
အာရောဂျံ ပရံမံ လာဘံ - ကျန်းမာခြင်းသည် လာဘ်တစ်ပါး - ဟူသော စကားပုံ နှင့်အညီ လူတိုင်း လူတိုင်း၏ နေ့စဉ် ဘ၀တွင် ကျန်းမာခြင်း သည် မရှိမဖြစ် လိုအပ်လှပါသည်။ ဤအကြောင်းကြောင့် ယနေ့မှ စ၍ ကျွန်တော့်အိမ်တွင် စတင်ပြီး Medical Corner ကို ဖွင့်လှစ်တော့မှာ ဖြစ်ပါသည်။ ဤနေရာတွင် ဆေးပညာကို အချိန်နှင့်အမျှ လေ့လာ ဆည်းပူးနေသည့် ဒေါက်တာရမ်းကု ဟု အမည်တွင်သော ဒေါက်တာမှ ဆေးပညာ လောကရှိ သိသင့်သိထိုက်၊ ရှောင်ရန် ဆောင်ရန်များ အစရှိသည်တို့ကို ဆွေးနွေးဖို့အတွက် ဆောင်းပါးများကို အပတ်စဉ် ဆွေးနွေး သွားမည် ဖြစ်ပါသည်။
ကျွန်တော့်အိမ်၏ နောက်ထပ်တိုးလာသော လူငယ်တစ်ဦးဖြစ်ပါသည်။ လဘ္ဘရည်ကို နှစ်ခြိုက်ပြီး ဖျော်ရန် ၀ါသနာပါသည့် ကိုရမ်းကုအား ယနေ့မှ စပြီး အားမနာတိုင်း ဖျော်ခိုင်းပါရန် .....
Tea
ဒေါက်တာရမ်းကုကြီးကို ကြိုဆိုပါတယ်..
ReplyDeleteဆေးပညာဗဟုသုတ ဆောင်းပါးတွေကိုလည်း မျှော်နေမယ်.. အရင်ကတစ်ခါ ပြောဖူးတယ်လေ ဆေးခန်းပါဖွင့်လို့.. ခုတော့ တကယ်ဖွင့်ဖြစ်သွားပြီ..
ကိုတီးရေ ဘော်လုံးပွဲတွေ ပြန်စတော့မယ်နော် Soccer Corner တစ်ခုလုပ်ဦးဗျ.. ဟီးးး...
(ကိုရင်နော်)
ကြားရတာနဲ့ ထခုန်မတတ်ဝမ်းသာမိပါကြောင်း...း)
ReplyDeleteအားကိုးပါတယ်၊ ကိုရမ်းကုရေ။
ကြိုဆိုပါတယ် ...:D
ReplyDeleteအနော်လဲကြိုဆိုပါတယ်...ဒေါက်တာ!!! ရောဂါကိုဆေးမထိုး၊ဆေးမသောက် ပဲပျောက်နည်းလေးတွေတင်ပြပေးနော်..အသက်တော့မဟုတ်ဘူးးး:)
ReplyDeleteအလဲ့။ ဒေါက်တာဆိုပါလား။ ဂွတ်ထ။ :D
ReplyDeleteဒေါက်တာရမ်းကု ဘယ်သူလဲဆိုတာ ကျွန်တော် မသိပါ။ ဆေးပညာကို ၀ါသနာအရ လေ့လာနေသူလား။ ဆေးလောကသားလား ဆိုတာ ကျွန်တော် မသိပါ။ ဒါပေမယ့် အခု သူရေးထားတာတွေ ဖတ်ကြည့်တော့ အကျိုးမယုတ်ပါ။ ဗဟုသုတ များစွာ ရပါတယ်။
ReplyDeleteတစ်ခုတော့ ရိုးရိုးသားသား အကြံပေးချင်ပါတယ်။
စာဖတ်သူတွေရဲ့ ယုံကြည်မှုကို ရရှိစေဖို့အတွက် ရမ်းကု ဆိုတဲ့အမည်ကိုတော့ ပြောင်းသင့်တယ်လို့ မြင်မိပါတယ်။ ရမ်းကုဆိုတဲ့ အဓိပ္ပါယ်က ဘယ်လောက်ထိ ဆိုးရွားသလဲ ဆိုတာ သိကြပြီးသားပါ။
ပျော်ပျော်ပါးပါးပေါ့...
Medical Corner ကိုကြိုဆိုပါတယ်. ဒါပေမယ့် ဒေါက်တာရမ်းကုရေးတဲ့ ပို့စ်တွေကိုရှာလို့လည်းမတွေ့ဘူး. ဘယ်မှာဖတ်ရမယ်ဆိုတာကို လမ်းညွှန်ပါအုံးဗျာ.
ReplyDelete