်တွေကတော့ပြောရမယ်ဆိုရင် တစ်နေ.လုံးထိုင်ပြောတောင်ကုန်မှာမဟုတ်ဘူး။ MSG ကအရသာထူးတော့ စားသောက်ဆိုင်တွေက များသောအားဖြင့် အကုန်သုံးကြတာချည်းပါပဲ။ Snack food တွေမှာလည်းပါတာချည်းပါပဲ။ ဒါပေမယ့် U.S. မှာ အမေရိကန် အစားအသောက်ကြီးကြပ်ရေးအဖွဲ. FDA ရဲ.ညွှန်ကြားချက်အရ အစားအစာရဲ. Ingredient list မှာ MSG ပါဝင်ကြောင်းရေးရပါတယ်။ နည်းနည်းလေးပါတယ် ဆိုရင်တောင်ရေးရပါတယ်။ ဒါမှ အစားအစာ ၀ယ်ယူသူတွေက MSG ပါဝင်ကြောင်း သိပြီး ရှောင်သင့်ရင် ရှောင်လို.ရအောင်ပါ။ ဒါပေမယ့် Glutamate ရဲ. သဘာဝSource တွေဖြစ်တဲ့ Soy ၊ Soy Sauce(ပဲငံပြာရည်) ၊ နွားနို. ၊ ဂျုံ ၊ cheese တွေကိုတော့ MSG ပါဝင်ကြောင်း မရေးတော့ပါဘူး၊ ဥပမာ-MSG ကို တစ်ကယ်မထည့်ပဲ ကြော်ထားတဲ့ ထမင်းကြော်မှာ source ဖြစ်တဲ့ ပဲငံပြာရည် ထည့်ထားတယ်ဆိုရင် No MSG လို. Label တပ်နိုင်ပါတယ် ဆိုတာပါပဲ။ ဒါကြောင့် အခုနောက်ပိုင်း တရုတ်စားသောက်ဆိုင် တွေမှာ No MSG ဆိုပြီးရေးထားကြပြီလေ။ ဒါပေမယ့်လည်း သူတို.က MSGရဲ. source တွေကိုသုံးနေတာပါပဲ။ အောက်ကပုံမှာ Glutamate ရဲ. Source တွေ နဲ. Glutamate များများပါတဲ့ အစားအစာတွေကို ပြထားပါတယ်။


MSG ကိုအသင့်စား အစားအသောက်တွေမှာ အများဆုံးထည့်သုံးကြတာတွေရပါတယ်။ အထူးသဖြင့် အသားတွေ၊ အကင်တွေ၊ ကြက်အူချောင်း၊ ၀က်အူချောင်းတွေ၊ Dorito လိုမျိုး snack food တွေ၊ Mc Donald's, Burger King, KFC, Taco Bell စတဲ့ ဟမ်ဘာဂါ၊ ကြက်ကြော်ဆိုင်တွေက အစားအစာတစ်ချို. မှာ MSG ကိုသုံးနေဆဲ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာပြည်က ဆိုင်တွေမှာရောင်းတဲ့အစားအစာ အကုန်နီးပါး MSG ပါပါတယ်။ အာချီနိုမိုတိုအချိုမှုန်.လေ။ အဲဒါကို အရမ်းသုံးကြတာ။ လူတွေကလည်းကြိုက်ကြတယ်။ အခုနောက်ပိုင်းတော့ ရှောင်တဲ့လူတွေရှိလာပါတယ်။ ဒါပေမယ့် စားမှန်းမသိ စားနေကြတာပါပဲ။ korean တွေစားတဲ့ ကင်(မ်)ချီမှာ လည်း MSG ပါတယ်။ ဂျပန်တွေစားတဲ့ sushi က seaweed ကလည်း MSG ရဲ. Source ဖြစ်တယ်။ ပြောရရင် MSGမပါတဲ့ စားစရာဆိုတာ ရှိမှာတောင်ရှိမှာမဟုတ်တော့ဘူး။

