Photobucket

Sunday, June 29, 2008

တီးကြိုက်တဲ့ သီချင်းများနှင့် ပေဖူးလွှာကြိုက်တဲ့ အကများ



ပေဖူးကိုတော့ လူတွေ ပြောတော့မှာပဲ။ ရေးတဲ့ post တွေ အကုန်လုံးကလဲ ကိုယ့်အကြိုက် TV show တွေ ကြီးဘဲလို့။ တတ်နိုင်ဘူးလေ။ YouTube မှာကလဲ ဒါတွေပဲရှိတာကိုး။ (ဆင်ခြေ) :P
ကိုတီးရဲ့ post အဟောင်းလေးတွေ ပြန်မွှေရင်းကနေ သူဘာသာပြန်ထားတဲ့ Apologize သီချင်းလေးကို သွားတွေ့တယ်။ အဲဒီမှာတင် Apologize သီချင်းနဲ့ ကသွားတဲ့ အကလေးတစ်ခုကို သတိရသွားလို့ ရေးဖြစ်သွားတာပါ။


တီးရဲ့ Post မှာ သီချင်းလေးကော၊ မြန်မာဘာသာပြန်လေးကော ရှိတယ်။ အကလေး မကြည့်ခင် ပြန်သွားနားထောင်လို့ရအောင် ဒီမှာက တီးရဲ့ Original လင့်ခ်။ ဒါကတော့ အဆင်သင့် ဖွင့်နားထောင်ဖို့။



ဒီတခါ ပေဖူးအလှည့်။ SYTYCD မှာ အဲဒီသီချင်းလေးကို အမှီပြုပြီး ကသွားတာလေ။ အကအမျိုးအစားကတော့ Lyrical Contemporary ပါ။ Lyrical ဆိုတာကတော့ တေးသရုပ်ဖော်လို့ပဲ ဘာသာပြန်တော့မယ်။ ဒါပေမဲ့ ဒီက အကပညာရှင်တွေကတော့ Lyrical ကို အခက်ဆုံးအကလို့ ဆိုကြတယ်။ ရှုပ်ထွေးတဲ့ ကကွက်တွေ အပြင် သူတို့ရဲ့ စိတ်ခံစားချက်တွေကိုပါ ပေါင်းစည်းထုတ်ဖော်ပြီး ကရလို့ ပါတဲ့။
ဒီအကမှာတော့ Danny နဲ့ Anya ကထားတာပါ။ Anya ကို မှတ်မိကြလားမသိဘူး။ SYTYCD post တုန်း က No. 3 Audition video မှာကတာ သူလေ။ ပြန်သွားချင်ရင် ဒီမှာ Link။

သရုပ်ဖော်ထားတဲ့ ပုံစံက ကောင်မလေးက အထပ်ထပ်အခါခါ တောင်းပန်နေတာကို ကောင်လေးက ဂရုမစိုက်တဲ့ပုံ၊ “Too Late to Apologize” လို့ပဲ အထပ်ထပ် အခါခါပြန်ပြောနေခဲ့တယ်။ ကောင်မလေး တောင်းပန်နေတာကို ဂရုမစိုက်ပဲ နောက်ဆုံး ကောင်လေးက အဝေးကို လျှောက်သွားတဲ့ အလွမ်းလေးနဲ့ အဆုံးသတ်ထားပါတယ်။ အကပညာရပ်အပိုင်းမှာဆိုရင်တော့ ကောင်လေးက ပိုကောင်းပါတယ်။ Contemporary က သူ့ပညာရပ်အပိုင်းကိုး။ Latin Dancer Anya ကလဲ အားကျမခံ အမှီလိုက်နိုင်ခဲ့တယ်။ ကြည့်လိုက်ကြစို့။





ဒီတပုဒ်ကတော့ Leona Lewis ရဲ့ Bleeding Love သီချင်းပါ။ အမှန်ပြောရရင် ပေဖူးလဲ ဒီသီချင်းကို အရမ်းကြိုက်တာ။ နေ့တိုင်းဖွင့်နားထောင်ဖြစ်တယ်။ ဆိုတဲ့လူကို လိုက်ရှာနေတုန်းမှာ TEA ရဲ့ ဘလော့ခ်မှာ လာတွေ့တာ။ ပြန်သွားမယ်ဆိုရင်တော့ ဒီမှာ LINK။

ဒါကတော့ အဆင်သင့်နားထောင်ဖို့နဲ့ အရမ်းကောင်းတဲ့ သီချင်းစာသား LINK။



သီချင်းစာသားပေးရတာ အကြောင်းရှိတယ်လေ။ အခု post က lyrical dance (တေးသရုပ်ဖော်အက) တွေ အကြောင်းလေ။ ဒီအကလေးအကြောင်း ပြောကြမယ်။ သူတို့ ဒီအကကို TVကနေ လွှင့်သွားတာ ဒီ Wednesday ကမှ လာသွားတာပါ။ ပူပူနွေးနွေးပဲ။ နာမည်တွေကတော့ Mark နဲ့ Chelsi ပါ။ Mark က Contemporary Dancer, Chelsi က Ballroom Dancer ပါ။ တယောက်မှ Hip Hop မကဖူးပါဘူး။ အလေ့အကျင့်တော်တော်လေးလုပ်ထားပုံပေါ်ပါတယ်။ စိတ်ခံစားမှုအပြည့်နဲ့ ကသွားတာပါ။ အကြောင်းကတော့ ယောကျာ်းက အလုပ်မှ အလုပ်၊ မိန်းမကို ဂရုမစိုက်နိုင်တဲ့ အကြောင်းကို သရုပ်ဖော်သွားတာပါ။ မိန်းမက ဘယ်လိုပဲ အလုပ်မသွားအောင်တားတား နောက်ဆုံးတားမရဘဲ အသဲကွဲ ကျန်ရစ်တဲ့ အကြောင်းကို Hip Hop အကလေးနဲ့ ကသွားတာပါ။ “You cut me open my heart” ဆိုတဲ့ စာသားကို သူတို့နှစ်ယောက် ကောင်ကောင်းသရုပ်ဖော်သွားပါတယ်။ အကောင်းဆုံး Hip Hop အကတခုလားလို့ မေးရင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပေဖူးကြည့်ဖူးတဲ့ Lyrical Hip Hop မှာတော့ အကောင်းဆုံးထဲက တစ်ခုပါပဲ။



ပို့စ်ကို အချိန်ပေး ဖတ်၊ ကြည့်၊ နားထောင်တာ ကျေးဇူးနော်။ တီးရေ လိုက်ပြီးတော့လဲ က မနေနဲ့။ ခဲမလောက်အိမ်နံပါတ်၁၆ဖြစ်ပြီး ခေါင်မိုးတွေပေါက်ကုန်အုံးမယ်။ သွပ်ဈေးကြီးတယ်ဟ။ ;)

လေးစားခင်မင်လျှက်
ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

Saturday, June 28, 2008

ကျွန်တော် ပြောချင်သော ကျွန်တော့် တိုင်းပြည် အကြောင်း - အမှတ် ၃၊၊ စားဝတ်နေရေး



အမှတ် ၁ နှင့် အမှတ် ၂ မှာ ကျွန်တော် ပညာရေး နှင့် စီးပွားရေး အကြောင်းကို ဆွေးနွေးထားပါသည်။ ပညာရေး အရ တစ်တိုင်းပြည်လုံး အနေနှင့် ပြိုပျက် ဖျက်ဆီးခြင်း ခံထားရတာတွေ၊ ပညာရေး စနစ်ကြီး တစ်ခုလုံး နစ်မြုပ်အောင် ဖန်တီး ခံရတာတွေကို ဖော်ပြထားသလို၊ စီးပွားရေးမှာလည်း လက်ဝါးကြီး အုပ်ခံ ထားရမှုတွေ၊ မမျှတမှုတွေ၊ မှားယွင်းနေသော လမ်းစဉ်တွေ အကြောင်းကို ဖော်ပြထားခဲ့ပါသည်။ အခုလည်း စားဝတ်နေရေး အကြောင်း တစ်ထောင့် တစ်နေရာမှ ဆွေးနွေးချင်ပါသည်။

ဤကမ္ဘာပေါ်ရှိ နိုင်ငံများ အားလုံးကို အဆင့် ၃ ဆင့် အနေနှင့် ခွဲထားပါသည်။
၁။ ဖွံ့ဖြိုးပြီး နိုင်ငံ (Developed Countries)
၂။ ဖွံ့ဖြိုးဆဲ နိုင်ငံ (Developing Countries) နှင့်
၃။ မဖွံ့ဖြိုးဆုံး နိုင်ငံ (Least Developed Countries) ဟူပြီး ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် နံပါတ် ၃ နေရာတွင် ထိုနိုင်ငံများသည် အဓိကအားဖြင့် အာဖရိကတိုက် နှင့် အာရှတိုက် တွင်သာ ရှိပါသည်။ အာရှတိုက် မှာ သံယံဇာတ လုံးလုံး မရှိပဲ ဒုက္ခရောက်နေသည့် လာအို၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေရှ့် လို နိုင်ငံမျိုးနှင့် ကျွန်တော်တို့ သံယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံသည် ထိုနေရာ တွင် အတူ တည်ရှိနေပါသည်။ အင်မတန်မှ ၀မ်းနည်း စရာ ကောင်းသော အချက် တစ်ခုပင် ဖြစ်သည်။

လူတွေ စားဝတ်နေရေး မပြေလည် ကြရရှာပါဘူး။ များသော အားဖြင့် တိုင်းပြည် အတွင်း ရှိ လူအများစုသည် တစ်နေ့လုပ်စာကို တစ်နေ့ စားနေကြရသော အခြေခံ လူတန်းစားများ ဖြစ်ကြပါသည်။ ရှင်းရှင်း ပြောရရင် စားလို့ သောက်လို့ ၀ရုံ လေးသာ ပြေလည်ကြတာပါ။ ဒီ့ထက် ပိုပြီး သူတို့ ဆက်လက်ပြီး မသုံး နိုင်ကြတော့ပါဘူး။ ဒါ့အပြင် ထမင်း မစားရပဲ ငတ်ပြတ်နေသော လူတွေလည်း အများကြီး ရှိနေပါသည်။ ကျွန်တော် တစ်ခါ တွေ့ဖူးပါသည်။ လွန်ခဲ့သော နှစ်နှစ်လောက်တုန်းက သာကေတ ဘက် သွားတုန်းကပါ။ အဲ့ဒီမှာ လဘ္ဘရည်ဆိုင် တစ်ဆိုင်က ထမင်းရည် ရေရော ကို ပုလင်းနှင့် ၀ယ်နေတာကို တွေ့ခဲ့ပါသည်။ သူတို့ ဆန်မတတ်နိုင်လို့ ထမင်းအစား ထမင်းရေကို သောက်နေရတာ ဖြစ်ပါသည်။ ထိုနည်း၎င်း အခက်အခဲ များစွာကို ကြုံတွေ့နေရသော လူတွေ နေရာ အနှံ့တွင် ရှိနေပါသည်။

ဒါတွေ အားလုံးရဲ့ အခြေခံကို ရှာကြည့်တော့ (လူတွေ ဘာကြောင့် စားဝတ်နေရေး မပြေလည်သလဲ ဆိုတော့) နိုင်ငံရေးကို အရင်ဆုံး လက်ညိုးထိုးရပါမယ်။ နိုင်ငံကို အုပ်ချုပ်တဲ့ လူတွေက တိုင်းသူ ပြည်သား တွေကို စားဝတ် နေရေး ပြေလည်အောင် မပံ့ပိုးပေး နိုင်ရှာပါဘူး။ သူတို့ ရှိရှိသမျှ သံယံဇာတတွေ၊ အမွေအနှစ်တွေ၊ အားလုံးကို ထုခွဲရောင်းချပြီး တိုင်းပြည် အကျိုးပြုတာတွေလည်း မရှိသလောက်ပါ။ များသောအားဖြင့် လက်နက်ပိုင်း မှာ အသုံးချနေပါသည်။ ပြီးတော့ မိမိတို့အတွက် ကောင်းဖို့ အဆင်ပြေဖို့ ကိုယ်ကျိုးအတွက် သုံးပါသည်။ အမှန်စင်စစ် ပညာရေး၊ လို အခြေခံနေရာတွင် စနစ်တကျ သုံးသင့်ပါသည်။ အခုလို ပညာရေးကို ချိုးဖျက်ထားတော့ လူတွေ အသိဥာဏ်အားဖြင့် အချိန်နှင့် အမျှ လျော့ဆင်းနေပါသည်။ လူတွေက ဒီလိုပဲ ဘုမသိ ဘမသိ နှင့် လုံးပါးပါးနေရပါသည်။ အကယ်လို့ ပညာရေးကို မြှင့်တင်လိုက်ရင် လူတွေ အသိစိတ်တွေ ၀င်လာရင် လည်း သူတို့ကို တော်လှန်ပုန်ကန် မည်ကို စိုးရိမ်ရသည့် အလျောက် ပညာရေးကို ချိုးဖောက်ထားဖြင့် ဖြစ်ပါသည်။ ပညာရေးက စပြီး ရစရာ မရှိတော့ စားဝတ်နေရေးလို အပိုင်းမှာလည်း လူတွေ အရမ်းကို ဒုက္ခရောက်ရပါသည်။ ပညာမရှိတော့ နည်းပညာ မရှိပါ။ နည်းပညာ မရှိတော့ လူတွေ ဒီအဆင့်ကနေ ဘယ်တော့မှ ပိုပြီး မြှင့်တက်နိုင်မည် မဟုတ်ပါ။ တိုင်းပြည် အတွင်းမှာ နည်းပညာတွေ မြင့်လာလေလေ၊ ထုတ်လုပ်မှု စနစ် များ ဖွံ့ဖြိုးလာပြီး သွင်းကုန်တွေကိုလည်း လျော့ချနိုင်မည် ဖြစ်ပါသည်။ အခုလို အဘက်ဘက်မှ ချွို့ယွင်းနေသော ယန္တာရားကြီး တစ်ခုလုံးအား ပြန်လည် မြှင့်တင်ဖို့ အင်မတန်ကို ခက်ခဲလှပါသည်။

မြင့်တက်နေသော ကုန်ဈေးနှုန်းနှင့် အတူ ရုန်းကန် ရှင်သန်နေရသော အခြေအနေမှာ ဒီလို မုန်တိုင်းတွေ ၀င်လာတော့ အခြေအနေက ပိုဆိုးလာပါသည်။ မင်းဆိုးမင်းမိုက်၏ ဒဏ်ကို ခံနေရချိန်တွင် အခုလို သဘာဝ၏ ဘေးဒုက္ခဒဏ်ပါ ခံရတော့ လူတွေ ပိုပြီး ဒုက္ခရောက်တာပေါ့။ အခုလို ဆန်စပါး အဓိက ထွက်ရှိနေသော ဒေသ ကို ဆိုးရွားစွာ ထိခိုက်သွားတော့ အရှေ့တွင် ရင်ဆိုင် ရမည့် အစားရေဆာ ပြတ်တောက် တိုတောင်းမှု တွေလည်း အများကြီး ရှိပါသည်။ လောင်စာ အစ တစ်ကမ္ဘာလုံးက ဈေးတွေ မြှင့်တက်နေတာ့ မြန်မာနိုင်ငံက လောင်စာဆီတွေလည်း ဆက်လက်ပြီး မြှင့်တက်ဖို့ ရှိပါသည်။ လောင်စာဆီလို အခြေခံ ကျသည့် ပစ္စည်းတစ်ခုက မြှင့်တက်ပြန်တော့ ကျန်သည့် ကုန်ဈေးနှုန်း တွေ လည်း ဆက်လက်ပြီး မြှင့်တက်လာဖို့ ရှိပါသည်။ ဒီလို အခက်အခဲတွေ ကြားမှာ စားဝတ်နေရေး ပြေလည်ဖို့ မဆိုထားနှင့်၊ ငတ်ပြတ်နေသော လူတွေကို အရင်ဦးဆုံး ကယ်ဆယ်ဖို့က အရေးကြီးလှ ပါသည်။

ပုံမှန်လူတစ်ယောက် တစ်နေ့လုံး အလုပ် လုပ်တယ် ထားပါဦး။ ထိုလူသည် ပိုက်ဆံ တစ်ထောင်ကျပ်ရမည် ဖြစ်သည်။ ထို တစ်ထောင်ကျပ်ကို လမ်းစရိတ်၊ စားစရိတ်များ တစ်နေ့စာအတွက် ပြန်နှုတ်လိုက်တော့ သုံးရာ လေးရာ ၀န်းကျင် ကျန်မည် ဖြစ်သည်။ ထိုသုံးရာကို တစ်ချို့ လူတွေက လက်ဖက်ရည်ဆိုင်လေး ထိုင်လိုက်၊ ဆေးလိပ်လေး ဖွာလိုက်၊ ကွမ်းရာလေး ၀ါးလိုက်နဲ့၊ မသိမသာ ကုန်သွားရော။ မိမိတို့၏ သားသမီးတွေကို ဘယ်လို ထောက်ပံ့ရမည်နည်း။ အကယ်လို့များ နေမကောင်း အဆင်မပြေခဲ့သည် ရှိသော် မည်သို့ ဆေးဝါး ကုသ မည်နည်း။ ရှိနေသော အစိုးရ ဆေးရုံ၊ အများ ပြည်သူ ဆေးရုံတွေက ကုပေးလား ဆိုတော့ ကုတော့ ကုပေးပါသည်။ ဒါပေမယ့် သူတို့လည်း ပစ္စည်း အလုံအလောက် မရှိပါ။ ဒါတွေ ပြောမည် ဆိုရင် တိုင်းပြည် ကျန်းမာရေးက ဆက်လက် ပါဝင် လာပါဦးမည်။ ဒီလို လူတွေ စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ပိုင်းဆိုင်ရာပါ၊ ဆင်းရဲနေတော့ အားလုံး ဒုက္ခရောက်နေပါသည်။ ဒီလို ငတ်ပြတ် ဒုက္ခရောက်နေတော့ လူတွေ စားဝတ်နေရေး ပူပန်နေကြရရင်း နိုင်ငံရေး ဘက်ကို အများအားဖြင့် မလှည့်နိုင်ကြပါ။ ဒါတွေ အားလုံးကိုလည်း သူတို့က ရည်ရွယ်ပြီး ဖန်တီးထားတော့ အရာအားလုံးက တစ်ခုနှင့် တစ်ခု ဆက်နွယ်ပြီး ဖြစ်ပျက်နေပါသည်။

