Thursday, October 23, 2008

သိုးမည်းတစ်ယောက်၏ဖွင့်ဟ၀န်ခံချက်

အပြင်ကိုမထွက်ပါနဲ့ 
ရန်ကုန်နဲ့ အနီးတစ်ဝိုက်မှာ
အလွမ်းမိုးတွေ သိပ်သည်းဆများချိန်မို့ 
နာရီတစ်ချို့ တောင်
မဆီမဆိုင် တိတ်တဆိတ်
အလိုက်တသိ ငိုညည်းကြတယ် ....

လျော့ရဲတဲ့ တမ်းတမှုတွေ ခေါင်းထောင်လို့ 
မျှော်လင့်ချက် အသက်ဆက်ကြိုးတွေ တင်းချိန်တိုင်း
ငါ့ဇာတ်ကြိုးကို ငါပြန်ဆွဲလှည့်
စိတ်စေရာတွေကို ကြိုးဆွဲချသတ်ပစ်ရင်း
လွမ်းတဲ့အခါ
တစ်ခါက ချစ်ဖူးတဲ့ ရင်ခွင်ဝေးကို
တေးစပ်သီဆိုခွင့်တော့ ရချင်ပါရဲ့ ....

မှန်ကွဲတစ်ချပ်လို ဘ၀ကို
အကောင်းအတိုင်း ပြန်ဖြစ်စေဖို့ 
အိပ်မက်တွေနဲ့ ဆက်ရင်း
နင့်အတွက်တော့ အေးစက်ထုံထိုင်း
သိုးမည်းတစ်ယောက်ပေမယ့်
စိတ်ရဲ့ စေခိုင်းရာ တွယ်ရာမဲ့ ကောင်းကင်အောက်မှာတော့
ငါဟာ လမ်းပျောက်တဲ့ အညတရဆန်ဆန် လူသားတစ်ယောက်ပေါ့....

လက်မပြရဲလို့  ကျောခိုင်းခဲ့ပေမယ့်
့လှမ်းခေါ်လေမလားလို့  အကြိမ်ကြိမ်နားစွင့်
ဒီအတိတ်ဟောင်းတွေကိုပဲ တယုတယပိုက်ထွေး
ဝေခွဲလို့ မရနိုင်အောင် ငါကိုယ်တိုင်တွေဝေလွန်းပါတယ်..
ဒီလိုနဲ့ 
ခုနှစ်များကိုဖြတ်သန်း
ရာစုများကိုချိုးနှိမ်
ငါလည်းအလွမ်းတွေကို အကြိမ်ကြိမ်မျိုချခဲ့ရ.....


မှတ်ချက်၊ ၊ မရမကရေးထားခြင်းဖြစ်သည်...:)

5 comments:

  1. ကဗျာလေးကို ခံစားမိတဲ့အခါမှာ ...

    “ငါ့ဇာတ်ကြိုးကို ငါပြန်ဆွဲလှည့်
    စိတ်စေရာတွေကို ကြိုးဆွဲချသတ်ပစ်ရင်း
    လွမ်းတဲ့အခါ ...”

    အဲစာသားလေးကို နှစ်ခြိုက်မိပါတယ် ... ရှိသေးတယ်

    “မှန်ကွဲတစ်ချပ်လို ဘ၀ကို
    အကောင်းအတိုင်း ပြန်ဖြစ်စေဖို့ 
    အိပ်မက်တွေနဲ့ ဆက်ရင်း ...”

    အဲဒါလေးကို ဆက်သဘောကျမိတယ် ... ရှိပြန်သေးတယ်

    “ငါလည်းအလွမ်းတွေကို အကြိမ်ကြိမ်မျိုချခဲ့ရ.....”

    အကြိုက်ဆုံးပါပဲ ... မရမကရေးထားခြင်းဆိုတာလေးကိုတော့ ပြုံးလိုက်မိတယ်။ သဘောကျလို့ :)

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  2. I like your poem Ei Tar, if you have time for friend with me ,I invite your g mail not for much only for friend.That is my request.Deathscaper@gmail.com

    ReplyDelete
  3. အားပေးတာတန်ဖိုးမဖြတ်နိုင်တဲ့ စာမူခတွေပါပဲ..ကျေးဇူးတင်ပါတယ် အိမ်မက်ရှင်ရေ...

    အမြဲခင်တဲ့
    အိတာ

    ReplyDelete
  4. အိတာ..
    သူများကို အသဲခွဲတဲ့ကဗျာတွေ စပ်ဦး.. :P

    ကဗျာလေးကောင်း၏

    ReplyDelete
  5. I really like this. I envy you that you could write poems so well.

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။