
ဟုတ်ကဲ့ပါ။ ဒေါ်လာ မီလီယမ် သန်းပေါင်း များစွာကို ကုန်ဆုံးစေခဲ့သော ယခုနှစ် ၂၀၀၈ အမေရိကန် သမ္မတ ရွေးကောက်ပွဲကြီး လမ်းဆုံးကို ရောက်ရှိလို့ လာပါပြီ။ ဒီ ရွေးကောက်ပွဲ မှာ သမိုင်း တလျှောက် အထူး ဆန်း ဆုံး တွေ ဖြစ်နေတဲ့ Candidates တွေကို တွေ့ရပါတယ်။ Democratic Party က Barack Obama ဆိုရင် အမေရိကန် သမိုင်း ကြောင်းမှာ ပထမ ဦးဆုံး အာဖရိကန် အမေ ရိကန် လူမျိုး တစ်ဦးက သမ္မတ ဖြစ်မှာပါ။ Republican Party က Sarah Palin နိုင်ခဲ့ ရင်လည်း သူမက သမိုင်း တလျှောက်မှာ ပထမဦးဆုံး Vice President ဖြစ်မှာပါ။ John McCain က နိုင်ခဲ့ရင် လည်း သမိုင်း တလျှောက် အသက် အကြီးဆုံး သမ္မတ ဖြစ်လာမှာပါ။ ဒီလို ထူးခြားမှု တွေ ပြည့်နေ ခဲ့တဲ့ ရွေးကောက်ပွဲ ကြီးက ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့ စိတ်ဝင်စားမှု တွေနဲ့ အတူ ယနေ့ နိုဝင်ဘာလ ၄ရက်နေ့ မှာ လမ်းဆုံးကို ရောက်ရှိလို့ လာပါပြီ။
အခု အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အဓိက ပြိုင်ဆိုင်ရမယ့် Critical Battleground States တွေဖြစ်တဲ့ Ohio, Pennsylvania အစရှိတဲ့ States တွေကို Democratic Party က Barack Obama မကြာသေးခင်က အနိုင် ရရှိသွားလို့ Mr. Obama ကို လာမယ့် အမေရိကန် သမ္မတ အဖြစ် ကြေညာလို့ ရပါပြီ။ အီလက်ထရို မဲ (Electro Votes) တွေမှာလည်း ၂၀၀ နီးပါး ရှိသွား ပြီမို့ နောက် ကျန်တဲ့ Califonia လို State တစ်ခုလောက် ပေါင်း လိုက်တာနဲ့ သေချာ သလောက် ရှိသွား ပါပြီ။ မဲတွေကို စတင် ရေတွက် ကထဲက Democratic Party နိုင်သင့်တဲ့ States မှန်သမျှကို နိုင်ထားပြီး Battleground States တွေကိုလည်း နိုင်နေ တာမို့ Barack Obama ကို Next President of The United States of America လို့ ပြောလို့ ရပါပြီ။
Congratulations Mr. Obama!

Barack Obama
Next President of The United States of America
အမေရိကန် ပြည်ထောင်စု၏ လာမည့် သမ္မတ
Next President of The United States of America
အမေရိကန် ပြည်ထောင်စု၏ လာမည့် သမ္မတ
အခု အမေရိကန် Eastern Time 7:00 P.M မှာ တရားဝင် နိုင်သွားပါပြီ
ReplyDeletecongrat obama :) ...
ReplyDeleteCONGRATS!!
ReplyDeleteway to go, America!
ReplyDeleteway to go