
မနက်ဖြန် နိုင်ဝင်ဘာ ၄ ရက်နေ့ ... အမေရိကန် လူမျိုးတွေ ၅၆ ကြိမ်မြောက် လွတ်လပ်စွာ မဲပေး ကြတော့မယ့် ရွေးကောက်ပွဲကြီး ရောက်ပြီ။ မနက်ဖြန် သူတို့တွေ အားရပါးရ သူတို့ နှစ်သက် လေးစား ထောက်ခံ သဘောတူ တဲ့ အစိုးရ နှင့် နိုင်ငံရေး ပါတီ ကို မဲပေး ကြတော့မယ်။
လွတ်လပ်စွာ မဲပေးပုံ တွေကို ဘ၀မှာ ပထမဦးဆုံး အကြိမ် မျက်ဝါး ထင်ထင် မြင်တွေ့ရတော့မယ်။ အားရတယ်။ ပီတိဖြာတယ်။ ကြည်နူးမိတယ်။
တစ်ကြိမ်ထဲမှာပဲ ...
မျက်ရည်ဝဲမိတယ်။ ကြေကွဲမိတယ်။
တစ်ကြိမ်ထဲမှာပဲ ...
ဒေါသထွက်မိတယ်။ အမုန်းပွားမိတယ်။
ရင်ထဲမှာလည်း ငိုနေမိတယ်။ လွတ်လပ်စွာ မဲပေးခွင့် မရှိတဲ့ နိုင်ငံသား တစ်ယောက်၊ လူ့အခွင့်အရေး တွေ ဆုံးရှုံးနေတာကို မြင်နေတဲ့ လူသား တစ်ယောက်၊ လောကကြီးကို အံတုပြီး အကြင်နာ မေတ္တာ တရား၊ ကိုယ်ချင်းစာတရား တွေ မရှိတဲ့ လူတွေရဲ့ လုပ်ရပ်တွေကို လက်ပိုက်ကြည့်နေရသူ တစ်ဦး ဖြစ်တဲ့ အကျွန်နိုပ် နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ တစ်သက်နှင့် တစ်ကိုယ် ပထမဦးဆုံး မျက်ဝါးထင်ထင် ဖြင့် လွတ်လပ်စွာ ကျင်းပသော ရွေးကောက်ပွဲကြီး ကို မြင်တွေ့နေရတယ်။ သူတို့တတွေ အင်အား ကိုယ်စီ၊ အခွင့်အရေး ကိုယ်စီ နှင့် ... သူတို့ဘက်က မားမားမတ်မတ် ရပ်တည် ပေးမယ့် အစိုးရကို အင်တိုက် အားတိုက် ရွေးကောက်ကြ တော့မယ်။
ကျွန်တော့်တို့မှာတော့ ကျွန်တော့်တို့အစိုးရက လူနှင့်မတူအောင် ရက်စက် ကြမ်းကြုတ် မိုက်ရိုင်း တယ်။ ပြည်သူ ပြည်သား တွေဘက်က ရပ်တည်ပေးဖို့ နေနေသာသာ လူတွေကို သတ်ဖြတ် ညှင်းဆဲ တယ်။ လူတွေမှာ လွတ်လပ်မှု ဆိုတာ မရှိ၊ အခွင့်အရေး ဆိုတာ မရှိ၊ ဘာဆိုဘာမှ မရှိ။ ထမင်းကို နပ်မှန်အောင် မစားရတဲ့ တိုင်းပြည်က ပြည်သူ ပြည်သား တွေရဲ့ နေ့စဉ် ဒုက္ခတွေကိုမှ မထောက်ထား မစာနာ တတ်တဲ့ ဒီအစိုးရ ... ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ လုံးလုံး မရှိ၊ လူ့အဆင့်အတန်း ဆိုတာ မရေမရာ ... ဒါတွေဟာ တရားရဲ့လား ? ပြောစမ်းပါ။ ဒါတွေ အားလုံးဟာ တရားရဲ့လား ?
နာရီ .. မိနစ် ... စက္ကန့်တွေ ရွေ့လျားနေတယ် ...
အချိန် .. အချိန် ရွေ့လျားနေတယ် ...
ငါ .. ငါ ... ငါ ....
တစ်ချိန်ကျရင် ......
အမိတိုင်းပြည်မှာ မားမား မတ်မတ် ခြေစုံရပ်ပြီး လွတ်လပ်စွာ မဲပေးရမယ်။

Tea
in the future
ReplyDeletein the very near future!!
we hope for the best!!
we pray for the best
we will fight for the freedom!!!
တီးရေ
ReplyDeleteအဲဒီအချိန်ကို ငါလည်း မျှော်နေတာကွ။
Same here, Tea.
ReplyDeleteSame here