တကယ်လို. MSG ရဲ.ဆိုးကျိုးတွေကိုကြောက်လို. ရှောင်ချင်ပါတယ်ဆိုရင်ဘာတွေစားကြမလဲ။ ရှင်းပါတယ်။ အရည်ရွှမ်းတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေများများစားပေါ့၊ အသားဆိုရင်လည်း ကိုယ့်ဟာကိုယ် အိမ်မှာလှီးဖြတ်ပြီးချက်ပြုတ်စား၊ လုပ်ပြီးသား အသင့်ချက်ပြုတ်စား အစားအစာတွေကိုရှောင်နိုင်သမျှရှောင်။ နောက်ပြီးဒီစာဖတ်သူထဲမှာ Dorito ကြိုက်တဲ့သူရှိလား၊ ကြိုက်ပေမယ့် လျှော့စားသင့်တယ်။ တခြား fast food တွေရောပဲ လျှော့စားပါ၊ စေ့အဆံတွေ ဥပမာ- almond ဆိုရင်လည်း ဘာမှ အချို အငံ ထည့်မထားတဲ့ ဟာမျိုးကိုပဲစားပါ။ ဟင်းချိုတွေမှာ MSG ပါတတ်တာကို တွေ.ရတတ်ပါတယ်။ ဥပမာ- အပြင်က၀ယ်စားတဲ့ မုန်.ဟင်းခါးဟင်းရည်ဆို MSG ကိုရှယ်ထည့်ထားတာ။ ဒါကြောင့် ဟင်းချိုဆိုရင် ကိုယ့်ဟာကိုယ် ချက်သောက်တာ အကောင်းဆုံးပါပဲ။ဒါကြောင့် ဘယ်အစားအစာမဆို သိပ်မ၀ယ်စား ပဲကိုယ့်ဟာကိုယ် အချိုမှုန်.မထည့်ပဲ ချက်စားကြပါလို.ပြောချင်ပါတယ်။ ဒါဆိုရင် Chinese Restaurant Syndrome ဆိုတာလည်းမဖြစ်တော့ပဲ ကျန်းကျန်းမာမာနေနိုင်မှာဖြစ်ပါတယ်။……….

ဒီအပတ်တော့ ဒီလောက်ပါပဲ။ post တင်တာနောက်ကျတဲ့ အတွက်လည်းအားလုံးကိုထပ်ပြီးတောင်းပန်ပါတယ်။

ဒေါက်တာရမ်းကု

Source

- http://en.wikipedia.org/wiki/Chinese_restaurant_syndrome

- http://www.msgtruth.org

- http://www.fda.gov/opacom/backgrounders/msg.html

ဆက်ဖတ်ရန်...(To Continue)

ဆေးစွမ်းကောင်း


"ဒီမှာ အင်မတန် အစွမ်းထက်တဲ့ ဆေးတွေပါတယ်" လမ်းဘေးတွင် ဆေးရောင်းနေသူ တစ်ဦးက ၀ိုင်းအုံကြည့်နေသူများအား အော်ဟစ် ပြောလိုက်သည်။

"ခဏလောက် ကျုပ်ကို ကြည့်လိုက်စမ်းပါ၊ ဒီဆေးကို မှန်မှန်မှီဝဲ နေတဲ့အတွက် ဘာရောဂါမှ မရှိဘဲ ကျန်းမာ နုပျိုနေတယ်၊ တကယ်တော့ ကျုပ် အသက်ဟာ အနှစ် ၃၀၀ရှိပြီ"

