Friday, July 11, 2008

Poem Corner အား ဖွင့်လှစ်ခြင်း




ယနေ့မှ စပြီး ကျွန်တော့်အိမ်၏ ကဗျာဝိုင်း Poem Corner ကို စတင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ပြောကြားလိုပါသည်။ ဒီ Poem Corner မှာ ကဗျာဆရာမ အိမွန်တာ ကနေ တစ်ပတ်ကို ကဗျာ တစ်ပုဒ် ပုံမှန် တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။ ဟုတ်ကဲ့။ အိမ်သား အသစ် တစ်ယောက် တိုးလာတာ ဖြစ်ပါတယ်။ အခုဆို ငါးယောက် ရှိသွားပါပြီ။ ကျွန်တော်၊ မေသူ၊ လင်းစစ်သူ၊ ပေဖူးလွှာ၊ အခု နောက်ဆုံး ကျွန်တော့်အိမ် လဘ္ဘရည်အိမ်လေးကို ရောက်ရှိလာသူကတော့ အိမွန်တာ ပဲဖြစ်ပါတယ်။ ကြိုဆိုလိုက်ကြပါဗျို့။

အားလုံးပဲ လဘ္ဘရည်သောက် ချင်ရင် အိမွန်တာကိုလည်း ဖျော်ခိုင်းနော်။ သူ့ကိုလည်း ကျွန်တော့်အိမ် ရောက်မှတော့ ဘယ်ရမလဲ.. အဖျော်ကျွမ်းပြီးသားလေ။ ဒီနေ့တော့ အသစ်ဆိုတော့ အနိုင်ကျင့်လိုက်ဦးမယ်။ လာသမျှ အော်ဒါတွေကို အားမနာတမ်း အိမွန်တာမှ ဖျော်ပေးမည် ဖြစ်ကြောင်း . . .

ကဗျာချစ်သူ
Tea

7 comments:

  1. အတော်ပဲ။ အနိုင်ကျင့်စရာလူရပြီ။ :P :P :P
    ကြိုဆိုပါတယ်ရှင်။ ;)

    ReplyDelete
  2. မအိမွန်တာကအဖျော်ကျွမ်းလားဟင် =)

    ReplyDelete
  3. အခုလို အိမ်ကိုပိုပြီးစုံလင်လာတာ တွေ့ရတာ ၀မ်းသာပါတယ်ရှင်
    မအိမွန်တာကိုလည်းကြိုဆိုပါတယ်ရှင့်
    ကဗျာတွေကိုလည်းစောင့်နေပါမယ်

    ReplyDelete
  4. လာရောက်လည်ပတ်ခွင့်ပြုပါ..:D ကိုယ်ဖေါက်သည်တွေလို့သဘောထားအောင် အမြဲလာရောက်အားပေးနေပါမယ်...ပုံမှန်တစ်ခွက်လောက် လုပ်ပါဗျို့!!!

    ReplyDelete
  5. “ Pizza Corner ” ဖွင့်ရင်လည်း

    လာအားပေးဦးမှာ. :P

    ကဏ္ဍတွေစုံလာတာ အားရစရာကောင်းပါတယ်.



    ပျော်ရွှင်ဖွယ် အိမ်(၁၆) လေးပါ.

    ReplyDelete

ဟုတ်ကဲ့ဗျ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု ကျွန်တော့်အိမ်မှ နှုတ်ခွန်း ဆက်သလိုက်ပါသည်။ လွတ်လပ်စွာ ရေးသား ပြောဆို နိုင်ပါသည်။