ရှင်းရှင်း ပြောရရင် ပြဿနာ တစ်ခု (စားဝတ်နေရေး) ကို ဖြေရှင်းချင်တယ် ဆိုရင် အရင်းကနေ ဖြေရှင်းရပါမည်။ သစ်ပင်တစ်ပင် မှာ အမြစ်ကြီး မှာ ပုပ်သိုးနေသည့် အပိုင်းရှိနေရင် ထို ပုပ်နေတဲ့ အပိုင်းကို မဖြတ်တောက် ပစ်ရင် သစ်ပင်ကြီး ဆက်လက်ရှင်သန် ဖို့ အင်မတန် ဒုက္ခရောက် ရပါမည်။ ကံဆိုးပါက သေဆုံးသွားနိုင် ပါသည်။ အခုလို မြန်မာပြည် သည်လည်း အခြေခံ ကျသော နိုင်ငံရေးမှ စပြီး မဖြေရှင်းနိုင်ပါက ကျန်သည့် ဆက်နွယ် ပေါင်းစည်းနေသော ပညာရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး အစရှိသည့် နယ်ပယ်တို့ကိုလည်း ဖြေရှင်း နိုင်မည် မဟုတ်ပါချေ။

အချိန်တွေ ကြာလာသည် နှင့် အမျှ .... ယနေ့ ကမ္ဘာကြီးဟာ အရှိန်အဟုန်နှင့် ဖွံ့ဖြိုး တိုးတက်နေပါသည်။ ယနေ့ ၂၁ ရာစုမှာ နည်းပညာ၏ အသီး အပွင့်တွေကို စားသုံးနေကြသော ကမ္ဘာပေါ်ရှိ သန်းပေါင်း မြောက်မြား စွာသော လူများ၏ နိုင်ငံရေး အမြစ်ကို ရှာဖွေကြည့် မည်ဆိုလျှင် တစ်နည်းမဟုတ် တစ်နည်း ကောင်းမွန် သာယာ ဖွံ့ဖြိုးသော စနစ်ကို တွေ့ရမည် ဖြစ်သည်။ ဒါတွေ အားလုံး ကြားထဲမှာ ကျွန်တော်တို့ မြန်မာ နိုင်ငံက ပုပ်သိုးနေသော အမြစ်အိုကြီးနှင့် ခရီးဆက်ရင်း ဆက်ရင်း၊ ထို အကျိုးဆက်ကြောင့် သစ်ပင်ကြီး ၏ အကိုင်း အခက်တွေပါ ကူးဆက် လာမည်ဖြစ်သည်။ ထိုအချိန်ကျရင် သစ်ပင်ကြီး၏ အရွက်တွေ၊ အသီးတွေ၊ အပွင့်တွေ အားလုံး ထိခိုက်သွားပြီး၊ သစ်ပင်ကြီးက အသီးအရွက် အသစ်တွေ မထုတ်လုပ် ပေးနိုင်တော့ ရင်၊ အမြစ် တစ်ခုလုံးကြီး ပုပ်သိုးသွားရင်၊ ဖြစ်ပျက်လာမည့် အကျိုးဆက်တွေ ကို မတွေးဝံတော့ပြီ။ ရေရှည်တွင် သစ်ပင်ကြီး ရှင်သန်ဖို့ ... ထိရောက်သော ကုသမှု တစ်ခုတော့ လိုအပ်နေသည်ဟု ယုံကြည်ရင်း

ရင်နာစွာဖြင့်
Tea

ဆက်ဖတ်ရန်...(To Continue)

သတင်း Center - 28th June, 2008


မြန်မာ့သတင်းများ

United Nations Office on Drugs and Crime (UNODC) မှ ကြာသပတေးနေ့တွင် Afghanistan and Burma တွင် ၂၀၀၇ ၌ Opium မူးယစ်ဆေးဝါး တိုးမြှင့် (တိုးပွားမြင့်တက်) လာသည်ဟု ပြောလိုက်သည်။ [Click here to read more]


ဒေါ်စု မွေးနေ့၌ ဆန္ဒပြခဲ့သော လူ ၁၄ယောက်အား မြန်မာအစိုးရမှ ဖမ်းဆီးလိုက်ကြောင်း တရားဝင်ပြောကြား ခဲ့သည်။ [Click here to read more]

အမေရိကန် သမ္မတ George W Bush သည် ဗုဒ္ဓဟူးနေ့တွင် UN မှ တာဝန်ရှိများနှင့် မြန်မာပြည် စစ်အစိုးရ အကြောင်း ဆွေးနွေးခဲ့သည်။ [Click here to read more]


မုန်တိုင်းခံ အဆိုးရွားဆုံးသော emergency နေရာများတွင် အရေးပေါ် aid များ ရသော်လည်း များလှ စွာသော လူတွေသည် သန့်ရှင်းသော ရေကို ကောင်းမွန်စွာ မရရှိကြသေးပေ။ [Click here to read more]


တရုတ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ အိုလံပစ်ပွဲတော်တွင် မြန်မာအားကစားမောင်မယ် အနည်းဆုံး ၄ ဦး ဝင်ရောက် ယှဉ်ပြိုင် မည်။
[Click here to read more]

Toronto Senior, Joseph Larivere က ဒေါ်လာ ၁သန်း ၁သောင်း ကို Burmese Buddhist Association of Ontario သို့ မုန်တိုင်းကယ်ဆယ်ရေး အတွက် လှူဒါန်းလိုက်သည်။ [Click here to read more]


ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ မုန်တိုင်းသင့် ဒုက္ခသည် ထက်ဝက်ကျော်သည် ယခုထက်တိုင် အစားအစာ အထောက်အပံ့များ မရသေးဘဲ ငတ်မွတ်လျက်ပင် ရှိသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ယနေ့ ပြောကြားလိုက်သည်။ [Click here to read more]


စက်မှု ထိပ်သီး ၈ နိုင်ငံ က မြန်မာနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ [Click here to read more]


မစုစုနွေး ထောင်ထဲတွင် မေ့လဲ [Click here to read more]


မြန်မာ ဂျာနယ်လစ်များ အတိုက်အခံလုပ်ပါက ဖမ်းဆီးခံရမည်။ ဖမ်းထားသည့် လူကိုလည်း ဆက်ဖမ်းထားဦးမည်။ နိုင်ငံခြား ဂျာနယ်လစ်များ မကြိုဆိုပါ။ [Click here to read more]




ကမ္ဘာ့သတင်းများ

Pope doesn't wear Prada
ပုပ်ရဟန်းမင်းကြီးသည် အီတလီနိုင်ငံဧ။် နာမည်ကြီးဖက်ရှင် ပရာဒါ PRADA မှ သားရေဖိနပ်များဝတ်ဆင်ပါသည်ဆိုသော အဆိုကို နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးပြီးနောက် ပယ်ဖျက်လိုက်သည်။ [Click here to read more]


Clinton supports Obama
အမတ် ဟီလာရီ ကလင်တန်သည် ပါတီတူ အိုဘားမားကို ရှုံးပြီးနောက် အိုဘားမားအား အတိအလင်းထောက်ခံကြောင်း မိနစ်နှစ်ဆယ်ကြာ မိန့်ခွန်းနှင့် အတူ ပြောကြား။ [Click here to read more]


Bill Gates bids a teary farewell to Microsoft
ကမ္ဘာ့အချမ်းသာဆုံးနှင့် Microsoft Company ကို ပူးတွဲ တည်ထောင်သူ Bill Gates သည် လူမှုရေးလုပ်ငန်းများကို ပိုမိုလုပ်ကိုင်နိုင်ရန် အချိန်ပြည့်အုပ်ချုပ်သူ အဖြစ်မှ အနားယူလိုက်။ [Click here to read more]


Chrysler's uconnect Turns Car into Wi-Fi Hotspot
Chryler, Jeep နှင့် Dodge ကားများတွင်း Internet စနစ်ထည့်သွင်း။ ကားတွင်းသာမက ကားအပြင်ဘက် ပေ၅၀အထိ Wi-Fi Wireless Internet Access ရနိုင်။ [Click here to read more]


Passengers sleep on plane after flight cancelled
တရုတ်နိုင်ငံတွင် မိုးလေ၀သမကောင်းသဖြင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းလိုက်ရသော်လည်း ခရီးသည် ၅၀ ခန့် လေယာဉ်ပျံပေါ်မှ မဆင်းပေးဘဲ ၁၂နာရီခန့် ရာသီဥတုပြန်ကောင်းသည့် အချိန်အထိ စောင့်ဆိုင်းခဲ့။ [Click here to read more]


Pakistan to attack Taliban stronghold
ပါကင်စတန်နိုင်ငံ မြို့ကြီးများကို မကြာခဏ နှိပ်စက်နေသော တာလီဘန်စစ်သွေးကြွ Taliban များကို စစ်တပ်မှ ပြန်လည်တိုက်ခိုက်ရန် အသေးစိပ် စီစဉ်နေ။ [Click here to read more]


How Dangerous Are CT Scans?
သာမန် X-ray ထက် အဆ ၅၀၀ခန့် ပိုမိုပြင်းထန်သော CT Scan များသည် ရောဂါရှာဖွေရာတွင် အလွန် အသုံးဝင်သော်လည်း ကင်ဆာဖြစ်နိုင်နှုန်း အဆမတန်တိုးလာကြောင်း။ [Click here to read more]


California drivers: Drop the cell phone
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကားမောင်းနေစဉ်အတွင်း လက်ကိုင်ဖုန်းကို ကိုင်မပြောရ ဥပဒေချမှတ်။ အသက်၁၈နှစ် အထက်များ Hand Free Set အသုံးပြုနိုင်သော်လည်း၊ ၁၈နှစ်အောက်များ ကားမောင်းနေစဉ်အတွင်း ဖုန်းကို ပြောခွင့်မရှိ။ [Click here to read more]


လေးစားချစ်ခင်လျှက်
Mr. Reporter
Ms. Reporter

ဆက်ဖတ်ရန်...(To Continue)

Friday, June 27, 2008

ဒိုင်ယာရီထဲမှ I Love You!



တီးလုံးလေးကို အရင်ဖွင့်ပါ။



When I thought I can't stay besides you,

I thought I was going to go insane...

I thought about you,

and worried about you so constantly;

I missed you so much ...

It really ..., hurts a lot.

Loving you is such a painful ordeal ...

But I can't stop; I can't stop myself from going to you,

I LOVE YOU!

so much that it feels like this -

the universe will explode ...

for as long as it takes for;

the oceans to dry up ...

so much that I don't care ...

If my soul burns to ashes ~ I LOVE YOU!

I LOVE YOU VERY MUCH ....


ကဲ.. အဲ့ဒီ ကဗျာဆန်ဆန် အင်္ဂလိပ်စာ စာသားလေးတွေက ကျွန်တော် ဒိုင်ယာရီ ပေါ်က စာသား တွေပါ။ နေ့ရက်ကတော့ ၂၄ရက်၊ ဇူလိုင်၊ ၂၀၀၆ ကပါ။ လွန်ခဲ့သော ၂နှစ်လောက်ကပေါ့ဗျာ။ ဘာရယ်ညာရယ် တော့ မဟုတ်ပါဘူး။ ကျွန်တော် Full House ကိုရီးယားကား ကြည့်ရင်းနဲ့ တရုတ်လို ပေါ်တဲ့ စာတန်းတွေကို၊ အင်္ဂလိပ်လို ဘာသာပြန်ပြီး ဒိုင်ယာရီ စာအုပ်ထဲကို ရေးသိမ်းထားလိုက်တာပါ။ အဲ့ဒီ အချိန်တုန်းက အရမ်းကို ခံစားလိုက်ရလို့ ... (တော်ပါပြီလေ။ ပြောတော့ပါဘူး..) အပေါ်က စာသား လှလှ လေးတွေကိုသာ မျှဝေချင်တာပါ။

အချစ်များစွာဖြင့်
Tea

ဆက်ဖတ်ရန်...(To Continue)

Thursday, June 26, 2008

ကိုရီးယား စားသောက်ဆိုင်သို့ အလည် တစ်ခေါက်



ဒီနေ့ည အခုပဲ ကိုရီးယား စားသောက်ဆိုင် တစ်ခုမှာ သွားစားပြီး ပြန်လာတာပါ။ စားလို့တော့ တော်တော် ကောင်းတယ်ဗျ။ ဈေးလည်း မပေါဘူး။ ပုံမှန်ပဲ။ သူက ကိုရီးယား ဆိုတော့ အထူးအဆန်းလေ။ ပန်းကန် သေးသေးလေးတွေနဲ့ Side Dishes တွေ အများကြီး အလကား ပေးတယ်။ ကင်ရှီတို့၊ မုန်လာဥချဉ်တို့၊ ငါးကြော်တို့၊ အစရှိသဖြင့် အလကား စားရတာတွေ အများကြီးပဲ။ ဒီနေ့ သူငယ်ချင်း စုစုပေါင်း ၆ယောက် တူတူ သွားတာဆိုတော့ ဟင်းပွဲ ၆ပွဲလောက် ရှိတယ်။ စားလိုက် ဓာတ်ပုံတွေ ရိုက်လိုက်နဲ့၊ အလုပ်ကို ရှုပ်နေတာပါပဲဗျာ။ ဟီးး။ အော်.. လင်းဂျစ်တူး လည်း အတူပါတယ်လေ။ (လင်းစစ်သူကို ပြောတာပါ။ ဟတ်ဟတ်) အားလုံးနှင့် ဓာတ်ပုံတွေ မျှဝေချင်လို့ ဒီပိုစ့်လေးကို လုပ်လိုက်တာပါ။ အရေးကြီးဆုံးကို မေ့နေတယ်။ ဆိုင်နာမည်က Shin Toe Bul Yi (Korean Restaurant) ပါ။ တော်တော် ကောင်းပြီး နာမည်ကြီးတဲ့ ကိုရီးယား ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ စားရင်လည်း နည်းနည်း နောက်ကျသွားရင်တော့ တန်းစီပြီး အားရပါးရ စောင့်ပေတော့ပဲ။ ကျွန်တော်တို့ကတော့ အစောဆုံးကို သွားတာ။ ဒီမှာ က ဒင်နာကို တော်တော်များများ ည ၇နာရီ ကျော်မှ စစားတာ များတယ်။ ကျွန်တော်တို့ကတော့ ၆နာရီ မထိုးခင်ကထဲက ရောက်နေပြီ။

ကဲ.. ဓာတ်ပုံတွေ ကြည့်လိုက်တာပေါ့နော်။

ဒီအောက်ကတော့ Menu ဓာတ်ပုံတွေပါ။ Menu က အမဲနဲ့ အနီ နှစ်မျိုးရှိပါတယ်။ အထဲမှာတော့ ကိုရီးယား၊ အင်္ဂလိပ် ဘာသာ နှစ်မျိုးနှင့် ဖော်ပြထားပါတယ်။



ဒါကတော့ ကျွန်တော့်ရဲ့ လဘ္ဘရည်ခွက်ပါ။ လဘ္ဘရည် ချစ်သူဆိုတော့ တစ်ယောက်ထဲ သောက်တာ ဒီနေ့ အခွက် နှစ်ဆယ် ကျော်ပါတယ်။ ဟီးး။



ဆိုင်ကတော့ တော်တော် ကျဉ်းပါတယ်။ မြေနေရာကလည်း ဈေးကြီးတော့ သိတဲ့ အတိုင်းပါပဲ။ ကျွန်တော်ထိုင်တဲ့ ထိပ်ပိုင်းကနေ ဆိုင်ထဲကို လှမ်းပြီး ရိုက်လိုက်တာပါ။



ဒါကတော့ ထမင်းပါ။ ကိုရီးယား ထမင်းက စီးကပ်ကပ် အမျိုးအစားလေ။ ကျွန်တော်တော့ အရမ်းကြိုက်တယ်။ အထဲက ဟင်းက ငါးအသေးလေး တွေကို ကြော်ထားတာ။ အဲ့ဒါက အလကားရတာ။

ဒါကတော့ ဘာငါးဆိုလား မသိဘူး။ နာမည်တော့ မေ့သွားပြီ။ ကင်ထားတာလား။ ဖုတ်ထားတာလား မသိဘူး။ အချဉ်လေးနဲ့ တို့တို့ပြီး စားတာ။ နူးအိပြီး မွှေးနေတာတော့ အမှန်ပဲ။ နာမည် မေ့လည်း စားလို့ ကောင်းတယ် ဆိုပြီး ဒီအတိုင်း စားလာတာ။