"ဟာာ - ဖြစ်နိုင်ပါ့မလား" ပရိသတ်ထဲမှ တစ်ဦးက ဆေးဆရ၏ လက်ထောက်လူငယ်ကို မေးလိုက်သည်။

ထိုလူငယ်က ဖြေလိုက်သည်မှာ "သူ့အသက် ဘယ်လောက်ရှိတယ် ဆိုတာတော့ သေသေချာချာ မပြောနိုင်ဘူး ကျွန်တော်က သူ့ဆီမှာ အလုပ်လုပ်တာ အနှစ် ၁၀၀ပဲ ရှိသေးတယ်"

Source : mmcp

ဆက်ဖတ်ရန်...(To Continue)

Saturday, September 20, 2008

သူ့သမီးကိုယူလိုက်မိလို့


ဇနီးမောင်နှံနှစ်ဦးသည် အိမ်ထောင်သက် ၅၀ပြည့်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပလျက်ရှိရာ ဇနီးဖြစ်သူက ခင်ပွန်းသည် ၏ မျက်လုံးထဲတွင် မျက်ရည်စများ တွေ့ရသဖြင့် "ကျွန်မတို့ အိမ်ထောင်ရေးကို ရှင် ဒီလို တသအောက်မေ့နေလိမ့်မယ်လို့ တစ်ခါမှ မထင်မိဘူး" ဟု ဆိုလိုက်သည်။

ခင်ပွန်းဖြစ်သူက "အဲ့ဒါကို အောက်မေ့တာ မဟုတ်ဘူးဟေ၊ မှတ်မိသေးလား၊ မင်းနဲ့ကိုယ်နဲ့ ချိန်းတွေ့တုန်းက မင်းအဖေကြီး မိသွားပြီး ကိုယ့်ကို ပြောခဲ့တာလေ၊ သူ့သမီးကို မယူရင် အနှစ် ၅၀ထောင်ကျအောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်တာလေ၊ အင်း.. တကယ်တော့ ဒီနေ့ဆိုရင် ကိုယ်ဟာ လွတ်လပ်တဲ့ လူတစ်ယောက် ဖြစ်ရမှာ..."

Source : mmcp

ဆက်ဖတ်ရန်...(To Continue)

မျဉ်းပြိုင်များ၏ ဆန္ဒ

တင်းခံခြင်းနဲ့ လိုက်လျောခြင်းကြား
ပြိုလိုက် ဆောက်လိုက်နဲ့  ဖရိုဖရဲ
နူတ်ဆက်လမ်းခွဲဖို့ 
သွေးပျက်နေပုံများ
မြင်ရတာတောင် ခါး…တယ်….

ပိုင်ဆိုင်ခြင်းနဲ့  ပျောက်ဆုံးခြင်းကြား
အလဲလဲအပြိုပြို သိုဝှက်ငိုကြွေး
သံယောဇဉ်မိုးတွေ
မစဲလိုက်ပုံများ
နူတ်ဆက်ရတော့…မယ်….

ကြေကွဲခြင်းနဲ့ ဝမ်းမြောက်ရွှင်လန်းခြင်းကြား
ငိုတခါ ရီတလှည့် အနက်ရှိုင်းဆုံးရူးသွပ်
“ရှင်ကွဲ” ဆိုတဲ့စကားနှစ်လုံးမှာ
ကျရှူံးသေဆုံးနေပုံများ
မချစ်တတ်ခဲ့ရင် ကောင်း…မယ်…

အောင်မြင်ခြင်းနဲ့  ကျရှူံးခြင်းကြား
မာနတွေတလူလူလွှင့်ပြီး
တစ်ယောက်နဲ့ တစ်ယောက်မသိသလိုမျိုး
မျက်နှာလွှဲ
လမ်းလျှောက်သွားကြ..မယ်…

အိမွန်တာ

မှတ်ချက်..မနည်းရေးယူလိုက်ရတယ်.. ခံစားချက်ပေါ့သွားရင် စာဖတ်သူများဆောရီး ... ကျောင်းပိတ်ရင် ပုံမှန်ဟုတ်တော့ဘူး :)

