Friday, August 15, 2008

သိသွားချင်လို့ပါ


လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။

- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့..

7 comments:

  1. ဟဟဟဟဟဟရယ်လိုက်ရတာ..တစ်ကယ်ပဲ..
    တော်သေးတယ်...သူသိမသွားဘူးအဟိ..
    မိုက်တယ်ကွာ..ထပ်ရေးပေးအုံး

    ReplyDelete
  2. ဘုရား ဘုရား တယ်လွန်ပါလား မဖြစ်ဘူး မသေခင် မေးထားမှ
    :) :) :) :)

    ReplyDelete
  3. ဟီးဟီးးးး :D

    ReplyDelete
  4. အဟား၊ ဂွတ်ဒယ်၊ အားလုံးဒီလိုတော့ မဟုတ်လောက်ပါဘူးနော် ကိုတီး .. ..

    ReplyDelete
  5. အဟားဟား....ဟိုသုံးယောက်ကိုစပြီးမေးရင်ဘယ်
    လိုဖြေမလဲမသိဘူးနော်...
    အသေဖြောင့်သွားလို့တော်သေးတာပေါ့...
    လောကကြီးမှာဗျာ..ဒီလိုလည်းရှိနေဦးမှာနော်...

    ReplyDelete
  6. အဟားဟား လုံးဝဂွတ်တဲ့ idea ကိုမလေးစားပဲမနေနိုင်ဘူး----

    ReplyDelete
  7. whitelovehome1500 ထပ်ရေးပေးပါအုံးလို့တောင်းဆိုပါတယ်---လုံးဝရယ်ရလို့ပါ---

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။