ဒါကတော့ အမဲသားကို ချက်ထားတာပါ။ ထူးထူး ခြားခြားတော့ မဟုတ်ပါဘူး။ ရိုးရိုးလေးပါ။ ရိုးရိုးလေးလည်း စားလို့ ကောင်းတာပါပဲ။

ကြက်ကြော်လေ။ သူက Menu ထဲတောင် မပါဘူး။ ဒါပေမယ့် နာမည်တော့ သိပ်ကြီးတယ်။ လာတဲ့ လူတိုင်းက မှာစားကြတယ်။ ၀ိုင်းတိုင်း မှာတယ်။ မမှာတဲ့လူ မရှိဘူး။ နာမည်ကြီးဆိုလို့ ကျွန်တော်တို့ကလည်း သွားစားဖြစ်တိုင်း အဲ့ဒါ မှာစားတယ်။ ဟီးး။

ဒါကတော့ ဟင်း ၃ မျိုး ချပြီး တဲ့ အချိန်မှာ Side Dishes တွေနဲက အတူ အားလုံးကို တွဲရိုက်လိုက်တာပါ။

ဒါကတော့ Korea Seafood Pancake ပါ။ စားလို့ကောင်းတယ်။ ကျွပ်ကျွပ်လေး အနားသားလေးတွေပါ။ အထဲကတော့ အိအိလေးပါ။ စားလို့တော့ ကောင်းတယ်။ အင်္ဂလိပ် Pancake နဲ့ မတူဘူး။ မြန်မာ ဘိန်းမုန့်နဲ့ တော့ ခပ်ဆင်ဆင်လေး။

ဒါကတော့ အမဲသား အာလူး ဟင်းချို။ အာလူးက ၃တုံးပဲ ပါတော့ သူငယ်ချင်းတွေနဲ့ လုစားလာသေးတယ်။ ဟီးး။ တစ်တုံးကို ၅ပိုင်းလောက် ပိုင်းပြီး၊ တစ်ယောက်ကို အပိုင်းကိုယ်စီနဲ့ စားလာပါတယ်။ ပျော်ဖို့တော့ ကောင်းတယ်။ လုစားရတာကို ပြောတာ။ ဟင်းရည်အိုးကို လင်းစစ်သူက ခတ်ပြီး ထည့်ပေးတာလေ။ သူက ပိုင်းတာ မညီရင် ကျန်တဲ့လူတွေက အော်တော့တာပဲ။ လင်းစစ်သူက ထိုင်ပိုင်းနေတာ နာရီဝက်လောက် ကြာတယ်။ ဟီးး။

ကျွန်တော့် ဟင်းချိုပန်းကန်ပါ။ အစတုံးကတော့ ရိုက်မလို့ပဲ။ ကုန်ခါနီးမှ သတိရတော့ မြန်မြန်လှမ်း ရိုက်လိုက်တာ၊ အာလူးဆို ဘယ်ရောက် သွားမှန်းတောင် မသိဘူး။ အမဲသားဆို အရိုးပဲ ကျန်တော့တယ်။

ဒါကတော့ Side Dishes တွေပါ။ ကင်ရှီကတော့ ကျွန်တော် အိမ်မှာလည်း အပျင်းပြေ စားနေကျ အစာ တစ်ခုပါ။


ဒါကေတော့ Korea Rice Cake ဆိုလား။ ဘာလားပဲ။ အရွက်ရယ်၊ မှိုရယ်၊ ပြည်ကြီးငါးရယ်၊ Rice Cake ရယ်ကို အစပ်ချက်ထားတာပါ။ တော်တော်တော့ စားလို့ကောင်းတယ်။ ကျွန်တော့် ရှေ့မှာ ထားတဲ့ ပန်းကန်ဆိုတော့ ဟီးး။ အရင်ဆုံး ကုန်တာလေ။ ကျွန်တော်က နေရာ ယူကထဲက အလယ် Center ကျကျ မှာနေရာယူတာ။ ဘယ်ရမလဲ။ ဟိုဘက် တွယ်လိုက်၊ ဒီဘက် တွယ်လိုက်နဲ့။ အဆင်ကို ပြေနေတာပဲ။ :)


လေးစားချစ်ခင်လျှက်

Tea

ဆက်ဖတ်ရန်...(To Continue)

ပျော်ရွှင်ခြင်း၏ အနှစ်သာရ - အခန်း ၁ (ပထမပိုင်း)



ကျွန်တော်အခု ဘာသာပြန်မည့် စာအုပ်သည် ကမ္ဘာ့နာမည် အကြီးဆုံး Harvard University တွင် နာမည် အကြီးဆုံး အခန်း၊ လူအများဆုံး တက်သော အခန်း၏ Course တွင် သုံးဖူးသော ပျော်ရွှင်ခြင်း အကြောင်းဖြစ်ပါသည်။ စာရေးသူက တယ်ဘန်ရှာဟာ ဖြစ်ပါသည် ကျွန်တော်လည်း အခု အင်္ဂလိပ် အတန်းတစ်တန်း တက်နေတာ အဲ့ဒီ အကြောင်းတွေ ဖတ်နေရတယ် ဆိုတော့ တစ်ခါထဲ လုပ်ဖြစ်သွားတာပါ။ အရမ်း စိတ်ဝင်စားဖို့ ကောင်းသလို၊ အလွန် အဓိပ္ပာယ်ရှိ လှပါတယ်။ ဒါ့အပြင် နေ့စဉ်ဘ၀ အတွက် အထူး အကျိုးဝင်ပါတယ်။ အားလုံးအတွက် အကျိုးဖြစ်မယ် ထင်လို့ ဘာသာ ပြန်ရတာပါ။ အခန်းတွေ အပိုင်းတွေနှင့် ဖော်ပြပေးသွားမှာ ဖြစ်ပါသည်။


အခန်း - ၁
ပထမပိုင်း

ပျော်ရွှင်ခြင်း ၏ မေးခွန်း

ကျွနိုပ် Israeli national squash championship ကို နိုင်ခဲ့တုန်းက အသက်က ၁၆နှစ်ပါ။ ထို ချန်ပီယံ ဖြစ်ခဲ့ရသော အခြေ အနေသည် ကျွနိုပ် ဘ၀၏ အရေးကြီးသော ပစ်မှတ် တစ်ခုသို့ ပျော်ရွှင်ခြင်း ဆိုသည့် ခေါင်းစဉ် တစ်ခု ရောက်ရှိ လာပါသည်။

ကျွနိုပ်သည် ဤပွဲကို အနိုင်ရရှိခဲ့လျှင် အလွန် ပျော်မိလိမ့်မည် ဟု ထင်ခဲ့မိပါသည်။ ကျွနိုပ်၏ ခံစားလွန်းရသော လိုအပ်ချက် တစ်ခုကို ဖြည့်ဆည်း ပေးလိမ့်မည် ဟုလည်း ယုံကြည်ခဲ့ ပါသည်။ ကျွနိုပ် ၅ နှစ် လုံးလုံး အတွင်း ပင်ပန်းကြီးစွာ ပျောက်ဆုံးနေသော လိုအပ်ချက်၊ တစ်စုံတစ်ရာအတွက် လေ့ကျင့် လာခဲ့ပါသည်။ ထို တစ်စုံတစ်ရာ အတွက် ကျွနိုပ် မိုင်ပေါင်း များစွာ အပြေး လေ့ကျင့်ခဲ့သည်။ အလေးပေါင်း များစွာကို မ ခဲ့သည်။ ကျွနိုပ် အစစ အရာရာ ကျွနိုပ်ဘ၀တွင် ပျောက်ဆုံးနေခဲ့သော ထို လိုအပ်ချက်၊ ထို တစ်စုံတစ်ရာ အတွက် လေ့ကျင့် ခဲ့ပါသည်။ ဒါပေမယ့် ကျွနိုပ်သည် အချိန် ကုန်ဆုံးသွား သည့် အလျောက် ထို တစ်စုံတစ်ရာကို ရရှိ ပိုင်ဆိုင် လာမည်ဟု ယုံကြည် ခဲ့ပါသည်။ ဒါတွေ အားလုံးပြီးတော့ ကျွနိုပ် ဤ ချန်ပီယံကို အနိုင်ရရှိဖို့ ကိုယ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ပါ အားထုတ် လေ့ကျင့်မှုတွေ လိုအပ်နေသည်ကို တွေ့ရှိခဲ့ရပါသည်။ ချန်ပီယံကို အနိုင်ရရှိဖို့သည် ပြီးပြည့်စုံမှု အတွက် လိုအပ်ခဲ့သည်။ ပြီးပြည့်စုံမှုသည် ပျော်ရွှင်ခြင်း အတွက် လိုအပ်ခဲ့သည်။ ထို အတွေးအခေါ် ချိန်းကြိုး သည် ကျွနိုပ် ကျင်လည် ကျင့်သုံးခဲ့သော အတွေးအခေါ် ချိန်းကြိုး ဖြစ်ပါသည်။

ကျွနိုပ် Israeli ချန်ပီယံ ရရှိသွားခဲ့သည်။ ကျွနိုပ် အရမ်း အရမ်း ပျော်ရွှင်ခဲ့ပါသည်။ ကျွနိုပ် ထင်ထားသည်ထက်ကို အများကြီး ပျော်ရွှင်ခဲ့ပါသည်။ ကျွနိုပ်၏ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ နှင့် အောင်ပွဲခံကာ ဂုဏ်ပြုပွဲတွေ ပြုလုပ်ခဲ့ပါသည်။ ကျွနိုပ် ငါးနှစ်လုံးလုံး လေ့ကျင့်ခဲ့ရသော အောင်ပွဲ ရလာဒ်သည် ကျွနိုပ် ကြာရှည်စွာ တောင်းတ နေခဲ့သော တစ်စုံတစ်ရာ အား ရယူရမည်ဟု ခိုင်မာစွာ ယုံကြည်ခဲ့ပါသည်။

အောင်ပွဲခံ ကျင်းပမှုတွေ ပြီးသွားတော့ ကျွနိုပ် အခန်းထဲသို့ သွားပြီး အနားယူ ပါတော့မည်။ ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ အိပ်ရာမ၀င် ခင်အချိန် အတွင်း ထိုကဲ့သို့ ထူးခြား ဆန်းကြယ် လှသော ပျော်ရွှင်မှုကြီးအား ကြာရှည်စွာ ခံစားမည် ဟူသော စိတ်ကူးဖြင့် တွေးကြည့်ပါသည်။ ထိုအချိန်အတွင်းတွင် ရုတ်တရက်ကြီး ထို ပျော်ရွှင်ခြင်း ဟူသော အရာကြီး လုံးလုံး မရှိတော့ပြီ။ ကျွနိုပ် အနှစ်နှစ် အလလ ကြိုးစား ပျိုးထောင် လေ့ကျင့်ခဲ့သော ရလာဒ်များ၏ အသီးအပွင့်များ ခဏတာ အချိန်လေး အတွင်းတွင် ကြည်နူးခြင်း ရသ တွေ ပေးပြီး ထာဝရ ပျောက်ကွယ် သွားခဲ့ပြီ။ ကျွနိုပ် မပျော်ရွှင် နိုင်တော့ပေ။ ကျွနိုပ် ဤသို့ မပျော်ရွှင်နိုင်ပါက အရင်က ကြိုးစားခဲ့သော အရာများအား မည်သည့် ရည်ရွယ်ချက် အတွက်ကြောင့် ပြုလုပ် ခဲ့ရပါသနည်း။

ကျွနိုပ် မိမိဘာသာ ဖြေသိမ့်သေးသည်။ ထိုသို့ ဖြစ်ခြင်း သည် တစ်ခဏတာ အတွင်းတွင်သာ ကြီးမားသော အောင်မြင်မှုကြီးကြောင့် ရုတ်တရက် ပျောက်ဆုံး သွားခြင်း သာ ဖြစ်သည်။ ဒါပေမယ့် နေ့တွေ လတွေသာ ထပ်မံ ကုန်ဆုံးသွား ပါသည်။ ကျွနိုပ် ပိုပြီး မပျော်ရွှင်နိုင်ခဲ့ပေ။ ဒါ့အပြင် ကျွနိုပ် ရည်မှန်းချက် အသစ် တစ်ခုဖြင့် အစားထိုးပြီး ရှေ့ဆက်ကြည့်ပါသည်။ ထိုရည်မှန်းချက်သည် ကမ္ဘာ့ ချန်ပီယံ ဖြစ်ရန် အတွက် ဖြစ်သည်။ ဒါပေမယ့် ထိုသို့ ပြုလုပ်ခဲ့သော်လည်း ကျွနိုပ် ပိုပြီး အထီးကျန်ဆန် လာသည်ဟု ခံစားရပါသည်။ ပျော်ရွှင်မှု တစ်ခုအား ပို့ဆောင်ပေးလိမ့် မည်ဟု ယုံကြည်ခဲ့ရာ အမှားကြီး မှားနေခဲ့ပါသည်။ ကျွနိုပ်၏ အတွေးအခေါ် ချိန်းကြိုးကြီး အား ဆက်လက်ပြီး ကျင်လည် ဖို့ရာ အကြောင်း မရှိတော့ပြီ။

ထို ပျော်ရွှင်ခြင်း ဟူသော အရာကို ကျွနိုပ် ရှုထောင့် ပေါင်းစုံ၊ နည်းလမ်းများဖြင့် စနစ်တကျ တွေးတောဖို့ လိုအပ် လာသည်ဟု နားလည် တွေ့ရှိခဲ့သည်။ သို့မှသာ သူ့ကို နားလည်ဖို့ သူ၏ သဘာဝ အနှစ်သာရကို သိရှိဖို့ ဖြစ်လာနိုင်ပါသည်။ ကျွနိုပ် အား မေးခွန်းတစ်ခုသည် အထပ်ထပ် အခါခါ အချိန်ကြာမြင့်စွာ ကြီးစိုး ချယ်လှယ် ခဲ့ပါသည်။ ထိုမေးခွန်းကား - ကြာရှည်ခံမည့် ပျော်ရွှင်မှုအား ငါဘယ်လို ရှာရမည်နည်း။ - ဖြစ်သည်။ ထို မေးခွန်းအား ကျွနိုပ် အဖြေရရှိဖို့ လိုက်လံ စူးစမ်းခဲ့ပါသည်။ ပျော်ရွှင်နေသည်ဟု ထင်ရသော လူများကို လိုက်ပြီး သူတို့ ဘာကြောင့်များ ပျော်နေတာပါလဲ ဟု လိုက်မေးခဲ့ပါသည်။ ဖတ်လို့ ရသော သက်ဆိုင်သည့် စာများ တစ်ခုမကျန် မွှေနှောက်ပြီး ရတာအကုန် ရှိနေသော စာများ ပေများ အားလုံးကို လိုက်ပြီး ဖတ်ခဲ့ပါသည်။

ကျွနိုပ်၏ ရေရှည်ခံသော ပျော်ရွှင်ခြင်းအား ဆက်လက် ရှာပုံတော် ဖွင့်ဖို့ ကျွနိုပ် ခရီးဆက်ခဲ့ပါသည်။ ကျွနိုပ် နောက်ဆုံး Philosophy and Psychology အတွေးအခေါ် နှင့် စိတ်ပညာ ပိုင်းဆိုင်ရာ အကြောင်းကို ကောလိပ်တွင် လေ့လာ ဆည်းပူးဖို့ ဆုံးဖြတ်ခဲ့ပါသည်။ ကျွနိုပ် များလှစွာသော ထူးချွန်သည့် လူများဖြင့် တွေ့ရှိခဲ့ ပါသည်။ စာရေးဆရာတွေ၊ ပန်းချီဆရာတွေ၊ တွေးခေါ်ပညာရှင်တွေ၊ ဆရာတွေ အစရှိသည့် လူတွေ အများကြီးနှင့် သူတို့၏ ကြီးမား လှသော ရည်မှန်းချက်များ ကို လေ့လာခဲ့ရသည်။ စာတွေ ဖတ်ပြီး ဗဟုသုတ တွေ ရကာ အတွေ့အကြုံများ၊ အဖြစ်အပျက် အသစ်များ၊ ကျွနိုပ် ဘေးပတ်ဝန်းကျင်မှ လူတွေ၏ ဘ၀များ၊ စာပေထဲမှ ဘ၀များ၊ ကျွနိုပ်၏ ဘ၀နှင့်အတူ ဒါတွေ အားလုံးသည် ကျွနိုပ်အား အမြင်သစ်များ ရရှိစေခဲ့ပါသည်။