ဆက်ဖတ်ရန်...(To Continue)

Burmese (Myanmar) Blogosphere

ကျွန်တော့် List ထဲမှာ ရှိတဲ့ Myanmar Blogs တွေ အားလုံးကို အက္ခရ အစဉ်လိုက် စီပြီး ပိုစ့် တစ်ခု လုပ်လိုက် တာပါ။ အားလုံး စုစုပေါင်း 350 ကျော် ရှိပါတယ်။ အားလုံး နီးပါးက Active Bloggers တွေ ဖြစ်ပါတယ်။

To Add into the List
အကယ်၍ ဤ List ထဲမှာ မပါ သေးပါက ထည့်သွင်း ဖော်ပြ စေ ချင်တယ် ဆိုရင် Comment ချန်ထား လိုက်ပါ။ Comment မှာ 1. ဘလောခ့်လိပ်စာ နှင့် 2. ဖော်ပြစေ လိုသော နာမည် ကို ထည့်သွင်း ပေးဖို့ တောင်းဆို လိုပါတယ်။

ပြီးတော့ ဖော်ပြ ထားသော နာမည်ကို တခြား နာမည် တစ်ခုသို့ ပြောင်းပေး စေချင်တယ် ဆိုရင်လည်း Comment ချန် ထားပြီး အသိပေး နိုင်ပါတယ်။ List ထဲမှာ မပါဝင် သေးသည့် Blogs များအား သိရှိ ပါက ထည့်သွင်း စေချင် လိုလည်း အသိပေး နိုင်ပါသည်။ နာမည် နေသည် ဖြစ်စေ၊ Link မှား နေသည် ဖြစ်စေ၊ တစ်ခုခု လွဲမှား နေပါက Comment ချန်ကာ အသိပေး ပါရန် ပြောကြား လိုပါသည်။ ကျေးဇူး တင်ပါသည်။



က
ကဒေါင်း
ကလိုစေးထူး
ကိုရင်ညိန်း
ကိုတိုးလေး
ကိုဈာန်
ကိုဝေ
ကောင်မလေး
ကိုကိုဖရီး
ကရ၀ိတ်
ကျော်ဇေယျ
ကိုရင်နော်ခင်လေးငယ်
ကာရံမဲ့ အတွေးစများ
ကေသွယ်
ကြယ်စင်နတ်သမီး
ကောင်လေး
ကျွန်တော်တို့ချစ်တဲ့ ကဗျာများ
ကောင်းကင်ကို
ကေမောင်ငြိမ်း



ချစ်ဦး
ချမ်းမြေ့ဦး
ခရမ်းရောင်ပန်းပွင့်
ခွန်မောင်
ချစ်သူ
ချစ်တဲ့မနောမြေ
ခေတ်သစ်ပန်းပု
ခင်မင်းဇော်
ခင်ဦးမေ
ခေးရော့စ်
ခွန်မြလှိုင်
ခြားနားသူ
ချဲလ်ဆီးနှင့်သူ၏ ချစ်သူများ
ချိုလက်ျာကြည်
ခွပ်ဒေါင်းမြေ



ဂျင်းဂျက်ကတ်
ဂျူလိုင်အိမ်မက်
ဂူးဂူး
ဂျစ်တူး
ဂင်ကြီး



ငယ်ငယ်
ငြိမ်းညို
ငြိမ်းစု
ငြိမ်းဝေ
ငြိမ်းချမ်းသံစဉ်
ငွန်ငယ်
ငပေါများဂေဟာ



စိုင်းဝဏ
စိုင်းခမ်းထွန်း
စည်သူလင်း
စိုးဇေယျ
စိုင်းစိုင်း
စစ်ငြိမ်းအေး
စာရွက်လွတ်
စိတ်ကူးယဉ်အိမ်ကလေး
စန္ဒီမိုးမြင့်



