Sunday, December 14, 2008

သို့  ...မေမေ....


အရှိက အရှိအတိုင်း
သဘာဝက သဘာဝအတိုင်း
လူတွေက လူလိုကျင့်
တောတွေက တောလိုကျင့်
လူ့ ဘ၀ရဲ့  ရယ်သံမောသံ ငိုသံရှိုက်သံကြားမှာ
အနှစ်နှစ်ဆယ်ရဲ့
အတောက်ပဆုံးရယ်သံအသစ်ကို
နှစ်လိုပြီ...မေမေ....

ထိပ်ဆုံးအထိ
အောင်ပွဲမခံနိုင်ခဲ့ပေမယ့်
နောက်လူမြည်းရင် ချိုမြိန်နှစ်သက်ဖွယ်
နောက်လူစားရင် အာဟာရပြီးမြောက်ဖွယ်
ချန်ထားခွင့် ၊ စိုက်ပျိုးခွင့် ၊ ခွဲဝေမျှနိုင်ခွင့်တွေ
ရင်နင့်အမျှ
ရှိချင်ပြီ ...မေမေ...

ပြယ်ရယ်ပြုတဲ့ ရယ်သံတွေကြား..
လှောင်ထေ့တဲ့ အပြုံးတွေကြား
တရားမဲ့တဲ့ နာရီတွေထဲမှာ
မိုက်ရူုးရဲ ပျော်ဝင်သူတွေကြား
အခန်းထောင့်ထဲ သိမ်ကာကြုံ့ ဝင်
ကြောက်စိတ်ဝင်
ထိရှိခဲ့ပြီ...မေမေ...

အမြင့်ပျံတော့ အဝေးမြင်
မာယာရောင်စုံခြယ် ၀ါဂွမ်းစိုင် နုနုတွေအလယ်
အပေါ်ယံ ပကာသနတွေ
ရစ်ပတ်ခံခဲ့ရခြင်းက
အစားမထိုးနိုင်တဲ့ အရိပ်ကို ခိုဝင်ချိန်
အခိုက်အတန့်  နောက်ကျရခြင်းရဲ့
အကြောင်းပြချက်တစ်ခု
ဖြစ်ခဲ့ပြီ...မေမေ...

မှတ်ချက်.. လူငယ်တစ်ယောက်၏အညတရဆန်ဆန်အတွေးသက်သက်သာ....

7 comments:

  1. ထိပ်ဆုံးအထိ
    အောင်ပွဲမခံနိုင်ခဲ့ပေမယ့်
    နောက်လူမြည်းရင် ချိုမြိန်နှစ်သက်ဖွယ်
    နောက်လူစားရင် အာဟာရပြီးမြောက်ဖွယ်
    ချန်ထားခွင့် ၊ စိုက်ပျိုးခွင့် ၊ ခွဲဝေမျှနိုင်ခွင့်တွေ
    ရင်နင့်အမျှ
    ရှိချင်ပြီ ...မေမေ

    ကဗျာလေး ကောင်းလိုက်တာဗျာ။

    ReplyDelete
  2. လူငယ်တစ်ယောက်၏အညတရဆန်ဆန်အတွေးသက်သက်သာ.... ဆိုပေမယ့် ကဗျာကောင်းလေးတစ်ပုဒ်ပါ။ အိတာ ကြိုက်တဲ့ ကဗျာတစ်ပုဒ်ရဲ့ အရိပ်အယောင်တွေ ပါနေမယ်ထင်တယ်။ ဟုတ်တယ်ဟုတ်

    ReplyDelete
  3. လူငယ်တစ်ယောက်၏အညတရဆန်ဆန်အတွေးသက်သက်သာ....
    ဆိုပေမယ့် တစ်ကယ့်ကဗျာကောင်းလေးတစ်ပုဒ်ပါ။ အိတာကြိုက်တဲ့ ကဗျာတစ်ပုဒ်ရဲ့ အရိပ်အယောင်တွေများ ပါနေမလားလို့။း)

    ReplyDelete
  4. အိတာ..
    လွမ်းတယ်..
    အမေကိုနော် (ဟီး)

    ReplyDelete
  5. ဟုတ်ပါတယ် ကိုဂစ်တာ..
    အိတာကြိုက်တဲ့
    သင်သေသွားသော်ကဗျာလေးလိုပဲအနှစ်ကျန်စေချင်တယ်....:D

    သင်သေသွားသော်

    သြော်...လူ့ပြည်လောက၊လူ့ဘ၀ကား
    အိုရနာရသေရဦးမည်
    မှန်ပေသည်တည့်။

    သို့တပြီးကား၊ သင်သေသွားသော်
    သင်ဖွားသောမြေ၊ သင်တို့မြေသည်
    အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။

    သင်၏မျိုးသား၊ စာစကားလည်း
    ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

    သင်ဦးချ၍ အမျှဝေရာ
    စေတီသာနှင့် သစ္စာအရောင်
    ဥာဏ်တန်ဆောင်လည်း
    ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။

    ဇော်ဂျီ

    ReplyDelete
  6. wow, ဒေါ်အိတာ ကဗျာက မိုက်တယ်။
    ဒါပေမဲ့ အိမ်က မားသားကို သွားပြောရင်တော့ နင်ရူးနေလားလို့ ပြန်မေးလိမ့်မယ် ထင်တယ်။ အဟင့်

    ReplyDelete
  7. ဒီကဗျာ အတွေးလေးတော့ ကောင်းတယ် ၊၊ ခံစားချက် အသက်ဝင်ပါတယ် ၊၊

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။