ကျွနိုပ် တစ်ကိုယ်တည်း အထီးကျန်ပြီး အပျော်ရွှင်ခြင်းလား ဆိုတော့ မဟုတ်ပါပေ။ များလှစွာသော ကျွနိုပ်၏ အတန်း ဖော်များ သည်လည်း စိတ်ဓာတ်ကျသည့် သူက ကျ၊ ကိုယ်နှင့် စိတ်နှင့် ကွဲနေသည့် လူတွေက ကွဲ၊ အပြုံး မရှိသည့် လူတွေက မပြုံးနိုင်၊ အစရှိ သဖြင့် တွေ့ရှိခဲ့ရသည်။ သူတို့လည်း ကျွနိုပ်၏ ယခင်က ပျော်ရွှင်ခြင်း အတွေးအခေါ် ချိန်းကြိုးကြီးနှင့် မလွတ်မြောက်နိုင်သေး ဟုသာ ထင်လိုက်မိသည်။ သူတို့ အချိန်တွေကို ကောင်းတဲ့ အဆင့်တွေ အမှတ်တွေ ရဖို့၊ အောင်မြင်မှု တွေ ရဖို့ အမြဲ ကြိုးစားနေကြရသည်။ ဒါတွေ ပြီးသွားလျှင် ကျွနိုပ် တွေးခဲ့သလို သူတို့ လည်း ပိုပြီး တစ်ဆင့်တက်ကာ အလုပ်တွေ၊ မိသားစု ဘ၀တွေ အစရှိသဖြင့် တစ်ဆင့် ပြီးသွားတိုင်း နောက်တစ်ဆင့် ဖြင့် ထပ်မံ တိုးကာ တိုးကာ၊ ထို အတွေးအခေါ် ချိန်းကြိုးကြီး ထဲတွင် လည်ပတ်နေကြသည်။ ဒါပေမယ့် ၄င်းချိန်းကြိုးကြီးက သူတို့ကို စင်စစ် ပျော်ရွှင်မှုကြီး မပေးနိုင်ဘူးဆိုတာ သူတို့ မသိချေ။ အချိန် ရွေ့လျား လာသည်နှင့် လူတွေ ကျောင်းတွေပြီး အလုပ်တွေရ၊ မိမိနယ်ပယ်မှာ အောင်မြင် လာပါစေဦး၊ သူတို့ရဲ့ တစ်ခုတည်းသော လိုအပ်ချက်တွေကတော့ ပြောင်းမည် မဟုတ်ပေ။ လူတစ်ယောက်က အောင်မြင်မှု နှင့် ပျော်ရွှင်မှု ကို တစ်ပြိုင်နက်တည်း ရယူ ခံစား နိုင်ပါသလော်။ ရည်မှန်းချက် နှင့် ပျော်ရွှင်မှု ကို မည်သို့ ပေါင်းစည်းမည်နည်း။ တစ်ခုလိုချင်ရင် တစ်ခုကို ပေးဆပ်ရမည် ဟူသော ညီမျှခြင်းကို ဖြိုဖျက်ဖို့ နည်းလမ်းများ ရှိပေသလော်။ အစရှိသည့် လေးနက် ခက်ခဲလှသော မေးခွန်းများ၏ အဖြေကို ကျွနိုပ် ဆက်လက် ရှာဖွေ နေမိပါသည်။

ကဲ အခန်း - ၁ ရဲ့ ပထမပိုင်း ကို ဒီမှာပဲ ရပ်လိုက် တာပေါ့။ ဒါတွေ ဖတ်ပြီး သွားတော့ ကိုယ့်ဘာသာကိုယ် မေးခွန်းတွေ ပြန်ထုတ် ကြည့်ပေါ့။ ပျော်နေ ပါသလား။ တံတိုင်းတွေ ရည်မှန်းချက်တွေ တစ်ခုပြီး တစ်ခု ပြီးသွားတိုင်း ပျော်ပါသလား။ အဲ့ဒီ ပျော်ရွှင်မှုသည် ကြာရှည် ခံနိုင်ပါသလား။ ဒါမှမဟုတ် ခဏတာ ဖြေသိမ့်ချက် တစ်ခု သက်သက် ပဲလား။ ဘယ်တစ်ခုက ထာဝရ မပြောင်းလဲ ပဲ ကြာရှည်ခံခဲ့ သနည်း။ အားလုံး ပြန်တွေး ကြည့်ပေါ့။ ဖြတ်သန်းခဲ့ရတာ ဘ၀ကို ဘယ်လို တွေ မြင်သလဲပေါ့။ ဒီစာအုပ်က နောက်ပိုင်းကျရင် ပိုပြီး ပျော်တတ်လာဖို့ သင်ပေးသွားမှာပါ။ နည်းလမ်းတွေလည်း ပါပါတယ်။

အခန်း - ၁ ... ဒုတိယပိုင်း မကြာမီ လာမည်။

ခိုင်မြဲသော ပျော်ရွှင်ခြင်းများ အတွက်
Tea

ဆက်ဖတ်ရန်...(To Continue)

သတင်း Center - 25th June, 2008


မြန်မာ့သတင်းများ

မြန်မာစစ်အစိုးရသည် အဓိကကျသော တပ်မတော်အရာရှိ အများအပြားကို အစဉ်အလာ မရှိဘဲ ရုတ်တရက် အပြောင်းအရွှေ့ များ ပြုလုပ်လိုက်ပြီး အရာရှိငယ်များကိုလည်း စစ်တိုင်းမှူး ရာထူး နေရာများတွင် တိုးမြှင့်ခန့်ထားလိုက်သည်။ စစ်အစိုးရတွင်း အပြောင်းအရွှေ့များ နောက်ကွယ်တွင် ဘာတွေရှိသလဲ။ [More]


ရန်ကုန်ရှိ ကိုရီးယားလူမျိုး သတင်းထောက်တဦးကို အာဏာပိုင် များက နှင်ထုတ် လိုက်သည်။ [More]


United Kingdom မှ Flash Mob ဟု ခေါ်သော ဗီဒီယို အတိုလေး တစ်ခုအား လန်ဒန်မှာ ယနေ့ည ၉.၄၅ တွင် Waterloo station တွင် ပြသသွားမည် ဖြစ်သည်။ YouTube clip ကို သွားရောက် ကြည့်ရှုနိုင်သည်။ Flash Mob သည် ပုံမှန်အားဖြင့် စစ်အစိုးရ၏ ရက်စက်စွာ သတ်ဖြတ်ပုံများကို ပုံဖော်ထားခြင်းဖြစ်သည်။ [More]


မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ရုပ်ရှင် အနုပညာရှင် အများအပြားကို အာဏာပိုင်များက ခေါ်ယူ စစ်ဆေးမှုပြုအပြီး နောက်ဆက် တွဲ ပြဿနာကတော့ ဂျာနယ်တစောင်နှင့် အနုပညာရှင်အချို့ အငြင်းပွားမှု ဖြစ်သည်။ [More]


Telecoms Sans Frontieres (TSF) မှ အဖွဲ့နှစ်ခု ရှိ ကယ်ဆယ်ရေးသမားများ အရေးပေါ် Telecoms များ မုန်တိုင်း ထိ ဆိုးရွားနေရာများသို့ ပို့ဆောင်ပေးမည်ကို ပိတ်ပင်လိုက်သည်။ [More]


စစ်အစိုးရသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်ကိုယ်တော်မှိုင်းတို့၏ စာများကို အထက်တန်း သင်ရိုးညွှန်းတမ်းမှ ဖြုတ်ပယ်လိုက်သည်။ [More]


ယိုးဒယားနိုင်ငံသည် မြန်မာပြည်နှင့် Gas deal တစ်ခု ပြုလုပ်လိုက်သည်။ တစ်နေ့လျှင် 300 million cubic feet of gas ထုတ်လုပ်နိုင်ပြီး ၈၀%ကို ယိုးဒယားနိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။ [More]


ဒေါ်လာ ၈၄သန်း ချေးငှားရေး အပါအ၀င် မြန်မာ စစ်အစိုးရ သည် အိန္ဒိယနှင့် စာချုပ် စုစုပေါင်း ၄ခုကို ချုပ်ဆိုလိုက်သည်။ [More]


မြန်မာစစ်အစိုးရ၏ တရားဝင် စားရင်း သေဆုံးသူ ၈၄၅၀၀ ရှိသွားပြီဖြစ်သည်။ အင်္ဂါနေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။ [More]


ရန်ကုန် လေဘေး ဒုက္ခသည်များအရေး သတင်းလိုက်ယူသဖြင့် လွန်ခဲ့သည့် နှစ်ပတ်က ဖမ်းဆီးခံရသူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား စစ်အစိုးရက ကြီးလေးသော ပြစ်မှုများ တပ်၍ စွဲဆိုထားသည်။ [More]





ကမ္ဘာ့သတင်းများ


Jolie-Pitt Foundation donates $1 mil to Iraqi kids
ဟောလိဝုဒ်သရုပ်ဆောင်စုံတွဲ Brad Pitt နှင့် Angelina Jolie တို့သည် အီရတ်တွင် စစ်ဒဏ်ခံနေရသော ကလေးများအတွက် ဒေါ်လာတစ်သန်းကို Jolie-Pitt Foundation မှတဆင့် လှူဒါန်းလိုက်။ [More]


Gastric Bypass reduces cancer risk
ခွဲစိတ်ခြင်းဖြင့် လူကို ပိန်စေသောနည်းသည် တနည်းအားဖြင့် အန္တရာယ်ရှိသော်လဲ ဆီးချိုနှင့် နှလုံးရောဂါဖြစ်နိုင်ချေ လျှော့ချပေး။ ကင်ဆာဖြစ်နှုန်းကိုလဲ ၈၅ရာခိုင်နှုန်းအထိ လျှော့ချ။ [More]


China's First Spacewalk: A Prelude of Things to Come
တရုတ်ပြည်သည် ၂၀၀၃ ခုနှစ်မှ စပြီး “Shenzhou Spaceship Program” ဆန်ဇိုးအာကာသယာဉ်နှစ်ခုတင်လွှတ်ပြီးရာ ယခု အောက်တိုဘာလတွင် Shenzhou 7 Spacecraft အား တင်လွှတ်ရန် ပြင်ဆင်နေ။ ယခုအခေါက်တွင် အာကာသတွင်း လမ်းလျှောက်ခြင်းပါ ပါဝင်မည်ဖြစ်သည်။ [More]


Letter from LDS Church asks for support against gay marriage
ခရစ်ယာန်ဘာသာတစ်ခုဖြစ်သော The Church of Jesus Christ of Latter-day Saints ဧ။် အကြီးအကဲဖြစ်သူက မကြာသေးမီက ကယ်လီဖိုးနီးယားတွင် အတည်ပြုလိုက်သော Gay Marriage ကို ဆန့်ကျင်ကြောင်း စာတစ်စောင်ရေးသားလိုက်သည်။ [More]


McCain Proposes a $300 Million Prize for a Next-Generation Car Battery
သမ္မတလောင်း Senator John McCain သည် သူသာ အမေရိကန်သမ္မတဖြစ်လျှင် စွမ်းရည်ပြည့် ဘက်ထရီကားထုတ်လုပ်နိုင်သူအား ဒေါ်လာ သန်း၃၀၀ ပေးမည်ဟု ကြေညာလိုက်သည်။ ဓါတ်ဆီဈေးမြင့်မားမှုကြောင့် Senator Obama ကလဲ ပြောင်းဖူးမှ လောင်စာဆီထုတ်လုပ်မှုကို အားပေးမည်ဟု ကြေညာထား။ [More]


Mobile phone battery dead? Try dancing
မိုဘိုင်းဖုန်းရုတ်တရက်ဘက်ထရီကုန်သွားပါက အရွေ့စွမ်းအင် Kinetic Energy မှ လျှပ်စစ်စွမ်းအင် Electrical Energy သို့ ကူးပြောင်းပေးမည့် Charger တစ်ခုတီထွင်လိုက်။ ယင်းကို ကမ္ဘာ့အကြီးဆုံး Music and Art Glastonbury Festival တွင် စတင်စမ်းသပ်အသုံးပြုသွားမည်ဖြစ်။ [More]


345 arrested, kids rescued in prostitution busts
FBIဧ။် ငါးရက်ကြာ အမရိကန်နိုင်ငံရှိ မြို့ကြီးများတွင် ပြည့်တန်ဆာဖမ်းဆီးရာတွင် လူကြီး ပြည့်တန်ဆာ ၃၄၅ ယောက်ဖမ်းမိပြီး ကလေးငယ်၂၁ယောက်အားလဲ ကယ်ဆယ်လိုက်နိုင်။ [More]


Fossil of most primitive 4-legged creature found
ကမ္ဘာပေါ်တွင် ရှေးအကျဆုံး လွန်ခဲ့သော သန်း ၃၆၅နှစ် ခန့်က တွားသွားသတ္တ၀ါဧ။် ဦးခေါင်းခွံ၊ ပုခုံးရိုးနှင့် တင်ပါးဆုံရိုးများကို လစ်ဗျားနိုင်ငံတွင် တွေ့ရှိ။ ရေထဲတွင်နေလေ့ရှိပြီး ထိုအသားစားသတ္တ၀ါ Vantestega curonica သည် ဒိုင်နိုဆောများထက် နှစ်သန်းပေါင်းတစ်ရာ ပိုမိုရှေးကျ [More]


Gloucester Pregnancy Plot Thickens
အမေရိကန် မက်ဆာချူးဆက်ပြည်နယ်ရှိ အထက်တန်းကျောင်းတွင် ကိုယ်ဝန်ရှိ ကျောင်းသူ ၁၇ယောက်အထိ တိုးလာ။ ကျောင်းသူများသည် သူငယ်ချင်းများနှင့် အတူ ကလေးများကို ကြီးပြင်းစေမည်ဟူသော အကြံဖြင့်၊ ယင်းအထက်တန်းကျောင်းတွင် နေ့ကလေးထိန်းကျောင်းတစ်ခုပါဖွင့်ပေးရမည့် အခြေအနေသို့ ဆိုက်ရောက်နေ။ [More]


Ronaldo To Madrid, Owen To Man U?
မန်ယူကြယ်ပွင့် Christiano Ronaldo ရီးရဲမက်ဒရစ်သို့ ပြောင်းဖြစ်ပါက Sit Alex Ferguson သည် နယူးကာဆယ် ရှေ့တန်းတိုက်စစ်မှူး Micheal Owen ကို မန်ယူသို့ နှစ်တိုစာချုပ်ဖြင့် ခေါ်ယူရန် ကြံစည်နေ။ [More]


လေးစားလျှက်
Mr. Reporter
Ms. Reporter

ဆက်ဖတ်ရန်...(To Continue)

Tuesday, June 24, 2008

ကွက်လပ်တစ်ခု ဖြည့်ကြည့်ပါ။


လောကကြီးတွင် လူတစ်မျိုးရှိသည်....
ကိုယ်နှင့် အတူ ရှိနေသော အချိန်များ တွင် အစား အသောက် ကောင်းများကို ကိုယ့်အတွက် အမြဲ ချန်ထား တတ်ပြီး ရာသီ ဥတု အေးလျှင် အနွေးထည် ထပ်ဖို့၊ အပြင် ထွက်လျှင် အစစ အရာရာ သတိနှင့် နေဖို့ ဂရု တစိုက် အမြဲ မှာတတ်သည်။ တစ်ခါ တစ်ရံ ထိုအပြော များကို ကိုယ်က နားပူ သည်ဟု ထင်ခဲ့ သော်လည်း စိတ်ထဲ တွင်မှု နွေးထွေးသော မေတ္တာကို ခံစား ရသည်။ ကိုယ့်မုန့်ဖိုး လိုသော အချိန်တွင် လက်ဖြန့် တောင်းလျှင် ပိုက်ဆံ ရှာရသည်မှာ မည်မျှ ခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကို ပြောပြ တတ်သည်။ ပါးစပ်က တပျစ် တောက်တောက် ရေရွတ် နေသော်လည်း လက်က ပိုက်ဆံ ကမ်းပေး နေတတ်သည်။
ထိုလူမျိုးကို မိဘ ဟု ခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်....
အမှား အမှန် ခွဲခြား သိမြင်အောင် သွန်သင် ဆုံးမတတ်ပြီး သားသမီး အရင်းချာကဲ့သို့ ပဲ့ကိုင် လမ်းညွှန် တတ်သည်။ စည်းကမ်းတွေ ချမှတ် ပေးတတ်ပြီး ဗဟုသုတ များကို မျှဝေ ပေးတတ်သည်။ ဆူပူ ကြိမ်းမောင်း ခြင်းမှာလည်း လူတော် လူကောင်း ဖြစ်စေ ချင်သော စေသနာ သာလျှင် ဖြစ်သည်။
ထိုလူမျိုးကို ဆရာဟုခေါ်သည်။


လောကကြီးတွင် လူတစ်မျိုးရှိသည်....
တစ်ခါ တစ်ရံ ကိုယ်နှင့် ရန်ဖြစ်တတ်ပြီး စကားနိုင် လည်း လုတတ်သေးသည်။ ကိုယ့်ဝေစုကို လုစား တတ်ပြီး မိဘ ကိုလည်း အတိုင် အတော လုပ်တတ် သေးသည်။ သို့သော် ကိုယ့်ကို တစ်ခြား လူများထက် ပိုချစ်ပြီး ပိုဂရုစိုက် တတ်သည်။ အရေး ကြုံပါက သွေးနီး ကြသည်။
ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်....
မတွေ့ မမြင်ရလျှင် လွမ်းနေ တတ်ပြီး တွေ့ပြန်လျှင် ရင်တွေ ခုန်ကာ ဆွံအ နေတတ်သည်။ စိတ်ထဲ၊ အတွေး ထဲတွင် အမြဲ လွှမ်းမိုး နေတတ်ပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်မပျော် အောင်လည်း အိမ်မက် ထဲထိ ကြီးစိုး နေတတ်သည်။ ကိုယ့်အတွက် အလှပ ဆုံးနှင့် အချိုမြိန်ဆုံး ပန်းသီးလေး တစ်လုံးလိုပင်။
ထိုလူမျိုးကို ချစ်သူ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည်....
တခြားလူ မသိသော ကိုယ့်၏ လျှို့ဝှက်ချက် များကို သူသိသည်။ ကိုယ်စာ မရသော အချိန်တွင် ရှင်းပြ တတ်ပြီး ကိုယ်အမှား လုပ်မိသော အချိန်တွင် ကိုယ့်ဘက်မှ ရပ်တည်ပြီး ၀န်ခံ ပေးတတ်သည်။ အားငယ်သော အချိန်တွင် အားပေး တတ်ပြီး ၀မ်းနည်းသည့် အချိန် များတွင် နှစ်သိမ့် တတ်သည်။ ကိုယ် အဆင်ပြေလျှင် သူ့ကို မေ့နေ တတ်ပြီး အဆင် မပြေသော အချိန်များ တွင် ကိုယ်ရင်ဖွင့် သမျှကို စိတ်ရှည်ရှည် နားထောင် ပေးတတ်သည်။ ကိုယ်နှင့် အတူရှိ နေမည့် အချိန်များက ချစ်သူ တစ်ယောက် ထက်ပင် ကြာရှည် ခိုင်မြဲတတ်သည်။
ထိုသူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။