ဆောင်းယွန်းလ
ဆရာမ မေငြိမ်း
ဆူးလင်းသစ်
ဆောင်း
ဆူးပြတိုက်
ဆောင်းလူ
ဆိုးသွမ်း
မဆုမွန်



ဇောင်း
ဇနိ
ဇင်ဇင်
ဇီးကွက်
ဇာနီဝင်း
ဇင်ယော်



ညမီးအိမ်
ညနေကြယ်
ညီလင်းသစ်
ညခင်းရဲ့လမင်း
ညီရဲခေါင်
ညိုကြီး



တောင်ငူသား
တည်ညိမ်းကို
တေဇာ
တို့မြေတို့ရေတို့အမွေ
တက်လူငယ်



ထူးမြတ်
ထွန်းမျိုးလှိုင်



ဒီရေ
ဒဏ္ဍာရီည
ဒေါက်တာဝင်းသိန်း
ဒီဇင်ဘာစင်ဒရဲလား




နတ်ရှင်နောင်
နေလင်း
နွေမုန်တိုင်း
နွေလှိုင်ဿုန်း
နိုင်းနိုင်း (အမြဲစိမ်း)
နှင်းပွင့်ဖြူလေး
နှင်းစက်မိုး
နှင်းသဇင်
နေနေနိုင်
နိုင်းနိုင်းစနေ
နှင်းဆီနီနီ
နွေနှင်း
နှလုံးသားရပ်ဝန်းမှအသံများ
နှင်းခါးမိုး
နီနီဝင်း
နီယော်ဓာ



ပါဂနာ
ပီကေ
ပီတိ
ပုတီတိုး
ပိုင်မင်းဆွေ
ပျားရည်
ပန်းခရေ
ပန်ဒိုရာ
ပေါက်ကျိုင်း
ကိုပီတာ
ပျူနိုင်ငံ
ပြည်သူ့ ကျန်းမာရေး ဘလော့
ပုံရိပ်
ပန်းခရမ်းပြာ
ပိတောက်ရိပ်




ဖိုးသူတော်
ဖိုးတရုတ်
ဖိုးသောက်ကြာ
ဖိုးစံ
ဖိုးဇင်
ဖိုးဖိုး
ဖိုးချို
ဖြူစင်လေး
ဖူးပွင့်အောင်
ဖက်တီးလေး
ဖိုးဂျယ်



ဗေဒါ
ဗမာပြည်သား



ဘကောင်း
ဘုရင့်နောင်



မင်းတစေ
မောင်စေတနာ
မျက်လုံး
မျှားပြာ
မောင်လှ
မောင်မောင်လှဝင်း
မောင်နိုင်
မှော်ဆရာ
မေမိုး
မိုးညလေး
မေမိုးမခ
မြန်မာပြည်ကိုလွမ်းသူ
မီးငယ်
မွန်းသက်ပန် - ဆေး(၁)
မြန်မာဗေဒင်
မာန်လှိုင်းငယ်
မြရွှက်ဝေ
မီးပြတိုက်
မေငယ်
မေဗမာ
မိုးချစ်သူ (ဆုမွန်)
မွန်
မြက်ခင်းစိမ်း
မြတ်ဆုနိုင်
မိုးပြာရောင်
မော်စီ
မောင်မျိုး
မင်းယွန်းသစ်
မင်းကျန်စစ်
မောင်လူအေး
မိုးပြေး
မြစ်ဆုံ
မိုးချိုသင်း
မောင်ရင်
မောင်သုည
မာယာ
မိဘမေတ္တာ
မေတ္တာရေစင်
မနောသား
မီးတောင်
မြန်မာ့ကျောက်မျက်ပန်းချီ



ယိမ်းနွဲ့ပါး
ယုယမြတ်နိုး
ယုန်ကလေး
ယမင်း
ယောဟန်အောင်



ရထား
ရာဇာကျော်
ကိုရဲ
ရဲရင်
ရန်အောင်
ရှမ်းကလေး
ရွှေပြည်သူ
ရတနာချို
ရွှေဂျမ်း
ရက်ရာဇာ
ရွက်ဝါ
ရွှေရောင်ကောင်းကင်
ရွှေဟင်္သာ
ရွှေမြန်မာ
ရည်မွန်
ရွှန်းမီ
ရင်ဘတ်ထဲကအငွေ့များ
ရွာသားလေး



လူစိမ်း
လွမ်းစေ
လူသစ်
လုလု
လွမ်းသုခ
လင်းထက်
လောရှည် opera
လောရှည် photo
လားရှိုးသူ
လင်းဦး (စိတ်ပညာ)
လွမ်းလုင်
လူမော်
လွမ်းရိပ်မြုံ
လင်းလက်ကြယ်စင်
လေးမ
လမင်း
လောကနတ်
လွမ်းသုရင်



ဝဿန်ဦး
ဝက္ကပါ
ဝေလေး
ဝိညာဉ်သစ်
ဝင်းဇော်
ဝဏ္ဏကျော်



သူရဲနီတို့ပျော်စံရာ
သူကြီး
သက်ဦး
သားငယ်
သားသား
သက်ဇင်
သားဖြိုး
သူကြီးဘစီနှင့်ရွာသားများ
သစ္စာတော်လှန်ရေးစာပေ
သီချင်းများ
သက်ဝေ
သူငယ်ချင်းများ



ဟန်သစ်ငြိမ်
ဟင်းလင်းပြင်
ဟန်လင်းထွန်း



အရှင်ကုမာရ
အရှင်မေတ္တာစာရ
အရာရာ
အောင်သာငယ်
အောင်မျိုးဝင်း
အညာသား
အောင်ဦး ၏ ဓမ္မ
အချစ်မဲ့ ဂစ်တာ
အိပ်မက်သစ်
အိုင်လွယ်ပန်
ကိုအောင် (မှတ်စုများ)
အောင်ပင်လယ်
အောင်မျိုးမြင့်
အောင်ဖြိုး
အောင်ကြည်ဟန်
အမရာ
အိမ်လေး
အရူးလွယ်အိတ်
အိမ်ရှေ့မင်းသား
အမှတ်တရများစွာသို့
အောင်ကျော်မော
အနက်ရောင်အိမ်မက်
အစိမ်းရောင်မိန်းကလေး
အောင်ခင်ဇော်
အောင်မြေ
အောင်ဇေယျ
အညတြ
အလှတရား
အလွမ်းပြေ
အပြာရောင်ငြိမ်းချမ်းတဲ့အသင်္ချေချစ်ခြင်း
အိုးဝေအောင်၏ခံစားမှုဝေဒနာစာမျက်နှာ
ဥပသကာ


English Alphabets
99
AKK Code
Apprenticeship
All Together on a Planet
Art of Nypian
Biggest
Bagan land
BDC Burma
CMS's Diary
Cypher
Colourless Ideas
CountryBuilders
Dream Blog
Day Walker
Emotion
E-journal
Gipsy လေး
Helena
HeartMuseum
Htoo Htet Aung's Lab
icn2
InfinityLovelyBluePeace
J.P.Z
Love to Eternal
MMThinker
MyanmarEntrepreneur
MMZ
mirror inlens
Myanmarhunks
Mr.Sail0rM♥♥n
Nyi Lynn Seck 18+ Den
OkIsU
OA6
Poem Corner
Pink Lady
Pinkgold
Republic
R Blog!
Royal Warriers
Royal Myanmar
Steven
Steven Alexander
Synchro305
Stanley
The Art of Thet Paing Kha
TAH မှပုံပြင်များ
WE SHE ME
W.H.K
Ye-Mon's Personal Page
Yအိုလက်
Z.Y.H
zerotrash

ဆက်ဖတ်ရန်...(To Continue)