* * * * * * * * * * * * * * * * * * * * * * * * *

ဘာရယ် ညာရယ်မှ မဟုတ် ပါဘူးဗျာ။ ပေဖူးက ကျွန်တော့် မေးလ်ထဲကို Forward Mail တစ်ခု ပို့လာလို့ အထက်ပါ စာသားလေးတွေ ပါလာပြီး စိတ်ဝင်စားမယ် ကောင်းတာ ထင်လို့ တင်ပေး လိုက်တာပါ။ ဒါပေမယ့် စာကတော့ မိုက်ပါရဲ့။ တစ်ခု လိုနေသေးတယ်ဗျ။ အဲ့ဒါကို ကျွန်တော်က ထပ်ဖြည့်ကြည့်မလို့လေ။ :)


နောက်ဆုံး စာကြောင်း၌ ကွက်လပ်ဖြည့်ပါ :)


လောကကြီးတွင် လူတစ်မျိုးရှိသည်....
အမှားနှင့် အမှန် ခွဲခြား နိုင်စွမ်း လုံးဝမရှိပဲ သူတစ်ပါးကို နှောက်ယှက်ရာမှာ မွေး ကထဲကပင် ပါရှိ လာသော ပင်ကိုယ် ဗီဇ ဖြစ်သည်။ မိမိကိုယ်ကို ကောင်းအောင် အရင် မကြိုးစားပဲ တစ်ခြား သူများကို မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ၊ မခွဲခြား နိုင်ပဲ ပြစ်တင်၊ ရှုံ့ချ၊ ဝေဖန်၊ တိုက်ခိုက်၊ စော်ကား ဖို့ကို ၀န်မလေး သော သူများ ဖြစ်ကြသည်။ မိမိ၏ အားလပ်သော အချိန် များကို အကျိုးရှိစွာ အသုံး မချသည့် အပြင် တစ်ပါး သူကို ထိရောက် စော်ကားဖို့ လိုလားသော သူများ ဖြစ်ကြသည်။ တကယ်တော့ ထိုသူများ သည် အတ္တ ဆန်ပြီး လူတိုင်းကို အရောင် ဆိုးလိုသော စိတ်ဓာတ်များ ပိုင်ဆိုင်ထား ကြသည်။ ယုတ်မာ ကောက်ကျစ်သော စိတ်ဓာတ် များဖြင့် ဖွဲ့စည်း ထားသော သူများလည်း ဖြစ်ကြ ပေသည်။ လက်တွေ့ ဘ၀တွင် မျက်နှာဖုံး များကို ကိုယ်စီ ကိုယ်စီ တပ်ထား ကြရင်း မိမိတို့ ဘယ်သူ ဘယ်ဝါ ဆိုတာ အသိ မပေးပဲ အမှောင် ထဲမှ နေပြီး သူများ အတင်းကို ထိုင်တုတ် တတ်ကြသည်။ မနာ လိုခြင်း၊ အူတိုခြင်း၊ သိမ်ငယ် ခြင်းများ အမြဲလိုလို ဖြစ်တတ် ကြပြီး သူတစ်ပါးအား စိတ်အနှောက် အယှက် ပေးဖို့ ၀ါသနာ ပါသော လူများ ဖြစ်ကြသည်။ လောကကြီး၏ ကောင်းကျိုးကို မသယ်ပိုးပဲ မြင်သူ အပေါင်းကို အမုန်းပွားကာ ကြိမ်ဆဲ နေတတ်ကြသည်။
ထိုသူများကို ................... ဟုခေါ်သည်။


သေချာစဉ်းစားကြနော်။ ဟဲဟဲ။ ဘာမှ မဟုတ်ပါဘူး။ အပျင်းပြေ ပါဗျာ။ အခုတလော ရာသီဥတု တွေက သိပ်မကောင်းဘူး ဆိုတော့ အားလုံးကို မိုးလေ၀သ အခြေအနေ တွေကို ပြောပြ ထားတာပါ။

အားလုံး အတွက် အစဉ်ကြိုးစား အားထုတ်လျှက် လေးစား စွာဖြင့်
Tea

ဆက်ဖတ်ရန်...(To Continue)

Me and My Favourite Dancer



စာမေးပွဲရှိတိုင်းသာ စာမရေးရင်တော့ ပေဖူးလွှာတို့ ဒီတသက်လုံး စာရေးဖြစ်မှာ မဟုတ်တော့ဘူး။ အရင်ကတော့ ကြီးကြီးမားမား များများစားစားရေးမလို့ဘဲ။ ရေးချင်တယ်။ အချိန်က မရှိ၊ ဒီကြားထဲ Ms. Reporter ဆိုတော့ သတင်းက လိုက်ဖမ်းရသေးတယ်။ ဟဲ..ဟဲ

ဒီနေ့တော့ ပေဖူးလွှာ ကတတ်သလားလို့ မေးနေကြတဲ့ သူတွေအတွက်ပါ။ ပေဖူးလွှာ ကတတ်ပါတယ်။ ကွေးနေအောင်ကို ကတတ်ပါဧ။်. :P :P ဘာအကလဲလို့ မေးရင်တော့ ပေဖူးတို့က လိုင်းနဲနဲစုံတယ်။ ဟဲ ဟဲ။ ဒါပေမယ့် ဟို Popping တို့ B-Boy Head Spin တို့ တော့ မဟုတ်ဘူး။ အမေက အရိုးထပ်ကျိုးရင် မကုပေးတော့ဘူးဆိုပြီး ရာဇသံပေးထားလို့ ငြိမ်နေရတယ်။ ^.^
ဘယ်လိုက စဖြစ်တာလဲဆိုတော့ ငါးတန်းလောက်တုန်းက စတာပါ။ အဲဒီအချိန်တုန်းက ပေဖူးလွှာတို့ ဆိုတာ မိန်းမတို့ တတ်အပ်သော ပညာက လွဲရင် ကျန်တာ အကုန်တတ်တယ်။ (ဖဲတို့ ဘောလုံးပွဲတို့ ပြောတာပါ….လျှောက်မတွေးနဲ့လေ) :P


အဲဒါနဲ့ပဲ နယ်က အဘွား ပေဖူးတို့ အိမ်မှာလဲ သုံးလလောက် လာနေရော ဒီကောင်မလေး ထောင့်မကျိုးဘူးဆိုပြီး ဗမာအကသင်တန်းပို့ လိုက်ပါလေကော။ အဲဒါနဲ့ပဲ ပေဖူးတို့ စ ကဖြစ်သွားတာပါပဲ။ US ရောက်တော့လဲ ဒီက အကတွေ အချိန်ရရင် ရသလောက် လေ့လာနေပါတယ်။ အရင် Semester တုန်းက ကျောင်းက ဘော်ဒါတွေနဲ့ Ballroom အကသင်တန်း သွားတက်တယ်။ ဟီး……ဘာရမလဲ…အပြတ်ကို တက်နင်းတာပေါ့။ ကမှ မကတတ်ပဲကိုး။ ဟီး….အဲဒီတစ်ယောက် အခုဆို လမ်းလျှောက်ရင်ပါ ရှောင်နေတယ်။ ပေဖူးထပ်တက်နင်းမှာ စိုးလို့ ထင်တယ်။ :P ဒါပေမယ့် လလယ်မှာပဲ အတန်းဖြုတ်လိုက်တယ်၊ စာများတာကိုး၊ နောက်မှဘဲ အေးအေးဆေးဆေး ပြန်တက်တော့မယ်။ ^.^
---------------------------------------------------------------------------------------------------
ဒီတပါတ်တော့ ပေဖူးအကြိုက်ဆုံးက အကပညာရှင်တယောက်အကြောင်း ရေးချင်ပါတယ်။ သူမရဲ့ နာမည်ကတော့ Sara Von Gillern တဲ့။ Miss Von လို့ လူသိများပါတယ်။ သူလဲ So You Think You Can Dance Show မှာ နာမည်ကြီးပါပဲ။ အဲဒီပြိုင်ပွဲအကြောင်း ပြန်ဖတ်ချင်ရင် ဒီမှာ LINK။ သူကတော့ ဒီက နာမည်ကြီးလူတွေလို ခေါင်းမရှိတာမျိုးတော့ မဟုတ်ဘူး။ Colorado State University ကနေ Journalism နဲ့ ဘွဲ့ရထားတာပါ။ အသက်ကတော့ ၂၄ နှစ်ရှိပါပြီ။ ဗမာမျက်စိထဲမှာတော့ အချောကြီးထဲမှာ မပါ ပါဘူး။ သူကတော့ မဲကျရာ အကကို အထစ်အငေါ့မရှိ အေးအေးဆေးဆေးကြီး ကနိုင်ပါတယ်။
သူက အဲဒီပြိုင်ပွဲမှာ Top 8 ချိတ်ပါတယ်။ သူ့မရဲ့ Original Genre ပင်ကိုယ် အကစတိုင်ကတော့ Hip Hop ပါ။ B-Boy တွေလို Break Dancing ပါ။ သူက မိန်းကလေးဆိုတော့ B-Girl ပေါ့။ သူ့ရဲ့ Style လေးကို ကြည့်လိုက်ကြဦးစို့။



ပေဖူးကတော့ကြိုက်ပါတယ်။ B-Boy တွေလို ကတာ မမြန်ဆန်ပေမယ့် မိန်းကလေးတယောက် အဲဒီလို ကနိုင်တယ်ဆိုတာကိုက စံပါ။ သူက ဒီလိုအကတွေကို ကျွမ်းကျင်တာကို ကဖို့မဲကျတာက Argentine Tango ပါ။ Argentine Tango က တရားဝင် Ballroom အကမဟုတ်ပါဘူး။ အလွယ်ဆုံးပြောရင်တော့ Argentina မှာ ဒီလိုစတိုင်အများဆုံးကကြလို့ Argentine Tango လို့ နာမည်တွင် သွားတာပါ။ ရိုးရိုးTango နဲ့ ဘာကွာလဲလို့ မေးရင်တော့ Argentine Tango မှာ ကတဲ့ Partner နှစ်ယောက်လုံးက တခါတည်း တွဲနေစရာမလိုပါဘူး။ အဆင်ပြေသလို ကကြတာပါ။ ပြီးတော့ Argentine Tango က ခေါင်းအနေအထားက Tango နဲ့ အများကြီးကွာပါတယ်။ အကျဉ်းချုံးရရင်တော့ Partner Chemistry က Argentine Tango မှာ အများကြီး အသုံးဝင်ပါတယ်။ ကိုယ့်ရဲ့ Favorite ဆိုတော့လဲ ဒီPieceလေးကို ကြိုက်လိုက်တာပါပဲ။ ထူးထူးခြားခြားပါတာ တခုက 1:10 မိနစ်က အကွက်ကလေးပါ။ “Human Pretzel” လို့ခေါ်ပါတယ်။ ဟုတ်တော့လဲ ဟုတ်တာပဲ လူစင်စစ်ကနေ မုန့်ကြိုးလိမ်ဖြစ်ကော။ :S



မိုက်တယ်ဟုတ်။ ဒီတခုက ပိုမိုက်တယ်။ အကဆရာတော်တာလဲ ပါမှာပေါ့။ ဒီ Routine လေးကတော့ Pop Jazz ပါ။ Choreographer ကတော့ Wade Robson ပါ။ သူက Emmy ဆုတောင် ရထားတာလေ။ သူ Emmy ဆုရတဲ့ အကလေးကိုတော့ နောက် ပို့စ်တွေမှာ ထည့်ဖို့ အစီအစဉ်ရှိပါတယ်။ Jazz အက ကတော့ အမြဲထူးထူးဆန်းဆန်းတွေကြီးပဲ။ ဒါပေမဲ့ ပေဖူးအကြိုက် Dancer ကြီးကတော့ ကသွားတာ အေးဆေးပဲ။ B-Girl ဆိုပေမဲ့ Jazz Hand တွေ ပိုင်ပိုင်နိုင်နိုင်ရှိနေသူပေါ့။ ပေဖူးတော့ ဒီအကကို ပထမဆုံးစကြည့်မိတုံးက မျက်တောင် မခတ်မိဘူးထင်တယ်။



နောက်တစ်ခုကတော့ West Coast Swing ပါ။ ဒီအကမှာတော့ Sara ဘယ်လောက်သန်တယ်ဆိုတာတွေ့ရမှာပါ။ ပေဖူးအမြင်တော့ west coast swing က တော်တော်ခက်တဲ့ အကပါ။ lift တွေ Cart Wheel တွေ Slide တွေ ပေါ့။ စကားပြောတွေကို ကျော်ချင်ရင်တော့ ၃မိနစ်က နေ စပြီး ကြည့်လိုက်တော့နော်။


Last but not Least. ဒါကတော့ Disco ပါ။ အပေါ်ဆုံးက video နဲ့ ပြန်ယှဉ်ကြည့်မယ်ဆိုရင်တော့ ဘာမှကို မဆိုင်တာပါ။ Miss Von လေ ခရမ်းရောင်ဝတ်စုံလေးနဲ့ ဒေါက်ဖိနပ်လေးနဲ့ အရမ်းလှနေပါတယ်။ ကိုယ်လေးပျော့ပျော့ပျောင်းနဲ့ လေထဲမှာ လွင့်နေတာက အားကျချင်စရာပါပဲ။


အချိန်ပေးပြီး ဖတ်တာ ကျေးဇူးတင်ပါတယ်နော်။ နောက်နှစ်ရက်လောက်ကျရင် သတင်းတွေနဲ့ ပြန်တွေ့ကြတာပေါ့။

ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

Monday, June 23, 2008

စိုင်းထီးဆိုင်၏ သီချင်းများ စုစည်းမှု

ဦးထီးကြီးရဲ့ သီချင်းများကိုလည်း အပုဒ်ပေါင်း ၅၀၀ နီးပါး အမှတ်တရ အနေဖြင့် စနစ်တကျ စုစည်းပြီး တင်ဆက်လိုက်ပါသည်။ နှစ်ပေါင်း မြောက်မြားစွာ သီချင်းပေါင်း မြောက်မြားစွာဖြင့် ထင်ရှား ကျော်ကြားခဲ့ပါသည်။ များပြားလှသော တခြား အဆိုတော် များကလည်း ဦးထီးရဲ့ သီချင်းတွေကို ပြန်ဆိုကြပါတယ်။ ဒါပေမယ့် ဦးထီးရဲ့ ထူးခြား ပြောင်မြောက်သော ရှမ်းသံ ၀ဲဝဲ အသံကိုတော့ ကျွန်တော်တို့ ဘယ်အချိန် ဘယ်အခါမှ မရိုးသွားပါဘူး။ အသစ်တွေက ပြန်ဆိုကြပေမယ့် လေးလေးပင်ပင်နဲ့ ရှိတဲ့ အသံလေးက ပိုပြီး ဆွဲဆောင်အား ရှိလှပါတယ်။ ငယ်ချစ်ဦး ဆို ကျွန်တော် အရမ်း အရမ်း ကြိုက်ပါတယ်။ ကြာပြီ ဆိုတော့ မေ့လောက်ပါပြီ.... ဆိုပြီး.. တစ်ပုဒ်လုံး၊ ပြောင်မြောက်လှပါတယ်။ ကိုယ်ပိုင် သံစဉ်များကိုသာ အလေးပေး သီဆိုသော အဆိုတော်တစ်ယောက်အား ဆုံးရှုံးရခြင်းသည် မြန်မာ့ ဂီတလောက ၏ ကြီးမားသော ဆုံးရှုံးမှု တစ်ခု ဖြစ်ကြောင်း ပြောကြားလိုရင်း





သီချင်းကမ္ဘာတွင် ပျော်မွေ့နေသူ
Tea

ဆက်ဖတ်ရန်...(To Continue)

ဇော်ပိုင်၏ သီချင်းများ စုစည်းမှု

အသံအေးအေးလေးဖြင့် အသံကို စွဲစွဲပြီး ဆိုနိုင်တဲ့ ကိုဇော်ပိုင်ရဲ့ သီချင်းတွေကို တင်ပေးလိုက်ပါတယ်။ နားထောင်လို့ရတာပေါ့။ သီချင်းများကို သီဆိုရာမှာ လည်ပင်းပေါ်က အကြောတွေ အကုန်ပေါ်လာအောင် သီဆိုလေ့ ရှိတဲ့ ကိုဇော်ပိုင်ရဲ့ တည်ငြိမ် အေးချမ်းတဲ့ အသံဟာ အင်မတန် နားဝင်ချိုလှပါသည်။ ပြောတာကြာတယ်။ နားထောင်လိုက်ရင် ပိုမြန်မယ်။





သီချင်းကမ္ဘာတွင် ပျော်ရွှင်နေသူ
Tea

ဆက်ဖတ်ရန်...(To Continue)

Sunday, June 22, 2008

United States တွင် ပထမဦးဆုံး ကြုံတွေ့ခဲ့ရသော ကျောင်းသား ဘဝ


ကောင်းကင်ကြီး ညိုမဲနေသည်။ ပြင်းထန်စွာ အေးခဲလှသော လေများသည် ကျွနိုပ်အား ပြင်းထန်စွာ တိုက်ခတ် နေ လေသည်။ ဤရာသီ ဥတုမျိုး သည် ကျွနိုပ် ရှင်သန် ပေါက်ဖွားခဲ့သော ရာသီမျိုး လုံးလုံး မဟုတ်ပါချေ။ ကျွနိုပ်အဖို့ အလွန် စိတ်ညစ် စရာ ကောင်းသော နေ့တစ်နေ့ ပင်တည်း။ အချိန်က နံနက် ၉နာရီ တိတိ။ ကျွနိုပ် အရမ်းကို ဆာလောင် နေပါသည်။ နံနက်က စောစော ထကာ ဘတ်စ်ကား ဂိတ်ကို ပြေးပြီး ကားသွား စောင့်ရ သောကြောင့် နံနက်စာ နှင့် ဝေးခဲ့ပါသည်။ ဒါတောင် ဘတ်စ်ကား နှစ်စီး မရပ်ပဲ လူပြည့် နေသဖြင့် ကျွနိုပ်ရှေ့မှ ဖြတ်သွား ခဲ့သည်။ ကျွနိုပ် တက်ရမည့် ကျောင်းတော်ကြီး ထဲတွင် လမ်းလျှောက် နေပါသည်။ သခ်ျာ အခန်းကို တက်မည့် နေရာကို လိုက်လံ ရှာဖွေနေ ပါသည်။ မြင်ရသမျှ တွေ့ရသမျှ လူတွေ အားလုံး သုတ်သုတ် ခါခါနှင့် ပြေးလွှား နေကြသည်။ ကျွနိုပ်၏ ကောလိပ်တွင် ကောလိပ် စဖွင့် သည့် ပထမဦး ဆုံးသော ရက်ပင် ဖြစ်သည်။ ကျွနိုပ်အဖို့ ကောလိပ်၏ ပထမဦးဆုံး ရက်ဖြစ်သလို အမေရိကန် ပြည်ထောင်စု တွင် လည်း ကျောင်းသား ဘ၀၏ ပထမဦး ဆုံးသော နေ့ရက် ဖြစ်ပါသည်။ အမေရိကန်တွင် ကျွနိုပ်၏ ထိုနေ့ရက်ကား ရှုပ်ထွေးခြင်း၊ အထီးကျန် ဆန်ခြင်း၊ အပေါင်း အဖော် မရှိခြင်း အစရှိသည့် ပေါင်းစည်း ထားသော ခံစားချက်များ ဖြင့် ဖြတ်သန်း ခဲ့ရပါသည်။

အရာ အားလုံး ရှုပ်ထွေး နေပါသည်။ ကျွနိုပ်လည်း စိတ်အရမ်း ရှုပ်နေသည်။ ကျွနိုပ်၏ သခ်ျာ အခန်းအား တက်ဖို့ အခက်အခဲ ပေါင်း များစွာကို ရင်ဆိုင် ခဲ့ရသည်။ ကျွနိုပ် အတန်း အပ်ရသော နေ့သည် ပထမဦးဆုံး semester ဖြစ်သောကြောင့် အင်မတန်မှ နောက်ကျ သဖြင့် ကျွနိုပ် ကောလိပ် မဖွင့်ခင် အပ်ဖို့ အခွင့် အရေး မရရှိခဲ့ပါ။ ဒါကြောင့် သူတို့ ထုံးစံ အတိုင်း အတန်းထဲ သွားပြီး ထိုင်ကာ စောင့်ဆိုင်းသူ စာရင်းထဲ ထည့်ထား ရပေမည်။ ဤ ပထမနေ့တွင် ကျွနိုပ် ရှိရှိ သမျှ ထိုင်လို့ အားသည့် အချိန် မှန်သမျှကို သခ်ျာ Calculus အခန်းတွေ ထဲတွင် လိုက်လံပြီး ထိုင်ကာ စာရင်း သွင်းနေ ခဲ့ရပါသည်။ ကျွနိုပ်အဖို့ လှပသော ကျောင်းဆောင် အား ကြည့်ရှု ခံစားဖို့ အချိန် မရှိခဲ့ပါချေ။ ကျွနိုပ် မြန်မာပြည်က တွေးခဲ့သည့် အမေရိကန် ပြည်ထောင်စု ၏ ကောလိပ်ကျောင်းသား တစ်ဦး၏ ပုံစံများနှင့် အလွဲကြီး လွဲနေခဲ့ပါသည်။

မုန့် ဈေးတန်းမှာ ထိုင်ပြီး နေ့လည်စာ စားဖို့ ဟန်ပြင်တော့ အချိန်က နေ့လည် နှစ်နာရီတောင် ရှိပြီ။ ကျွနိုပ် တစ်ကိုယ်လုံး အင်အား ပြတ်လပ် သလို ခံစားရသည်။ တစ်မနက်လုံး ဘာမှ မစား နိုင်ပဲ ပြေးလွှားကာ အတန်း များကို လိုက် အပ်နေရသဖြင့် အင်မတန် စိတ်ရှုပ်လှ ပေသည်။ ကျွနိုပ် တစ်ယောက်တည်း စားသောက် နေတုန်း အခြားသူများ အုပ်စုများ အုပ်စုများဖြင့် စကား ပြောကာ လမ်းတွေ ဖြတ်လျှောက် သွားသည်ကို တွေ့ရသည်။ သူတို့အဖို့ အင်အား အပြည့်ဖြင့် ပြုံးပျော် ရွှင်မြူး နေကြသည်။ ကျွနိုပ် စဉ်းစား မိလေသည်။ ငါ အမေရိကန် ပြည်ထောင်စုကို လာဖို့ ဆုံးဖြတ်ချက် ချခဲ့တာ မှန်ရော မှန်ပါ သလား? ငါရှင်သန်ရာ ပတ်ဝန်းကျင်ကို နှုတ်ဆက် ခွဲခွာပြီး ဒီကို လာခဲ့တာ မှန်ရော မှန်ပါ သလား? အစရှိ သည့် မေးခွန်းများ ခေါင်းထဲတွင် ပလူပျံ နေခဲ့သည်။ ထိုအချိန်တွင် အဖြေက တစ်ခွန်းတည်း ရှိခဲ့သည်။ "ငါမှားပြီ" ဟု ဖြစ်သည်။ ငါအမြဲတမ်း ဘာလို့ ဒီလို မြန်ဆန်သော ဆုံးဖြတ်ချက်များ ချနေ သနည်းဟု မိမိ ဘာသာ အပြစ်တင် မိသည်။ လူတိုင်းက ပြောသည်။ အမေရိကန်က သိပ်သိပ် ကောင်းပါသည်။ အရမ်း မိုက်ပါသည်။ လူငယ်တွေ ရှေ့ရေး အဖို့ စွန့်စားမှုတွေ လုပ်ပြီး လာသည်။ မိမိတို့ မိဘ ထိန်းချုပ်မှု အောက်မှ ခွဲခွာပြီး ဒီရောက်ရင် ကြုံတွေ့ရမည့် အခက်အခဲများကို မစဉ်းစားပဲ လာခဲ့မိတာ ငါ့အမှားပါလား။ အစရှိသည့် နောင်တများ ဖြင့်..

အမိ မြန်မာမြေကို ခွဲခွာ ခဲ့သည်။ ဆေးတက္ကသိုလ်တွင် ပညာသင် ရမည့် ကျောင်းသား ဘ၀ကို စွန့်ပြီး အမေရိကန်ကို ခြေလှမ်းခဲ့သည်။ ကျွနိုပ် အားလုံးကို ချန်ခဲ့ပြီ.. ကျွနိုပ် ချစ်ရတဲ့ သူတွေ၊ ကျွနိုပ် နှလုံးသားကို မြှပ်နှံခဲ့သော မြန်မာပြည်၊ ကျွနိုပ် မွေးရပ်မြေ၊ ကျွနိုပ် ရှင်သန်နေကျ ရာသီဥတု၊ ကျွနိုပ် ကြိုက်သော အစား အစာတွေ၊ အားလုံး တစ်ချို့ ရေးချလို့ မရသည့် အရာများပါ အားလုံးကို ချန်ခဲ့ကာ ထွက်ခွာ လာခဲ့သည်။ ဒီလို အားလုံး စွန့်စားမှုတွေ အပြီးမှာ၊ ကျွနိုပ်က အခု ကျောင်းဆောင် တစ်ခု၏ အရှေ့တွင် ခုံတန်းတစ်ခု ပေါ်၌ ထိုင်ကာ ဗလာ နတ္တိ နှင့် စဉ်းစား နေသည်။ ကျွနိုပ်တွင် စိတ်ပျက်ခြင်းနှင့် အထီးကျန်ဆန်ခြင်းမှ တစ်ပါး ဘာမှ မရှိပါချေ။

အတွေး များဖြင့် အိုင်ဖွဲ့ ထိုင်နေရာမှ ထကာ အင်္ဂလိပ်စာ အတန်းသို့ ပြေးရ ပြန်သည်။ မနက်က တစ်မနက်လုံး သခ်ျာအခန်းကို လိုက်တက် ခဲ့ရသည်။ ၃ခန်းလောက် တက်ခဲ့ရသည်။ အင်္ဂလိပ်စာ အတန်း ပြီးတော့ ကွန်ပျူတာ အတန်းသို့ သွားသည်။ ကွန်ပျူတာ အတန်းပြီးတော့ အချိန်က ည ၆နာရီ ကျော်သွားပြီ။ အိမ်ပြန်လို့ မရသေးပေ။ ညစာလည်း မစားရသေးပေ။ သခ်ျာအတန်းကို ရဖို့ ညအခန်း ၂ ခုလောက် လိုက်ထိုင်ပြီး စာရင်း သွင်းရဦးမည်။ အားလုံး အတန်းတွေ ပြီးသွားတော့ အိမ်ကို ဘတ်စ်စီးကာ ပြန်ခဲ့သည်။ အိမ်ပြန်ရောက်တော့ အင်အား မရှိတော့ပီ။ အချိန်ကလည်း ည ၁၀နာရီ ခွဲကျော် သွားလေပြီ။ ကုတင်ပေါ်တွင် တစ်ခါတည်း အိပ်ပျော်သွားသည်။ ညစာပင် မစားနိုင်ကာ အိပ်ပျော် သွားပါသည်။

တကယ်တော့ ကိုယ့် မွေးရပ်မြေနှင့် ခွဲခွာပြီး လာခဲ့ရသည့် အလျောက် အခက်အခဲ ပေါင်းများ စွာကို အလျင်းသင့် သလို ရင်ဆိုင် ရမည်။ အမေရိကန်တွင် အားလုံး ကိုယ့်ဘာသာကို ရှင်သန်ကြရသည်။ ကျွနိုပ်၌ အရေးရယ် အကြောင်းရယ်ဆို အရင်ကလို အော်ခေါ်ဖို့ ဖေဖေနှင့် မေမေ အနားမှာ မရှိတော့ပြီ။ မိုးလင်းတွင် အဆင်သင့် ချက်ထား ပေးသော မေမေ၏ နံနက်စာ လည်း မရှိတော့ပြီ။ ခေါက်ဆွဲ ပြုတ်ဘူး တွေသာ ရှိသည်။ ကမန်း ကတမ်း ကားဂိတ်ကို အမှီ ပြေးရသော ဘ၀မှာ တိုက်ခတ်နေသော လေတွေကလည်း အေးလှသည်။ မိုးရွာလာရင် ထီးမပါ လာသဖြင့် ကြွက်စုပ် ဖြစ်သော နေ့၇က်တွေလည်း ရှိသည်။ အဝေးကြီးကို လမ်းလျှောက် သွားပြီး ဈေးသွားဝယ် ရပြီး ပြန်လာလျှင် အထုပ် အပိုးပေါင်း များစွာကို သယ်လာ ခဲ့ရသော နေ့ရက်များလည်း ရှိသည်။

အချိန်တွေ တစ်ဖြေးဖြေး ကုန်ဆုံးသွားရင်း ကြာလာတော့ ကျင့်သား ရလာလေပြီ။ အကောင်း ဘက်ကနေ တွေးတတ်လာပြီး အခြေအနေ တစ်ခုကို သင့်တော်အောင် ရှင်သန်တတ်ဖို့ ကျွနိုပ် နားလည် သိရှိလာခဲ့ပြီ။ ယနေ့ ယခုတော့ ကျွနိုပ်သည် ကောလိပ် တစ်ခု ၏ အနှစ်သာရကို နားလည် စ ပြုလာလေပြီ။ ကောလိပ်သည် စာတစ်ခုသာ သင်ပေးရုံမျှ မက ဘ၀ တစ်ခု၏ အကွေ့အကောက် များကိုပါ သင်ပေးနေပါသည်။ ယခု ကျွနိုပ် အများကြီး နေသား ကျသွားလေပြီ။ အခြေအနေ တွေလည်း အများကြီး တိုးတက် ကောင်းမွန်လာခဲ့ပြီ။ အင်မတန် ကောင်းသော သူငယ်ချင်းများစွာကို လည်း ရရှိခဲ့ပါပြီ။ တစ်ချိန်က အထီးကျန် ဆန်ပြီး ကြေကွဲလေ့ရှိသော ကျောင်းသား လေး တစ်ဦးလည်း ယခု မရှိတော့ပြီ။ သူယခု ရင့်ကျက်ကာ အနာဂတ်အဖို့ အင်အား အပြည့်ဖြင့် ချီတက် လျှောက်လှမ်း နေသော ကျောင်းသား အဖြစ်သို့ အသွင် ပြောင်းသွားခဲ့ပြီ။ သူ့၏ အားနည်းချက်များကို ခွန်အား အဖြစ် ပြောင်းလဲကာ အခြေအနေတွေကို အခက် အခဲတွေ ကြုံလာရင် ညှိနှိုင်း တတ်လာပြီ။ အကောင်းဘက်က နေပြီး တွေးတတ်လာပြီ။ အင်မတန်မှ အကျိုးရှိသော သင်ခန်းစာ များကို လေ့လာ ခဲ့ပါသည်။

ထိုးနည်းတူ ကျွနိုပ်တို့ သင်တို့ အားလုံးသည် အရာရာကို တွေးတော ဆုံးဖြတ်တော့မည် ဆိုလျှင် လျင်မြန်စွာ တွေးဖို့ မသင့်ပါချေ။ အားလုံးကို ခေါင်း အေးအေး ဖြင့် သေချာ စဉ်းစားပြီး အကောင်းဘက်မှ တွေးကာ၊ အခြေ အနေတွေကို သင့်တော်သလို ညှိနှိုင်း တတ်သွားမည် ဆိုလျှင် အနာဂတ်တွင် ထွန်းလင်း တောက်ပသော နေ့ရက်များသည် သင်တို့ ကျွနိုပ်တို့အား အမြဲတမ်း စောင့်မျှော် နေပါသည် ဟု ယုံကြည်လျှက်

Tea

မှတ်ချက်။ ။ ကျွနိုပ်အား Gtalk တွင် ဘလောခ့်ဖတ်သူ တစ်ဦးမှ လွန်ခဲ့သော ၁လ တွင် ယူအက်စ်တွင် စာသင်ရသော ကျောင်းသား ဘ၀၏ အခြေအနေများကို ခံစားလို့ ရအောင် မျှဝေပေးပါဟု တောင်းဆို ဖူးသဖြင့် ဤဆောင်းပါးလေးကို တင်ဆက်ရခြင်း ဖြစ်သည်။

ဆက်ဖတ်ရန်...(To Continue)

သတင်း Center - 21st June 2008


မြန်မာ့သတင်းများ

နအဖ စစ်အစိုးရ၏ အရေးပါသော ရာထူးများတွင် အပြောင်းအလဲများလုပ်နေသည်။ "တပ်မှူးတွေ အကုန်လုံး အပြောင်းအလဲ ရှိတယ်၊ မပြောင်းတာဆိုလို့ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေနဲ့ (ဒုဗိုလ်ချုပ်မှူးကြီး) မောင်အေးဘဲ ရှိတယ်" ဟု စစ်တပ် အသိုင်းအဝိုင်းက ပြောသည်။ [More]

မိုးကုတ်ရေကြီး မြေပြို လူ ၂၂ ဦးသေ၊ ၈ ဦး ပျောက်ဆုံး [More]

မူးယစ်ဆေးဝါး ဖောက်ကားမှုတွင် ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် ခေါ်ယူ မေးမြန်းခြင်း ခံခဲ့ရသည့် လူငယ် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်သည် အထိန်းသိမ်းခံနေဆဲ ဖြစ်သည်ဟု ယုံကြည်ရသည်။ [More]


ဒေါ်စု မွေးနေ့မနက် တုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုရုံးမှာ ဒေါ်စု မွေးနေ့ပွဲ အတွက် ဆောင်ရွက် နေတဲ့ အဖွဲ့ဝင်အချို့ကို စွမ်းအားရှင်လို့ ယူဆရသူတွေက ဖမ်းဆီးသွားကြောင်း။ [More]

ကယ်ဆယ်ရေး အဖွဲ့တွေ စစ်အစိုးရ၏ ပိတ်ပင်တားဆီးမှုတွေ ကြောင့် ဒုက္ခရောက် စိတ်ရှုပ်နေကြသည်။ [More]

UN ၏ မြန်မာမုန်တိုင်းအပေါ် Funds Shortage ဖြစ်ခြင်းသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ထိခိုက်စေနိုင်သည်။ UN က ရဟတ်ယာဉ်များ အသုံးပြုကာ သွားရခြင်းကြောင့် ပုံမှန်ထက် အဆမတန် ကုန်ကျပါသည်။ [More]

၂၀၀၈ အမေရိကန် သမ္မတရွေးပွဲတွင် Republican ပါတီမှ John McCain ၏ ဇနီး Cindy McCain သည် မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ကိစ္စများကို ပြင်းထန်စွာ ရှုံ့ချလိုက်သည်။ [More]

U.N Food and Agriculture Organization, F.A.O သည် မုန်တိုင်းထိခိုက်ခံရသော လယ်သမားများ အတွက် အရေးပေါ် အကူအညီလိုသည်ဟု ဆိုကာ ပြောဆိုတောင်းခံ လိုက်သည်။ အဲ့ဒီ နေရာတွေမှာ လာမည့် မိုးရာသီ ကျရင် အမှီစိုက်ဖို့ စုစုပေါင်း ဒေါ်လာ ၈၃ မီလီယမ် ကျော် လိုအပ်သည်ဟု ဆိုသည်။ [More]



ကမ္ဘာ့သတင်းများ

Ice on Mars
မားစ်ဂြိုဟ်ပေါ်တွင် ရေခဲအစအနများ တွေ့ရှိကြောင်း နာဆာမှ ပညာရှင်များ အတည်ပြု။ ရေတွေ့ရှိခြင်းသည် သက်ရှိရင်းမြစ်အစဖြစ်။ [More]

Clinton and Obama Debt
အိုဘားမားက ကလင်တန်ဧ။် အကြွေးများ လောလောဆယ် ဆပ်ပေးရန် fund raiserများနှင့် တိုင်ပင်နေ (အတိအကျ မထုတ်ပြန်သေး)။ အပြန်အလှန်အားဖြင့် ကလင်တန်ဧ။် fund raiserများက လာမည့်ရွေးကောက်ပွဲကာလတွင် အိုဘားမားအား ထောက်ပံ့ပေးလျှင် အိုဘားမားတို့ အလုပ်တစ်ခုသက်သာကြောင်း။ [More]


Samsung’s Instinct vs. IPhone
Sprint ကုမ္မဏီမှ မိတ်ဆက်သော ဆမ်ဆောင်းဧ။် Instinct ဖုန်းမှ Cingular ကုမ္မဏီအတွက် ပေးသော Macဧ။် IPhone ကို ပြိုင်ဆိုင်မည့် ဖုန်းကောင်းတစ်လုံးဖြစ်။ IPhone ဧ။် အားနည်းချက်များကို အဓိကထား ဒီဇိုင်းဆွဲထားပြီး ဈေးနှုံးလဲ ပိုချိုသာကြောင်း။ [More]

Teacher to be fired for pressing beliefs
အမေရိကန် အိုဟိုင်းယိုးပြည်နယ်ရှိ အလယ်တန်းကျောင်းဆရာ John Freshwaterသည် Biology Evolution ကို သင်ကြားရာတွင် သင်ရိုးကို မလိုက်ဘဲ မိမိယုံကြည်ရာ ခရစ်ယာန် အယူအဆများထည့်သွင်းသင်ကြားသည့်အတွက် အလုပ်ထုတ်ခံရ။ [More]

'Big twins' tip scales
မြောက်ကာရိုလိုင်းနားပြည်နယ်တွင် စုစုပေါင်း ၂၃ ပေါင် ၁ အောင်စရှိသော အမွှာနှစ်ယောက်ဖွားမြင်။ ယောက်ျားကလေးမှာ ၁၀ ပေါင် ၁၄ အောင်စ၊ မိန်းကလေးမှာ ၁၂ ပေါင် ၃ အောင်စရှိ။ အလေးချိန်အများဆုံးမှာ ၁၉၂၇တွင် ဖွားမြင်သော ၂၇ ပေါင် ၁၂ အောင်စရှိသော အမွှာဖြစ်။ [More]

Life Auction on Ebay
ဗြိတိန်နိုင်ငံမှ Ian Usher(၄၄နှစ်)သည် သူ့ဘ၀တွင် လုပ်စရာ၊ ကိုင်စရာ၊ အသက်ရှင်စရာ အကြောင်းမရှိတော့သဖြင့် သူဧ။် အသက်အပါအ၀င် အိမ်($397,000)၊ ကား၊ အ၀တ်အစားများကို လေလံတင်လိုက်သည်။ ဒေါ်လာငါးသိန်းအထိ ရရန် ရည်ရွယ်ထားသည်ဟု သိရ [More]

Typhoon Frank in Philippines
ဇွန်လ ၂၀ ရက် မနက် ၅နာရီတွင် တနာရီ ၁၉၅မိုင်ဖြင့် တိုက်ခတ်သွားသော တိုင်ဖွန်းမုန်တိုင်းဖန်ရှန်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံး ၁၉ယောက်သေဆုံးပြီး လူပေါင်း ၃၀,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်။ သမ္မတသည် အမေရိကန်နိုင်ငံသို့ ၁၀ရက်ကြာ ရောက်ရှိနေမည်ဖြစ်သောကြောင့် စိုက်ပျိုးရေးဝန်ကြီးက ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။ [More]

Georgia tomatoes piles up
အမေရိကန် ဂျော်ဂျီယာပြည်နယ်ရှိ ခရမ်းချဉ်သီးများတွင် ဆိုင်မွန်နဲလားရောဂါပိုး မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် တင်ပို့မှု ရပ်ဆိုင်းထားရ။ FDAမှ တိကျသော အဖြေမပေးသေးသဖြင့် လယ်သမားများ နေ့စဉ်ဒေါ်လာထောင်ပေါင်းများစွား ဆုံးရှုံးနေရ။ [More]

Paparazzo sues Woody Harrelson for $2.5 million
အော်စကာလျာထားခြင်းခံရဖူးသော သရုပ်ဆောင် Woody အား Paparazzi သတင်းသမားတဦးက လွန်ခဲ့သော ၂နှစ်က သူ့ကင်မရာဖျက်ဆီးခဲ့ဖူးပါသည်ဟု ဆိုပြီး ဒေါ်လာ၂.၅ သန်းလျော်ကြေးတောင်း တရားဆွဲဆိုလိုက်။ [More]

California economy boosted by gay marriage bonanza
University of California – Los Angeles (UCLA) မှ တင်သွင်းသော စာတမ်းတွင် ကယ်လီဖိုးနီးယားပြည်နယ်တွင် Gay Marriage ခွင့်ပြုပြီးနောက် သုံးနှစ်အတွင်း အမျိုးတူ စုံတွဲပေါင်း ငါးသောင်းခန့် လက်ထပ်ရန် ရည်ရွယ်ထားကြ။ ယင်းပြည်နယ်ရှိ စီးပွားရေးသည်လည်း ၆၈၃သန်းခန့် ပိုမိုမြင့်တက်လာမည်ဟု ခန့်မှန်းထား။ [More]

Christiano Ronaldo
မန်ယူ ကွင်းလယ်ညာတောင်ပံ ကစားသမား ရော်နယ်ဒိုကို ရီးရဲမက်ဒရစ်က စံချိန်တင် ယူရို သန်း ၁၀၀ သို့မဟုတ် ယူရို သန်း ၈၀ နှင့် ဟော်လန်ကွင်းလယ်လူ Wesley Sneijder အားပေးမည်ဟု ပြောကြားလိုက်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း ပြောင်းချင်ကြောင်း ထုတ်ဖော်လိုက်။ [More]


လေးစားလျှက်
Mr. Reporter
Ms. Reporter

ဆက်ဖတ်ရန်...(To Continue)

Saturday, June 21, 2008

သတင်း Center အား ဖွင့်လှစ်ခြင်း


စာဖတ်သူတွေ လာလည် သူတွေ အားလုံးကို လက်ရှိ လောက ကြီးမှာ ဖြစ်ပျက် နေတာ တွေနှင့် ရင်းနှီး စေလိုသော ရည်ရွယ် ချက်ဖြင့် ယနေ့မှ စပြီး သတင်း စင်တာကို ဖွင့်လှစ် မည် ဖြစ်သည်။ သတင်းများ အား တင်ပြ ရာတွင် အကျဉ်း ချုပ်ကို ပြောပြီး နောက်ထပ် [Click Here] ဟူသော လခ့်ဖြင့် သတင်း များ၏ မူရင်း Source များကို သွားရောက် နိုင်မည် ဖြစ်သည်။ မြန်မာ့ သတင်း နှင့် ကမ္ဘာ့ သတင်း ဟူပြီး အဓိက နှစ်မျိုး ပါဝင် မည် ဖြစ်သည်။ မြန်မာ့ သတင်း များ ကို Mr. Reporter မှ တင်ဆက် ပေးမည် ဖြစ်သည်။ ကမ္ဘာ့ သတင်း များ ကို Ms. Reproter မှ တင်ဆက် ပေးမည် ဖြစ်သည်။ မြန်မာနှင့် သာမက ကမ္ဘာနှင့် ရင်းနှီး သိရှိ နားလည် လိုစေရန် လည်း ရည်ရွယ် ပါသည်။

လေးစားချစ်ခင်လျှက်
Tea

မှတ်ချက်။ Mr. Reporter ကတော့ ကျွန်တော် တီးဖြစ်ပါသည်။ Ms. Reporter ကတော့ ပေဖူးလွှာဖြစ်ပါသည်။

ဆက်ဖတ်ရန်...(To Continue)

Friday, June 20, 2008

က - ကလေးငယ် ချစ်စဖွယ် (စတုတ္ထပိုင်း)

အားလုံးချစ်တဲ့ ဘလောခ့်ကာ ကလေးငယ်များကို စတုတ္ထပိုင်း အနေနှင့် တင်ဆက်ပါတော့မည်။ အပိုင်း - ၁ အပိုင်း - ၂ နှင့် အပိုင်း - ၃ တို့ကို အားပေးခဲ့ကြသော သူငယ်ချင်းများ စာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါသည်။ (မကြည့်ရသေးသူများ ကြည့်ချင်ရင် မျဉ်းသားထားသော အဲ့ဒီ နာမည်များကို နှိပ်လိုက်ပါ။)

ဒီတစ်ခါလည်းပဲ အပိုင်း-၄ မတိုင်မီ နောက်ဆုံး အပိုင်းဖြစ်တဲ့ အပိုင်း - ၃ မှာ ၀င်ရောက် ပါဝင်ချင်ပါသည်ဟု တောင်းဆိုထားသော စာရင်းသွင်းထားသည့် လူများကို တင်ပေးလိုက်တာ ဖြစ်ပါသည်။ အခုဒီထဲမှာ ဘလောခ့်ဂါ ၁၂ ယောက် ပါပါသည်။ (နတ်ရှင်နောင်ကတော့ ချွင်းချက်ပေါ့နော်။ ဒီ အစီအစဉ်ရဲ့ သမိုင်းနားလည်တဲ့ သူတွေ ဆိုရင် သိမှာပါ။ :P )

အပိုင်း - ၅ လည်း စာရင်းသွင်းတဲ့လူတွေ ရှိရင် လာဦးမှာပါ။ အရင် အပိုင်းတွေ မှာ ပါပြီးသွားလို့ နောက်တစ်ခေါက် ပြန်ပါချင်တယ် ဆိုရင်တော့ မပါဖူးသေးတဲ့လူတွေ ကို အရင် ဦးစားပေးရပါမယ်။

စလိုက်ကြစို့နော်။




၁။ ဒီအောက်က ဘယ်သူမှတ်တုန်း။ ကို Republic လေ။ မှတ်မိပြီလား။ ပြောရမယ်ဆိုရင်တော့ အောက်က ပုံက အောင်ဆန်းကွင်း မှာ ရိုက်ထားတဲ့ပုံပါ။ ကျွန်တော်လည်း အောင်ဆန်းကွင်း အကြောင်း ပိုစ့်တစ်ခု ရေးမလို့ အောင်ဆန်းကွင်းကို သွားတာ - Republic တို့ကို လက်ပူးလက်ကျပ်မိတာလေ။ သူက ချယ်ဆီး အသင်းမှာ ၀င်ရောက် ကစားမလို့ နောက်ပစ်ကန် ကျင့်နေတာတဲ့။ စိတ်မကောင်းပါဘူး။ အခု မန်ယူကို ရှုံးသွားတဲ့ ပွဲမှာ Republic သာ နောက်ကစ်တွေ ၀င်ကစ် ခဲ့မယ်ဆိုရင် ရှုံးမှာ မဟုတ်ဘူး။ အခုတော့ မန်ယူက နိုင်သွားတယ်။ ဟီးးး... တော်ပါပီ ပြောတော့ဝူး..



၂။ ဒီအောက်ကတော့ ကိုရင်နော် ပဲ ဖြစ်ပါတယ်။ ဖြစ်ပုံ ပျက်ပုံကို ပြောရမယ်ဆိုရင်တော့ ခင်လေးနဲ့ အစဖော်ပြီး ပြောရမယ်။ တကယ်တော့ အောက်က ပုံလေးက ခင်လေး ကျွန်တော့်ဆီ ပို့လာပေးတာလေ။ သူနဲ့ ကိုရင်နော်နဲ့ ရန်တွေ ဖြစ်တုံးက ပါတဲ့။ ဓာတ်ပုံရိုက်ထားတာတော့ ၅ရက်လောက်ရှိပြီတဲ့။ ဟီးး.. ခင်လေးနဲ့ ကျွန်တော်နဲ့ ပူးပေါင်းပြီး စီစဉ်လိုက်တာဖြစ်ပါတယ်။ ခင်လေးကတော့ ပြောတယ်။ ရှူးတိုးတိုးတဲ့။ ကိုရင်နော့်ကို သွား မပြောပြနဲ့တဲ့။ ကျွန်တော်ကတော့ ဟွန်း ဘယ်ရမလဲ.. မသိမသာလေးပေါ့နော်။ ကိုရင်နော်ရေ.. ကိုရင်နော့်ကို အားနာလို့ ဓာတ်ပုံကို တစ်ပိုင်းပဲ ထည့်ထား ပေးပါတယ်နော်။ အောက်ပိုင်းကိုတော့ ဖျက်ထားလိုက်တယ်။ :)





၃။ ဒီအောက်ကတော့ ကိုမောင်မျိုး(ရင်တွင်းဖြစ်) ပဲ ဖြစ်ပါတယ်။ သူပဲ အပိုင်း ၄ ကျရင် ပါချင်တယ် ဆိုပြီး စာရင်းသွင်း သွားတာ။ ဒါနဲ့ ကျွန်တော် သူ့အိမ်လိုက်သွားတယ်။ သူက သူ့အိမ်မှာ မရှိဘူး။ သူ့ အဘွားအိမ် သွားလည် နေပါတယ်တဲ့။ ကျွန်တော်လည်း အဘွား အိမ်ကို လိုက်သွားတယ်။ ဟိုရောက်တော့ သူက ဒင်နာ စားမလို့ ဟန်ပြင်နေတယ်လေ။ အစားကလည်း ပုတ်တယ်။ ဒင်နာတဲ့ အချိန်က နေ့လည် ၃နာရီပဲ ရှိသေးတယ်။ :) ဇွန်းကြီးကိုင်လို့။ ရေချိုးပြီးပြီးချင်း တန်းပြေးလာတာတဲ့လေ။ ကျွန်တော်က ကိုမောင်မျိုး ကလေးငယ် အစီအစဉ်မှာ ပါမယ်ဆိုလို့ ဓာတ်ပုံလာရိုက်တာ လို့ ပြောလိုက်တော့ .. သူက စားနေရင်း တန်းလန်းနဲ့ လန့်သွားပြီး ပြူးကြည့်နေတုန်း တီးလက်ချက် နဲ့ မိသွားတာ.. အောက်ကပုံထွက်လာရော..




၎။ ဒါကတော့ ပေဖူးခွာ ပဲ ဖြစ်ပါတယ်။ အဲ့လေ.. ပေဖူးလွှာလို့ ပြောတာ.. :) အင်း ပုံကတော့ သူ့ကို ပေဖူးခွာလို့ မှားခေါ်လိုက်လို့ ထွက်လာတဲ့ မျက်နှာလေ။ ဟီးး.. အားလုံး သူ့ကို ပေဖူးခွာလို့ မယုံရင် စမ်းခေါ်ကြည့် .. အဲ့ဒီ ပုံကြီး ထွက်ထွက်လာ လိမ့်မယ်။ ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး။ အက သင်နေတုန်း ကျွန်တော်က သွားပြီး၊ ဟဲ့ ပေဖူး၊ ခဏ လာခဲ့စမ်းဆိုပြီး ခေါ်လိုက်တာ၊ သူက အအေးဗူးနဲ့ သောက်ပြီး ထွက်လာတာ၊ ကျွန်တော်က ပေဖူးခွာလို့ ခေါ်လိုက်ပြီး အလျင်အမြန် လှမ်းရိုက်လိုက်တာ၊ ဟဲဟဲ။ မြန်တယ်နော်။ တီးတဲ့လေ။ တစ်တီးထဲ ရှိတယ်။






၅။ ဒါကတော့ ကျောက်ရုပ်ကြီး ထူးမြတ်ပဲ ဖြစ်ပါတယ်။ ထူးမြတ်က စာအရမ်းကြိုးစားတာတဲ့။ သူ့အမေက ကျွန်တော့်ကို ပြောပြတယ်။ စုံစုံလင်လင် ပြောရမယ် ဆိုရင်တော့ ကျွန်တော်က ဓာတ်ပုံရိုက်ဖို့ သူ့အိမ်ကို လိုက်သွားတာ။ သူ့အမေနဲ့ တွေ့လို့ ဧည့်ခန်းထဲမှာ ထိုင်စကား ပြောနေတာ။ သူ့အမေက ပြောတယ်။ သားလေး တီးရယ်၊ ထူးမြတ်ကလေ၊ စာအရမ်းကြိုးစားတာပဲတဲ့။ ဒီနေ့ တစ်နေ့လုံး စာအုပ်ကို မချဘူးတဲ့။ ကျွန်တော်လည်း ထူးမြတ်တော့ နည်းနည်း လွဲနေပြီ ဆိုပြီး အခန်းထဲ လိုက်သွားတာ။ ကျွန်တော် တောင် လန့်သွားတယ်။ စာဖတ်နေတာဗျာ ဒင်းက။ ဒါနဲ့ သူ့အမေက သားတို့ စကားပြောကြနော်။ အန်တီ အအေးသွား ဖျော်မယ်ဆိုပြီး ထွက်သွားတာ။ ထူးမြတ်က ဘာပြောတယ် မှတ်တုန်း.. ကိုတီး လာခဲ့တဲ့၊ အခု ထွက်မယ့် ဂိမ်းက အတော် မိုက်တယ်တဲ့လေ။ (ဟီးး)





၆။ ဒီအောက်ကတော့ ဒဏ္ဍာရီည ပဲဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ မဒဏ္ဍာရီက အထူး ၀တ်စုံကို ၀တ်ဆင်ထားတာ ဖြစ်ပါတယ်။ ၀တ်စုံလေးက သူ့ကို ဒီလ သူ့မွေးနေ့မှာ သူ့ရည်းစားက လက်ဆောင် ပေးသွားတာ ပါတဲ့လေ။ ကလေးငယ် အစီအစဉ်အတွက် ၀တ်ထားမယ်ဆိုပြီး သူ့အိမ်က စက်တီ (ဆိုဖာ) ပေါ်မှာ အဆင်သင့် ကျွန်တော် လာမှာကို စောင့်နေတာ။ ကျွန်တော်လည်း သူ့အိမ်ရောက်တော့ ဒဏ္ဍာရီရှိပါသလား လို့ပဲ မေးရသေးတယ်။ တံခါးလာဖွင့်တဲ့လူက ကြွပါရှင်တဲ့ ခုံပေါ်မှာ အဆင်သင့်ပါ တဲ့လေ။ ဒဏ္ဍာရီက မိုးလင်းထဲက ပြင်ထားတာတဲ့။ သူဝတ်ထားတာကတော့ ချစ်စရာလေး။ ပါးနီတောင် ဆိုးထားသေးတယ်။ (အဲ့ ပါးပြာကို ပြောတာ) :)




၇။ ဒီအောက်ကတော့ နှင်းစက်မိုး ပဲ ဖြစ်ပါတယ်ဗျာ။ နှင်းစက်မိုးက ဘီစကွတ် စားရင်းနဲ့ ကြောင်နဲ့ကြွက် ကာတွန်းကို ကြည့်ရတာ အရမ်းကြိုက်ပါတယ်တဲ့။ ဓာတ်ပုံထဲမှာလည်း သူ့ရဲ့ Laptop ကနေ Webcam နဲ့ ကြောင်ကြွက် ကာတွန်း ကြည့်နေတုန်း ရိုက်လိုက်တဲ့ပုံပါတဲ့လေ။ ကျွန်တော့် အပိုင်း-၄ လုပ်ရင် နှင်းစက်က ကျွန်မ ခရီးသွားစရာ ရှိလို့၊ အိမ်လာလို့ ဓာတ်ပုံ လာရိုက်လို့ မတွေ့ရင် သူ့ကို မတွေ့မှာ ဆိုးလို့ သူက မေးလ်နဲ့ ဓာတ်ပုံကို အရင် ပို့လာတာ ဖြစ်ပါတယ်။ ပုံထဲမှာ.. ကြောင်ကြွက်ကြည့်နေရင်း ဘီစကွက် စားနေတာပါ။ အထဲမှာ ကြောင်က ကြွက်ကို ထောင်းလိုက်တာ။ သူက ကြွက်ကလေး ကို သနားလို့ မျက်နှာကလေးက တစ်မျိုးဖြစ်သွားရော..





၈။ ဒါကတော့ ဒီဇင်ဘာနှင်း ဖြစ်ပါတယ်။ နှင်းတို့က ငယ်ငယ်လေးကထဲက မော်ဒယ်ဖြစ်ချင်လို့ လမ်းလျှောက်ကျင့်နေတာ ပါတဲ့လေ။ ပုံထဲမှာ ဘာမှတ်တုန်း။ ပြောရမယ်ဆိုရင်တော့၊ သူ့အမေက ဒီဇင်ဘာနှင်းရေ ခြံထဲဆင်းပြီး မြက်ခင်းကို ရေသွားလောင်းပေးစမ်း ဆိုပြီး ရေသွားလောင်းခိုင်းတာ။ သူက ပျံနေကျ အတောင်ပျံကို တပ်ပြီး အ၀ါရောက် ဂါဝန်လေးနဲ့ လက်တစ်ဖက်က မိုးပျံဘူဘောင်းကို ဆွဲ၊ နောက်တစ်ဖက်က ရေဗုံးကို ကိုင်ပြီး ခြံထဲဆင်းလာတာ။ ရေမလောင်းပဲ ဘာလုပ်နေတယ်မှတ်တုန်း။ မော်ဒယ်လျှောက် ကျင့်နေတယ်လေ။ ရေဗုံးကို ဘေးချထားပြီး ခြံထဲမှာ အလုပ်မလုပ်ပဲ လမ်းလျှောက်နေတာ။ :) သွားတိုင်ပြောမယ်။




၉။ သူကတော့ ကိုရှမ်းကလေး ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ကိုရှမ်းကလေး က အပိုင်း-၄ မှာ ပါချင်တယ်ဆိုလို့ ကျွန်တော်က သူ့အိမ်ရောက်သွားတယ်ပေါ့။ ကျွန်တော်လည်း သူ့အိမ်ကို နောက်ဆုံးမှ ရောက်သွားတာလေ။ အချိန်က ည ၁၀နာရီလောက်ပေါ့။ တစ်နေ့လုံးလည်း ဓာတ်ပုံတွေ လိုက်ရိုက်ရတာ တော်တော် မောနေပြီလေ။ သူကလည်း သူ့အိမ်ကို နောက်ဆုံးမှ လာတယ်ဆိုလို့ သိပ်မကြည်ဘူး ဖြစ်နေတယ်။ ကျွန်တော်လည်း မောမောနဲ့။ ရှမ်းကလေးရေ.. အအေးတိုက်လို့ ပြောတာ။ သူက ရှိဘူးတဲ့လေ။ ဒါဆို ကော်ဖီတိုက်လို့ပြောတော့။ သူက ကုန်ပြီတဲ့။ ဒါနဲ့ ရေပဲတိုက်ကွာလို့ ပြောတော့။ သူက မကျိုရသေးဘူးတဲ့။ ဒါနဲ့ ကျွန်တော်က စိတ်တိုလာပြီး ဘာရှိသလဲကွာလို့ မေးလိုက်တော့။ သူက ဘာမှ မရှိဘူးတဲ့လေ။ ဒီတော့ တီးတဲ့ သိတယ်မလား.. လက်က အရမ်းသွက်တယ်။ ဂုတ်ကနေ ဆွဲပြီး မီးခလုတ်မှာ ချိတ်ထားလိုက်တာလေ။ ဟွန်း.. နောက်တစ်ခါ မှတ်သွားအောင်လို့။ ဟီးးး..




၁၀။ သူကတော့ ကိုကိုဖရီး တဲ့လေ။ သီချင်းတွေ ဆိုရင်တော့ ငယ်ငယ်ထဲက ကြိုက်လွန်းလို့တဲ့။ အထူးသဖြင့် Rock တွေ Punk တွေ ဆိုရင် အသဲစွဲ ပါတဲ့ဗျာ။ ဒါကြောင့် ငယ်ငယ်ထဲက မယူးဇစ် ဆိုရင် အကုန် ခံစားတယ်တဲ့။ အခုလည်း ဓာတ်ပုံထဲမှာ သီချင်း တစ်ပုဒ် ခံစားနေတာတဲ့လေ။ ကျွန်တော် သူ့အိမ် ရောက်သွားတုန်းကပါ။ ကျွန်တော်က မေးတယ်။ ကိုဖရိး ဘာလုပ်နေသလဲပေါ့။ သူက သီချင်းနားထောင်နေတာတဲ့။ ကျွန်တော်က မေးတယ်။ ဘာသီချင်းလဲလို့။ သူကပြောတယ်။ ဖွင့်ထားတာတော့ လေးဖြူ သီချင်းတဲ့လေ ဒါပေမယ့် အသံမကြားရသေးဘူးတဲ့။ ဘာဖြစ်နေမှန်း မသိပါဘူးတဲ့။ ဟီးး. ကျွန်တော်က ရီပြီး ကြည့်လိုက်တော့.. သူက ပုံထဲက အတိုင်း.. ဟဲဟဲ..




၁၁။ ဒီအောက်ကတော့ ကိုအရာရာပါ။ ကိုအရာရာက မီးသတ်သမား လုပ်ပြီး ကစားရတာ အ၇မ်း ပျော်ပါတယ်တဲ့။ ပျင်းလို့ အားနေရင်လည်း မီးသတ်တိုင်းပဲ ကစားပါတယ်တဲ့။ ဒါကြောင့် အိမ်က လူကြီးတွေက သူ့ကို မီးသတ်ဦးထုပ်တွေ၊ ကားတွေ၊ ဖိနပ်တွေ ၀ယ်ထားပေးတယ်လေ။ အင်း.. သွားဝယ်တုန်း ဆိုင်က မီးသတ် ၀တ်စုံတော့ ဒီအရွယ် အတွက် မရှိဘူးတဲ့။ ဒါကြောင့် ဓာတ်ပုံရိုက်တော့ မီးသတ်ဝတ်စုံတော့ ပါမလားဘူး။ :) ကိုအရာရာရယ် တခြား ၀တ်စုံတွေ နဲ့ ရိုက်ရအောင်၊ မီး နောက်မှ သတ်လို့ ပြောတော့။ ရဘူး ရဘူး ရဘူး ရဘူး တဲ့လေ။ အတင်းကို ဇွတ်ငြင်းနေတော့ ကျွန်တော်လည်း မတတ်နိုင်တာနဲ့ အောက်က အတိုင်း ရိုက်ပေး လိုက်ပါတယ်။ ဘယ် အက်ရှင် သုံးခိုင်းရမလဲ တော်တော် စဉ်းစားလိုက်ရတယ်။ ဟီးး.. နောက်ဆုံး အောက်က အဆင်ပြေဆုံး အက်ရှင်ကိုပဲ နေခိုင်းပြီး ရိုက်လာပါတယ်။




၁၂။ ဒါကတော့ ကိုနတ်ခြင်ထောင် ပေါ့။ ဟီးး.. အဲ့လေ မှားလို့ နတ်ရှင်နောင် လို့ပြောတာပါ။ ဟဲဟဲ။ သူက Gym မှာ ဆော့နေတာ ၁၀ နှစ် ရှိပြီတဲ့။ ဒါကြောင့် အခုလို လှပ ကျော့ရှင်းတဲ့ ကိုယ်ခန္ဓာလေးကို ထိမ်းသိမ်း ထားတာပါတဲ့လေ။ အခုလို ဘော်ဒီလေး ရှိတော့ သိပ် အဆင်ပြေတာပဲတဲ့လေ။ တွန်းလှည်းတွေ ဘာတွေ တွန်းရင် လက်မလိုဘူးတဲ့ လက်ညောင်းသက်သာ ပါတဲ့လေ။ ကျွန်တော်ကတော့ ကြောင်သွားတယ်ဗျ။ ဘာလိုဲ့ ဆိုတော့ တွန်းလှည်းတွန်းပါတယ် ဆိုမှ လက်တော့ လိုရမှာပဲလေ။ ကိုနတ်က ပြောတယ်။ ဟုတ်ဘူးတဲ့။ ကျုပ်က လမ်းလျှောက်ရင် တွန်းလှည်းက သူ့ဘာသာသူ အော်တို ရွေ့နေတာတဲ့လေ။ ကျွန်တော်က တော်လိုက်တဲ့ ကိုနတ်လို့ လည်း ပြောပြီး သူဓာတ်ပုံပြမှ အားလုံး နားလည်သွားတော့တယ်ဗျာ။ ဟီးး :P



ဟုတ်ကဲ့။ အပိုင်း 4 ကို ဒီတင်ရပ်ပါရစေ။ ဒီပိုစ့်မှာ စာရင်း လာသွင်းမယ့်သူတွေ များဦးမယ်ဆိုရင်တော့ အပိုင်း 5ကို ဆက်လာပါဦးမည်။ မျှော်။ ပါချင်သူများ - ပါပြီးသူတွေ ထပ်ပါချင်သူများ စာရင်း မြန်မြန်သွင်းကြတော့။

အားလုံးပျော်ရွှင်ပါစေသား။
Tea


မှတ်ချက်။ ။ ဤအပိုင်းအတွက် ဆိုပြီး ကလေးငယ်များ ဓာတ်ပုံကို တကူးတက ပေးပို့လာသော ကိုပါဂနာ နှင့် မေသူပိုင် ကို တီးမှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။

ဆက်ဖတ်ရန်...(To Continue)

ဟေမာနေ၀င်း၏ သီချင်းများ စုစည်းမှု

တစ်ချိန်က အလွန်နာမည်ကြီးခဲ့သည့် ဟေမာနေ၀င်း၏ သီချင်းများကိုလည်း Albums ပေါင်း ၁၅ခု နီးပါး ပြန်တင်ပေးလိုက်ပါတယ်။ သီချင်းတွေက နာမည်တွေ မပါပေမယ့် ဒီအတိုင်း အဲ့ဘယ်မ် နာမည်နဲ့ နားထောင်လို့ရပါတယ်။ ဟေမာနေ၀င်း၏ သီချင်းများ စုစုပေါင်း ၂၀၀ကျော်ကို စုစည်းပေးထားပါတယ်။ ဟေမာနေ၀င်းရဲ့ ပရိသတ်တွေ နားဆင်နိုင်ပါပြီဗျာ။ :)





သီချင်းကမ္ဘာတွင်ပျော်ရွှင်နေသူ
Tea

ဆက်ဖတ်ရန်...(To Continue)

Thursday, June 19, 2008

အေးချမ်းမေ၏ သီချင်းများ စုစည်းမှု

အေးချမ်းမေရဲ့ သီချင်းတွေလာပါပြီနော်။ သူငယ်ချင်းဆီက နေ ခွေအဟောင်းတွေ သွားကူးလာပါတယ်။ (သူငယ်ချင်း ဆိုတာက လင်းစစ်သူပါ၊) သူ့ခွေတွေက သီချင်းတွေရဲ့ နာမည်မရေးထားဘူး။ ဒါပေမယ့်လည်း အရေးမကြီးပါဘူး။ နားထောင်လို့ရတာပဲ။ :) အေးချမ်းမေကို လူတွေက လွန်ခဲ့တဲ့ ၈နှစ် လောက်သုံးက သေသွားပြီလို့ ပြောကြတယ်။ တကယ်တော့ အကောင်းပကတိပါပဲ။ ကျွန်တော့်ဘ၀မှာ ပထမ ဦးဆုံး သီချင်းနားထောင် ချင်အောင် ပြုလုပ်ပေးခဲ့တာက အေးချမ်းမေရဲ့ ပျော်ရွှင်ခြင်းကမ္ဘာဆိုတဲ့ သီချင်းလေးပါ။ အဲ့ဒီ သီချင်းလေးကို ကြားပြီးချိန် ဟို ငယ်ငယ်လေးကထဲက သီချင်းတွေကို နားထောင် တတ်လာပါတယ်။ အေးချမ်းမေ သီချင်းတွေဆိုလည်း တစ်ခုမှ အလွတ်မပေးခဲ့ပါဘူး။ သူသိသွားပါပြီ ဆိုတဲ့ သီချင်းလေးက ကျွန်တော် အကြိုက်ဆုံး သီချင်းလေးပါ။ အောက်မှာ ထိပ်ဆုံးကနေ တင်ထားပေးပါတယ်။ နားထောင်ကြည့်ပါ။ :)





သီချင်းကမ္ဘာတွင် ပျော်ရွှင်နေသူ
Tea

ဆက်ဖတ်ရန်...(To Continue)